Sunday, July 5, 2009

ပုန်းညက်ပွင့် နှင့် လဝါဆို

နွေတာလ ၊ မလွယ်တာလ ၊ မြွတ်တာလ ၊ နွယ်တာလ ၊ နတ်လျှောင်လ ဟူ၍လည်း ရှေးကခေါ်ဝေါ်ကြသော ဤဝါဆိုလတွင် ပုန်းညက်မဉ္စူ သင်းကြူအနန်း လန်းလန်းစွင့်စွင့် လှိုင်လှိုင်ပွင့်ကြသည် ။
ပုန်းညက်ပန်းသည် ဝါဆိုလ၏ ရာသီပန်းဖြစ်သည်။ ဝါဆိုလ၏ သဘာဝကို “ ဝါဆို၊ ဝါခေါင်နှစ်လသည် ဝဿာနဥတုမည်၏။ ဤ ဝဿာနဥတု၌ စိုစွတ်၏။ ပူတုံ အေးတုံ ရှိ၏။ အိုက်၏။ ကောင်းကင်၌ မိုးတမ်မပြက်ရှိ၏။ အနောက်လေကျတတ်၏။ နတ်သမီးကွမ်းဆေးစသော ပိုး၊ မှတ် ၊ ခြင်၊ ဖား အစရှိသည်တို့ ပေါများကုန်၏။ ထိမ်၊ မအူ ၊လက်ထုတ် ၊ ဆပ်သွား၊ မုလေး ၊ ပုန်းညက် စသော ပန်းတို့သည် ပွင့်ကုန်၏။ မြစ်ရေတို့သည် ပြည့်လျှံကုန်၏။ ရေအိုင် ၊ ရေကန် စသည်တို့၌ ကြာဖြူကြာညိုတို့သည် ပွင့်ကြကုန်၏။ မြေပြင်၌ မိုးရေဖြင့် မထင်ရှားကုန်သော ကုန်းကြည့်ရှိကုန်၏။ စပါးပင်တို့ဖြင့် တင့်တယ်ကုန်၏။” ဟူ၍ ဥတုဘောဇနသင်္ဂဟကျမ်းတွင် ဖွဲ့ဆိုထားသည်။

ထို့ကြောင့် ပုန်းညက်ပန်းသည် ဝါဆိုလ၏ အဆင်တန်ဆာတစ်ပွင့်ဖြစ်သည်ကို အထူးသတိပေးသည်။ ဒိပင်္ကရာမြတ်စွာဘုရားသခင်သည် သုမေဓာရှင်ရသေ့တို့ ခရီးလမ်းညှိဖို့ရာ အရပ်သို့ ကြွလာတော်မူသောအခါ လူတို့က ပန်းအမျိုးမျိုးဖြင့် ကြဲမြှေက်ပူဇော်ကြလေသည် ။ ဤပန်းတို့တွင် ပုန်းညက်ပန်းလည်း ပါလေသည်။ ပန်းအမည်တို့ကို ထောက်ရှုသော် ဝါဆိုလဆီတွင် ကြွလာသည်ဟု မှတ်ယူဖွယ်ရှိပေမည်။

စာပေပညာရှင်တို့ မှတ်တမ်းရှိခဲ့သည်မှာ “ ပန်းများလှုင်ကြူု ၊ မဉ္စူရွှေခက် ၊ ပုန်းညက်ကြိုင်သင်း ၊ ပဉ္စင်းတော်ပွဲး၊ သဲးသဲးအုတ်အော် ၊ ရွှင်ပျော်လှည့်ပတ် ၊ ကရကဋ်နှင့်” ဟူ၍ တစ်နည်း ၊ “ ပုန်းညက်အနန်း ၊ နှင်းဆီပန်းနှင့် ၊ စခန်းကြိုင်သင်း ၊ ရဂုံတွင်းမှာ” ဟူ၍ တစ်ဖုံ ၊ “ဝါဆိုခေါ်မှတ် ၊ ကရကဋ်ဝယ် ၊ နက္ခတ်မိုးယံ ၊ ပြုဗ္ဗာသာဠ်တို့၊ လတံနီလျက် ၊ ရောင်ခြည်ယှက်က ၊ ပုန်းညက်ထိန်ထိန် ၊ ပွင့်ချင်းလိမ်ခဲ့ ၊” ဟူ၍ တစ်ဖြာ ရှေးပညာရှင်တို့ စာပေမှတ်တမ်းပြုခဲ့ကြသည် ။

(ဝါဆိုလတွင် ယုဂန်တောင် အထွတ်အဖျာ၌ ပြုပ္ပာသန်နက္ခတ်နှင့် လပြည့်ဝန်းတို့ နှစ်ပါးသည် ထွန်းတောက်ကြပါသည် ။ ထိုအခါ ပုန်းညက်ပင်တို့မှ အဖူးအငုံတို့သည် ညှာတံကလေးများနှင့် ထွက်ပေါ်လာကြ၍ ပွင့်ကြသောကြောင့် သင်းပျံ့သော ရနံ့သည် ဖြာထွက်လျက်ရှိပါတော့သည်။ ) ငယ်ငယ် ကကျက်ခဲ့ရတဲ့ ၁၂ ရာသီပန်း ကဗျာက စကားပြေလေးလေ.. မှတ်မိတာလေး ချရေးထားတာ စာရေးသူကတော့ ကင်းဝန်မင်းကြီး. ထင်တယ်..မေ့သွားပြီ.. ကောင်းကောင်းမမှတ်မိတော့ဘူး..
ဒီစာလေးကို ရေးနေရင်းငယ်ငယ်က ကျောင်းမှာကျင်းပတဲ့ ဝါဆိုပန်းကပ်ပွဲးကို သတိရမိတယ်.. ကိုယ်စီကိုယ်စီ ဝါဆိုပန်းတွေကိုင်ပြီးသက်ဆိုင်ရာ ဘုန်းကြီးကျောင်းကို အတန်းသားအားလုံးနဲ့ အတူ ဝါဆိုပန်းသွားကပ်ကြတဲ့ ပုံရိပ်က မျက်လုံးထဲးမှာလာပေါ်နေတုန်းပဲး...

မိုးသောက်ကြယ်..

Friday, July 3, 2009

ဝါဆိုသင်္ကန်းကပ် အလှူ


မနက် ၇ နာရီခွဲးမှ အမြန်အိပ်ရာက ထပြီး ရေချိုး ဘုန်ကြီးကျောင်း( Vipassana Meditation Center / Lavender Street )ကိုပြေးရတယ်.. အန်တီက ဝါဆိုသင်္ကန်း ကပ်ဖို့ခေါ်ထားတာမေ့နေတာ..ဟိုလည်းရောက်ရော.. အပျိုကြီးတွေထုံးစံ အရ ပူစရာမရှိရှာကျန်ပူပြီး

နောက်ကျရတဲ့ အကြောင်းအရင်းကိုမေးပြီး ဆူတာပေါ့..မေ့ပြီးအိပ်နေတော့ ဆူခံထိတာပေါ့..သူလည်းကြာကြာတော့ မဆူနိုင်ပါဘူး.. နေ့ဆွမ်းကပ်ဖို့ ချက်ပြုတ်စီမံနေရတော့ မမီးသက်သာရာရသွားတယ်..ဘာမှလည်းသိပ်လုပ်စရာမရှိပါဘူး.. သူ့သူငယ်ချင်း နာစ်မတွေလာကူကြတယ်.. အန်တီကလည်းကြွားလိုက်တာ (ဒါ အကိုကြီးရဲ့သမီးကြီးလေ.. နွယ့်တူမလေး..သူကအားကိုးနေရပြီ..) ဘာ ညာ နဲ့ပေါ့..ဒီတူမချောချောလေးကိုကြွားပုံက အဲ့လိုလေ..သူ့မှာလည်း ဒီတူမလေးကို ကြွားရတာ ဖတ်ဖတ်ကိုမောလို့နေမှာ .. ပြီးတော့ ကြက်သွန်ဖြူနွှာခိုင်းတာ.. ခိုင်းစရာရှားလို့ ကြက်သွန်ဖြူနွှာခိုင်းရလား.. မလုပ်ချင်ဘူးနံတယ်ပြောတော့ အန်တီးသူငယ်ချင်းကပြောတယ်.. (အဲ့လိုဇီဇာကြောင် ဂျီးများနေရင် နွယ်နွယ့်လို အပျိုကြီးဖြစ်မှာတဲ့.. )အပျိုကြီးတော့ အဖြစ်မခံနိုင်ဘူး.. ကြက်သွန်ဖြူတော့မနွှာဘူး ဂေါ်ရခါးသီးအခွံ နွှာပေးမယ်ဆိုပြီး လုပ်လိုက်တာ.. ဂေါ်ရခါးသီးက အစီးတွေက လက်ကိုလောင်ပြီး အရေခွန်တွေလန်နေပြီ..ဒီနေ့ထိတောင်မပျောက်သေးဘူး.. ငိုချင်လိုက်တာပြောမနေနဲ့.. နောက်တော့ အပျိုကြီးဖြစ်လဲးဖြစ်ပါစေတော့ လုပ်တော့ဘူး...

ဘုန်းကြီး သင်္ကန်းကပ်ပြီး ဟောတဲ့ တရားက (အပျိုကြီးတွေကိုဟောတဲ့ တရားလေ.ထပ်ပြီးအပူမရှာတော့ဘဲး.. ကိုယ်အတွက်ကိုလုပ်ဖို့ အဖော်မွန်ကောင်းတရားကိုသာ ရှာဖို့ ) ဟောလိုက်တယ်...အပျိုလေးမမီးပါရောပြီး သံဝေဂရခဲ့တယ်.. အခုချိန်ပြောတာနော်.. နောက်တော့ မသိဘူး..အခု ချစ်သူမရှိသေးတော့ ပြောအားရှိသေးတယ်.. ဟီး.. .

တရားနာ..ရေစက်ချ.. နေ့ဆွမ်းကပ်ပြီးတော့ .. ဧည့်သည်တွေ ဧည့်ခံရ နုတ်ဆက်ရ ပြုံးပြရ နဲ့ မောနေတာဘဲး..အားလုံးလဲးပြီးစီးရော.. နာရီကြည့်တော့ ၃ နာရီတောင်ထိုးနေပြီ.. အိမ်လည်းရောက်ရော..ဘာမှမလုပ်နိုင်တော့ဘူး. ရေချိုးပြီး နားတော့တယ်..

အန်တီ့ ဝါဆိုသင်္ကန်ကပ်တာကလည်း အချိန်က ကပ်နေတယ် ဆွမ်းရက်ကမရတော့ ရတဲ့ကြားရက်ကိုလုပ်လိုက်ရတာ.. ပြီးတော့ သူ့ အလုပ်နားရက် ရွေးလုပ်တော့ ကြားရက်ဖြစ်ပြီး ဘယ်သူ့မှ ဖိတ်ဖို့ အချိန်မရလိုက်ဘူး..အဲ့ဒါကြောင့် မဖိတ်လိုက်တာနော်.. ပြီးတော့ weekday ဆိုတော့ အားလုံးက အလုပ်ကိုစီ ကျောင်းကိုယ်စီ နဲ့ဆိုတော့ အားမှာမဟုတ်ဘူးလေ.. ညမှာဖိတ်လိုက်တဲ့ ကိုယ်တော်ချောတောင် အလုပ်က ခွင့်ကြိုယူမှရတာဆိုပြီး မလာနိုင်ဘူး..နေ့လည် ထမင်းစာချိန် ဖုန်းဆက်ပြီးလာခဲ့ဖို့ခေါ်တာတောင် အလုပ်မပြီးသေးလို့ မလာနိုင်ရှာဘူး..
နောက်ကြုံမှကျွေးတော့မယ်နော်.. အော်.. မေ့လို့ မဖိတ်လို့မလာနိုင်လည်း သာဓု တော့ခေါ်လို့ရတယ်နော်..
မိုးသောက်ကြယ်

Wednesday, July 1, 2009

မာရ်နတ်ဆိုး ၏ အိပ်မက်ကလေး...

အစ်မ မယ်ကိုး ဖွဲ့ချည်ခဲ့တဲ့ အရောင်လက်စကြိုးစလေးက မမီးဆီရောက်လာတော့ ဆက်ပြီးချည်ရုံပေါ့...
စွဲးစွဲး လမ်းလမ်း မက်ခဲ့ရတဲ့ အိပ်မက်လေးတွေပြန်စဉ်းစားတိုင်းမှာ ဖြစ်ချင်တာတွေဖြစ်မလာနိုင်သေးတော့ ကိုယ်တိုင်တောင် အားငယ်မိတယ်.. မနက်ဖန်ပေါင်းများစွာကျန်ပါသေးတယ်ဆိုတဲ့ အတွေးလေးနဲ့ ကိုယ်တိုင် အားပေးနှစ်သိမ့်နေခဲ့ရတယ်... မမီး ငယ်ငယ်ကတည်းက မက်ခဲ့တဲ့ အိမ်မက် နှစ်ခုဘဲးရှိခဲ့ပါတယ်.. ငယ်ငယ်ကထည်းက ဟိုတယ်နဲ့ခရီးသွား မှာ ဝါသနာပါခဲ့တယ်.. ကိုယ်တိုင်လည်း ခရီးသွားတာ ဝါသနာပါခဲ့တယ်.. (လွင်မိုးက နောက်မှအကြံရပြီး လွင်မိုးခရီးသွားနေသည်ကို ရိုက်တာ.) မမီးက အစောကြီးကတည်းက မက်ခဲ့ရတဲ့ အိမ်မက်လေး.. Tourism တစ်ယောက်ဖြစ်ချင်ခဲ့တယ်.. (ငယ်ငယ်ကကြားဖူးတယ် . ခြေတောက်မှာ မှဲ့ပါရင် လမ်းဘဲးထွက်နေရတယ်တဲ့.. အဲ့လိုသာဆို.. မမီး tourism ဖြစ်အုံးမယ်လို့ ယုံကြည့်ရမယ်.. ဘာလို့လဲးဆိုတော့ မမီး ခြေဖဝါးအလယ်တည့်တည့်မှာ မှဲ့ကြီးမှ အကြီး ကြီး ငယ်ငယ်ကတည်းက ပါလာတာ.. ခြေထောက်မှာ ရှိသမျှ မှဲ့ပေါင်းလိုက်ရင် ၇ လုံးလောက်ရှိတယ်.. )
ငယ် ငယ် ကတည်းက စိတ်ကူး ယဉ်တာပြောရရင် ပြင်ဦးလွင်ခြံကို ဟိုတယ် ဖွင့်နေတာ..( အိမ်မှာရှိတဲ့ ဘဘ* ဖေဖေ့၏ဖခင်* ရဲ့ မက်မန်းသီးအိုးတွေကို မက်မန်းသီးတွေသွားသွားဝယ်တဲ့ အင်းပုတ် ဆိုတဲ့ ရှမ်းရွာကို ပို့ပစ်လိုက်တယ် ပြီးတော့.. ခြံထဲးမှာ လုံးချင်းအိမ်လေးတွေဆောက်လို့ ..အရှေကအိမ်ကိုတော့ ဧည့်ခန်းပေါ့.. အဲ့ဒီအိမ်ကိုလည်းပြင်လိုက်တာ အိမ်ကို သစ်လုံးတွေနဲ့ ဆောက်လိုက်တာ.. ဟိ..bar counter ပါထားပေးလိုက်သေးတယ်..အိမ်ကထွက်တဲ့ မက်မန်းဝိုင်လည်း ရောင်းရတာပေါ့နော်..အိမ်ကလူတွေကို လည်း အလကားမထားဘူး.. Reception မှာ ထိုင်ခိုင်းတာ..မမီးကတော့ ခရီးသွား အေးဂျင့် company ကနေ tourism တစ်ယောက်အနေနဲ့ လျှောက်သွားနေမှာပေါ့..) စိတ်ကူးယဉ်ခဲ့တာဘဲးရှိပါတယ်..
မမီး ဆယ်တန်းကို စိုးစံအဆောင်မှာနေခဲ့တယ်.. စနေနေ့ည အိမ်ပြန်အိပ်ချိန်မှာ ဖေဖေ နဲ့ဖုန်းပြောတယ်.. ဖေဖေကသူသားသမီးတွေပေါ်မှာထားတဲ့ မျှော်လင့်ချက်ဘယ်လောက်ကြီးတယ်.. ဖေဖေဘယ်လိုဖြစ်စေချင်တယ်.. သမီးကြိုးစားပေးပါလို့ ဖေဖေတောင်းဆိုခဲ့တယ်..ပြီးတော့ မေမေ့ mail ထဲးမှာ လည်း စာတစ်စောင်ကို ရုပ်ပုံလေးတွေနဲ့ တွဲးပြီးပို့ခဲ့တယ်..(စာရွက်တွေ ညှပ်ထားတဲ့ ကလစ်ဖိုင်ကိုဘယ်ဖတ်လက်က ကိုင်လို့ ညာဖတ်လက်က ဘောလ်ပင်ကိုင်ထားပြီး ဦးထုပ်အဖြူဆောင်းထားတဲ့ မြို့ပြအင်ဂျင်နီယာမလေးက သမီးကြီးတဲ့.. ဂျုတီကုန်အဖြူလေးနဲ့ နားကျပ်လေးလည်ပင်းဆွဲးလို့ ရာဝန်မလေးက သမီးငယ်တဲ့.. overhaul အဖြုရောင်နဲ့ ဦးထုပ်အဖြူဆောင်းထားတဲ့ လျှက်စစ်အင်ဂျင်နီယာ အဖေတူသားလေးတဲ့)..အဲ့ဒီချိန်ကတည်းက ရည်ရွယ်ချက်တွေက ခဏတာမက်ခွင့်ရတဲ့ အိပ်မက်အသွင်ပြောင်းခဲ့ရတယ်.. ၁၀တန်းအောင်တော့ UFL English မမှီရင် ရိုးရိုး English Major ယူပြီး ဘွဲ့ရရင် ရန် tour guide သင်တန်းတတ်ပြီး ခရီးသွား Agant Company တစ်ခုမှာအလုပ် လုပ်မယ်လို့ စိတ်ကူးခဲ့ပေမယ့် ဖြစ်မလာဘဲး.. ကျောက်ဆည် GTC ကိုရောက်ခဲ့ရတယ်.. ဖြစ်ချင်တာတွေဖြစ်မလာတော့ လည်း လုပ်ချင်ရာလုပ်ပြီး Major ခွဲးတဲ့ချိန်မှာ မထမဦးစားပေးရော ဒုတိယဦးစားပေးရော.. ရှိသမျှနေရာမှာ ဘယ်မိန်းခလေးမှ မကြိုက်တဲ့ Mechanical Power ကိုရူးရူးမိုက်မိုက်ချရေးခဲ့တယ်.. အိမ်ကိုတော့မပြေားဘူး.. ဆူခံထိမှာကြောက်လို့..ရလာတော့လည်း စိတ်မပါတော့ ကျောင်းကို ပျက်တစ်ရက် တတ်တစ်ရက်နဲ့ ဘွဲ့တစ်ခုရလာခဲ့တယ်.. ( ဘဝမှာ လိုချင်တာကို မရခဲ့ရင် ရခဲ့တာကို အကောင်းဆုံးဖြစ်အောင် ကြိုးစားရမယ်) ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး.. ရရှိလာတဲ့ အသက်မွေးဝမ်းကျောင်းပညာလေးနဲ့ ဘဲး စင်္ကာပူမှာ အလုပ်ဝင်ခဲ့တယ်..အခုတော့ ရောက်တဲ့နေရာမှာ ပျော်အောင်နေရင်း.. ပိုက်တွေ .. စက်ပစ္ခည်း
တွေ ကြားထဲးမှာ နေ့စဉ်အချိန်တွေကုန်နေခဲ့ရတယ်.. အဲ့ဒီအိပ်မက်က အပြီးတိုင်မီးမငြိမ်းသေးဘူး.. ကျန်သေးတယ်ရင်ထဲးမှာ ဖွဲးမီးလိုလှိုက်လောင်နေသေးတယ်..အဲ့ဒါကိုပြန်တွေးတိုင်း မမီးကိုယ် မမီး အပြစ်တင်မိတယ်.. ညီမလေးကဆို ဆေးလိုင်းကို မယူဘဲး သူဝါသနာပါတဲ့ computer လိုင်း ကိုရအောင်ယူခဲ့တယ်.. မမီးကတော့ သူ့လောက်တောင် သတ္တိမရှိခဲ့ဘူး.. မောင်လေးကတော့ ဖအေတူသားဆိုတော့ လျှက်စစ်အင်ဂျင်နီယာဖြစ်ချင်တော့ Tyndal Electrical Engineering School မှာ တတ်နေလေရဲ့....
နောက်ထပ်ဝါသနာပါတာကတော့ ဓါတ်ပုံရိုက်တာပါ.. သဘာဝ ရှုခင်းပုံတွေ လိုက်ရိုက်ရတာလည်း ဝါသနာပါတယ်.. သူများကိုရိုက်ပေးရတာလည်း ဝါသနာပါတယ်.. ကိုယ်တိုင်ဓါတ်ပုံအရိုက်ခံတာတော့ ပိုပြီးဝါသနာပါတယ်..အပျိုပေါက်စ ၁၄နှစ် ၁၅ နှစ် အရွယ်မှာ ပြင်ဦးလွင်မှာ နာမည်ကြီးတဲ့ ချယ်ရီ ဓါတ်ပုံတိုက်က ဓါတ်ပုံဆရာကို အိမ်ခေါ်ပြီး အဝတ်အစားအမျိုးမျိုးလဲးပြီး ဓါတ်ပုံရိုက်တာ.. မေမေက ဖေဖေ့ ကိုပြောတာ..ဘာပြောလဲးသိလား.. ( မင့် သမီးကြီးလာရင်ဘာဖြစ်မယ်တော့မသိဘူး.. အခုကတည်း က ငါမထိမ်းတတ်တော့ဘူးတဲ့.) ဝါသနာက ဓါတ်ပုံအရိုက်ခံတာပါ..Model ထိုင်ပေးတာမှမဟုတ်တာ.. ဒီသွေးကတော့ ဘဘ (ဖေဖေ ၏ ဖခင်) ဆီကပါလာတာ.. ဘဘ က ဂန့်ဂေါခရိုင် ညောင်ကန်ရွာ ဇာတိ.. ဘဘ တို့ ဦးလေးက ဂန့်ဂေါမှာ ဓါတ်ပုံဆိုင်ဖွင့်တယ်.. ဘဘ တို့ ညီအစ်ကို မောင်နှမတွေ အကုန် ဓါတ်ပုံရိုက်တတ်ကြတယ်.. အဲ့ဒီတုန်းက အခုလို. Auto Focus တွေမဟုတ်ဘူး..ကိုယ်တိုင်ချိန်ယူရတယ်.. မှန်ဘီလူးရဲ့အနေအထားနဲ့ ပုံရိပ်ကိုတွက်ရာမှာ (1/f = 1/u +1/V ) ဆိုတဲ့ အတန်းပညာမတတ်ပေမယ့် ချတွက်စရာမလိုလောက်အောင်မှန်းတတ်ကြတယ်.. နောက်တော့ ဘဘက မန္တလေးမှာ သတင်းထောက်လုပ်တယ်..ဖွားဖွားနဲ့လက်ထပ်ပြီးမှ စီးပွားရေဖက်ရောက်ခဲ့တာ..ဓါတ်ပုံ ပညာကိုတော့ ဘဘက သင်ပေးခဲ့တယ်..အား လည်းအားပေးတယ်.. ဖေဖေ ကလည်းဝါသနာပါတယ်လေ.. ဖေဖေ 1999 ခုနှစ်မှာ Congo နိုင်ငံကို သဘောင်္ပို့ မသွားခင်က သူလိုချင်လွန်းလို့ ဝယ်ထားတဲ့ flim Camrea ကိုလည်း ချစ်သမီးကြီးက တောင်းတော့ သူခရီးသွား ရင်ယူသွားဖို့ဝယ်ထားတာလေးပေးရရှာတယ်.. အဲ့ဒီ camera ရတုန်းကရိုက်လိုက်တဲ့ ပုံတွေပြောမနေနဲ့ flim ဆိုတော့ မေမေ့မှာနောက်ကလိုက်ကူးရင်း. Camera ဝယ်ပေးတဲ့ ဖေဖေ့ကို အပြစ်တင်နေတော့တာ..အိမ်မှာလည်း အဲ့ဒီ flim တွေ တစ်ပုံကြီးဖြစ်နေတယ်..
အခုတော့ မမီးက ဖေဖေ့ကိုပြန်ဝယ်ပေးပါတယ်.. ဟီး.. ဖေဖေ့ နာမည်ခံပြီးတော့ မမီးဘဲးသုံးနေတာ..
မောင်နှမတွေကလည်း တော်တော်အားပေးကြပါတယ်.. တစ်ခေါက်က ညီမလေးမြန်မာပြည်မပြန်ခင် Changi Village မှာ နေဝင်တာ ဓါတ်ပုံရိုက်ချင်တယ်လို့ပြောတော့ အဖော်လိုက်မယ့်သူက မရှိဘူး.. နေရာကဝေးတာကို ဘယ်သူလိုက်ချင်မှာလဲး .. ဒါနဲ့ ညီမလေးကိုချော့ခေါ်တော့ ပါလာတယ်. Taxi နဲ့ခေါ်မှလိုက်မှာဆိုလို့ taxi နဲ့သွားရတယ်..နေဝင်တာစောင့်နေတော့ မမီးက ရိုက်ချင်တဲ့သူဆိုတော့ ဘာဘဲးဖြစ်ဖြစ်စောင့်တာပေါ့... Beach က ရေ ကလည်းနက်တယ်.. ညနေဆိုရေအရမ်းတတ်တော့ နည်းနည်းညစ်ပတ်တယ်.. ပြီးတော့အဲ့ဒီနားက တေားအုပ် ရှိတော့ ခြင်က ကိုက်တယ်.. ညနေ နေဝင်ရင်ပိုဆိုးတယ်.. ညီမလေးကတော့လိုက်သာလိုက်ရတယ် စိတ်မပါသူဆိုတော့ အပြစ်ပဲးပြောနေတော့ တာ.. ပြီးတော့ပြောသေးတယ်.. “ နင်ရိုက်ထားတဲ့ ပုံတွေကို ပြိုင်ပွဲးဝင်ရင် နှစ်သိမ့်ဆုပေးဖို့မပြောနဲ့ ဝင်ခွင့်တောင်ရမှာမဟုတ်ဘူးတဲ့ ” တော်တော်ကို အားရှိသွားတယ်..
အခုထိတော့ အဲ့ဒီအိမ်မက်လေးမပျက်ပြယ်သေးပါဘူး.. ပိုက်ဆံရှိလို့မြန်မာပြည်ပြန်ရင်တော့ အရင်းလည်းသိပ်မများ ဘဲး. အမြတ်နည်းနည်းနဲ့ ဓါတ်ပုံဆိုင်ဖွင့်မယ် studio တစ်ခုနဲ့ပေါ့...ပြီးရင် ဓါတ်ပုံကူးတာ..လိုက်ရိုက်ပေးတာ..နောက်.. ဓါတ်ပုံပညာနဲ့ ပတ်သတ်လာတာတွေလုပ်ဖို့ စိတ်ကူးရှိတယ်..
ပြီးတော့ မေမေ့ ရဲ့ အနောက်ခြံက ဂျင်းခင်းကြီးကို ဖျက်ပြီး ကော်ဖီပင်တွေစိုက်မယ်.. ကော်ဖီခြံစိုက်ပြီး.. ဘဘ နဲ့ ဖွားဖွား အမွေဖြစ်တဲ့မက်မန်းလုပ်ငန်းကိုပြန်လုပ်မယ်.. ဖွားဖွား တန်ဖိုးထားခဲ့တဲ့ “ဝင်းသိန်းကျော်” ဆိုတဲ့ နာမည်နဲ့ မက်မန်းပြန်ထုပ်မယ် စိတ်ကူးထားတယ်.. တစ်ခုမဟုတ် တစ်ခုကတော့ရအောင်လုပ်မှာဘဲး.. အမွေ ပေးမပေးတော့ မသိတော့ စိတ်ကူးထဲးမှာတော့ အကုန်ကိုသိမ်းလိုက်ပြီ..
အဲ့ဒါပါပဲး မိမိုးသောက်ရဲ့ စိတ်ကူးအိပ်မက်ကတော့ .. အထူးအဆန်း အခက်အခဲးတော့ မပါပေမယ့် ဖြစ်ချင်ရာတော့ဖြစ်မလာနိုင်သေးပါဘူး..

အိပ်မက်လေးတွေကို ဖော်ပြခွင့်ပေးခဲ့သော အကို (
မိုးကုတ်သား) ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင်..

မိုးသောက်ကြယ်