Monday, August 10, 2009

မွေးရပ်မြေ

မေမြို့၊ ပန်းမြို့တော် ၊ တောင်လှေကားမြို့၊ ပြင်ဦးလွင်မြို့ လို့ အမည်တွင်တဲ့ တောင်ပေါ်မြို့လေးက မမီးရဲ့ ။မွေးရပ်မြေဖြစ်တယ်။ မြန်မာနိုင်ငံ မန္တလေး တိုင်းမှာပါဝင်ပြီး မန္တလေး၏အရှေ့ ၆၇ ကီလိုမီတာ ( ၄၂ မိုင်)ကွားဝေးပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ၁၀၇၀ မီတာ (၃၅၁၀ ပေ)အမြင့်မှာတည်ရှိတဲ့ တောင်စခန်းမြို့လေးပေါ့ ။ရာသီပန်း ၊ မေမြို့ပန်း ၊ စတော်ဘယ်ရီ ၊နာနတ် ၊ ကော်ဖီခြံ နှင့် မက်မန်းသီး အစရှိတဲ့ ခြံစိုက်ခြင်းလုပ် ငန်း အပြင် ဒေသထွက်ကုန် ဖြစ်တဲ့ စတော်ဘယ်ရီယို ၊ နာနတ်ယို ၊ မက်မန်းဝိုင် နှင့် ပြင်ဦးလွင် ဆွယ်တာလုပ်ငန်း တို့ဖြင့် အသက်မွေးဝမ်းကြောင်းပြုကြတယ်။
(မေမြို့ မြေပုံ )

( မေမြို့ သဘာဝ အလှ)

(ဒီဇင်ဘာ ခရစ်စမတ်ပန်းတို့ နဲ့ မေမြို့)


(မဟာအံ့ထူးကံသာ ဘုရားတောင်ပေါ်မှ မန္တလေး - လားရှိုးကားလမ်း မြင်ကွင်း)

(မေမြို့ အလှ သဘာဝ )

(မေမြို့ အလှ )

(နှစ်ပေါင်း ၇၃ နှစ်ရှိတဲ့ မေမြို့နာရီစင် )

15 comments:

သက်အောင် said...

ဟဟား နာလဲ ပထမ ကွ
မမီးရေ မွေးရပ်မြေအကြောင်းထပ်ရေးပါဦး
အနော်လဲ မေမြို့ ဆိုတဲ့ မြို့လေးကိုအရမ်း နှစ်သက်တယ်
အိမ်ကပြေးပြီး အဲ့မှာ သွားနေဖူးတယ် ဗျ ။

Anonymous said...

ကြယ်လေးရေ ကွန်မန့် ၂ ပေါ့လေ။ ၂ လည်းမဆိုးပါဘူး :D/ မေမြိုက အရမ်းကို သာယာလှပတဲ့ မြို့လေးပါ။ မေမြို့ကို စုစုပေါင်း ၃ ခေါက်တော့ ရောက်ဖူးတယ်။ အသက်ကြီးသွားရင် အဲဒီမှာ အခြေချချင်စိတ် အမြဲဖြစ်တယ်။ အသက်ကြီလို့ အချိန်အခါ အခွင့်အရေးလေးများရခဲ့ရင် မေမြို့ကို လာပြီး ကြယ်လေးရဲ့ အိမ်နီးနားချင်းဖြစ်ချင်ပါသေးတယ်။

အရူးလေး said...

အနော်လဲ မေမြို့ သို့မဟုတ် ပြင်ဦးလွင်
ဆိုတဲ့ နေရာမှာ နေဖူးတယ်ဗျ။
ချမ်းမြေ့ကြပါစေဗျာ။

Scalpel said...

မမီးရေ၊ ကျွန်တော် လည်း (၆)လကျော်လောက်နေခဲ့ ဘူးတယ်ဗျ။ ပြင်ဦးလွင်ကို သဘောကျတယ်၊ ရောက်ခဲ့ဖူးတယ့် နေရာတွေထဲက တချိန်ချိန် မှာ အခြေချဖို့ စဉ်းစားထားတဲ့ ထဲမှာပါတယ်ဗျ။ တစ်ခုပဲ ရှိတယ်၊ အိမ်ဈေးတော့ တော်တော်ကြီးတယ်နော်။ (သူဌေး မြို့ကိုး):)

မယ့်ကိုး said...

ညီမလေးရေ...အလည်ပဲ ရောက်ဖူးတယ်။ အသက်ကြီးလာရင် ဒီလို လှပအေးချမ်းတဲ့မြို့လေးမှာ နေချင်တယ်။

လင်းကြယ်ဖြူ said...

လွန်ခဲ့တဲ့ ၅နှစ်လောက်က ရောက်ဖူးတယ်..အခု ထပ်ရောက်သွားချင်ပြီ
Vacation ပြန်ရင် အလည်သွားမယ်...
အင်မတန် သာယာတဲ့ မြို့ကလေးဆိုတာ မငြင်းနိုင်ပါခင်ဗျာ...
ပျော်ပါစေ

မေဇင် said...

မေမြို့သူ မီးမီး လေးကို....။ ပျော်စရာကြီးနော်...နောင့် မေမြို့ကို 1 ခါပဲရောက်ဖူးတယ်...အရမ်းပျော်တယ်...အသက်ကြီးလို့ ပိုက်ပိုက် ရှိရင် အိမ်ဝယ်ထားချင်တယ် စဉ်းစားဖူးတယ်...ဟိဟိ

neking said...

မန္တလေးမှာတော့ခဏနေဖူးတယ်။မေမြို့ကိုမရောက်ဖူးဘူးထင်တာပဲ။ငယ်ငယ်တုံးကမို့ပါ။

သုခုမလေဒီ said...

မေမြို့ ကိုသွားချင်သေးတယ်။ ကျောင်းသူဘ၀တုန်းက တစ်ခါပဲခဏလေး ရောက်ဖူးတာ။ ရာသီဥတုနဲ့ အစားအစာတွေကိုလည်းသဘောကျတယ်။ ပုံလေးတွေတင်ပြထားလို့  ပိုသွားချင်စိတ်ဖြစ်မိတယ်။ အေးအေးချမ်းချမ်းနဲ့  ခြံလေးတစ်ခြံလောက်မှာနေရရင်ကောင်းမယ်လို့ စိတ်ကူးမိပါတယ်.။

ဝက်ဝံလေး said...

မယ်မီးရေ မေမြို့သူပေါ့လေ ဟုတ်လား ဟားဟားးးးးးးးးးးးးးးး ဟုတ်ပါပီ ညီမလဲ မေမြို့ကို ရောက်ဖူးတယ် သိလား နေလို့ကောင်းတယ်

သီဟသစ် said...

မမီးလေးရေ

ပြင်ဦးလွင်က၀ိုင်ကို လွမ်းတယ်
:D
ပုံတွေချည်းပဲ
စာလေးပါဖြည့်ပေးပါအုံး

ခင်မင်စွာဖြင့်
သီဟသစ်

yaewoori said...

မေမြို. မှာ အိမ်ရှိပါတယ်ကွယ်

တနှစ်တခါသွားနေကြပါတယ်

တောင်ပေါ်မှာကြယ်တွေစုပါတယ်

Mogok Thar said...

မမီးရေ..
ကျွန်တော် ချစ်ခင်တဲ့ မြို့ကလေးကို အမှတ်တရ ပြန်မြင်ရတော့ ပျော်သွားတယ်ဗျာ။
ဒါနဲ့ စကားမစပ် ဘယ်မလဲ စတော်ဘယ်ရီသီး ဖျော်ရည်။ စိတ်နာနေတယ်။

emayarKhin said...

ညီမလေးရေ...အမရာကတော့ အလည်တောင်မရောက်ဖူးဘူး
အရမ်းတော့သွားချင်မိတယ်..အရမ်းအေးချမ်းလို့လေ....

Unknown said...

ဝိုင်ခိုးသောက်ဖူးတယ်
မေမေကဝိုင်သောက်တာမကြိုက်ဘူးလေ

Post a Comment