Saturday, November 7, 2009

တကွေ့မှာ..

ချစ်သူ စုံတွဲးလေး တစ်တွဲး ဟာသိပ်ချစ်ကြတယ်တဲ့.. ကောင်မလေးက လည်းကောင်လေးကို ယုံကြည်အားကိုးသလို .. ကောင်လေးကလည်း ကောင်မလေးကို မြတ်မြတ်နိုးနိုး ချစ်တယ်…
သူတို့ ချစ်သူသတ်တမ်း ၃ နှစ်ပြည့်ပြီးတဲ့ နောက်မှာတော့ သူတို့ ထိမ်းမြားလက်ထပ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်.. မိဘ ဆွေမျိုး အားလုံးကလည်း ကြည်ကြည် ဖြူဖြူ လက်ခံကြလို့ ထိမ်းမြားလက်ထပ်မယ့် ရက်ကို နှစ်ဦးသဘောတူ ရွေးလိုက်ကြတယ်…
ကောင်းလေးကတော့ပျော်ရွှင်စရာကောင်းမယ့်သူတို့ရဲ့မင်္ဂလာရက်လေးကိုစိတ်ကူးယဉ်ပြီးပျော်နေရှာတာပေါ့......ဒါပေမယ့်အဲ့ဒီမင်္ဂလာဆောင်မယ့်နေ့မရာက်ခင်မှာပဲသူ့ချစ်သူကောင်မလေးကတခြားကောင်လေးတယောက်နဲ့ မမျှော်လင့်ဘဲ လက်ထပ်သွားတယ်ဆိုတဲ့သတင်းကိုကောင်လေးကြားလိုက်ရတယ်.....
သူစုံစမ်းကြည့်လိုက်တော့ကောင်မလေးကိုယ်တိုင်ကလိုလိုလားလားနဲ့လက်ထပ်လိုက်တာလို့သိလိုက်ရတယ်......အဲ့သတင်းကိုကြားတာနဲ့ကောင်လေးလည်းအရမ်းအံ့သြပြီး အရမ်းစိတ်ထိခိုက်ဝမ်းနည်းစွာနဲ့မစားနိုင်မအိပ်နိုင်ငိုကြွေးနေတော့တယ်......မကြာခင်မှာပဲကောင်လေးလည်းစိတ်ထောင်းကိုယ်ကြေပြီးအိပ်ယာထဲလဲတော့တယ်.... အချိန်တွေကုန်လွန်လာတာနဲ့အမျှကောင်လေးရဲ့အခြေအနေဟာပိုပိုဆိုးလာခဲ့တယ်....ဆရာဝန်ပြလည်းမသက်သာတော့ဘူး....
တနေ့မှာတော့အသက်အရွယ်အိုမင်းနေတဲ့ဘုန်းတော်ကြီးတစ်ပါးက ကောင်လေးရဲ့အိမ်ရှေ့မှာရပ်ပြီးတံခါးခေါက်လိုက်တယ်..
အိမ်ဖော်ကောင်မလေးလည်း တံခါးခေါက်သံကြောင့်ထွက်လာပြီးတံခါးဖွင့်လိုက်တော့ ဘုန်းတော်ကြီးအိုတစ်ပါးကိုတွေ့တာနဲ့ စိတ်ရှုပ်စွာနဲ့"ကန်တော့ဆွမ်းပါဘုရား" လို့ပြောလိုက်တယ်...ဘုန်းတော်ကြီးကပြုံးပြီးတော့....."ကိုယ်တော်ကဆွမ်းခံကြွလာတာမဟုတ်ပါဘူး..ဒီအိမ်မှာလူမမာရှိတယ်ကြားလို့ကိုယ်တော်ကလည်းဆေးနည်းနည်းကုတတ်တော့လာကူညီပေးတာပါဒကာမလေး" လို့မိန့်ကြားလိုက်တယ်...
အိမ်ဖော်မိန်းကလေးကလည်းသူဆုံးဖြတ်လို့မရကြောင်းနဲ့သူမရဲ့သခင်တွေကိုပြန်ပြောကြည့်ပါမယ်ဆိုတဲ့အကြောင်းပြောပြီးအိမ်ရှင်တွေကို
ပြောကြည့်တော့သဘောတူခွင့်ပြုတာကြောင့်ဘုန်းတော်ကြီးကို အိမ်ထဲကိုပင့်ဖိတ်ခဲ့တယ်.......
ဘုန်းတော်ကြီးအိပ်ခန်းထဲကိုရောက်တော့ကုတင်ပေါ်မှာဖြူဖတ်ဖြူရော်နဲ့အရိုးပေါ်အရေတင်ပိန်လှီစွာနဲ့နွမ်းနယ်နုန်းချိစွာလဲလျောင်းနေတဲ့လူမမာသည်ကောင်လေးကိုတွေ့လိုက်ရတယ်....
အိမ်ဖော်မိန်းကလေးလည်းဘုန်းတော်ကြီးအတွက်သောက်တော်ရေတခွက်ပေးလိုက်ပြီး လူမမာကုတင်ဘေးမှာပဲထိုင်ခုံတစ်လုံးစီစဉ်ပေးလိုက်တယ်...ဘုန်းတော်ကြီးကလည်းအခြေအနေကြည့်ပြီးတော့...." တော်တော်အခြေအနေဆိုးနေတာပဲ"လို့ရေရွတ်လိုက်တယ်.....လူမမာကောင်လေးကလည်းစိတ်နဲ့ကိုယ်နဲ့မကပ်စွာနဲ့ပဲဘာမှမကြားသလိုတိတ်ဆိတ်ငြိမ်သက်စွာနေနေတယ်......ဘုန်းတော်ကြီးလည်းသူလုပ်သင့်တာတွေလုပ်ပြီးတော့..." ဒကာလေးကတော်တော်သနားစရာကောင်းတယ်....မယုံရင်မှန်ထဲကိုကြည့်လိုက်စမ်းပါ"လို့မိန့်တော်မူပြီးကောင်လေးအိပ်ခန်းထဲကကိုယ်လုံးပေါ်မှန်တစ်ချပ်ဆီကိုညွှန်ပြလိုက်တယ်...ကောင်လေးလည်းလုံးဝစိတ်ဝင်စားမှုမရှိပဲငေးငေးငိုင်ငိုင်နေနေရာကနေ တစ်ချက်မှန်ထဲကိုကြည့်လိုက်တယ်ဆိုရင်ပဲ... မှန်ထဲမှာသူ့ချစ်သူကောင်မလေးပုံကိုတွေ့လိုက်ရတယ်....သိတ်မကြာခင်မှာပဲကောင်မလေးပုံရိပ်ကေ၀၀ါးပျောက်ကွယ် သွားပြီးပင်လယ်ကမ်းခြေတခုပုံပြောင်းလဲသွားတယ်....အဲ့ဒီ ပင်လယ်ကမ်းခြေဟာတိတ်ဆိတ်ငြိမ်သက်နေပြီးလူအသွားအလာမရှိဘူး.....
လူမမာကောင်လေးကမှန်ထဲကပုံရိပ်ကိုစိတ်ဝင်စားစွာကြည့်နေစဉ်မှာပဲမိန်းကလေးအလောင်းတစ်လောင်းဟာလဲလျောင်းနေတဲ့အနေအထားနဲ့ကမ်းခြေမှာရှိနေတာကိုမြင်လိုက်ရတယ်.....
ခဏကြာတော့လူတစ်ယောက်ဖြတ်လျှောက်လာတယ်...သူကအလောင်းကိုရွံရှာစွာကြည့်ပြီး
လျင်မြန်စွာဖြတ်လျှောက်သွားတယ်.....
အချိန်အတော်လေးကြာတော့ နောက်လူတစ်ယောက်ဖြတ်လျှောက်လာပြီး အဲ့ကောင်မလေး အလောင်းကိုတွေ့သွားပြန်တယ်...ဒီလူကတော့စိတ်မကောင်းဖြစ်ပြီးသူ့ရဲ့အပ်ါရုံအင်္ကျီကိုချွတ်လို့ခြုံပေးပြီးခရီးဆက်ထွက်သွား တယ်....
အဲ့လိုနဲ့နောက်ထပ်အချိန်တော်တော်လေးကြာလာတော့ နောက်ထပ်လူတစ်ယောက်ရောက်လာပြန်တယ်... ဒီလူကအပေါ်ရုံခြုံထားပြီးလဲလျောင်းနေတဲ့ပုံစံ ကိုစိတ်ဝင်စားပြီးခြုံထည်ကို လှန်ကြည့်တော့မိန်းကလေးအလောင်းကို တွေ့သွားပြီး အရမ်းသနားစိတ်ဝင်လာကာ မြေမြုပ်ပေးလိုက်ဖို့ဆုံး
ဖြတ်လိုက်တယ်...
ဒါပေမယ့်သူ့ဆီမှာ မြေကျင်းတူးဖို့ ဘာပစ္စည်းမှပါမလာဘူး.... နောက်ဆုံးမှာသူ့ရဲ့ လက်နှစ်ဖက်ကို အသုံးပြုဖို့သူဆုံးဖြတ်လိုက်တယ်....လူရွယ်ဟာသူ့လက်နှစ်ဖက်နဲ့ မြေတွေကိုယက်ပြီး တဖြေးဖြေးချင်း တူးလာလိုက်တာ ညနေစောင်းအချိန်မှာ မိန်းကလေး အလောင်းကို မြုပ်ဖို့လုံလောက်တဲ့ကျင်းတစ်ကျင်းကို တူးလို့ပြီးသွားတယ်....
အဲ့လူလည်း မိန်းကလေးအလောင်းကို ကောင်းမွန်စွာမြုပ်နှံပေးခဲ့ပြီး ခရီးဆက်ထွက်ခွာသွားတယ်... အဲ့ဒီနောက်မှာ မှန်ထဲမှာမိန်းကလေးအလောင်းရဲ့ မျက်နှာပုံပြန်ပေါ်လာပြီး အဲ့မျက်နှာကနေသူ့ချစ်သူကောင်မလေးရဲ့ မျက်နှာကိုပြောင်းသွားခဲ့တယ်.... လူမမာကောင်လေးလည်းအလွန်အမင်းအံ့သြနေစဉ်မှာပဲ မြေမြုပ်ပေးတဲ့လူရွယ်ရဲ့မျက်နှာပြန်ပေါ်လာပြီး လူတစ်ယောက်ရဲ့ မျက်နှာအဖြစ်ပြောင်းသွားပြန်တယ်...
အဲ့ဒီနောက်မှာတော့မှန်ထဲကပုံရိပ်တွေအကုန်ပျောက်ကွယ်သွားခဲ့တယ်.... ကောင်လေးလည်းအံ့သြစွာနဲ့ မင်သက်နေတုန်းမှာပဲ ဘုန်းတော်ကြီးကခုလိုပဲမိန့်ကြားတော်မူလိုက်တယ်..."ခုဆိုရင်ဒကာလေးလည်းသဘောပေါက်လောက်ပြီထင်တယ်...အဲ့မိန်းကလေးအလောင်းက ဒကာလေးရဲ့ချစ်သူမိန်းကလေးဖြစ်တယ်..ဘ၀တစ်ခုမှာသူမရဲ့အလောင်းကို မြေမြုပ်ပေးတဲ့ကုသိုလ်ကံရေစက်ကြောင့် အဲ့ဒီလူငယ်ဟာ ဒီဘ၀မှာကောင်မလေးနဲ့ လက်ထပ်ပေါင်းသင်းခွင့်ရခဲ့တယ်... ဒကာလေးကတော့သူမရဲ့ အလောင်းကိုအပ်ါရုံနဲ့လွှမ်းခြုံပေးခဲ့တဲ့ရေစက်ကံကြောင့်ဒီဘ၀မှာသူမနဲ့သုံးနှစ်တာချစ်ခင်ခွင့်ရခဲ့တယ်.. ခုသုံးနှစ်ပြည့်လို့ရေစက်ကုန်ချိန်မှာခွဲခွာရတယ်"
ဘုန်းတော်ကြီးရဲ့စကားအဆုံးမှာ ကောင်လေးလည်း အမြင်မှန်ရပြီးနားလည် သဘောပေါက်သွားခဲ့တယ်.. နောက်ပိုင်းမှာကောင်လေးလည်းပြန်လည်ကျန်းမာလာပြီး လောကီကိုစွန့်လို့သင်္ကန်းဝတ်သွားတော့တယ်...
ပုံပြင်လေးကတော့ ဒါပါပဲကွယ်…


မှတ်ချက် ။ ။ ကောင်လေး သာသနာ့ ဘောင်ဝင်တာ သူ့ကောင်မလေး သူများနောက်ပါလို့ ၊ မိန်မ မရလို့ဝင်တာမဟုတ်ဘူးနော်….
အကြောင်း အမျိုးမျိုးကြောင့် … ဒါမှမဟုတ် သဘောထားခြင်းမတိုက်ဆိုင်လို့ လမ်းခွဲးခဲ့ကြရတဲ့
သူများရှိရင်လဲး… သောကအပူကို ခံစားနေမယ့်အစား ( ငါက အပေါ်အိင်္ကျီလေး ချုံပေးရုံ
ချုံပေးခဲ့တဲ့ သူ) လို့ သဘောထားလိုက်… နောက်တစ်ခါ ဒီလို မဖြစ်ရလေအောင် ဆိုပြီး မြေပါ
အပြီးမြှုတ်ပေးကြပေတော့…. (ပို့မယ်ပို့ ဘယ်ထိပို့ ဆိုလဲး ???? …. စကားပုံတောင်
ရှိသေးတယ်… အဲ့လိုပဲ ရောက်အောင်သာပို့ကြ)
ဘဝတစ်ခုခုက ပြုခဲ့တဲ့ ကုသိုလ်ရေစက်ကံကြောင့် လက်ရှိဘဝမှာ တွေဆုံကြတယ်.. ပုံစံအမျိုးနဲ့ နဲ့ ပတ်သတ်ကြတယ်.. ဆွေးမျိုးတော်စပ်ကြတယ် ၊ သူငယ်ချင်း မိတ်ဆွေဖြစ်ကြတယ် ၊ ရန်သူအဖြစ်နဲ့ လည်း တွေ့ဆုံနေကြရတယ်.. ဘ၀တစ်ခုခုကပြုခဲ့တဲ့ရေစက်ကံကြောင့်သာဤမျှများပြားလှသောလူ့ဘောင်အဖွဲ့အစည်းအတွင်းမှာ တွေ့ဆုံရင်းနှီးချစ်ခင်ခွင့်ရခဲ့ကြတာဖြစ်ပါတယ်... အဲ့လိုပဲရေစက်ကုန်ချိန်ရောက်ရင်ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှ
ဆွဲထားလို့မရပဲသေကွဲ၊ ရှင်ကွဲမျိုးစုံနဲ့ခွဲခွာကြရမှာပါ.....အဲ့ဒါကြောင့်ခုမခွဲခွာရခင်အချိန်လေးမှာမိမိနဲ့ပတ်သက်ခွင့်ရခဲ့တဲ့သူတွေအပေါ်မှာ တတ်နိုင်သလောက်စိတ်ချမ်းသာမှုတွေ..မေတ္တာတွေပေးနိုင်သလောက်ပေးနိုင်အောင်ကြိုးစားသင့်ပါတယ်.....
ဘာဖြစ်လို့လဲဆိုတော့လူတိုင်းလူတိုင်းဘယ်သူကမှဘယ်သူ့ကိုဘယ်အချိန်မှာရေစက်ကုန်လို့ခွဲခွာ ကြရမယ်ဆိုတာကိုမသိနိုင်ကြလို့ပဲဖြစ်ပါတယ်......

10 comments:

လသာည said...

နေကောင်းသွားပြီလား ကြယ်လေး..
ဟုတ်တယ်။ မခွဲခွာရခင်အချိန်လေးမှာမိမိနဲ့ပတ်သက်ခွင့်ရခဲ့တဲ့သူတွေအပေါ်မှာ တတ်နိုင်သလောက်စိတ်ချမ်းသာမှုတွေ၊ မေတ္တာတွေပေးနိုင်သလောက်ပေးနိုင်အောင် ကြိုးစားရမယ်.....

လင်းကြယ်ဖြူ said...

အင်း..စိတ်ဝင်စားစရာပုံပြင်လေးပဲ
အဓိပ္ပါယ်ရှိပါတယ်...
ပျော်ပါစေ

မယ့်ကိုး said...

ညီမလေးရေ...စာမရေးဘူး။ ရေးတဲ့စာလေးက ကောင်းလိုက်တာ။
အစ်မ တရားတွေ တော်တော်ဖတ် တော်တော်နာဖူးတယ်ထင်တာ။ ဒါပေမယ့် ဒီတရားလေး မနာဖူးဘူးပဲ။
စာလေး မျှပေး တရားလည်း အဟောကောင်းတဲ့ ညီမလေးကို ကျေးဇူးအထူးနော်။

Mogok Thar said...

မမီးရေ...
ပုံပြင်လေး လာနားထောင်သွားတယ်ဗျို့
စိတ် နဲနဲ အားသွားဘီ ဆိုပါတော့။ စာတွေ ရေးနေတာ

Lucifer said...

သတိတရနဲ့တင်လိုက်တဲ့ ဒီ post လေးက ဒီနေ့ နေ့လည်မှာ ရောက်လာတဲ့ mail တစ်စောင်ကြောင့် မမီးအတွက်ဖြစ်သွားတယ်

neking said...

ဖော်ဝက်ကနေပြီးတခါဖတ်ဖူးတယ်။ အရမ်းကောင်းတယ်။ အသိဥာဏ်လေးတခု တိုးသွားသလိုပဲ။ အရာရာကိုသံဝေဂရသွားတယ် . တကယ်

စည်သူ said...

အင်း..
ပုံပြင်လေး နာထောင်လိုက်တာ ကိုလည်း အင်္ကျီလေးလောက်ပဲ ချုံပေးခဲ့မိတာ ထင်ပါတယ်..

မှတ်ချက်လေး ရေးထားတာကို သဘောကျတယ် မမီးရေ..

အေ၇ာက်တော့ မပို့ပါနဲ့နော်.. မသွားချင်သေးဘူးလေ..
ဒါပေမယ့် သွားတော့ သွားရမှာပေါ့.. နက်ဖြန်လား.. သန်ဘက်ခါလား မသိဘူးလေ..

ဘယ်နေ့သွားသွား အရေးမကြီးပါဘူးနော် မမီး..း)

ပျော်ရွှင်ပါစေ
စည်သူ။

သီဟသစ် said...

ညီမ မမီးရေ

ရှေးရေစက်တွေပေါ့ကွယ်
တို့တော့ ဒါမျိုးမကြုံတော့ လွမ်းစရာ မဖြစ်ခဲ့ပေါင်
:)


ခင်မင်စွာဖြင့်
သီဟသစ်

ဂျပန်ကောင်လေး said...

ဖတ်လို့ကောင်းလိုက်တဲ့ပုံပြင်လေး.... ကိုယ်တိုင်ရေးတာလားမသိဘူးနော်.. ဗုဒ္ဓအယူဝါဒတွေနဲ့ ရောစပ်ပြီးရေးထားလို့ပါ.... လင့်ခ်ယူသွားတယ်ခင်ဗျာ... နောင်အသစ်တင်တိုင်း လာဖတ်နိုင်အောင်ပါ....

Unknown said...

အင်း အသိနောက်ကျသွားတယ်.. သည်ဘလော့ကို.. အခုပထမဆုံးအကြိမ်လာဖြစ်တာပါ.. သည် ပို့စ်လေး ၁ ခုတည်းနဲ့ တင်အရမ်းသဘောကျသွားလို့ လင့်ချိတ်သွားပါတယ်..

Post a Comment