Showing posts with label ရသစာပေ. Show all posts
Showing posts with label ရသစာပေ. Show all posts

Tuesday, July 28, 2009

တနင်္ဂနွေ တစ်ရက်

“မီးမီး.. နင်ခုထိအိပ်တုန်းလား.. ထတော့ရေချိုးတော့လေ.. ပြီးရင်နောက်ကျမယ်.. အန်တီတို့ဆီသာလာခဲ့တော့ ဟန်နီနဲ့ သူ့အဖေက ဓါတ်ပုံသွားရိုက်တယ် log one ကို.. ဟန်နီ P1 အပ်ဖို့လိုနေလို့.. အဲ့ဒီကနေပြန်လာမှ မီးမီးကို ဝင်ခေါ်ရင် နောက်ကျနေမယ်.. boatက ၂ နာရီတဲ့.. ကားကတော့ ၂ စီးနဲ့သွားမှာ.. အေး... နေအုံး passport မမေ့နဲ့နော်.. လိုလိုပိုပိုပေါ့..” ဟူး.... ဘာတွေမှာသွားမှန်းကို မသိတော့ဘူး.. စုံစိနေတာပဲး.. နာရီထကြည့်တော့ ၁၁း၃၅ ရှိပြီ..မဖြစ်ဘူးထမှ.. ငါရေချိုးတာကလည်းကြာတယ်ဆိုပြီး မနည်းထရတယ်.. ဆက်အိပ်ချင်နေသေးတာ.. တော်ပါသေးတယ်.. အဝတ်အစားတွေ ကိုတော့ မနေ့ည ကတည်းကထည့်ထားလို့.. passport ကဖေဖေ့ ဆီမှာ..ဖေဖေ့ဆီ တစ်ခါ ဖုန်းဆက်ရသေးတယ်. ဘယ်နားထားမှန်းမသိလို့.. (အော်... ပြောဖို့မေ့နေတယ်..ဒီလိုပြင်ဆင်နေလို့ ခရီးဝေးသွားမယ်မထင်နဲ့.. ပင်လယ်ထဲးအပျော် Boat သွားစီးမှာ.. သွားမယ့်နေရာက ဂျိုဟိုးနားဆိုတော့.. မလေးရှာရေပိုင်နက်ရောက်လို့ ရဲးကလာစစ်ရင် passport ပြရအောင်လို့ .. အင်္ကျီတွေထည့်သွားတာတော့ မင်းသမီးဆိုတော့ အဝတ်အစားအမျိုးမျိုးနဲ့ ဓါတ်ပုံရိုက်ရအောင်လို့ထည့်ထားတာ.. ထည့်တာမှ.. တစ်လခရီးသွားမယ့်သူတောင် မမီးလောက်ပါမှာမဟုတ်ဘူး.. ဟဟ) ရေချိုးပြီး ဟိုဟာ ဒီဟာလျှောက်လုပ်ပြင်ဆင်နေတာနဲ့ကို နေ့လည် ၁၂ နာရီကျော်နေပြီ.. Chaw Cho Kong ကို ၁ နာရီလောက်ရောက်မှ အဆူမခံရမှာဖြစ်လို့ မြန်မြန်ပြေးရတယ်.. တော်ပါသေးတယ်.. ၁ နာရီရောက်သွားလို့..ရောက်ရောက်ချင်းပဲး Tuas က check point ကို ချီတတ်ကြတယ်.. (အန်တီတို့လင်မယားရယ်.. ကလေးနှစ်ယောက်ရယ်.. အန်တီအပျိုကြီးရယ်.. အန်တီ နီနီရယ်.. မမီးရယ်. မန္တလေး လေးကနေလာလည်တဲ့ အစ်မဝမ်းကွဲးနှစ်ယောက်ရယ်..ကလေးထိမ်းဖို့ခေါ်ထားတဲ့ မမမော်ရယ်.. အားလုံး ၁၀ ယောက်.. camera ကိုယ်စီနဲ့.. ပျော်ပျော်ပါးပါး မော်တော်ကားနဲ့ ချီတတ် ကမျင်းကြောထ ကြတာ.. ) Boat ပေါ်ရောက်တော့ နေ့လည် ၂ နာရီ.. နေ ကောင်းကောင်းပူနေချိန်.. boat စထွက်ကတည်းက ရိုက်လိုက်တဲ့ ဓါတ်ပုံ ဘယ်သူတားတား တားလို့ကိုမရဘူး.. အန်တီအပျိုကြီးက ခေါင်းဆောင်လို့.. အပျိုပေါက်စ မမီးက ပိုဆိုးတယ်ထင်တယ်.. ထစ်ကနည်းရှိ မူးတတ်တဲ့သူက လှိုင်းလောက်ကတော့ အေးအေးဆေးဆေး မှုတောင်မ မှုတော့ဘူး.. ပိုစ့် အမျိုးမျိုးနဲ့ တစ်ယောက်တစ်လှည့်ရိုက်လိုက်..အဝတ်အစား တစ်ခါဝင်လဲးလိုက်.. နေပူလွန်းတော့ အသားမဲးမှာ စိုးပြီး လိမ်းလိုက်ရတဲ့ နေလောင်ခံဆေးကလည်း မခံနိုင်.. ကပ်ပတိန် ကုလားတောင် တော်တော်မျက်စိ နောက်ရှာမှာ.. နည်းနည်းလေးမောလာတော့..အတွင်းထဲးဝင်လိုက် အအေးလေးသောက်လိုက်.. အာလူးကြော်လေးစားလိုက်.. ဦးဦးကတော့ Beer လေးနဲ့ ညိမ့်နေလေရဲ့..ပြီးတော့ပြောသေးတယ်.. (ဒီနေ့ အိမ်မှာ Internet လိုင်းကျပ်တော့မယ်တဲ့ .. face book မှာ ဒီကောင်မတွေ အပြိုင်တင်ကြတော့မယ်တဲ့..) သူ့တူမတွေအကြောင်းသိလို့လိုက်ပို့တာနေမှာ. .ညနေဆောင်း တဲ့ထိနေဝင်ချိန်မှာ ဓါတ်ပုံက ရိုက်လို့ ကိုမပြီးနိုင်သေးတာ.. ကမ်းကိုပြန်ရောက်တော့ ည ၈း၃၀ ရှိနေပြီ.. အိမ်ပြန်တော့ ကားပေါ်ရောက်တော့ အားလုံးက ပင်ပန်းနေပြီ.. ဖွင့်ထားတဲ့သီချင်းသံ အေးအေးလေးပဲ ကြားနေရတော့တယ်.. ( မနက် အလုပ်သွားရမယ်) ဆိုတဲ့ အတွေးဝင်လာတော့မှ တစ်နေကုန်ပျော်ခဲ့တဲ့ အပျော်တွေဘယ် ပျောက်သွားမှန်း မသိတော့ပါဘူး..အိမ်ရောက်တော့ ၉း၃၀ ရှိနေပြီ.. ခဏနား ရေးချိုးပြီးအိပ်လိုက်တာ..တနင်္ဂနွေတစ်ရက်တော့ ကုန်သွားရှာတယ်..

မိုးသောက်ကြယ်

Wednesday, July 22, 2009

ငါ မဖြေတတ်သေးပါ...

“ အချစ်ဆိုတာ ဘာလဲး ??? ”
“အချစ် ကဘာလဲး ဆိုတဲ့အဖြေကို ဖြေနိုင်တဲ့သူက ကမ္ဘာပေါ်မှာ တစ်ယောက်ပဲးရှိတယ်.. အဲ့ဒါ ကိုယ်ကိုတိုင်ပါဘဲး..”
“ ချစ်ရတာ ခက်လား ??? ”
“ချစ်ရတာ မခက်ပါဘူး လွယ်ပါတယ်.. ချစ်မြဲးချစ်နေဖို့သာခက်တာပါ..”
“မင်းအချစ်က ဘယ်လိုမျိုးလဲး???? ”
ငါ့ ချစ်တဲ့အချစ်ကဘယ်လိုမျိုးလဲး ????
(သဝန်တိုတတ်မယ်.. ချစ်သူကကိုယ်ကိုပဲ ဂရုစိုက်စေချင်တယ်.. ကိုယ်ချစ်တဲ့သူကို ကိုယ့်ဘေးမှာဘဲးခေါ်ထားချင်တယ် မျက်စိအောက်ကအပျောက်မခံချင်ကြဘူး.. အဲ့ဒါကတော့ အတ္ကကြီးလွန်းတယ်ထင်တယ်..)
“ငါကရော.. ရယူပိုင်ဆိုင်ဖို့ချစ်ခဲ့တာလား?? ”
(အရာရာပေးဆပ်ချင်တယ်.. သူချစ်ချစ်မချစ်ချစ် ကိုယ်ကပဲချစ်နေချင်တယ်..ချစ်သူအတွက်ဆိုအကောင်းဆုံးလုပ်ပေးချင်တယ်.. တစ်ဖတ်လူက ကြိုက်မှန်းမသိ မကြိုက်မှန်း မသိ .. ကိုယ်လုပ်ပေးချင်ရာကိုမစဉ်းစားဘဲးလုပ်ပေးနေတတ်တယ်..)
“ငါကရော.. ကိုယ်ကပဲ ချစ်နေချင်တာလား ?? ”
(အချစ်မှာမျက်စိမရှိဘူးတဲ့.. သူ့အတွက်ဆို အရာရာကို စွန့်လွှတ်ရဲးတယ်.. ရင်ဆိုင်ရဲတယ်.. ဖြစ်သင့် မဖြစ်သင့် လုပ်သင့် မလုပ်သင့် ကို မစဉ်းစားမိကြတော့ဘူး..)
“ ငါကရော.. စိတ်ကစားပြီးချစ်တာလား??”
(အေးချမ်းတဲ့အချစ်.. ပေးဆပ်နေခြင်းလည်းမဟုတ်သလို ရယူပိုင်ဆိုင်ခြင်းလည်း မဟုတ်ဘူး.. အသဲးကွဲးတယ်ဆိုတာမရှိဘူး.. တစ်သက်လုံးရင်ထဲးမှာထားပြီး ချစ်သွားနိုင်ကြတယ်.. တစ်ချို့ဆို ၅၂၈ နဲ့တောင် မှားတတ်ကြတယ်တဲ့.. )
“ငါကရော.. မေတ္တာလို အချစ်မျိုးနဲ့ ချစ်နိုင်လား??”
ဒါကိုဖြေဖို့က ကိုယ့်ကိုကိုယ် သုံးသပ်ကြည့်ရမယ်.. ပြီးတော့ အချိန်အတိုင်းအတာ အနည်းငယ်တော့ လိုလိမ့်မယ်ထင်တယ်.. ...

မိုးသောက်ကြယ်..

Saturday, July 11, 2009

ဝန်ခံပါတယ်...

Blog လေး တစ်လပြည့်သွားတာတော့ နည်းနည်းကြာပါပြီ.. ဒါလေးတင်ချင်နေတာလည်းကြာပြီ.. မအားတာရော.. ပျင်းနေတာရောပေါင်းသွားလို့ မတင်ဖြစ်နေတာ... အခုတော့တင်ဖြစ်ပါပြီ..Blog လေးတင်တာလည်း သိပ်မကြာသေးသလို စာရေးတဲ့ သက်တမ်းကလည်း Blog လေးတင်မှစရေးတာဆိုတော့ ဝါ နုသေးတယ်လို့တောင် မဆိုနိုင် .. ဝါ မရှိသေးဘူးလို့တောင်ပြောနိုင်ပါတယ်..ဖတ်ခဲ့တဲ့ စာအုပ်ပေါင်းကလည်း များတယ်လို့မဆိုသာပေမယ့် နည်းတော့မနည်းဘူးထင်တယ်.. ဒီ Blog လေးမှာလည်း အဆင်မပြေချင်းပေါင်းများစွာနဲ့ပေါက်ဖွားလာခဲ့ရတာပါ.. ပြီးခဲ့တဲ့နှစ်လောက်ကတည်းက ညီမလေး နဲ့ မောင်လေးတို့ က blog မှာ သူတို့ကြိုက်တဲ့ စာလေးတွေ ကဗျာလေးတွေ တင်နေကြပေမယ့် စိတ်မဝင်စားခဲ့ဘူး.. အားတဲ့ချိန်မှာ စာဖတ်ပြီး အလုပ်နဲ့ အိမ်ကို ကူးရင်းသန်းရင်းနဲ့ အချိန်တွေကုန်စေခဲ့တယ်..အခုတော့ Blog မှာ စာလေးတွေရေးဖို့ စိတ်ပါလာတာနဲ့ ကြိုးစားကြည့်ခဲ့တာပါ.. စိတ်သာကူးလိုက်တာ ဘယ်ကစလုပ်ရမှန်းမသိလို့ မောင်လေးကို မေးရတယ်.. တော်တော်လေးလေ့လာထားတော့လည်း ဒီလိုဖြစ်ရတယ်လေ.. စာကရေးချင်စိတ်ရှိတယ် ကျန်တာကိုမလုပ်ချင်တော့ .. ညီမလေးမြန်မာပြည်မပြန်ခင်က မောင်နှစ်မသုံးယောက် တင်ဖို့ဆိုပြီး triple aung ဆိုတဲ့ Blog လေးရှိတယ်.. စာတွေးသွားရေးမရေးတော့ မသိဘူး.. မမီး password တောင်မသိဘူး..ညီမလေးကကျောင်းဖွင့်လို့ကျောင်းစာနဲ့ နပန်းလုံးနေရတော့ အဲ့ဒီ Blog လေးကိုမောင်လေးက စာတွေတင်နေတယ်လေ.. အဆင်သင့်လိုချင်တဲ့ မမီးက အဲ့ဒီ blog ကို မောင်လေးဆီကသွားတောင်းတယ်.. ပြီးတော့ Blog title တွေပြောင်း template တွေပြောင်း.. မမီးစိတ်ကြိုက်လုပ်နေရာကနေ.. သီချင်းတင်တာ အဆင်မပြေပြန်ဘူး.. မောင်လေးကို လုပ်ခိုင်းတော့လည်း မရဘူး..လိုချင်တာမရရင် ပြသနာရှာတတ်တဲ့ အကျင့်နဲ့ အဲ့ဒီ triple aung ဆိုတဲ့ blog ကိုဖျက်လိုက်တော့မယ်ပြောလို့ မောင်လေးမှာ တောင်းတောင်းပန်ပန်နဲ့ တားနေရတယ်.. (blog အသစ်သာလုပ်ပါ.. သား သီချင်းရအောင်တင်ပေးပါ့မယ်) ဆိုပြီး.. သူ့ blog လေးချမ်းသာပေးဖို့ပြောရှာတယ်.. (တော်တော်ဆိုးတဲ့ မမီးနော်..)Template လှလှလေးနဲ့ blog လေးလည်းရလာပါပြီ.. သီချင်းလေးလည်း အဆင်ပြေသွားပါပြီ.. စာရွက်သားကောင်းကောင်းနဲ့ အဖုံးလှလှလေးရလာပေမယ့် .. ဘာစာမှမရေးရသေးပါဘူး... ရေးချင်တာတော့သိတယ်.. ဘယ်ကစရေးရမှန်းမသိဘူးလေ..ဘာအကြောင်းအရာရေးရမှန်းလည်းမသိဘူးလေ.. စိတ်ကူးထဲးက ဖြစ်ချင်တဲ့ အရာလေးကို Blog ပေါ်မှာ အကောင်အထည်ဖော်ကြည့်ပါတယ်.. ရေးခဲ့တာက coffee အကြောင်းလေးပါ.. တကယ်လဲးရေးလိုက်ရော.. တင်ထားတဲ့ post နဲ့ template က ဘယ်လိုမှ သဟဇာတမဖြစ်ပါဘူး.. template က စိတ်ကူးယဉ် ဆန်ဆန် တယော ပုံလေး.. တင်ထားတဲ့ Post က coffee အကြောင်း.. တွေးသာကြည့်ကြပေတော့..နှစ်ခုစလုံးကိုလည်းလိုချင် တစ်ခုမှလည်းမပြင်ချင်သူ ဆိုတော့.. “ ငါ့မြင်း ငါစိုင်း ၊ စစ်ကိုင်းရောက်ရောက်” ပေါ့ ဆက်ရေးတယ်..နည်းနည်းပါးပါး တင်ပြီးတော့ blog လေးကိုလာလည်သူတွေရှိတော့ ပျော်တာပေါ့.. (ဘာဘဲးဖြစ်ဖြစ် အသိအမှတ်တော့ပြုခံရတယ်လေ.. ) သူတို့မှာလည်း အဆင်မပြေချင်းပေါင်းများစွာနဲ့ မမီး blog ကို သည်းခံပြီးလာလည်ကျရှာတယ်.. စာကလည်းရိုက်နေတော်တော်ကျတယ်ဆိုတော့ အမှားကပါသေး.. (ကိုယ်တိုင်ပြင်ဖတ်သွားကြရရှာတယ်) မတတ်သာတော့တဲ့ချိန်ကျမှ "နောက်က တယော လေးကရှုပ်နေတော့ စာတွေကို သူနဲ့လွတ်ရာ ရွှေ့ဖတ်နေရတယ်"တဲ့.. နည်းနည်းကိုယ်ချင်စာပြီး ပြောင်းပေးလိုက်ပါတယ်..background အဖြူပေါ်မှာ အနီရောင်ရဲးရဲး စတော်ဘယ်ရီးသီးလေး.. 3D ပုံလေးတင်လိုက်တယ်.. အဖြူရောင် background နဲ့ အနီရောင် စတော်ဘယ်သီးကြားမှာ အဆင်ပြေမယ့် စာလုံးအရောင်က တော်တော်ရှားတယ်.. အဆင်ပြေလှတယ်မဟုတ်ပေမယ့် ဖတ်လို့ရမယ့် အပြာရောင်လေးတင်လိုက်တယ်...ဖတ်လို့ဖြစ်ရုံတော့ ရတာပေါ့... (ခဏ ခဏ ကြည့်ရင်တော့မျက်စိမွဲးမှာ) အဲ့ဒီ template လည်းဘယ်လောက်မှမကြာပါဘူး.. တစ်လုံးထဲးရှုပ်နေတဲ့ ဒီ စတော်ဘယ်သီးလေးကို လာလာ ခလုပ်တိုက်တော့လည်း နောက်ဆုံး template လို့ ဆိုနိုင်မယ် ထင်ရလောက်တဲ့ ဒီ နေကြာပန်းပုံလေးဖြစ်ခဲ့ရတယ်..အလှကြိုက်တဲ့ မမီးကျမှဘဲး.. ပြင်လွန်းတော့ ဘာဖြစ်သွားတယ်မသိဘူး.. အော်.. အဆင်တော့ပြေပြီထင်တယ်.. စာရေးမယ်ကြံတော့ cbox က နတ်သမီးလေးကရှုပ်နေတော့ စာတွေမမြင်ရဘူးဆိုတော့ နတ်သမီးလေးလည်းဖယ်ရပြန်တယ်.. ဒါတင်ပြီးပြီမထင်နဲ့ cbox မှာစာရိုက်တော့ နောက်ခံအဝါရောင်မှာ စာလုံးအရာင်က အစိမ်းရောင်ဆိုတော့ ရိုက်နေတုန်းစာတွေမမြင်ရတော့ အမှားပါကြလို့ စာလုံးအရောင်ပြန်ပြောင်းရတယ်..အဲ့ဒါလည်းသူများပြောလို့သိတာ.. မပြောရင်မသိဘူး.. အဲ့လောက်လေ့လာတာနော်.. တစ်ယောက်ထဲးလုပ်ချင်ရာလုပ်ပြီး ရှုပ်နေတာ မမီးဘဲး.. အဆင်မပြေတာတွေပြီးသွားလောက်ပြီ ထင်တော့ စာရေးမယ်လုပ်ရော..ပါရမီက ပါရှာတော့ ဘာရေးရမှန်းကို မသိတာပါ.. ရေးသမျှက အဆင်မပြေ.. ဝထ္ထုတိုလေးရေးမယ်ဆိုတော့လည်း အကြေင်းအရာက မစီလျှော် ၊ ဇာတ်ကောင် စရိုက်က မပေါ်လွင် နဲ့ မျောနေတာ.. အဲ့ဒါနဲ့ အတင်ဖြစ်ပြန်ဘူး... ဒါနဲ့ဘဲး သူများ blog တွေသွား.. စာတွေလျှောက်ဖတ်.. မမီး blog ကိုတော့ ပစ်ထားခဲ့တယ်.. အင်း... ပြောနေရင်း ခုမှ စဉ်းစားမိတယ်.. ဒီအကြောင်းတွေ သူများသိအောင် ပြောပြနေတာ.. “ ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော် ခုနှစ်ပါး” ကတစ်ပါးတိုးပြီး.. မမီးပါ ပါနေပြီလားမသိဘူး..ဂုဏ်ဖော်ပြီးပြောနေတာ မဟုတ်ပါဘူးနော်.. အဆင်မပြေတာလေးတွေကို နားလည်ပေးဖို့.. နောင် ထပ်တွေ့လာတဲ့ အဆင်မပြေမှုလေးတွေနဲ့ အမှားအယွင်းလေးတွေကို အားမနာတမ်းပြောပြပေးဖို့ ရည်ရွယ်ခဲ့တာပါ...အခုတော့ blog လေးက အဆင်ပြေနေပေမယ့်. အနှစ်သာရရှိတဲ့ Blog တစ်ခုရဲ့ အင်္ဂါရပ် တစ်ခုမှမပါသေးတာကိုတော့ ဝန်ခံပါတယ်.. c box မှာပြောကြတယ်.. “ blog လေးကလှလိုက်တာ” လို့ချီးမွန်းခံရတိုင်း ကိုယ့်ကိုကိုယ် ရှက်မိသလို ရင်နင့်အောင်လည်း ခံစားရပါတယ်.. “ စာရွက်သားတော့ ကောင်းသားဘဲး " လို့ အချီးမွန်းခံရတဲ့ ဝထ္ထုစာအုပ်လို ဖြစ်နေလို့..လာလည်သူတွေကိုတောင် အားနာမိပါတယ်.. စာဖတ်မယ်ကြံတိုင်း ဖတ်စရာ စာက မယ်မယ်ရရ မရှိလေတော့ ချီးမွန်းကြရရှာတယ်.. စာတွေတော့ရေးထားပါတယ်..ရေးပြီးလို့တင်မယ်လုပ်တိုင်း မမီးရေးထားတဲ့စာက စာဖတ်သူအတွက် သုတ မရ ရသ မရ ဖြစ်နေမလား ဆိုတဲ့ သိမ်ငယ်စိတ်နဲ့ မတင်ဖြစ်တာရှိသလို.. ငါ့စာက ဘာမှမဟုတ်ပါဘူးလေဆိုတဲ့ အတွေးတွေကြောင့် အကြမ်းတွေ အဖြစ်နဲ့ ပုံနေခဲ့ပါတယ်.. ကြိုးစားပြီးတော့ တော့ရေးနေမယ်.. ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့နေ့တင်မယ်......
မိုးသောက်ကြယ်...

Wednesday, June 24, 2009

တွေးမိတွေးရာ...

ဒီနေ့ ရာသီဥတုက နည်းနည်းအေးတယ်.. မနက်ကတည်းက မိုးလေးတဖွဲးဖွဲးရွာနေတယ်.. အလုပ်လေးအားလို့ ကော်ဖီလေးသောက်ရင်း အပြင်လောကကိုလှမ်းကြည့်မိတယ် .. မိုးက သည်းသည်းမဲးမဲးရွာနေတယ်..ကားလမ်းမပေါ်မှာလည်းရေတွေဖွေးနေတာပဲး..မိုးစက်တွေကြားထဲးမှာ မြင်ရတဲ့ ကောင်းကင်ပြင်ကြီးက မှောင်ရိပ်သန်းနေပြီ.. မိုးစက်လေးတွေကလည်း မှန်ကိုလာရိုက်ပြီး ရေလုံးလေးတွေဖြစ်ပြီ လိမ့်ဆင်းသွားကြပါလား.. ငယ်ငယ်တုန်းကမိုးရွာရင်အရမ်းပျော်တာဘဲး.. ကျောင်းကအပြန်မိုးရေထဲးမှာ ခုန်ပေါက်စော့ပြီအိမ်ပြန်ခဲ့တာ.. ကျောင်းပိတ်ရက်မှာမိုးရွာရင် အိမ်ရှေ့မှာစီးနေတဲ့ မိုးရေတွေကို ထိုင်ကြည့်နေတယ်.. ရေတွေပေါ်ကို မိုးစက်တွေကျလာရင် ကျလာတဲ့မိုးစက်တွေဘေးကနေ လွင့်စင်ထွက်လာတဲ့ရေမှုန်လေးတွေ..ရေလုံးလေးတွေ လိမ့်ပြီး ရေစီးနဲ့အတူး မျောသွားတာကို ထိုင်ကြည့်နေတတ်တာ..မိုးရွာပြီးခါစမှာထွက်လာတတ်တဲ့ ပလူကောင်လေးတွေ ကိုလိုက်ဖမ်းရတာလည်းပျော်တယ်..ခြံထဲးမှာ မောင်နှမသုံးယောက် ခုန်ပြီးဖမ်းနေလိုက်ကြတာများ.. ကလေးတို့သဘာဝ အပူပင်မရှိ ကြောင့်ကျမဲ့ဘဝလေးတွေကို ပြန်မြင်ရောင်မိတယ်.. လူတို့ရဲ့သဘာဝအရ ပြန်မရနိုင်တော့တာကို တမ်းတမိပါတယ်.. အခုတော့အဲ့ဒါလေးတွေကို လွမ်းနေသလို ပလူကောင်လေးတွေကိုလဲးသနားမိတယ်..သူတို့ရဲ့အတောင်ပံလေးတွေက နုနုလေးတွေဆိုတော့ ဖမ်းလိုက်တဲ့အခါမှာ လက်နဲ့ထိပြီး ပြုတ်သွားတတ်ကြတယ်..သနားလိုက်တာ တစ်ချို့အကောင်လေးတွေကတော့ အတောင်ပံတစ်ဖတ်ဘဲးကျန်တယ် .. တစ်ချို့အကောင်လေးတွေကတော့ အတောင်ပံတွေမရှိတော့ဘူး ကိုယ်တုံးလုံးလေးတွေနဲ့ .. အဲ့ဒီတုန်းက ငရဲးဆိုတာကြောက်ပေမယ့် သတိမထားမိခဲ့လို့ပါ ပလူကောင်လေးရယ်..အခုတော့နင့်အတောင်ပံလေးကြိုးသွားတာ နင်ဘယ်လောက်နာမယ်ဆိုတာ ငါ ကိုယ်ချင်းစာတတ်ပါပြီဟာ... ဖွားဖွားကိုလည်းသတိရလိုက်တာ.. မေမြို့မိုးကစွေတတ်တယ်လေ.. တစ်ပတ်လုံးမိုးအေးရင်.. မမီးတို့ ကျောင်းဝတ်စုံလေးတွေ မခြောက်မှာစိုးလို့ မီးသွေးမီးဖိုကြီးဖိုပြီး အပေါ်က ဝါးကြမ်းစကာအုပ်စောင်းကြီးကိုအုပ် ပြီးတော့ အဲ့ဒီပေါ်မှာ မမီးတို့ အဖြူနဲ့အစိမ်းလေးတွေကို စိတ်ရှည်လက်ရှည် အခြောက်ခံပေးရှာတယ်.. ဖွားဖွားရယ် မမီးလွမ်းလိုက်တာ.. မမီးတို့နဲ့အတူလာနေပါနော်.. မေမြို့ကခြံထဲးမှာ သစ်ပင်တွေစိုက်ပြီး မမီးတို့မိသားစုနဲ့ အတူနေချင်ပေမယ့် မမီးတို့က အဝေးရောက်နေတော့. ဖွားဖွားမှာ မပျော်တဲ့နေရာမှာသွားနေရရှာတယ်.. ဒီဇင်ဘာ အိမ်ပြန်ရင်ဖွားဖွားနဲ့အတူ မေမြို့အိမ်မှာနေကြမယ်နော်..

တွေးလာလိုက်တာ ဘယ်တွေရောက်ကုန်မှန်းတောင် မသိတော့ဘူး.. ကော်ဖီတွေတောင်အေးကုန်ပြီ..
မိုးကတော့မတိတ်သေးပါဘူး..မိုးဖွဲးလေးကျနေတုန်း..

မိုးသောက်ကြယ်...



Tuesday, June 23, 2009

နေကြာခင်းလေး အကြောင်း....

သူငယ်ချင်းတစ်ယောက်နဲ့ အိမ်ကအကြောင်းလေး ပြောနေရင်းကနေ ငယ်ငယ်ကစိုက်ခဲ့တဲ့ နေကြာခင်း လေး အကြောင်းစကားစပ်မိလို့တောင် ပြောဖြစ်ခဲ့ကြသေးတယ်...
နေကြာက စက်တင်ဘာလလောက်မှာ စပြီးစိုက်ပျိုးရတာ.. မမီးလည်းသေချာတော့မသိဘူးနော်.. ဒါပေမယ့် မမီးစိုက်လိုက်တဲ့ နေကြာခင်းလေးကတော့ မတ်လ လောက်မှာ စိုက်လိုက်တာ..စိုက်လိုက်တဲ့နေရာကလည်း စတော်ဘယ်ရီ အခင်းကြားထဲးမှာလေ .. နေကြာပင်တွေကဖြစ်လိုက်တာ.. အပင်ကအရမ်းလည်းသန်တယ်.. ဖြစ်မှာပေါ့ စတော်ဘယ်ရီ ခင်းထဲးကို ဖျန်းသမျှဆေး.. သူကရနေတာကိုး.. အဖူးလေးတွေဖူးတော့လည်း ကြိုက်တဲ့အဖူးလေးကိုချန်ပြီး မကြိုက်တဲ့အဖူးတွေကို စိတ်ရှည် လက်ရှည်ချွေတာပေါ့.. အပွင့်လေးတွေပွင့်လာတော့လည်း နေကြာပွင့်တွေက အကြီးကြီးတွေ .. လှလည်းအရမ်းလှတယ်..စိုက်တဲ့နေရာက အိမ်က အုတ်တံတိုင်းနားလေ အပွင့်က အုတ်တံတိုင်းကျော်ပွင့်တော့ ခြံအပြင်ကနေကိုမြင်နေရတယ်.. အိမ်လာသမျှလူတွေတင်ဘယ်ဟုတ်မလဲး လမ်းသွားလမ်းလာပါ နေကြာပင်ကိုမကြည့်ဘဲးမနေနိုင်ကြဘူး.. ကြည့်ကြည့်သွားကြတာ..အဲ့ဒါလေးကိုဘဲးပျော်နေတာ..
အိမ်ကမေမေတို့ကလည်း စိုက်ခါစတော့ အချိန်အခါမဟုတ်စိုက်လို့ အပြစ်ပြောချင်ပေမယ့် အပွင့်မြင်တော့ မပြောရက်ဖြစ်နေကြတာ..
အိမ်ကိုလာတဲ့သူတိုင်းကလည်းနေကြာခင်းကို အားကျနေကြတာ..
ဟဲး.ဟဲး.. မမီးမျက်နှာလည်းနေကြာပွင့်လိုဘဲး စပ်ဖြဲးဖြဲးနဲ့ဖြစ်နေတာပေါ့..
နေကြာပွင့်တွေလည်းရော်ပြီး ရင့်လာတော့ ခုတ်လည်းခုတ်ရော..ဟာ..ခဲးလေသမျှ သဲးရေကြပါ ဘဲး..အရှက်ကိုကွဲးရော..နေကြာစေ့တိုင်းမှာအဆန်ပါမလာဘူး.. အကုန်ပိန်ညှောင်နေတာဘဲး..ပွင့်လိုက်တဲ့အပွင့်ကြီးမှအားမနာ တကယ်တစ်စေ့မှ အဆန်မပါလာဘူး.. အမျိုးကိုပြုတ်ရော.. ထပ်တောင်စိုက်ဖို့မျိုးတောင်မရဘူး..

မိုးသောက်ကြယ်

Wednesday, June 17, 2009

သတိရလျှက်ပါ GTC

အခုလိုအလုပ်ထဲးရောက်တော့ ငယ်ငယ် ကလွတ်လွတ်လပ်လပ် နဲ့ အပူပင်ကင်းခဲ့တဲ့ဘဝလေးကို ပြန်တမ်းတမိတယ်…တွေးမိတိုင်း ပြန်လိုချင်မိတယ် သူငယ်ချင်းတို့ရယ်..
Engineer ဖြစ်လာမယ့်သူလောင်းလျှာတွေကို Drawing သင်ပေးခဲ့တဲ့ လက်ဦးဆရာ ဆရာဦးမြတ်သူ ရဲ့ကျေးဇူးကိုလဲး အောက်မေ့မိပါတယ်.. ISO ပုံတွေဆွဲးတိုင်းမှာ Dimension မလိုတာကိုမေးမိတိုင်း “ လိုလို့လား” လို့ ပြန်မေးတတ်တဲ့ ဆရာအသံကို မှတ်မိနေသေးတယ်..Drawing Paper မှာ ခဲးရာတွေနဲ့ ညစ်ပတ်နေရင်လဲး သတင်းစာ စက္ကူနဲ့တူနေပြီလို့အပြောခံရတယ်..ခဲးသားကိုတစ်မျိုးထည်းသုံးရင်၊ ခဲးတံချွန်တာမှားနေရင် အမြဲးလက်ခေါက်ရိုက်တတ်တဲ့ ဆရာ့ကျေးဇူးတွေမမေ့နိုင်ပါဘူးဆရာ... အတိုင်းအတာလေးလွဲးသွားလို့ သီချင်းလေး ဆိုမိပါတယ်.ခဲးဖျက်နဲ့ထုခံရတယ်.. “ နည်းနည်းလေးတော့လွဲးနေတယ်..လွဲးလွဲးလေးဘဲးကောင်းပါတယ်..” ဟီး… တော်သေးတယ် ခဲးဖျက်က သေးသေးလေးမို့လို့…
1st year ကျောင်းစတတ်တော့လည်း roll-call လာကောက်သလိုနဲ့ နာမည်တွေအကုန်လိုက်မေးသွားတဲ့ ကိုမျိုးမြင့်ဇော်.. အအေးဗူးလုသောက်သွားတာ ပြန်ပေးရမှာမမေ့နဲ့.. Chemistry သင်တဲ့ ဆရာမ ဒေါ်ယဉ်မေသန့် အချိန်မှာ ငြိမ်နေလို့ စာကြည့်နေလားဆိုပြီး အနောက်တန်းကနေလာချောင်းတဲ့ ရန်နောင်ဗိုလ်ရေ..ပုံဆွဲးနေတာတွေ့တော့ နင် ငါ့အစ်မ (ဆရာမ)ကိုပြန်မတိုင်တာ ငါကံကောင်းတယ်..ငါ့ပုံဆွဲးနေတာသူမသိဘူးဟ ..စာကလည်းစိတ်မဝင်စားလို့ပါ.. အစ်မသင်နေတာဆိုတော့ အတန်းကလည်းမလစ်ရဲးဘူးလေဟယ်.. လစ်ရင် မေမေနဲ့တိုင်မှာဟ..
မင်းကိုကိုမောင်ရေ.. စာသင်ခုံရှေ့က state ပေါ်မှာ နင် model လျှောက်တာ အမှတ်ပေးတဲ့ ဒိုင်က ငါရယ်၊ အိမြတ်ဖြိုးဇော် ရယ် သက်ဆွေဇင်ရယ်လေ.. ခေါက်ထီးအမဲးရောင်နဲ့ ပြိုင်ဘက်ကင်းတဲ့ ကြက်ဆင်မယ် နင့်ကို ငါတို့ဒိုင်တွေရွေးခဲ့တာလေ မှတ်မိသေးလား…
သက်ဆွေဇင်ကောင်မစုတ်ရေ.. ဆရာကန်တော့ပွဲး နေ့က နင်နဲ့ငါနဲ့ ရိုက်ထားတဲ့ ဓါတ်ပုံတွေ နင်ငါ့မပေးဘဲးအကုန်သိမ်းသွားတာ.. ကောင်မစုတ်လေး..အဲ့ဒီပုံတွေအခုဘယ်မှာလဲး..
အိပုန့်အစုတ်ပလုပ်မရေ.. နင်နဲ့ ခိုင်မော်သွေး ချိန်းတွေ့ပြီးလျှောက်လည်တာလေ.. နင့်ထမင်းချိုင့် နဲ့ ငသွေးလွယ်အိတ်ကို ငါ့ဆီပေးထားခဲ့ကြတာ.. အတန်းဆင်းလို့အိမ်ပြန်ချိန်တောင်ရောက်မလာဘူး
အိမ်ပြန်ရမှာတောင့်မေ့နေကြတယ်.. နင်တို့ထမင်းချိုင့်နဲ့ လွယ်အိတ်ကို အလေးခံပြီး မန္တလေးထိ သယ်သွားရတယ်..နင့်ချိုင့်ကနံမှာစိုးလို့ငါ့မှာဆေးပေးရသေးတယ် .. နောက်နေ့မနက်တော့ Canteen ကို ငသွေးရောက်လာတယ်.. ရုပ်က စပ်ဖြဲးဖြဲးနဲ့ “ လွယ်အိတ်ထဲးမှာအခန်းသော့ပါသွားတာ ငါညကအခန်းထဲးဝင်လို့မရလို့ သူများအခန်းမှာ အိပ်ရတယ်” တဲ့ မျက်နှာတောင်မသစ်ခဲ့ဘူးထင်တယ်..ညစ်ပတ်လိုက်တာ ငသွေးရာ…
မနက်ဆိုလဲး စောကြီး ၅ နာရီလောက်ထ ရေချိုးအဝတ်စားလဲးပြီးတာနဲ့ ရွှေမန်းမေလာမယ့် ၈၂ လမ်း ၃၄ လမ်းထောင့်ကိုသွားစောင့်ရတယ်.. ငါမလာသေးရင် မျှော်နေတတ်တဲ့ အမ်မီအောင်ဆန်းရေ..ငါနင့်ကိုလည်းသတိရပါတယ်.. မှတ်မိသေးလား..နင်စားချင်တဲ့canteenကို တစ်ခါလောက်လိုက်စားပေးပါဆိုလို့ လိုက်စားတာ ကြာစံကြော်က သာရေပင်ကိုကြော်ထားအလိုဘဲး
ဝါးမရလို့ ငါ့မနက်စာက ကော်ဖီတစ်ခွက်နဲ့ပြီးခဲ့ရတာ .. နင်တော်တော်ဆိုးတယ်ဟာ..
မနက် New Country ကိုရောက်တာနဲ့ ကျောင်းကားတွေပေါ်ဆင်းလာကြတဲ့ ကျောင်းသားတွေရဲ့ သာယာနာပျော်ဖွယ် မိတ်ဆက်သံတွေကြားရတော့တာပါဘဲး.. မပြောတော့ပါဘူး.. မကြားသာတဲ့အသံတွေမိုလေ..
ငါတော်တော်ဆိုးခဲ့တာနော်.. အတန်းထဲးမှာ ထိုင်တော့ရှေ့ဆုံးကခုံမှာ ..ဆရာမတွေရောက်ပြီးမှ ငါအမြဲးရောက်တယ်.. အတန်းကလည်းလစ်လိုက်တာမပြောပါနဲ့ အတန်းမှတ်မိတာတောင် ကျေးဇူးတင်ကြရမယ်.. ငါမတတ်ချင်လို့မဟုတ်ပါဘူးဟာ ငါ့သူငယ်ချင်းတွေ နေရာကျယ်ကျယ်ထိုင်ရအောင်လို့ပါ.. နော် အိပုန့် ၊ အိမွန်မွန်မျိုး တို့ ဖြုဖြုသင်းတို့ရေ..
ပြန်ရင် ကျောင်းကားနေရာ အမြဲးပေးတဲ့ ပိုင်ဖြိုးသူရေ..ငါလဲးနင့်ကိုမမေ့ပါဘူး.. နင့်ရည်းစားပေါင်းများစွာရဲ့ အကြောင်းကို ငါမငြီးအငြူ နားထောင်ပေးရတယ်..ပျက်သွားတဲ့ရည်းစားအရေအတွက်ကိုလည်း လက်ချိုးရေတာ နင့်လက်မလောက်လို့ ငါ့လက်ပါ ငှားခဲ့ရတယ် ကောင်စုတ်..
ကျောက်ဆည်ကနေ မန္တလေး အပြန် မြစ်ငယ်တံတားထိပ်မှာကျောင်းကားရပ်တိုင်း ငါဝယ်တဲ့ ငုံးဥက ငါကိုမစားရဘူး . “ ငုံဥက ငုံးမဖင်ကထွက်တာ .. ငုံးမကညစ်ပတ်တယ်.. ဥပြီးတာတောင်ငုံးဥကို ဖင်နဲ့ဖိခဲ့သေးတာ” .. ဘာညာ ဆိုပြီး ငါရွန်အောင်ပြောပြီး ငါ့ငုံးဥတွေ လုစားသွားတဲ့ အမ်မီအောင်ဆန်း. စိုးပိုင်. စိုင်းလိန်တစ်. ပိုင်မင်းဟန်.. နင်တို့တော်တော်တရာကြတယ်နော်…..
ငါကတော့သတိရပါတယ်.. ဒီလိုနေရာမျိုးရောက်နေလို ပြည့်စုံပေမယ့်.. အရင်ကလိုပျောရွှင်မှုမျိုး မရတော့ဘူးဟ.. နင်တို့ကတောသိမှာမဟုတ်ဘူး.. အစုတ်ပလုပ်တွေရေ.. ငါ December မှာတော့ပြန်လာမယ်.. ငါ့ကိုလာကြိုကြနော်…

မိုးသောက်ကြယ်...