Thursday, September 24, 2009

ဝက်ဝံလေးရဲ့ တက်ဂ်

တက်ဂ်ထားတဲ့သူတောင်မေ့နေလောက်ပြီ..
ဟဲးဟဲး..ပြောလည်းခံရုံပဲ..ကိုယ်တိုင်ကိုက ပျင်းတာကိုး..
“အမြင်ကပ်ကြသော အကြောင်းအရင်းများ” တဲ့… ရေးရရင်တော့ တစ်ခုမှကောင်းဖွယ်ရာမရှိပါ..အပျင်းကြီးနေတာကို လည်း အမြင်ကပ်ကြမှာပဲနော်… အမြင်ကပ်ခံရတဲ့ အကြောင်းအရင်းထဲးမှာ အပျင်းကြီးပြီး စာမရေးတာပါ ပါလောက်တယ်..
သူများအမြင်ကပ်ရင်လည်း ကပ်ချင်စရာပဲလေ.. လုပ်သမျှက လူမြင်ကပ်စရာဖြစ်နေတော့လည်း သူများအမြင်ကပ်တာ ဆန်းတော့မဆန်းပါဘူး.. ခဏတာတွေ့ဖူးသူဆို မမီးကို တော်တော်မာနကြီးတယ်ထင်ကြတယ်.. စကားလည်းကောင်းကောင်းမပြော မျက်နှာထားကလည်း အသက်မပါသလိုဖြစ်နေတတ်တော့ ဒီလိုထင်တာမှားတော့မမှားပါဘူး.. အမှန်မှာတော့ စကားစပြောရမှာကို ဝန်လေးတာမဟုတ်ပါဘူး… စကားကို ဟတ်ဟတ်ပတ်ပတ်မပြောတတ်တာရယ်.. မရယ်မပြုံနဲ့ မျက်နှာဆိုတော့ တော်တော်လူမြင်ကပ်စရာဖြစ်နေတာပေါ့… (နောက်အကြောင်းသိလာရင်တော့ မမီးက အေးအေးလေးနဲ့တော်တော်ဆိုးတယ် ဆိုတာသိလာလိမ့်မယ်..)
ဘယ်ဘဝရဲ့ အကြောင်းတရားပါလာမှန်းမသိပေမယ့် လက်ရှိဘဝမှာတော့ အကြိုးတရားက ကောင်းကောင်းကြီးကို ခံစားနေရတယ် .. အနီးပတ်ဝန်းကျင်ရဲ့ ၇၀ % နှုန်းရဲ့ အမြင်ကပ်ချင်းကို ခံနေရမြဲပါ.. သူတို့စိတ်မှာ မမီးကို ဘယ်လို မြင်နေတယ်.. ဘယ်လိုထင်နေကြတယ်ဆိုတာ မမီးသိရချိန်မှာ ကိုယ့်ကို ကိုယ် ယုံကြည်မှုနည်းလာသလို သိမ်ငယ်စိတ်လေးတော့ ဝင်လာမိတယ်.. အခုတော့ ဘယ်လိုမှမနေတော့ဘူး.(ရိုးသွားပြီလေ.. :P) ကိုယ့်ကိုကိုယ်နေတတ်အောင် နေနိုင်ခဲ့တာရယ်.. ကိုယ်ကမှ ကိုယ့်ကို ကိုယ်ယုံကြည်မှုအားနဲး နေရင် ဘယ်သူက ယုံကြည်မှာမဟုတ်ဘူးဆိုတဲ့ အသိစိတ်ရယ်.. လူတိုင်းမှာ ကောင်းတဲ့ စိတ်လေးရှိနေသလို မကောင်းတဲ့စိတ်လေးလည်းရှိမယ်.. ငါ့ရဲ့မကောင်းတဲ့စိတ်ကို တွေ့နေသေးရင်တော့ သူ့စိတ်မှာ ငါဟာအဆိုးပဲ.. ကောင်းတဲ့စိတ်လေး ရှားရှားပါးပါးလေးကို သူတွေ့ရင်တော့ သူ့စိတ်မှာ ငါ့ကို အမြင်ကပ်တဲ့ စိတ်ရှိမှာ မဟုတ်တော့ဘူးလို့ တွေးလိုက်တော့ .. ကိုယ်တိုင်လည်း စိတ်သက်သာရာရတယ်.. သူများပေါ်လည်း စိတ်မကွက်မိတော့ဘူး.. ငါ့ကို ဒီလိုမြင်ရကောင်းလား ထင်ရကောင်းလားဆိုတဲ့ ဒေါသလည်း ရော့သွားတယ်လို့ထင်မိတယ်လေ.. မမီးကို အမြင်ကပ်မယ်ဆို ကပ်ချင်စရာတွေ အများကြီး.. နောက်တစ်ဖြည်းဖြည်းနဲ့ သိလာကြလိမ့်မယ်.. မမီးကတော့ နေတတ်နေပြီ..

6 comments:

Anonymous said...

ဟုတ်ပြီ ၁ စ် ကွ။
ကြယ်လေးရယ် ဒီလောကကြီးထဲမှာ လုံးလုံးအမြင်ကတ်မခံရတဲ့သူ၊ အားလုံးက မုန်းတဲ့သူဆိုတာ ရှိမှမရှိတာ၊ ပြီးတာ လူအားလုံးရဲ့ ချစ်ခြင်းခံရသူလည်း မရှိဘူးသိလား။ တစ်ယောက်မဟုတ် တစ်ယောက်မကကတော့ ကိုယ့်ကို ချစ်နေမှာပဲ။ တစ်ယောက်မဟုတ်တစ်ယောက်မကကလည်း ကိုယ့်ကို မုန်းနေနိုင်တာပဲဟာ..။ ဒါများ.. :P တို့ကတော့ တည်တည်လေးနဲ့ ကြယ်လေးကို ချစ်တယ်..။

မယ့်ကိုး said...

တူနေပြန်ပြီ ညီမလေးရေ... အစ်မကတော့ ကိုယ်နဲ့တူတဲ့ မျက်နှာမာမာလေးတွေဆို သိပ်ချစ်တာ။ မင်းသမီးတွေဆိုလည်း သူတို့ကို ပိုသနားပြီး အားပေးဖြစ်တယ်။ ဥပမာ ဆုရွှန်းလဲ့ပေါ့။

ညီမလေးစိတ်ထားတတ်တာလေးလည်း သိပ်သဘောကျတယ်။

ဝက်ဝံလေး said...

ဟုတ်တယ် တဂ်ထားတဲ့ လူတောင် မေ့နေတယ် အသစ်တင်ထားတယ် တွေ့မှာ လာတာ အော် သတိရသေးရှာသားပဲလို့ အဟက် ရေးပေးလို့

မယ်မီးရယ် ဝံလေးလဲ မျက်နှာထားတင်းတယ် ဘာဖြစ်လဲ ဂရုစိုက်ပေါင် ဟွင်းးးး တွေ့ချင်သေးတယ် မျက်နှာထားတင်းတဲ့ လူတွေနဲ့ ဟုတ်ပြီ မမကိုးနဲ့ လဲ တွေ့ရမယ် မမီးနဲ့လဲ တွေ့ရမယ် ဒါမှ ဘယ်သူပိုတင်းလဲ ပြိုင်ကြမယ် ကောင်းဘူးလား နော် ဟိဟိ

Unknown said...

မမီးရေ....

ပတ်ဝန်ကျင်ဆိုတာ အဆိုးလည်းမြင်တာပဲ အကောင်းလည်းမြင်တာပဲ
ကိုယ်ကောင်းရင် ခေါင်းမရွေ့ပါဘူးဗျာ...

ကိုယ့်ကိုကိုယ် ပုံဖော်ထားလိုက်တာ ဘာအမြင်ကတ်စရာရှိလို့လည်းဗျ...

ဖြေသိပ်နည်းလေးကိုတော့ လေးစားပါတယ်ဗျာ...
ကျနော်လည်း အဲဒါလေးကို ကျင့်သုံးနေမိတယ်...
သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ သင်မကောင်းလည်း ကျွန်ုပ်မဆိုးပါပဲလေ....
သင်ဆိုးချင်သလောက် ဆိုးပါ ကျွန်ုပ် တတ်နိုင်သလောက်ခွင့်လွှတ်မည်....

ပျော်ရွှင်ပါစေ မမီးရေ...

လင်းကြယ်ဖြူ said...

အားလုံးအဆင်ပြေပါစေခင်ဗျာ..
အဆင်လည်းပြေသွားမှာပါ...
ခင်မင်လျှက်

Angel Shaper said...

ချစ်စရာကောင်းတဲ့ စိတ်နှလုံးရှိဖို့သာ အဓိကပါဟာ။
မျက်နှာထားကတော့ သူ့ဟာသူ ထားတတ်သလိုထားကြတာပဲလေ။
ကဲ တို့ဆိုကြည့်ပါလား မျက်နှာထားမတည်လို့တဲ့ ရုပ်ကိုက ပြောင်စပ်စပ်နဲ့ ဆိုကြပြန်ကော။ ဘယ်လိုဖြစ်ဖြစ် လူတောထဲနေတော့လဲ ဒီလိုပဲပေါ့။ အဓိကကတော့ သူငယ်ချင်းရယ်.. နေတတ်သလိုနေပြီး ဖြူစင်တဲ့ နှလုံးသားလေး ပိုင်ဆိုင်ထားဖို့သာလိုတာပါနော်။ မျက်နှာတည်လေးနဲ့ သူငယ်ချင်းကို ပြောင်စပ်စပ်သူငယ်ချင်း မမြင်ဖူးသေးပေမယ့် ချစ်ခင်မိပါတယ်။ တွေ့ လဲ တွေ့ ဖူးချင်မိတယ်။ ပျော်ရွှင်ပါစေ မီးရေ....

Post a Comment