Showing posts with label ကဗျာများ. Show all posts
Showing posts with label ကဗျာများ. Show all posts

Friday, February 12, 2010

လွတ်လပ်ရေး ဖခင်


(ဖေဖေါ်ဝါရီဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
တထောင့်ကိုးရာတဆယ့်ငါး၊
ရှေ့နေဦးဖာ သား။
ဇာတိနတ်မောက် မကွေးခရိုင်၊
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဖွား၊
မိခင်ဒေါ်စု သား ...)

ငယ်ငယ်က ဆိုခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ပါ.. ငယ်စဉ်သိတတ်စအရွယ်ကတဲးကစလို မြန်မာတစ်မျိုးသားလုံးရဲ့ ရင်ထဲး နှလုံးသားထဲးမှာ စွဲးထင်နေခဲ့တဲ့ ကဗျာလေး တစ်ပုဒ်ပါ..

အောင်ဆန်းဇာနည်

ဖေဖော်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါ။
၁၉၁၅ ရှေ့နေ ဦးဖာသား။
ဇာတိနတ်မောက် မကွေးခရိုင်သိကြများခုတိုင်၊
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား၊မိခင်ဒေါ်စု သား..။
၁၉၄၇ ပြောင်းကြွ တမလွန်၊
မျက်ရည်သွန်လို့ ဘဝင်ညှိုး
ဇူလိုင်နှစ်ဆယ့်ကိုး..။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် ဒို့ဖခင်၊
ကောင်းစေချင်တဲ့ မှာစကား၊
ငါတို့ မမေ့အား..။
ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင
ပြည်ချစ် ဒို့ခေါင်းဆောင်၊
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ် ချမှတ်သွား..။

Saturday, December 12, 2009

မွေနေ့ဆိုတာ အိုပွဲပါ

တစ်နှစ်တစ်ခါ၊ မွေးနေ့ပါ၊ လူမှာခေါ်ရိုးရှိ၊၊

တကယ်ပြောင်းတာ၊ ရုပ်နာမ်ပါ၊ ခန္ခာမမြဲသိ၊၊

ရုပ်နာမ်ဓမ္မ၊မမြဲကြ၊ ခဏခဏပြောင်းနေ၏၊၊

သေမင်းမှတ်တိုင်၊ နောက်တစ်တိုင်၊

ရင်ဆိုင်ရောက်လာ၏၊၊

မွေးနေ့ဆိုတာ၊ အိုပွဲပါ၊ သေချာညဏ်ဖြင့်ကြည့်၊၊

အသက် သိက္ခာ၊ ကြီးစရာ၊ လူမှာနှစ်မျိုးရှိ၊၊

အသက်ကြီးရုံ၊ အားမစုံ၊ အကုန်ကြောက်ရ၏၊၊

အသိမကြွယ်၊ အကျင့်ကွယ်၊ အိုပယ်ဖြစ်သွား၏၊၊

အကျင့်သိက္ခာ၊ ကြီးမှာသာ၊ မှန်စွာစိတ်အေး၏၊၊

ကြီးလေ လှလေ၊ အေးမြပေ၊ လူတွေချစ်ကြ၏၊၊

အသိမှန်ကန်၊ ကိုယ့်ဖို့ကျန်၊ ဧကန်စိတ်အေ၏၊၊

တိပိဋက ယောဆရာတော်




Friday, June 26, 2009

စံပယ်..

စံပယ်

" ပွင့်စပယ် အသွင်လှသော်လဲ

တင့်အတယ် မဆင်ကြချင်လို့

ထင်ကရ ကဲ့ရဲ့ဆို ။

တဏှာမွေ့ ရန်ဖို့

ကြာငွေ့ သီသီဆန်သတဲ့

ဝစီသံ ဤဟန်ထောက်ရလျှင်

ရတီမှန် ပြည်တန်ကျောက်ကို

ကောက်မိ ကြက်လို။

ကာလတွင် မြင်အသိတွေမို့

စာပြလျှင် ဘဝင်ထိစေတော့

ဆင်သတိ မပြတ်လိုအောင်

စပ်ဆိုသည့် စာအသွား။

ဥာဏ် လွှာငယ်စီ

ဒဏ္ဍာရီ တစ်စောင်ထိုးသော်လဲး

နောင်ကျိုး တစ်ခါဆင်လိမ့်

ဆရာသွင် စပယ်ပန်းကို

လှမ်းလိုက်ကြလား။ "

ဦးဘသန်း၏ လေးဆစ်ကဗျာတစ်ပုဒ် ဖြစ်ပါတယ်..

စံပယ် အမျိုးအစားများတယ်. စံပယ်ဖြူက ၁၄ မျိုး နဲ့ စံပယ်ဝါက ၄မျိုး ရှိတယ်.. စံပယ်ဝါကိုတော့ တောင်ဥရောပတိုက် ၊ မြေထဲးပင်လယ် ၊ တရုတ် နှင့် နီပေါ(လ်) နိုင်ငံတွေမှာတွေ့ရတယ်.ဦးဘသန်း ရေးစပ်တဲ့ ကဗျာလေးကတော့ စံပယ်ဖြူအကြောင်းပဲး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်.. စံပယ်ဝါက မြန်မာပြည်မှာမရှိဘူးလေ..

ဟာ .ဟ .... မမီးကတော့ စံပယ်ဝါကို မြင်ဖူးဖို့ နေနေသာသာ စံပယ်ဖြူ ၁၄ မျိုးကိုတောင်စုံအောင် မတွေ့ဖူးပါဘူး...

မိုးသောက်ကြယ်