Monday, September 14, 2009

ဝက်ဝံလေးရဲ့ တက်ဂ်

မိမိအကြိုက်နှစ်သက်ဆုံး သွားလည်နေကျ ဘလော့ ၅ ခု နှင့် ဘာကြောင့် ထိုဘလော့များအား ကြိုက်နှစ်သက်ရသလဲ
ကဲး….. ရေးခိုင်းတော့လည်း ရေးတာပေါ့နော်… မမီးသွားလည်နေကျ blog ဆိုရေးရမှာ တော်တော်များတယ်.. ဘာလို့ ဆို အားနေရင် ရောက်နေတာလေ.. မအားမှ သာ ခြေက ငြိမ်တာ… စာဆိုလည်း အသစ်လေးရေးထားရင် ဖတ်တာပဲ.. တစ်ခုမှမ ချန်ဘူး အားလို့ ကတော့ post အဟောင်းတွေရော.. အကုန်ဖတ်တယ်.. အဲး တစ်ခုတော့ ရှိတယ်… ကဗျာဆိုရင်တော့ အချိန်နည်းနည်းယူ ပြီှးမှ ဖတ်တတ်တယ်.. ပါရမီပါလွန်းတော့ တစ်ခေါက်လောက်ဖတ်ရုံနဲ့ နားမလည်သလို ခံစားလို့မရဘူး.. အဲ့ဒီတော့ အကြိမ်ကြိမ်ဖတ်ရတယ်… အဲ့လို အကြိမ်ကြိမ်ဖတ်တာတောင် တစ်ချိုနေရာမှာ နားမလည်တာတွေက ပါတတ်သေးတယ်.. ပညာအရာမှာ ဒေဝဒတ် ရထားတာ… အထင်မသေးလေနဲ့နော်..

မမီး blog တွေထဲးစာတွေ စပြီးဝင်ဖတ်ဖြစ်တဲ့အချိန်မှာ ဝင်ဖြစ်တဲ့ blog ကတော့ ကိုဘိုဘို blog ဖြစ်ကို ဝင်ဖြစ်တယ်.. အရင်ကတော့ အားရင်စာဖတ်တယ်..စာအုပ်မရှိရင် internet ကနေရှာဖတ်တယ်..ဦးပုည ကဗျာတွေရှာရင်း ရောက်တာလေ… မမီး Blog လေးလည်းစတင်ပြီးနောက်တော့ တော်တော်များများဝင်ဖတ်မိတယ်.. စာအဟောင်းတွေကစ ပြန်ဖတ်တယ်.. အကို့အတွေးသိပ်ကောင်းတယ်..

နောက်တော့ မမမယ်ကိုး Blog ကိုရောက်ဖြစ်တယ်.. မမမယ်ကိုးက အဲ့ဒီချိန်မှာ လုံးချင်းလေးေ၇းနေချိန် မမမယ်ကိုးစာနည်းနည်း ပျက်သွားရင် အဟောင်းတွေ ပြန်ဖတ်ဖြစ်တယ်… အစ်မက စာရေးတာကောင်းတယ်..

မမမေလေး Blog လည်းရောက်ဖြစ်တယ်.. မမမေလေးကိုလည်း အားကျတယ်.. သူက ကူးညီတတ်တယ်.. သူများကိုလည်း ကူညီချင်စိတ်ရှိအောင်ရေးတတ်တယ်.. အတွေ့အကြုံလေးတွေ ပြောပြထားတော့ မမီးမသိတာ သိရတာပေါ့..

လသာညလေး ဆီလည်းရောက်တယ်.. လသာညလေးကတော့ စာတွေပျက်သွားတယ်မရှိဘူး..အမြဲးတင်နေတယ်..မမီလိုပေါ့နော်.. စာတွေကလည်း ဗဟုသုတရတယ်.. မမီးမသိတာတွေ သိရတာပေါ့..

ဝက်ဝံလေး ဆီလည်းရောက်တယ်..သူရေးတဲ့စာတွေဖတ်ရတာ..မမီးကြောက်တယ်..သူရေးနေကျစာတွေက ဘဝခြားနေတဲ့ အကြောင်းတွေများတယ်..မမီးကလည်း သိပ်ကြောက်တတ်တာ… ဖတ်ပြီးမှ ကြောက်ရကောင်းမှန်းသိတော့ ဖတ်မိတာပေါ့..ပြီးမှ မအိပ်ရဲးတော့တာပေါ့နော်…

Blog တော်တော်များများတော့ရောက်ဖြစ်တယ်.. သူငယ်ချင်းတွေ အသစ်တင်ရင်တော့ မမီးအချိန်ရရင် စာဝင်ဖတ်ဖြစ်တယ်.. အားနေရင်တော့ ရောက်ဖြစ်တယ်.. ကိုယ်တိုင်သာစာမရေးတယ်.. သူများစာတော့ သွားဖတ်ဖြစ်တယ်.. အဲ့ဒါကြောင့်လည်း ဝက်ဝံလေးက စာရေးပျင်းတဲ့ မမီးကို စာရေးအောင်ဖန်လိုက်တာ.. ဒါတောင်မရေးသေးလို့ လာအော်ရတယ်..အဲ့လောက်ပျင်းတာ…ဟီးးးးးးးးးးးးးးးးးး

9 comments:

ဝက်ဝံလေး said...

မမီးရေ တော်သေးတာပေါ့နော် ရေးပေးလို့ သိပါဘူး ကမ္ဘာလဆန်း ၁ ရက်နေ့မှများ ရေးပေးမှာလားလို့ ဟက် စ တာနော် စိတ်ဆိုးနဲ့

ဖတ်သွားတယ်သိလား

ဝက်ဝံလေး said...

ဟဲဟဲ မမီးရေ သရဲအကြောင်းလဲ ထပ်ရေးဦးမယ်သိလား လာဖတ်ချေနော်

Unknown said...

တို့မကျေနပ်ဘူးဝေ့....

တို့ကြတော့ ပါဘူး... တို့ကို မကြိုက်ဘူးပေါ့လေ... :( :( :(

နောက်တာပါဗျာ... တကယ် :) :) :)
ပျော်ရွှင်ပါစေဗျာ...

မယ့်ကိုး said...

ညီမလေးရေ...ခဏခဏလာလည် စာဖတ်လို့ ကျေးဇူးတင်ချစ်ခင်မိပါတယ်။နောက်ဆို စာရေးမပြတ်အောင် ကြိုးစားပါ့မယ်။
ညီမလေးလည်း စာရေးမပြတ်နဲ့နော်။ အတူတူလှမ်းကြတာပေါ့ ဟုတ်လား =)

လသာည said...

ကြယ်လေးရေ.. ကြယ်လေးကြိုက်တဲ့ ဘလော့အားလုံး တို့လည်းကြိုက်တယ်။ အာလုံးကတော်တာကိုး။ (:P သက်သက်နောက်တာ..တော်တဲ့အထဲ ကိုယ်ပါအောင်လို့) ၅ ယောက်ထဲမှာ ပါလို့လည်း ဂုဏ်ယူပါတယ် ။ လွန်ခဲ့သော ၆လ လောက်က “မမီးနှင့်ခင်မင်မှုအမှတ်တရအဖြစ် ဒီနေ့ညကဗျာရေးပေးရမယ် ဒါပဲ”လို့ အမိန့်နဲ့လာချွဲသွားတဲ့ ကြယ်လေးကို အမှတ်တရ ရှိနေဆဲ..။ အဲဒီနောက်ပိုင်းကတဲ့က ကောင်မလေးသီချင်းနဲ့ ဒီအိမ်လေးကို ခဏခဏ ရောက်တယ်။ စာမတင်လည်း သီချင်းနားထောင်ရင်း ရောက်တယ်။ စာမတင်လည်း ချစ်ပြီးသား။ စာတင်မယ်ဆိုရင်လည်း ဖတ်ချင်တယ်လို့..။

လသာည said...

ကြယ်လေးရဲ့ လင့်အားလုံး (သူငယ်ချင်းအားလုံး)ဆီကို အားတဲ့အခါ သွားလည်ဖူးတယ်။ အားလုံးတစ်ယောက်တမျိုး စာရေးတော်တာတွေ့ရတယ်။ ကြယ်လေးဆီကတဆင့် လသာညမှာ ဖတ်စရာစာလေးတွေရလို့လည်း ကျေးဇူးတင်ပါတယ်။

မေလေး said...

မမီးရေ မမီးကြိုက်တဲ့ဘလော့ထဲပါလို့ ကျေးဇူးတင် ဝမ်းသာမိပါတယ်။

emayarKhin said...

မမီးနှစ်သက်သော
ဘလော့ဂ် ၅ ခုကို..ဖတ်သွားပါတယ်...

သီဟသစ် said...

မမီးရေ

ဘလော့ဂ် ၅ ခုကို ဖတ်သွားတယ်ကွယ်
တို့ မပါပေမယ့် ပါတဲ့ မောင်နှမတွေ ကိုယ်စား အပျော်တွေယူသွားပါတယ်
:D

ခင်မင်စွာဖြင့်
သီဟသစ်

Post a Comment