Showing posts with label တက်ဂ်ပို့စ်. Show all posts

Sunday, November 1, 2009
မမီး
ရေးတော့ရေးပေးပါသေးတယ်နော်… ပျင်းတာရယ် နေမကောင်းတာရယ်.. မအားတာရယ်ရောသွား.. ဆင်ချေပေးတာတော့ဟုတ်ဘူး… တကယ်တမ်း ဝန်ခံရရင် ပျင်းတာကပိုများမယ်… ဟီးးး
1. What is your name – သတိသာထားကြ.. လောင်တတ်တယ်နော်
2. A four letter word – ဖြစ်တတ်ပါတယ် (မမီးအမြဲးသုံးနေကျ အမြဲလဲး လူအမြင်ကပ်ခံရတယ်)
3. A boy’s name – မင်းလူ (စာရေးစရာနာမည်နော်.. ဟီးး တမ်းတကြည့်တာ)
4. A girl’s name – မမီးလေ :P
5. An occupation – မော်ဒယ်(လ်) (ဖြစ်ခြင်တာပေါ့နော်)
6. A color – မိုးပြာရောင်
7. Something you’ll wear – မရမ်းရောင် အိင်္ကျီ
8. A food – မာမီးခေါက်ဆွဲး..(ကောင်းမှမကောင်း)
9. Something found in the bathroom – မျက်နှာသုတ်ပ၀ါ
10. A place – မေမြို့ (အိမ်ပြန်ချင်တယ်လေ)
11. A reason for being late – မေမေ အိပ်ယာကမနှိုးလို့ပါ… (နိုးရင်လဲး ပြန်အိပ်တတ်တယ်..)
12. Something you’d shout – မသိဘူး
13. A movie title – မီးပြတိုက်နဲ့ ညပင်လယ်
14. Something you drink – mocha (flavoured coffee) သောက်ချင်တာပြောတာ.. ဒီမှာတော့ မသောက်ဘူး ဈေးကြီးတယ်….ပိုက်ဆံမတတ်နိုင်ဘူး… :P
15. A musical group – မြေပဲယို… (စားချင်လာပြီနော်..)
16. An animal – မျောက် ( ဟဟ ..စဉ်းစားစရာမလိုပဲ ခေါင်းထဲးတန်းဝင်လာတယ် ဒါကျတော့)
17. A street name – မိုးမခလမ်း
18. A type of car – မာစီဒီး (လိုချင်တာပြောတာပါနော်.. )
19. The title of the song – မင်းကြောင့်
20. A verb – မမီးအိမ်ပြန်ချင်တယ်..

Labels:
တက်ဂ်ပို့စ်
Thursday, September 24, 2009
ဝက်ဝံလေးရဲ့ တက်ဂ်
တက်ဂ်ထားတဲ့သူတောင်မေ့နေလောက်ပြီ..
ဟဲးဟဲး..ပြောလည်းခံရုံပဲ..ကိုယ်တိုင်ကိုက ပျင်းတာကိုး..
“အမြင်ကပ်ကြသော အကြောင်းအရင်းများ” တဲ့… ရေးရရင်တော့ တစ်ခုမှကောင်းဖွယ်ရာမရှိပါ..အပျင်းကြီးနေတာကို လည်း အမြင်ကပ်ကြမှာပဲနော်… အမြင်ကပ်ခံရတဲ့ အကြောင်းအရင်းထဲးမှာ အပျင်းကြီးပြီး စာမရေးတာပါ ပါလောက်တယ်..
သူများအမြင်ကပ်ရင်လည်း ကပ်ချင်စရာပဲလေ.. လုပ်သမျှက လူမြင်ကပ်စရာဖြစ်နေတော့လည်း သူများအမြင်ကပ်တာ ဆန်းတော့မဆန်းပါဘူး.. ခဏတာတွေ့ဖူးသူဆို မမီးကို တော်တော်မာနကြီးတယ်ထင်ကြတယ်.. စကားလည်းကောင်းကောင်းမပြော မျက်နှာထားကလည်း အသက်မပါသလိုဖြစ်နေတတ်တော့ ဒီလိုထင်တာမှားတော့မမှားပါဘူး.. အမှန်မှာတော့ စကားစပြောရမှာကို ဝန်လေးတာမဟုတ်ပါဘူး… စကားကို ဟတ်ဟတ်ပတ်ပတ်မပြောတတ်တာရယ်.. မရယ်မပြုံနဲ့ မျက်နှာဆိုတော့ တော်တော်လူမြင်ကပ်စရာဖြစ်နေတာပေါ့… (နောက်အကြောင်းသိလာရင်တော့ မမီးက အေးအေးလေးနဲ့တော်တော်ဆိုးတယ် ဆိုတာသိလာလိမ့်မယ်..)
ဘယ်ဘဝရဲ့ အကြောင်းတရားပါလာမှန်းမသိပေမယ့် လက်ရှိဘဝမှာတော့ အကြိုးတရားက ကောင်းကောင်းကြီးကို ခံစားနေရတယ် .. အနီးပတ်ဝန်းကျင်ရဲ့ ၇၀ % နှုန်းရဲ့ အမြင်ကပ်ချင်းကို ခံနေရမြဲပါ.. သူတို့စိတ်မှာ မမီးကို ဘယ်လို မြင်နေတယ်.. ဘယ်လိုထင်နေကြတယ်ဆိုတာ မမီးသိရချိန်မှာ ကိုယ့်ကို ကိုယ် ယုံကြည်မှုနည်းလာသလို သိမ်ငယ်စိတ်လေးတော့ ဝင်လာမိတယ်.. အခုတော့ ဘယ်လိုမှမနေတော့ဘူး.(ရိုးသွားပြီလေ.. :P) ကိုယ့်ကိုကိုယ်နေတတ်အောင် နေနိုင်ခဲ့တာရယ်.. ကိုယ်ကမှ ကိုယ့်ကို ကိုယ်ယုံကြည်မှုအားနဲး နေရင် ဘယ်သူက ယုံကြည်မှာမဟုတ်ဘူးဆိုတဲ့ အသိစိတ်ရယ်.. လူတိုင်းမှာ ကောင်းတဲ့ စိတ်လေးရှိနေသလို မကောင်းတဲ့စိတ်လေးလည်းရှိမယ်.. ငါ့ရဲ့မကောင်းတဲ့စိတ်ကို တွေ့နေသေးရင်တော့ သူ့စိတ်မှာ ငါဟာအဆိုးပဲ.. ကောင်းတဲ့စိတ်လေး ရှားရှားပါးပါးလေးကို သူတွေ့ရင်တော့ သူ့စိတ်မှာ ငါ့ကို အမြင်ကပ်တဲ့ စိတ်ရှိမှာ မဟုတ်တော့ဘူးလို့ တွေးလိုက်တော့ .. ကိုယ်တိုင်လည်း စိတ်သက်သာရာရတယ်.. သူများပေါ်လည်း စိတ်မကွက်မိတော့ဘူး.. ငါ့ကို ဒီလိုမြင်ရကောင်းလား ထင်ရကောင်းလားဆိုတဲ့ ဒေါသလည်း ရော့သွားတယ်လို့ထင်မိတယ်လေ.. မမီးကို အမြင်ကပ်မယ်ဆို ကပ်ချင်စရာတွေ အများကြီး.. နောက်တစ်ဖြည်းဖြည်းနဲ့ သိလာကြလိမ့်မယ်.. မမီးကတော့ နေတတ်နေပြီ..

Monday, September 14, 2009
ဝက်ဝံလေးရဲ့ တက်ဂ်
မိမိအကြိုက်နှစ်သက်ဆုံး သွားလည်နေကျ ဘလော့ ၅ ခု နှင့် ဘာကြောင့် ထိုဘလော့များအား ကြိုက်နှစ်သက်ရသလဲ
ကဲး….. ရေးခိုင်းတော့လည်း ရေးတာပေါ့နော်… မမီးသွားလည်နေကျ blog ဆိုရေးရမှာ တော်တော်များတယ်.. ဘာလို့ ဆို အားနေရင် ရောက်နေတာလေ.. မအားမှ သာ ခြေက ငြိမ်တာ… စာဆိုလည်း အသစ်လေးရေးထားရင် ဖတ်တာပဲ.. တစ်ခုမှမ ချန်ဘူး အားလို့ ကတော့ post အဟောင်းတွေရော.. အကုန်ဖတ်တယ်.. အဲး တစ်ခုတော့ ရှိတယ်… ကဗျာဆိုရင်တော့ အချိန်နည်းနည်းယူ ပြီှးမှ ဖတ်တတ်တယ်.. ပါရမီပါလွန်းတော့ တစ်ခေါက်လောက်ဖတ်ရုံနဲ့ နားမလည်သလို ခံစားလို့မရဘူး.. အဲ့ဒီတော့ အကြိမ်ကြိမ်ဖတ်ရတယ်… အဲ့လို အကြိမ်ကြိမ်ဖတ်တာတောင် တစ်ချိုနေရာမှာ နားမလည်တာတွေက ပါတတ်သေးတယ်.. ပညာအရာမှာ ဒေဝဒတ် ရထားတာ… အထင်မသေးလေနဲ့နော်..
မမီး blog တွေထဲးစာတွေ စပြီးဝင်ဖတ်ဖြစ်တဲ့အချိန်မှာ ဝင်ဖြစ်တဲ့ blog ကတော့ ကိုဘိုဘို blog ဖြစ်ကို ဝင်ဖြစ်တယ်.. အရင်ကတော့ အားရင်စာဖတ်တယ်..စာအုပ်မရှိရင် internet ကနေရှာဖတ်တယ်..ဦးပုည ကဗျာတွေရှာရင်း ရောက်တာလေ… မမီး Blog လေးလည်းစတင်ပြီးနောက်တော့ တော်တော်များများဝင်ဖတ်မိတယ်.. စာအဟောင်းတွေကစ ပြန်ဖတ်တယ်.. အကို့အတွေးသိပ်ကောင်းတယ်..
နောက်တော့ မမမယ်ကိုး Blog ကိုရောက်ဖြစ်တယ်.. မမမယ်ကိုးက အဲ့ဒီချိန်မှာ လုံးချင်းလေးေ၇းနေချိန် မမမယ်ကိုးစာနည်းနည်း ပျက်သွားရင် အဟောင်းတွေ ပြန်ဖတ်ဖြစ်တယ်… အစ်မက စာရေးတာကောင်းတယ်..
မမမေလေး Blog လည်းရောက်ဖြစ်တယ်.. မမမေလေးကိုလည်း အားကျတယ်.. သူက ကူးညီတတ်တယ်.. သူများကိုလည်း ကူညီချင်စိတ်ရှိအောင်ရေးတတ်တယ်.. အတွေ့အကြုံလေးတွေ ပြောပြထားတော့ မမီးမသိတာ သိရတာပေါ့..
လသာညလေး ဆီလည်းရောက်တယ်.. လသာညလေးကတော့ စာတွေပျက်သွားတယ်မရှိဘူး..အမြဲးတင်နေတယ်..မမီလိုပေါ့နော်.. စာတွေကလည်း ဗဟုသုတရတယ်.. မမီးမသိတာတွေ သိရတာပေါ့..
ဝက်ဝံလေး ဆီလည်းရောက်တယ်..သူရေးတဲ့စာတွေဖတ်ရတာ..မမီးကြောက်တယ်..သူရေးနေကျစာတွေက ဘဝခြားနေတဲ့ အကြောင်းတွေများတယ်..မမီးကလည်း သိပ်ကြောက်တတ်တာ… ဖတ်ပြီးမှ ကြောက်ရကောင်းမှန်းသိတော့ ဖတ်မိတာပေါ့..ပြီးမှ မအိပ်ရဲးတော့တာပေါ့နော်…
Blog တော်တော်များများတော့ရောက်ဖြစ်တယ်.. သူငယ်ချင်းတွေ အသစ်တင်ရင်တော့ မမီးအချိန်ရရင် စာဝင်ဖတ်ဖြစ်တယ်.. အားနေရင်တော့ ရောက်ဖြစ်တယ်.. ကိုယ်တိုင်သာစာမရေးတယ်.. သူများစာတော့ သွားဖတ်ဖြစ်တယ်.. အဲ့ဒါကြောင့်လည်း ဝက်ဝံလေးက စာရေးပျင်းတဲ့ မမီးကို စာရေးအောင်ဖန်လိုက်တာ.. ဒါတောင်မရေးသေးလို့ လာအော်ရတယ်..အဲ့လောက်ပျင်းတာ…ဟီးးးးးးးးးးးးးးးးးး

Sunday, September 6, 2009
မျက်ဝန်း တစ်စုံ
လသာညလေး တက်ဂ်ထားတာလေး..ဟီးးးး တက်ဂ်ထားတဲ့ သူတောင်မေ့နေလောက် ပြီ.. မမီးတို့မအားတာရော.. ပျင်းတာရော ပေါင်းပြီး စာ မရေးဖြစ်နေတာ..
ငယ်ငယ်ကတည်းက မေမေ့မျက်စိအောက်မှာ ကြီးပြင်းလာခဲ့တာပါ.. ကျောင်းတတ်တော့လည်း မေမေက အလယ်တန်းပြဆရာမ ဆိုတော့ မေမေတတ်တဲ့ကျောင်းမှာ တတ်ခဲ့တာပေါ့… (ဆရာမ တစ်ယောက်ရဲ့ သမီးဆိုတော့ ဆရာဆရာမ အားလုံးက သိရုံသာမက ပဲ ကျောင်းသာဦးရေ နည်းတဲ့ နယ်ကျောင်းလေး ဆိုတော့ တစ်ကျောင်းလုံးက သိတယ်.. စာလေးကလည်း သင့်ရုံတင့်ရုံတော် ပြီး ဆရာမရဲ့ သမီးလည်းဖြစ်တော့ ထုံးစံ အတိုင်း မာနလေးနဲ့ပေါ့လေ..) မေမေ့မျက်စိအောက် ကလွတ်တဲ့အချိန်က စနေ တနင်္ဂနွေ ဆရာလတ် ဆီမှာ English grammar သွားတတ်တဲ့အချိန်ပဲရှိတယ်.. ဆရာလတ်က ကျောင်းဆရာမဟုတ်ပေမယ့် English စာမှာ သင်တာ နာမည်တော်တော်ကြီးတော့ တော်တော်များများ ဆရာလတ်ဆီမှာတတ်ကကြတယ်..အဲ့ဒီမှာတော့ ကျောင်းပေါင်းစုံက ကျောင်းသားကျောင်သူတွေစုနေတာပေါ့.. ပြီးတော့ အဲ့ဒီ English စာသင်တန်းမှာထိုင်ရင် ကိုယ်ကြိုက်တဲ့နေရာမှာ ထိုင်လို့မရဘူး.. သင်တန်းအပ်ကတည်းက ခုံနံပါတ်ပေးတယ် အဲ့ဒီနံပါတ်မှာပဲထိုင်ရတာ.. တစ်တန်းမှာ ၃ ယောက်ထိုင်ရတယ် .. ၃ယောက်ကိုတော့ ယောင်္ကျားလေး၃ ယောက် ဒါမှမဟုတ် မိန်းခလေး၃ ယောက် ထားပေမယ့် ယောင်္ကျားလေးတန်းတွေ မိန်းခလေးတန်းတွေရောနေတာပေါ့.. ဆရာကလည်း စာသင်တာတော်းသလို ဆူတဲ့ဆဲးတဲ့နေရာမှာလည်း သိပ်တော်တယ်..စည်းကမ်းကလည်းသိပ်ကြီးတာပဲ.. အိမ်းစာတွေထပ်တဲ့စာအုပ်မှာလည်း အတန်းချိန်နာရီ နဲ့ ခုံနံပါတ်ကိုရေးရတယ်.. တနင်္ဂနွေနေ့မှာတော့ အိမ်စာလာထပ်ရတယ်.. မမီးကတော့ သူငယ်ချင်းနှစ်ယောက်စာအုပ်ကိုယူပြီး ထပ်ပေးလိုက်တယ် လူတွေက များတော့ တိုးနေရတယ်..မမီးက အကောင်သေးသေးဆိုတော့ တိုးလို့လွယ်တာပေါ့.. စာအုပ်ထပ်ပြီးလို့နောက်လှည့်ခါရှိသေးတယ် စာအုပ်တစ်အုပ်မျက်နှာနားရောက်လာပြီး မမီးနာမည်ကိုခေါ်ပြီး “ငါ့စာအုပ်ရောထပ်ပေးစမ်းပါ” တဲ့ .. ကိုယ့်ဟာကိုထပ်လို့ပြောလိုက် ပြီးရှေ့ဆက်တိုးပြီး လူကြားထဲးက ထွက်ဖို့ကြိုးစာပေမယ့်ထွက်လို့်မရဘူး.. မမီးရှေ့ကနေပိတ်ရပ်ပြီး သူ့ရဲ့ လက်တံအရှည်ကြီးနဲ့ ခေါင်းပေါ်ကနေ စာအုပ်ကိုထပ်လိုက်တယ် ပြီးတော့ပြောသေးတယ် “ ငါ့စာအုပ်ထပ်ပြီးမှ နင်ထွက်လို့ရတာ မဟုတ်လား” တဲ့ မမီးမှာ စိတ်တိုလိုက်တာ ဘာပြန်ပြောရမှန်းမသိလို့ မျက်စောင်းထို့းပြီးထွက်ခဲ့တယ်.. သူငယ်ချင်း အစုတ်ပလုပ်မတွေက ဘာဖြစ်လာတာလဲးဆီးမေးတော့ (ငါ့ကို အဲ့လို အပေါက်မျိုးလုပ်လိုက်တယ် .. သူကဘာကောင်မို့လို့လဲး) ဆိုတဲ့သဘောမျိုးနဲ့ စွာကြယ်စွာကြယ်နဲ့ ပြန်ပြောပြတာပေါ့..(တကယ်တမ်းတော့ ကိုယ်က မျက်စောင်းပဲးထိုးခဲရတာ.. လူက သူ့စာအုပ်မထပ်ပြီးမချင်း ပြန်ထွက်လာလို့မရလို ဒေါသဘဲးထွက်ခဲ့ရတာ) သူက မမီးနာမည်ကို သိနေပေမယ့် မမီးကတော့ သူ့နာမည်ကို မသိဘူး နောက်မှ သူထိုင်တဲ့ ခုံနံပါတ်ကို မှတ်ထားပြီး လက်မှတ်ထိုးတဲ့ စာအုပ်မှာ ခိုးကြည့်လိုက်တာ “ မိုးမြင့်အောင်” တဲ့ .. (သူလည်းမမီးနာမည်ကို အဲ့လိုပဲ ခိုးဖတ်တာနေမှာပေါ့) သူကတော့ နာမည်နဲ့ လူနဲ့လိုက်ပါတယ်.. အရပ် ကတော်တော်ရှည်တယ်.. အသားလတ်ပြီး ပိန်တယ်.. မျက်နှာပြင်တစ်ခု လုံးမှာ ဆွဲးဆောင်မှုအရှိဆုံးနဲ့ ထူးခြားနေတာကတော့ နက်မှောင်နေတဲ့ မျက်ခုံးမွှေး ထူထူ ကြီးတွေနဲ့ တောက်ပနေတဲ့ သူရဲ့မျက်လုံးတွေက ဆွဲးဆောင်မှုတဲ့ အပြင် မရယ် မပြူံး နဲ့ ထည်ကြည်ပြီး ယောကျာင်္းပြီသတဲ့ မျက်နှာက စွဲးလမ်းမှု တစ်ခုလိုဖြစ်ခဲ့ရတယ်.. သူငယ်ချင်းတွေနဲ့ သူ့အကြောင်းပြော မိတိုင်းမှာ သူ့ကို ငှက်ရိုး လို့ သူနာမည်အစားသုံးခဲ့တယ်..(ပိန်ပြီး အရပ်ရှည်တော့ ပိန်မှန်းသိသာတာပေါ့) သူ့ရှေ့မှာတော့ မခေါ်ရဲးပါဘူး.. သူ့ကိုခေါ်တယ် ဆိုတာသိမှာရယ် မမီး သူ့ကိုကြောက်တာရယ်ကြောင့်ပေါ့.. စနေ တနင်္ဂနွေ သင်တန်းသွားတတ်တိုင်းမှာ သူသင်တန်းကိုစောစောရောက်လေ့ ရှိပါတယ်..ရောက်တိုင်း အပြင်မှာ သူငယ်ချင်းတွေနဲ့ စကားပြောနေလေ့ရှိတယ်.. မမီးတို့လည်းစောစောရောက်ရင် မုန့်စာရင်း သစ်ပင်အောက်ကခုံတန်းမှာ ထိုင်ပြီး သူငယ်ချင်း သုံးယောက် တွတ်ထိုးလေ့ ရှိတယ်.. တစ်ခါတစ်ခါ စကားပြောနေရင် မဆီမဆိုင် သူနဲ့ မျက်လုံးချင်းဆုံတဲ့ အခါတိုင်းမှာ မမီးမနေတတ်ခဲ့ပါဘူး… သူကြည့်နေမှန်းသိရက်နဲ့ ကိုယ်က ပြန်မကြည့်ရဲးတဲ့ အပြင် သူ့မျက်လုံးတွေကို မမီးရင် မဆိုင်ရဲးပါဘူး.. သူ့ရဲ့အကြည့်တွေကို မမီးအရမ်းကြောက်ခဲ့တယ်.. ဒါပေမယ့် မမီး တစ်ခါတစ်ခါမှာ တော့ သူ့ကို ခိုးကြည့်ခဲ့ပါတယ်.. သူ့ကိုလည်းကြောက်တယ်. ခိုးမကြည့်ပဲလည်း မနေနိုင်ဘူး.. နောက်ပိုင်းမှာ တော့ ဖြစ်သလိုနေတတ်တဲ့ မမီး အနေအထိုင်တွေ သိသိသာသာ ပြောင်းလဲးလာခဲ့ပါတယ်.. အရင်က ဆို ဘယ်သူ့မှ ဂရုမစိုက်ပဲး လုပ်ချင်ရာ လုပ်တတ်တဲ့သူ က ပတ်ဝန်းကျင်ကို ဂရုစိုက်လာသလိုဖြစ်သလလဲး မနေတော့ပါဘူး.. အရင်က ဆို ဆရာရှေ့က နေစာသင်နေပေမယ့် ဆရာမမြင်အောင် တိုးတိုးနဲ့ စာသင်ချိန်မှာခေါင်းသုံးလုံးပူးပြီး စကားပြော တတ်တဲ့ မမီး အကျင့်လည်း မရှိတော့ပဲ..ပြောစရာရှိရင်တောင် စာသင်ချိန်ပြီးမှ ပြောတော့တယ်.. အရင်က ဆို ဖိနပ်အသစ် လှလှလေး ဝယ်ပြီးတိုင်း သူငယ်ချင်းသုံးယောက် ခေါင်းတွေအောက်စိုက်လို့ ဖိနပ်ကလည်း ထိုင်ခုံအောက်မှာ လည်နေအောင် ဖိနပ်ကို တစ်ယောက်တစ်လှည့် စီးကြည့် ပြီး ဘယ်သူနဲ့ ပိုလိုက်တယ်ဆိုပြီးကြွားနေကြတာလည်းမရှိတော့ဘူး .. အုန်းကပ်စီးလို အနီရောင် အပြားလေးတွေ စားပြီး ဆိုးဆေးတွေကြောင့် နီနေတဲ့ လျှာကို ထုပ်ပြီး သူငယ်ချင်းတွေစတတ်တဲ့ ကျင့်လည်းပျောက်သွားခဲ့တယ်.. သူငယ်ချင်းတွေနဲ့ စကားပြောရင်းကနေ သူ့အကြောင်းပြောမိတိုင်းမှာ မမီးကတော့ သူ့ကိုမကောင်းတာတွေ ခြည့်ပြောခဲ့တယ်.. သူ့အပြုအမူတွေနဲ့ သူစာကြိုးစားတာတွေ စာတော်တာတွေကို ပြောတိုင်းမှာ မမီးကတော့ သူငယ်ချင်းတွေနဲ့ အပြိုင်ပုတ်ခတ်ပြောဆိုတတ်လာတယ်.. တကယ့်စိတ်ထဲးမှာတော့ သူ့ကိုကြိုတ်ပြီး ချီးကျူးမိ သလို လေးလည်းလေးစား မိတယ် ... ဒါပေမယ့် လည်း အရှိကို အရှိတိုင်းလက်မခံချင်ခဲ့ဘူး..
လာရောက် အားပေးကြသူများအား ကျေးဇူး အများကြီးတင်ပါတယ်.... မမီးမအားသေးတာကို နားလည်ပေးထားသော လသာညလေး ကိုလည်း ကျေးဇူးတင်ပါတယ်ရှင်... လာမယ်နော် ဒုတိယ ပိုင်း... တော်တော်ရှည်နေလို့ ဖြတ်ထားတာ.. မဟုတ်ရင် မောကုန်မှာဆိုးလို့...
ကဲးကဲး လာပြီ ဒုတိယ ပိုင်း... ဟီးးးး... မရေးလို့မရတော့ဘူး.. ရေးလက်စနဲ့ ဆက်ပဲရေးလိုက်တော့တယ်..
မမီးတို့ ၈တန်းနှစ် စာမေးပွဲးတွေလည်း ဖြေပြီးရော..နွေရာသီကျောင်းပိတ်ရက်မှာ ၉ တန်းအတွက် စာတွေကြိုသင်ကြတယ်.. ကျူရှင်တွေ တတ်ကြတယ်.မမီး ကအလယ်တန်းကျောင်းက ဆိုတော့ အထက်တန်းကျောင်း ပြောင်းရမှာပေါ့ ..မေမေက ၉ တန်းနဲ့ ၁၀ တန်းကို အဆောင်မှာထားမယ်ဆိုတော့ မမီးကတော့ အဆောင်က အပ်တဲ့ကျောင်းမှာနေရမှာပေါ့.. သူငယ်ချင်းတွေကတော့ ကျောင်းပြောင်းရလွယ်တဲ့ အ.ထ.က (၄) ကိုပြောင်းကြပေမယ့် မမီးကတော့ စိုးစံက အပ်တဲ့ အ.ထ.က (၁) မှာနေရမှာပေါ့.. အဆောင်ကလည် April လကုန်လောက်မှ စလက်ခံတာ ဆိုတော့ မေမေ က ရတဲ့အချိန်မှာ ဝိုင်းမှာ ထားဖို့ ဆုံးဖြတ်လိုက်တယ်.. ပညာတံခွန် ဆိုတဲ့ ဝိုင်းမှာ မေမေက အပ်ပေးတယ်.. ဝိုင်းက လူ ၁၀ ယောက်ပဲလက်ခံတယ် တစ်ယောက်က အပ်တော့ထားတယ် April ပြီးမှာ လာတတ်မှာ ဆိုတော့ အဲ့ဒီတစ်ယောက်နေရာမှာ မမီးကို သွင်းပေးမယ်ပြောတယ်.. လက်ခံတဲ့ ဆရာက လည်း သူကိုယ်တိုင် ၉ တန်း ၁၀ တန်း သင်္ချာသင်နေတာဆိုတော့ ရတဲ့အချိန်မှာ မမီးကို ကောင်းကောင်းသင်ပေးမယ်လို့ လို့ပြောလိုက်တယ် .. မေမေ နဲ့ စကားကြိုပြောထားပြီးဖြစ်တော့ မေမေက နေရာပြဖို့နဲ့ ဆရာနဲ့တွေဖို့ဆိုပြီး ညနေပိုင်းမှာ ဆရာ့ အိပ်သွားခဲ့တယ်.. ဆရာက လည်း ထုံးစံအတိုင်း စာအုပ်တွေ ထုပ်ပေးတယ် .. ကျောင်းသား card ထုပ်ပေးပြီး .. အချိန်ဇယားတွေ စာမေးပွဲးရှိတဲ့ရက်တွေနဲ့ .. ဆရာမတွေ အကြောင်းပြောပြပေးနေတယ်.. အနောက်ကနေ ကျောင်းသူကျောင်းသာတွေ ဆူဆူညံညံ နဲ့ထွက်လာတော့မှ.. ဒါ Physic ဆရာမ အချိန်ပြီးလို့ နာရီဝက် အနားပေးတာ.. ညနေစာ အစာပြေ တစ်ခုခု စားလို့ရအောင်လို့ ခဏနေရင် ဂိုက် ဆရာမ လာတော့မှာ လို့ပြောလိုက်တယ်.. ဆရာမကလည်း ဆရာ့ကို နုတ်ဆက်ပြီးပြန်တော့မယ့် အကြောင်း.. မမီးနဲ့လဲး မိတ်ဆက်ပေးပြီး မနက်ဖန်လာမယ့် ကျောင်းသူဖြစ်ကြောင်း..ပြောနေတုန်းမှာ အနောက်ကနေ ကျောင်းသားတစ်ယောက် စာအုပ်ထုပ်နဲ့ ဆရာမ ပိုက်ဆံအိပ်ကို ပိုက်ပြီးလိုက်လာတယ် .. ဆရာမနဲ့ စကားပြောနေရင် မျက်စိက အဲ့ဒီကျောင်းသာ ဆီရောက်သွားတော့ မိုးမြင့်အောင် ဖြစ်နေတယ်…
အစကတော့ ဘယ်သူနဲ့မှလည်း မသိ ..သူငယ်ချင်းခလဲးမရှိပဲး ဒီဝိုင်းကိုတတ်ရမှာ ဖာသိဖာသာနေတတ်တဲ့ မမီး တော့ တစ်ယောက်ထဲးဖြစ်နေတော့မယ် ထင်ပေမယ့် .. အခုတော့ မမီး မခင်ပေမယ့် သိနေတဲ့သူ တစ်ယောက်ရှိတယ် ဆိုတော့ မမီး အနေနဲ့ နည်းနည်းတော့ ပျော်မိတယ်.. ဒီလို နဲ့ မမီး အဲ့ဒီ ဝိုင်းမှာ တတ်နေရင်း တစ်ခြားသူငယ်ချင်းလေး တွေနဲ့ ဟတ်ဟတ်ပတ်ပတ် စကားမပြောပေမယ့် မုန့်အတူထွက်စား တာ.. စာနားမလည်ရင် မေးတာ.. စာမေးပွဲးဖြေတဲ့ စာအုပ်တွေကို မမီးမရောက်ခင်မှာ ကြိုယူထားပေးတာရှိကြ ပေမယ့်.. သူကတော့ မမီးကို လိုတာလောက်ပဲပြောတယ် .. အပို မပြောဘူး.. အဲ့လိုနေတော့ မမီးက သူ့ကိုပိုကြောက်တယ်.. အစ ကတည်းက ကြောက်တာ သူအဲ့လိုနေတော့ပိုကြောက်တာပေါ့.. မမီး သူ့ကိုကြောက်မှန်းလည်း သူသိတယ်.. ဒါပေမယ့် သူကြည့်ကြည့်နေတဲ့ သူ့ရဲ့ အကြည့်တွေက တော့ ပြောင်းမသွားသေးပါဘူး… ဆရာမက စာမေးပွဲးဖြေထားတဲ့ စာအုပ်တွေ စစ်ပြီးလို့ သူ့ကိုပြန်ဝေခိုင်းရင် သူ ထပြီးလိုက်ဝေမပေးဘူး.. နာမည်ခေါ်ပြီးမှ လှမ်းပေးတာ.. မမီးနာမည်ခေါ်တိုင်းမှာ မမီး “ရှင့်” လို့ ပြန်ထူးပြီးမှ စာအုပ်ကို လှမ်းယူမိရင် သူကရယ်တယ်..တော်သေးတယ် မသိမသာ နောက်လှည့် ပြီးရယ်တာ မမီးက သိတာပေါ့.. အစကတော့ စိတ်တိုတယ် .. နောက်တော့ ရယ်လဲးရယ်ပေါ့ မတတ်နိုင်ဘူးလေ.. အကျင့်ကဖြစ်နေတာကို .. မမီးက ရယ်စရာဖြစ်နေလို့ ရယ်တာနေမှာလို့တွေးလိုက်တော့တယ်.. သူကစာလည်းတော်ပါတယ်.. ဖြတ်ထိုးဥာဏ်လည်းရှိတယ်.. အင်္ဂလိပ်စာလည်းတော်တယ်.. အင်္ဂလိပ် ဆရာမက စနေ နေ့တိုင်းမှာ essay မဟုတ်ရင် letter တစ်ပုဒ်ရေး ခိုင်းလေ့ရှိတယ်..အဲ့လိုရေးခိုင်းတိုင်းမှာ သူအမှတ်အများဆုံးပဲး..
နောက်တော့ သူက အ.ထ.က(၃) ကကျောင်းသား သူ့အဖေက စစ်ဆေးရုံက ဗိုလ်မှုး တစ်ယောက်ဆိုတာ သိရတယ်..
ဒီလိုနဲ့ မမီး လည်း အဆောင်ရောက်တော့ သူနဲ့မတွေ့ဖြစ်ပါဘူး အဆောင်မှာ ၉ တန်း ၁၀ တန်း ၂ နှစ်လေ… ၁၀ အောင်စာရင်းထွက်တော့ မမီးက ဂုဏ်ထူး တစ်ခုမှမပါဘူး.. သူကတော့ ၃ ဘာသာပါတယ်ဆိုတာကို ဝိုင်းတတ်တုန်းက သင်တဲ့ chemistry ဆရာမပြောလို့ သိရတယ်.. ဆရာမကလည်း မမီးကို ကြွားမှာပေါ့… သူသင်တဲ့ chemistry ပါတာကို ..မမီးကိုလည်း အဆောင်မှာနေလိုက်တော့ အများနဲ့မို့ကောင်းကောင်းမရတာဆိုပြီး အပြစ်တင်တာပေါ့လေ.( အတတ်နိုင်ဘူး သူ့ကံနဲ့ သူပေါ့နော်..)
ကျောင်းတတ်တော့ ကျောက်ဆည်မှာ .. နေတာကတော့ မန္တလေး အိမ်မှာနေပြီး ကျောက်ဆည်ကို နေ့ချင်းပြန်သွားတာပေါ့.. မမီး ကျောင်းပိတ်တုန်း ပြင်ဦးလွင်ပြန်တယ်.. ကျောင်းပြန်ဖွင့်တာတောင် ကျောင်းသွား အပ်ထားတယ် မတတ်သေပဲ .. ပြန်လာတယ်.. ကျောင်းဖွင့်ပြီး လဝက်လောက်နေမှ မမီးက ကျောင်းတတ်တာ.. အဲ့ဒီလောက်မှ မန္တလေး ကိုသွားတာပေါ့..သွားမယ့်နေ့မှာ မေမေက ကားဂိတ်ကိုသွားမစီးနဲ့တော့ မေမေလည်းလိုက်မပို့ ရဲးဘူး ..မိုးတွေ တအားရွာနေတယ်… van ကားဂိတ်ကို Ph ဆက်ခေါ်လိုက်တော့ ဆိုလို့ မမီး Ph ဆက်တော့ ကံကောင်းစွားနဲ့ ရှေ့ခန်းတစ်ယောက်ပဲနေတာ .. အခုလာဝင်ခေါ်ပြီးထွက်မယ်ပြောတော့ အိမ်လိပ်စာပေးလိုက်တယ်.. မကြာပါဘူး နာရီဝက်လောက်နေတော့ ကားတစ်စီးရောက်လာတာနဲ့ မမီးလည်း ဖွားဖွား ကို ကန်တော့ပြီး အိပ်ပြင်ထွက်လာတယ်.. ကားသမား က ပစ္စည်း တွေများမယ်ထင်ပြီး ကားနောက်ဖုံးကိုဖွင့် ထားတယ်.. မမီးကလည်း ဘာမှယူစရာမရှိဘူးလေ.. ပစ္စည်း တွေက မန္တလေး အိမ်မှာ တစ်ဝက် ပြင်ဦးလွင် အိမ်မှာ တစ်ဝက်ဆိုတော့ ဘာမှ သယ်စရာမရှိဘူး.. မေမေ ဝယ်ပေးတဲ့ မုန့်နဲ့ ဖွားဖွား က သူ့ကို ကန်တော့ထားတဲ့ထဲးက ကတီပါ ဖိနပ် နက်ပြာလေးက မမီးကျောင်းလုံချည် အရောင်နဲ့ လိုက်တယ်ဆိုပြီး အမွေပေးလိုက်တဲ့ ဖိနပ်ရယ် လွယ်ထားတဲ့ ကျောပိုးအိပ်ရယ် .. ဒါပဲပါတယ်.. ဖိနပ်နဲ့ မုန့်က ၂ အိပ်ကွဲးနေတော့ ကိုင်ရတာ ရှုပ်တော့ မုန့်အိပ်ထဲး ဖိနပ်ပါပေါင်းထည့်လိုက်တာပေါ့.. အိပ်က အကြည်ဆိုတော့ ဖိနပ်နဲ့ မုန့်နဲ့ရောနေတာ အပြင်ကနေတော့ မြင်နေရတယ်.. ( ဖိနပ်က အသစ်ပဲ ဘာဖြစ်လဲး) ခြံဝလည်းရောက်ရော.. ကားသမားကြည့်လိုက်တာ.. ကားပေါ်တတ်ရမှာတောင်လန်သွားတယ်.. မမီးနေရာ က ရှေ့ခန်းမှာ နောက်ခန်းမှာ မိန်းမကြီး ၃ ယောက် ထိုင်နေတယ်.. ကား Driver က မိုးမြင့်အောင်… ဒီလိုပဲ မေမေ တို့ကို နှုတ်ဆက်ပြီး ကားပေါ်တတ်လိုက်တယ်.. မုန့်အိပ်ကိုမြင်တော့ ထုံးစံအတိုင်း မမီးမသိအောင် ပြုံးစိစိနဲ့ ပေါ့လေ.. သူအရင်ကလိုတော့ မပိန်တော့ဘူး.. ကြည့်ကောင်းအောင်တော့ ဝလာ တာကလွဲးရင် ဘာတစ်ခုမှ မပြောင်းလဲးသွားပါဘူး.. ကျောင်းကဖွင့်ပြီးလားလို့ သူမေးမှ ကျောင်းကဖွင့်နေတာ ကြာပြီဖြစ်တဲ့ အကြောင်းနဲ့ သူဘာ တတ်နေတယ်ဆိုတာ ကို မေးမိတယ်.. သူက သွားဆေး မှာတတ်နေတယ် ဆိုတာ သိရတယ်.. သု့ကျောင်းက မဖွင့်သေးလို့ မသွားသေးတဲ့ အကြောင်းပြောတယ်.. “ နင်က ကားသမား လုပ်နေတာ ပေါ့လေ” လို့ မမီးကပြောတော့ .. "အိမ်က ကားထောင်ထားတော့ ငါကားသမားလုပ်နေတာ ဆန်းသလား.. ဒီကားမောင်းတဲ့ driver က မိန်းမဆေးရုံတင်ထားရလို့ မအားလို့ မလာနိုင်လို့ ငါဝင်မောင်းနေတာ”တဲ့..့
အဲ့ဒီ စကားအပြင် ဘာမှ ထပ်မပြောဖြစ်ပဲနေလာခဲ့တယ်.. ညနေ ၄ နာရီလောက် က ပြင်ဦးလွင် ကထွက်ခဲ့ကြတာ.. ၄ နာရီဆိုတာ ပုံမှန် မမှောင်သေးပေမယ့် .. ရာသီဥတု အခြေအနေက ဆိုးနေတော့ တော်တော်မှောင်လွယ်နေတယ်.. မိုးဖွဲးလေးပဲကျနေပေမယ့်.. မြူနှင်းတွေ တအားပိတ်နေလို့ ကားကို မီးဖွင့်ပြီးမောင်းနေရတယ်.. သူလည်း အဆင်လမ်းလဲးဖြစ် ၆ ထပ်ကွေ့က အဆင်းလမ်းကလည်း နည်းနည်းကြမ် မိုးကလည်း မိုးဖွဲးလေးကျနေတော့ ကားကို စလစ်မဖြစ်အောင် သတိထားပြီးမောင်နေရုံအပြင် မြူတွေက ပိတ်နေတော့ ပိုပြီး သတိထားရတယ်.. နောက်ခန်းထဲးမိန်းမကြီး ၃ ယောက်တော့ ရာသီဥတု က သူတို့ဖတ်ပါနေတော့ ငိုက်ကောင်းနေလေရဲ့… တအိအိနဲ့ ဆင်းနေတဲ့ ကုန်တင်ကား (၁၂ ဘီးကားတွေ) တဖြည်းဖြည်းကျော်တတ်လာတာ ..မမီးကလည်း ကျော်တတ်လာ သမျှကားတွေမှာ ကား အနောက်ကနေရေတွေတန်းကျနေတာမြင်လို့.. ကားတွေက ရေတွေကျနေတယ်ဆိုတာကို ပါးစပ်ကနေ လွှတ်ကနဲးထွက် သွားမိတယ်..(ဘာကြောင့်ကျနေတယ်ဆိုတာ မမီိးလည်း မသိဘူးလေ.. )သူ က ရှင်းပြပါတယ်.. "လမ်းက အဆင်းလမ်းဖြစ်နေတယ်လေ.. ကုန်ရဲ့ ဝိတ်နဲ့ ကားရဲ့ ဝိတ်ကို လည်းကြည့် အုံး နည်းတာမဟုတ်တာ.. သူထိမ်းပြီး ဆင်းနေရတာလေ.. အမြဲး brake ကို အမြဲးသုံးနေရတယ်.. ၁၂ ဘီးကားတို့လို ကုန်တင်ကားတွေမှာ သုံးတဲ့ brake က hydraulic brake ကို မသုံးဘူး.. drum brake ကို သုံးတယ်.. brake အုပ်ပါများတော့ brake drum တွေက ပူမှာပေါ့ အဲ့ဒါကြောင့်ရေအမြဲးဖျန်းပေးနေတာ” လို့ရှင်းပြတယ်.. အစကတော့ ဟုတ်သလိုလိုနဲ့နောက်တော့ မမီးရှက်တောင်ရှက်မိတယ်.. မမီး က Mechanical Engineer လောင်း သူက သွားဆရာဝန်လောင်း… ကောင်းရော... မမီးတို့တော်လိုက်ပုံကတော့.. (ပတ်ဝန်းကျင်လေ့လာမှုများတယ်နော်.. ဒါပေမယ့် မသိချင်ယောင်ဆောင်နေလိုက်တယ်.. ပြန်တွေးမိရင်တောင်ရှက်တယ်..)
၂၁ မိုင်ရောက်တော့ ခဏနားတယ်.. နောက်ခန်းက မိန်းမကြီးတွေလည်း အဲ့ဒီမှာပဲ ဆင်းသွားတယ်.. သူတို့အိမ်က အဲ့ဒီမှာလေ.. မမီးလည်း နာရီ ကြည့်တော့ ညနေ ၆ နာရီထိုးနေပြီ.. အမှန်ဆို ၁ နာရီခွဲး အလွန်ဆုံး ၂ နာရီလောက် ကားမောင်းရုံနဲ့ ရောက်တဲ့ ခရီး က မလိုအပ်ပဲကြာနေတယ်.. မေမေ စိတ်ပူနေမှာ ဆိုးလို့ ဆိုင်တစ်ဆိုင်ကနေ အိမ်ကို ph ဆက်ပြောတယ်.. မန္တလေး လေးလည်းပြောထားရသေးတယ်.. စိတ်ပုနေမှာဆိုးလို့ .. သူကတော့ သူ့ hand ph နဲ့ ဆက်ဖို့ပြောပါတယ်.. မမီးလည်း အဲ့ဒီဆိုင်က ဖိုထားတဲ့မီးဖိုနားမှာ ကော်ဖီသောက်ရင်ထိုင်နေတယ်..သူလည်းသူ့ကားကိုရေတွေဖြည့် ရေနည်းနည်းဆေးပြီးတာနဲ့ ၂၁ မိုငိကနေပြန်ထွက်လာခဲ့ကြတယ်.. အဲ့ဒီကနေ အပြန်မှာတော့ ကားပေါ်မှာ မမီးနဲ့ သူပဲပါတယ်… အဆင်းလမ်းက နည်းနည်းပြေတော့ သူလည်း မမီးကို စကားပြောနိုင်တာပေါ့.. ကျောင်းမှာ အဆင်ပြေလားမေးပြီး.. အားရင် သူ့ ကျောင်းကိုလာလည်ဖို့.. ကျောင်းပိတ်ရက် သွားစရာရှိရင် သူလိုက်ပို့ပေးမယ် အားမနာဖို့ပြောနေတယ်.. နောက်တော့ သူသိချင်နေတာကို မသိမသာလေး မေးလိုက်တယ်.. “လွမ်းရမယ့်သူရှိနေလို့ အိမ်က အမေက ပြန်တော့လို့လွှတ်တာနဲ့ ချက်ချင်း မန္တလေး ကိုပြန်လာတာလား”တဲ့.. မေးစရာရှိတာများ တည့်တည့်မမေးဘူး.. မမီးလည်းဘာမှ မပြောပဲရယ်ပဲနေလိုက်တယ်..သူလည်းထပ်မမေးတော့ပါဘူး… အရင်တုန်းက အကြောင်းတွေ ပြန်ပြောရင်း.. သူမမီး ကို ချစ်တဲ့ အကြောင်း.. သူဖွင့်ပြောချင်ပေမယ့် .. ပညာရေးကို ထိခိုက်မှာ ဆိုးတဲ့ အကြောင်း.. သူ့ကြောင့် မမီး စိတ်အနှောက်အယှက်ဖြစ်မှာ ဆိုးတဲ့ အကြောင်း ပြောရင် .. သူ ၁၀ တန်းဖြေပြီးတော့ မမီးဝိုင်းတတ်တုန်းက ဆရာ့ဆီမှာ ရှိတဲ့ မမီးလိပ်စာ ကိုတောင်းထားလို့ သိနေတဲ့ မမီးအိမ်ကို သူ ၁၀ တန်းဖြေပြီးတော့ ခဏခဏလာတဲ့ အကြောင်း မမီးသူငယ်ချင်းတွေကို မေးတိုင်းမှာ မမီး မန္တလေး လေးမှာဆိုတာကလွဲးပြီး သူဘာမှ မသိတဲ့ အကြောင်းတွေပြောပြနေတယ်.. ဖြစ်နိုင်ရင် သူ့ကို ထည့်စဉ်းစားပေးပို့ ပြောပြီး… သူက မမီးကွယ်ရာမှာ မမီးကို မှည့်လေး လို့ခေါ်တဲ့ အကြောင်းကိုပြောပြတယ်.. ဘာကြောင့်ခေါ်လဲးသိလားလို့ မေးတော့ ..မမီး ထင်တာက မမီး ဘယ်ဘက်ပါးမှာ ရှိနေတဲ့ မှည့်လေးကို သူတွေ့လို့ ထင်ခဲ့ပေမယ့် ..အဲ့ဒါကြောင့်မဟုတ်ပဲ.. မမီး ညာဖတ်မျက်လုံးထဲး က အပိုပါနေတဲ့ မျက်ဆံလေးလို မှည့်လေးကို သူမြင်လို့ လို့ပြောခဲ့တယ်.. မမီးလည်းပြောတာပေါ့..မမီးက သူ့ကို ကွယ်ရာမှာ ငှက်ရိုးလို့ခေါ်တဲ့ အကြောင်းကို … တော်သေးတာပေါ့ တဲ့ မမီးက သူ့ကိုကြောက်တော့ သူ့ရုပ်က မမီးမျက်စိထဲးမှာ ဘီလူးဖြစ်နေတယ်ထင်တာ… ငှက်ရိုးလောက် သတ်မှတ်လို့တဲ့..
မန္တလေး လေးရောက်တော့ သူအိမ်ထိလိုက်ပို့ပါတယ်..ကားပေါ်က မဆင်းခင်မှာတော့ မမီး မှာ မဖြစ်နိုင်တဲ့ အခြေနေကြောင့် စိတ်ထဲးမှာ မထားဖို့နဲ့ မျှော်လင့် မထားဖို့ပြောပြီး ကား ခ ၃၀၀၀ ထုပ်ပေးပြီး ကားပေါ်က ဆင်းခဲ့တယ်.. သူ့ရဲ့ အကြည့်တွေ ကတော့ အရင်လို မဟုတ်တော့ဘူး.. အမှန်တိုင်းပြောရင် မမီး ကိုသူ့ကို လက်မခံနိုင်စရာ ဘာမှ မရှိပါဘူး.. မမီးကိုယ်တိုင် ကလည်း သူ့ရဲ့ အကြည့်တွေ ကို ကြောက်တယ်ဆိုပေမယ့် လိုချင်နေခဲ့မိတာလေ.. ကွယ်ရာမှာ သူ့ကို ကြိုတ်ပြီးလေးစားနေမိတာတွေ.. သူမမီးကို လှောင်ပြီးရယ်တဲ့ အရယ်မျိုးတွေကိုတောင် မမီးစိတ်မဆိုးပဲ. ရှိနေခဲ့တာလေ.. သူ့ကို မစဉ်းစားခဲ့တာ သူ့ကို ငြင်းခဲ့တာက တော့ ဖွင့်ပြောလို့မရတဲ့ အကြောင်းအရာလေး တစ်ခုကြောင့်ပါ …..
အဲ့ဒီနောက်တော့ မမီးနဲ့ သူနဲ့ လဲးထပ်မတွေ့ဖြစ်တော့ဘူး.. မမီးလည်းထပ်မတွေ့ချင်တော့ဘူး..

Friday, September 4, 2009
မျက်ဝန်း တစ်စုံ
လသာညလေး တက်ဂ်ထားတာလေး..ဟီးးးး တက်ဂ်ထားတဲ့ သူတောင်မေ့နေလောက် ပြီ.. မမီးတို့မအားတာရော.. ပျင်းတာရော ပေါင်းပြီး စာ မရေးဖြစ်နေတာ..
XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXx
XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXx
လာရောက် အားပေးကြသူများအား ကျေးဇူး အများကြီးတင်ပါတယ်.... မမီးမအားသေးတာကို နားလည်ပေးထားသော လသာညလေး ကိုလည်း ကျေးဇူးတင်ပါတယ်ရှင်... လာမယ်နော် ဒုတိယ ပိုင်း... တော်တော်ရှည်နေလို့ ဖြတ်ထားတာ.. မဟုတ်ရင် မောကုန်မှာဆိုးလို့...
Labels:
တက်ဂ်ပို့စ်
Saturday, August 22, 2009
ဖြစ်ပျက်နေပုံ
လသာညလေးက Tag ထားတယ်.. မမီးရဲ့ အခုတလောကို သိချင်နေရှာတယ်... မမီးရဲ့ ခုတလောကတော့ ဗျောင်းကိုဆန်နေတာပဲ..ဘာတွေဖြစ်နေမှန်းကိုမသိဘူး..အလွဲးတွေရော..အပြောင်းအလဲးတွေရော...စိတ်ဖိစီးမှုတွေရော..ပင်ပန်းမှုတွေရော..စုံနေတာပါပဲး…တစ်ခါတစ်လေ မသိမသာပြောင်းလဲးသွားတဲ့ ပြောင်းလဲးမှုမှာ ဘာမှမဖြစ်ပေမယ့်.သိသိသာသာ ပြောင်းလဲးသွားတဲ့ပြောင်းလဲးမှုမှာကိုတော့ မမီးသိပ်ကြောက်တယ်..ကြိုတင်တွက်စမထားတဲ့ပြောင်းလဲးမှုမျိုးကို ပိုကြောက်ပါတယ်.. ပြောင်းလဲးလာတာကောင်းသွားတာဖြစ် ဆိုးသွားတာဖြစ်ဖြစ် မမီးတော့ပြောင်းလဲးမှု ကိုကြောက်တယ်..
အခုလက်ရှိက ဆိုးနေသည်ဖြစ်ပါစေ မမီးဒီအခြေအနေမှာ နေသားကျနေတယ်.. ပိုကောင်းလာတဲ့ပြောင်းလဲးမှုပေါ်မှာတော့ မမီးစိတ်ပင်ပန်းရတယ်.. အဲ့ဒီပေါ်မှာ နေသားမကျသရွေ့ မမီး စိတ်ပင်ပန်းရပါတယ်…
မမီးရဲ့ အခုတလော ကတော့ ဖတ်မိတဲ့သူတိုင်း စိတ်ညစ်မိတော့မယ်ထင်ပါတယ်…
တွေးနေမိတာက-- ငါ ဆုံးဖြတ်တာ မှားသွားပြီလား ( ကြောက်တတ်တဲ့ သူတွေ တွေးလေ့ရှိတဲ့ အတွေးမျိုး) ။
ကိုယ့်ကိုကိုယ်ပြန်ဆင်ခြင်မိတာက- ငါဘာဆက်လုပ်သင့်သလဲး ။
ကျန်းမာရေး- အိပ်ယာပေါ် မလဲးသရွှေ့ ၊ ဆေးရုံပေါ်မရောက် တာကို မမီး ကျန်းမာရေးကောင်းတယ် လို့ပြောလို့ရတယ်.. (ဘာမှမဖြစ်တဲ့နေ့က ထီပေါက်တဲ့နေ့လို့ သတ်မှတ်လို့ရတယ်..) ။
ဖတ်ဖြစ်တဲ့စာအုပ်တွေက-- ဖတ်နေတာကတော့ ရုံးမှာ ရှိတဲ့ file ထဲးက စာတွေ ၊ လေ့လာနေရတာ company က လုပ်ခဲ့ပြီးတဲ့ project တွေ ၊ အလုပ်က အသစ်ဆိုတော့ လေ့လာရတာ များနေတယ် ။ တစ်စ တစ်စ ပိုပို လေ့လာရတာများလာပြီ ။ အခုတလော စာမကြည့်ပဲ စာဖတ်နေရင် ဆရာမကြီးက ရိုက်မယ်တဲ့..မေမေကတော့ စာအုပ်တွေမီးပုံရှို့မယ်တဲ့..
ရောက်ဖြစ်နေတာက-- အလုပ် ၊ ကျောင်းနဲ့ အိမ်အောက်က ကလေးကစားကွင်း (ကလေးတွေနဲ့ သွားကစားတယ်မထင်နဲ့ ကလေးကစားတာ သွားကြည့်တာ.. သူတို့ဘဝလေးတွေက အပူပင် ကင်းတယ်.. စိတ်ထင်တိုင်းဆော့နေလို့ရတယ်.. မမီးမှာ တခြား အပူအပင်မရှိပေမယ့် အလုပ်ထဲးက စိတ်ပင်ပန်းမှုများတယ်.. စိတ်ထဲးအတိုင်းလုပ်လိုက်ရရင် ကလေးတွေနဲ့ သွားစော့နေမှာ) ။
ရေးဖြစ်နေတာက-- ဘာမှကိုမရေးဖြစ်တာ။
နားထောင်ဖြစ်နေတာက-- ချစ်တဲ့တောင်ပေါ်သူ..
ရွတ်နေမိတဲ့ကဗျာက-- ဘာကဗျာမှ ခေါင်းထဲးရောက်မလာပါ။
ဖြစ်ချင်နေတာက-- ကိုယ့် ကံကို ကိုယ်တိုင် ဦးဆောင်နိုင်သူ (ဖြစ်ချင်တာပြောတာလေ) ။
စားဖြစ်နေတတ်တာက--မေမေ ချက်တဲ့ ထမင်းနဲ့ ဟင်း..မကြိုက်ရင် ဂျီကျလို့ရတယ်။
သနားနေမိတာက-- ကိုယ့်ကိုကိုယ် ( ဘယ်သူမှ သနားမယ့်သူမရှိလို့)
လွမ်းနေမိတာက-- မွေးရပ်မြေ .. မေမြို့။
မေ့လျော့ပစ်နေမိတာက--ငယ်ငယ်ကပျော်ရွှင်ခဲ့တာလေးတွေ..(ပြန်တွေးမိတိုင်း ပြန်မရနိုင်တော့တာကို နှမျောမိလို့ပါ..မေ့ထားလိုက်တာပိုကောင်းမှာပါ..)
ခါးသက်နေမိတာ-- ကိုယ့်ကိုကိုယ် သိပ်အထင်ကြီးတဲ့ လူတွေ ။ (အဲ့လို လူကို မမီးသိပ်မုန်းတယ်) ။
တမ်းတနေမိတာက-- မေမြို့က စတော်ဘယ်ရီ ဖျော်ရည်.. ( မမီးတောင် တမ်းတနေရတာ ကိုဘိုဘို ရေ.. စတော်ဘယ်ရီဖျော်ရည် မသောက်ရသေးလို့ စိတ်ဆိုးမနေနဲ့)
ကြိတ်ပြီးအထင်သေးနေမိတာက-- ကိုယ်ပိုင် အရည်အချင်း မရှိတဲ့သူတွေကိုပေါ့ ။
ကြိတ်ပြီးချီးကျုးမိနေတာက-- ဒီလောက်ဆိုးတဲ့ မမီးကို သည်းခံပြီ ပေါင်းသင်းနေတဲ့ သူငယ်ချင်းတွေကို...
ဆန္ဒမရှိတဲ့နေရာ-- လူတွေ သိပ်များလွန်းတဲ့နေရာ.. လူကြောက်တတ်တာ ငယ်ငယ်ကထည်းက (ပြောရင်တော့ လူတောမတိုးရဲးတာပေါ.. မထူးတော့ဘူး ပွင့်ပွင့် လင်းလင်း ဝန်ခံတာကောင်းပါတယ်နော်..) ။
ဆန္ဒရှိနေတဲ့ကိစ္စ-- မြန်မာပြည် ပြန်ချင်တယ်။
မုန်းတီးနေမိတာက-- နောင်တ ။
ချစ်နေတာက-- ပထမတော့ ကိုယ့်ကိုကိုယ်ပေါ့ ။ ဒုတိယတော့ မိသားစု ။ ဟဲးးးး တတိယကတော့ မရှိသေးဘူး။
စိတ်ပျက်နေမိတာက-- ကိုယ့်ကိုကိုယ်။ ( စိတ်အလိုမကျဖြစ်နေလို့)
လိုအပ်နေတာက-- အကုန်လုံးပဲ... မလိုချင်တာဘာမှမရှိ။
တောင်းနေမိတဲ့ဆု-- စိတ်ချမ်းသာတဲ့ ဘဝကိုပိုင်ဆိုင်ချင်တယ်။
ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက-- ငါဖြစ်ချင်တာ ဖြစ်အောင်လုပ်မယ်။ (မဖြစ်လာရင်တောင် ဖြစ်ချင်ရာဖြစ်လုပ်မှာ)
လသာည ရေ...မမီးရေးပေးပြီနော်..ကျေနပ်နိုင်ပါစေ....

Wednesday, July 1, 2009
မာရ်နတ်ဆိုး ၏ အိပ်မက်ကလေး...
အစ်မ မယ်ကိုး ဖွဲ့ချည်ခဲ့တဲ့ အရောင်လက်စကြိုးစလေးက မမီးဆီရောက်လာတော့ ဆက်ပြီးချည်ရုံပေါ့...
စွဲးစွဲး လမ်းလမ်း မက်ခဲ့ရတဲ့ အိပ်မက်လေးတွေပြန်စဉ်းစားတိုင်းမှာ ဖြစ်ချင်တာတွေဖြစ်မလာနိုင်သေးတော့ ကိုယ်တိုင်တောင် အားငယ်မိတယ်.. မနက်ဖန်ပေါင်းများစွာကျန်ပါသေးတယ်ဆိုတဲ့ အတွေးလေးနဲ့ ကိုယ်တိုင် အားပေးနှစ်သိမ့်နေခဲ့ရတယ်... မမီး ငယ်ငယ်ကတည်းက မက်ခဲ့တဲ့ အိမ်မက် နှစ်ခုဘဲးရှိခဲ့ပါတယ်.. ငယ်ငယ်ကထည်းက ဟိုတယ်နဲ့ခရီးသွား မှာ ဝါသနာပါခဲ့တယ်.. ကိုယ်တိုင်လည်း ခရီးသွားတာ ဝါသနာပါခဲ့တယ်.. (လွင်မိုးက နောက်မှအကြံရပြီး လွင်မိုးခရီးသွားနေသည်ကို ရိုက်တာ.) မမီးက အစောကြီးကတည်းက မက်ခဲ့ရတဲ့ အိမ်မက်လေး.. Tourism တစ်ယောက်ဖြစ်ချင်ခဲ့တယ်.. (ငယ်ငယ်ကကြားဖူးတယ် . ခြေတောက်မှာ မှဲ့ပါရင် လမ်းဘဲးထွက်နေရတယ်တဲ့.. အဲ့လိုသာဆို.. မမီး tourism ဖြစ်အုံးမယ်လို့ ယုံကြည့်ရမယ်.. ဘာလို့လဲးဆိုတော့ မမီး ခြေဖဝါးအလယ်တည့်တည့်မှာ မှဲ့ကြီးမှ အကြီး ကြီး ငယ်ငယ်ကတည်းက ပါလာတာ.. ခြေထောက်မှာ ရှိသမျှ မှဲ့ပေါင်းလိုက်ရင် ၇ လုံးလောက်ရှိတယ်.. )
ငယ် ငယ် ကတည်းက စိတ်ကူး ယဉ်တာပြောရရင် ပြင်ဦးလွင်ခြံကို ဟိုတယ် ဖွင့်နေတာ..( အိမ်မှာရှိတဲ့ ဘဘ* ဖေဖေ့၏ဖခင်* ရဲ့ မက်မန်းသီးအိုးတွေကို မက်မန်းသီးတွေသွားသွားဝယ်တဲ့ အင်းပုတ် ဆိုတဲ့ ရှမ်းရွာကို ပို့ပစ်လိုက်တယ် ပြီးတော့.. ခြံထဲးမှာ လုံးချင်းအိမ်လေးတွေဆောက်လို့ ..အရှေကအိမ်ကိုတော့ ဧည့်ခန်းပေါ့.. အဲ့ဒီအိမ်ကိုလည်းပြင်လိုက်တာ အိမ်ကို သစ်လုံးတွေနဲ့ ဆောက်လိုက်တာ.. ဟိ..bar counter ပါထားပေးလိုက်သေးတယ်..အိမ်ကထွက်တဲ့ မက်မန်းဝိုင်လည်း ရောင်းရတာပေါ့နော်..အိမ်ကလူတွေကို လည်း အလကားမထားဘူး.. Reception မှာ ထိုင်ခိုင်းတာ..မမီးကတော့ ခရီးသွား အေးဂျင့် company ကနေ tourism တစ်ယောက်အနေနဲ့ လျှောက်သွားနေမှာပေါ့..) စိတ်ကူးယဉ်ခဲ့တာဘဲးရှိပါတယ်..
မမီး ဆယ်တန်းကို စိုးစံအဆောင်မှာနေခဲ့တယ်.. စနေနေ့ည အိမ်ပြန်အိပ်ချိန်မှာ ဖေဖေ နဲ့ဖုန်းပြောတယ်.. ဖေဖေကသူသားသမီးတွေပေါ်မှာထားတဲ့ မျှော်လင့်ချက်ဘယ်လောက်ကြီးတယ်.. ဖေဖေဘယ်လိုဖြစ်စေချင်တယ်.. သမီးကြိုးစားပေးပါလို့ ဖေဖေတောင်းဆိုခဲ့တယ်..ပြီးတော့ မေမေ့ mail ထဲးမှာ လည်း စာတစ်စောင်ကို ရုပ်ပုံလေးတွေနဲ့ တွဲးပြီးပို့ခဲ့တယ်..(စာရွက်တွေ ညှပ်ထားတဲ့ ကလစ်ဖိုင်ကိုဘယ်ဖတ်လက်က ကိုင်လို့ ညာဖတ်လက်က ဘောလ်ပင်ကိုင်ထားပြီး ဦးထုပ်အဖြူဆောင်းထားတဲ့ မြို့ပြအင်ဂျင်နီယာမလေးက သမီးကြီးတဲ့.. ဂျုတီကုန်အဖြူလေးနဲ့ နားကျပ်လေးလည်ပင်းဆွဲးလို့ ရာဝန်မလေးက သမီးငယ်တဲ့.. overhaul အဖြုရောင်နဲ့ ဦးထုပ်အဖြူဆောင်းထားတဲ့ လျှက်စစ်အင်ဂျင်နီယာ အဖေတူသားလေးတဲ့)..အဲ့ဒီချိန်ကတည်းက ရည်ရွယ်ချက်တွေက ခဏတာမက်ခွင့်ရတဲ့ အိပ်မက်အသွင်ပြောင်းခဲ့ရတယ်.. ၁၀တန်းအောင်တော့ UFL English မမှီရင် ရိုးရိုး English Major ယူပြီး ဘွဲ့ရရင် ရန် tour guide သင်တန်းတတ်ပြီး ခရီးသွား Agant Company တစ်ခုမှာအလုပ် လုပ်မယ်လို့ စိတ်ကူးခဲ့ပေမယ့် ဖြစ်မလာဘဲး.. ကျောက်ဆည် GTC ကိုရောက်ခဲ့ရတယ်.. ဖြစ်ချင်တာတွေဖြစ်မလာတော့ လည်း လုပ်ချင်ရာလုပ်ပြီး Major ခွဲးတဲ့ချိန်မှာ မထမဦးစားပေးရော ဒုတိယဦးစားပေးရော.. ရှိသမျှနေရာမှာ ဘယ်မိန်းခလေးမှ မကြိုက်တဲ့ Mechanical Power ကိုရူးရူးမိုက်မိုက်ချရေးခဲ့တယ်.. အိမ်ကိုတော့မပြေားဘူး.. ဆူခံထိမှာကြောက်လို့..ရလာတော့လည်း စိတ်မပါတော့ ကျောင်းကို ပျက်တစ်ရက် တတ်တစ်ရက်နဲ့ ဘွဲ့တစ်ခုရလာခဲ့တယ်.. ( ဘဝမှာ လိုချင်တာကို မရခဲ့ရင် ရခဲ့တာကို အကောင်းဆုံးဖြစ်အောင် ကြိုးစားရမယ်) ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး.. ရရှိလာတဲ့ အသက်မွေးဝမ်းကျောင်းပညာလေးနဲ့ ဘဲး စင်္ကာပူမှာ အလုပ်ဝင်ခဲ့တယ်..အခုတော့ ရောက်တဲ့နေရာမှာ ပျော်အောင်နေရင်း.. ပိုက်တွေ .. စက်ပစ္ခည်း
တွေ ကြားထဲးမှာ နေ့စဉ်အချိန်တွေကုန်နေခဲ့ရတယ်.. အဲ့ဒီအိပ်မက်က အပြီးတိုင်မီးမငြိမ်းသေးဘူး.. ကျန်သေးတယ်ရင်ထဲးမှာ ဖွဲးမီးလိုလှိုက်လောင်နေသေးတယ်..အဲ့ဒါကိုပြန်တွေးတိုင်း မမီးကိုယ် မမီး အပြစ်တင်မိတယ်.. ညီမလေးကဆို ဆေးလိုင်းကို မယူဘဲး သူဝါသနာပါတဲ့ computer လိုင်း ကိုရအောင်ယူခဲ့တယ်.. မမီးကတော့ သူ့လောက်တောင် သတ္တိမရှိခဲ့ဘူး.. မောင်လေးကတော့ ဖအေတူသားဆိုတော့ လျှက်စစ်အင်ဂျင်နီယာဖြစ်ချင်တော့ Tyndal Electrical Engineering School မှာ တတ်နေလေရဲ့....
နောက်ထပ်ဝါသနာပါတာကတော့ ဓါတ်ပုံရိုက်တာပါ.. သဘာဝ ရှုခင်းပုံတွေ လိုက်ရိုက်ရတာလည်း ဝါသနာပါတယ်.. သူများကိုရိုက်ပေးရတာလည်း ဝါသနာပါတယ်.. ကိုယ်တိုင်ဓါတ်ပုံအရိုက်ခံတာတော့ ပိုပြီးဝါသနာပါတယ်..အပျိုပေါက်စ ၁၄နှစ် ၁၅ နှစ် အရွယ်မှာ ပြင်ဦးလွင်မှာ နာမည်ကြီးတဲ့ ချယ်ရီ ဓါတ်ပုံတိုက်က ဓါတ်ပုံဆရာကို အိမ်ခေါ်ပြီး အဝတ်အစားအမျိုးမျိုးလဲးပြီး ဓါတ်ပုံရိုက်တာ.. မေမေက ဖေဖေ့ ကိုပြောတာ..ဘာပြောလဲးသိလား.. ( မင့် သမီးကြီးလာရင်ဘာဖြစ်မယ်တော့မသိဘူး.. အခုကတည်း က ငါမထိမ်းတတ်တော့ဘူးတဲ့.) ဝါသနာက ဓါတ်ပုံအရိုက်ခံတာပါ..Model ထိုင်ပေးတာမှမဟုတ်တာ.. ဒီသွေးကတော့ ဘဘ (ဖေဖေ ၏ ဖခင်) ဆီကပါလာတာ.. ဘဘ က ဂန့်ဂေါခရိုင် ညောင်ကန်ရွာ ဇာတိ.. ဘဘ တို့ ဦးလေးက ဂန့်ဂေါမှာ ဓါတ်ပုံဆိုင်ဖွင့်တယ်.. ဘဘ တို့ ညီအစ်ကို မောင်နှမတွေ အကုန် ဓါတ်ပုံရိုက်တတ်ကြတယ်.. အဲ့ဒီတုန်းက အခုလို. Auto Focus တွေမဟုတ်ဘူး..ကိုယ်တိုင်ချိန်ယူရတယ်.. မှန်ဘီလူးရဲ့အနေအထားနဲ့ ပုံရိပ်ကိုတွက်ရာမှာ (1/f = 1/u +1/V ) ဆိုတဲ့ အတန်းပညာမတတ်ပေမယ့် ချတွက်စရာမလိုလောက်အောင်မှန်းတတ်ကြတယ်.. နောက်တော့ ဘဘက မန္တလေးမှာ သတင်းထောက်လုပ်တယ်..ဖွားဖွားနဲ့လက်ထပ်ပြီးမှ စီးပွားရေဖက်ရောက်ခဲ့တာ..ဓါတ်ပုံ ပညာကိုတော့ ဘဘက သင်ပေးခဲ့တယ်..အား လည်းအားပေးတယ်.. ဖေဖေ ကလည်းဝါသနာပါတယ်လေ.. ဖေဖေ 1999 ခုနှစ်မှာ Congo နိုင်ငံကို သဘောင်္ပို့ မသွားခင်က သူလိုချင်လွန်းလို့ ဝယ်ထားတဲ့ flim Camrea ကိုလည်း ချစ်သမီးကြီးက တောင်းတော့ သူခရီးသွား ရင်ယူသွားဖို့ဝယ်ထားတာလေးပေးရရှာတယ်.. အဲ့ဒီ camera ရတုန်းကရိုက်လိုက်တဲ့ ပုံတွေပြောမနေနဲ့ flim ဆိုတော့ မေမေ့မှာနောက်ကလိုက်ကူးရင်း. Camera ဝယ်ပေးတဲ့ ဖေဖေ့ကို အပြစ်တင်နေတော့တာ..အိမ်မှာလည်း အဲ့ဒီ flim တွေ တစ်ပုံကြီးဖြစ်နေတယ်..
အခုတော့ မမီးက ဖေဖေ့ကိုပြန်ဝယ်ပေးပါတယ်.. ဟီး.. ဖေဖေ့ နာမည်ခံပြီးတော့ မမီးဘဲးသုံးနေတာ..
မောင်နှမတွေကလည်း တော်တော်အားပေးကြပါတယ်.. တစ်ခေါက်က ညီမလေးမြန်မာပြည်မပြန်ခင် Changi Village မှာ နေဝင်တာ ဓါတ်ပုံရိုက်ချင်တယ်လို့ပြောတော့ အဖော်လိုက်မယ့်သူက မရှိဘူး.. နေရာကဝေးတာကို ဘယ်သူလိုက်ချင်မှာလဲး .. ဒါနဲ့ ညီမလေးကိုချော့ခေါ်တော့ ပါလာတယ်. Taxi နဲ့ခေါ်မှလိုက်မှာဆိုလို့ taxi နဲ့သွားရတယ်..နေဝင်တာစောင့်နေတော့ မမီးက ရိုက်ချင်တဲ့သူဆိုတော့ ဘာဘဲးဖြစ်ဖြစ်စောင့်တာပေါ့... Beach က ရေ ကလည်းနက်တယ်.. ညနေဆိုရေအရမ်းတတ်တော့ နည်းနည်းညစ်ပတ်တယ်.. ပြီးတော့အဲ့ဒီနားက တေားအုပ် ရှိတော့ ခြင်က ကိုက်တယ်.. ညနေ နေဝင်ရင်ပိုဆိုးတယ်.. ညီမလေးကတော့လိုက်သာလိုက်ရတယ် စိတ်မပါသူဆိုတော့ အပြစ်ပဲးပြောနေတော့ တာ.. ပြီးတော့ပြောသေးတယ်.. “ နင်ရိုက်ထားတဲ့ ပုံတွေကို ပြိုင်ပွဲးဝင်ရင် နှစ်သိမ့်ဆုပေးဖို့မပြောနဲ့ ဝင်ခွင့်တောင်ရမှာမဟုတ်ဘူးတဲ့ ” တော်တော်ကို အားရှိသွားတယ်..
အခုထိတော့ အဲ့ဒီအိမ်မက်လေးမပျက်ပြယ်သေးပါဘူး.. ပိုက်ဆံရှိလို့မြန်မာပြည်ပြန်ရင်တော့ အရင်းလည်းသိပ်မများ ဘဲး. အမြတ်နည်းနည်းနဲ့ ဓါတ်ပုံဆိုင်ဖွင့်မယ် studio တစ်ခုနဲ့ပေါ့...ပြီးရင် ဓါတ်ပုံကူးတာ..လိုက်ရိုက်ပေးတာ..နောက်.. ဓါတ်ပုံပညာနဲ့ ပတ်သတ်လာတာတွေလုပ်ဖို့ စိတ်ကူးရှိတယ်..
ပြီးတော့ မေမေ့ ရဲ့ အနောက်ခြံက ဂျင်းခင်းကြီးကို ဖျက်ပြီး ကော်ဖီပင်တွေစိုက်မယ်.. ကော်ဖီခြံစိုက်ပြီး.. ဘဘ နဲ့ ဖွားဖွား အမွေဖြစ်တဲ့မက်မန်းလုပ်ငန်းကိုပြန်လုပ်မယ်.. ဖွားဖွား တန်ဖိုးထားခဲ့တဲ့ “ဝင်းသိန်းကျော်” ဆိုတဲ့ နာမည်နဲ့ မက်မန်းပြန်ထုပ်မယ် စိတ်ကူးထားတယ်.. တစ်ခုမဟုတ် တစ်ခုကတော့ရအောင်လုပ်မှာဘဲး.. အမွေ ပေးမပေးတော့ မသိတော့ စိတ်ကူးထဲးမှာတော့ အကုန်ကိုသိမ်းလိုက်ပြီ..
အဲ့ဒါပါပဲး မိမိုးသောက်ရဲ့ စိတ်ကူးအိပ်မက်ကတော့ .. အထူးအဆန်း အခက်အခဲးတော့ မပါပေမယ့် ဖြစ်ချင်ရာတော့ဖြစ်မလာနိုင်သေးပါဘူး..
အိပ်မက်လေးတွေကို ဖော်ပြခွင့်ပေးခဲ့သော အကို (မိုးကုတ်သား) ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင်..
မိုးသောက်ကြယ်

Subscribe to:
Posts (Atom)