Tuesday, July 28, 2009

တနင်္ဂနွေ တစ်ရက်

မီးမီး.. နင်ခုထိအိပ်တုန်းလား.. ထတော့ရေချိုးတော့လေ.. ပြီးရင်နောက်ကျမယ်.. အန်တီတို့ဆီသာလာခဲ့တော့ ဟန်နီနဲ့ သူ့အဖေက ဓါတ်ပုံသွားရိုက်တယ် log one ကို.. ဟန်နီ P1 အပ်ဖို့လိုနေလို့.. အဲ့ဒီကနေပြန်လာမှ မီးမီးကို ဝင်ခေါ်ရင် နောက်ကျနေမယ်.. boatက ၂ နာရီတဲ့.. ကားကတော့ ၂ စီးနဲ့သွားမှာ.. အေး... နေအုံး passport မမေ့နဲ့နော်.. လိုလိုပိုပိုပေါ့..” ဟူး.... ဘာတွေမှာသွားမှန်းကို မသိတော့ဘူး.. စုံစိနေတာပဲး.. နာရီထကြည့်တော့ ၁၁း၃၅ ရှိပြီ..မဖြစ်ဘူးထမှ.. ငါရေချိုးတာကလည်းကြာတယ်ဆိုပြီး မနည်းထရတယ်.. ဆက်အိပ်ချင်နေသေးတာ.. တော်ပါသေးတယ်.. အဝတ်အစားတွေ ကိုတော့ မနေ့ည ကတည်းကထည့်ထားလို့.. passport ကဖေဖေ့ ဆီမှာ..ဖေဖေ့ဆီ တစ်ခါ ဖုန်းဆက်ရသေးတယ်. ဘယ်နားထားမှန်းမသိလို့.. (အော်... ပြောဖို့မေ့နေတယ်..ဒီလိုပြင်ဆင်နေလို့ ခရီးဝေးသွားမယ်မထင်နဲ့.. ပင်လယ်ထဲးအပျော် Boat သွားစီးမှာ.. သွားမယ့်နေရာက ဂျိုဟိုးနားဆိုတော့.. မလေးရှာရေပိုင်နက်ရောက်လို့ ရဲးကလာစစ်ရင် passport ပြရအောင်လို့ .. အင်္ကျီတွေထည့်သွားတာတော့ မင်းသမီးဆိုတော့ အဝတ်အစားအမျိုးမျိုးနဲ့ ဓါတ်ပုံရိုက်ရအောင်လို့ထည့်ထားတာ.. ထည့်တာမှ.. တစ်လခရီးသွားမယ့်သူတောင် မမီးလောက်ပါမှာမဟုတ်ဘူး.. ဟဟ) ရေချိုးပြီး ဟိုဟာ ဒီဟာလျှောက်လုပ်ပြင်ဆင်နေတာနဲ့ကို နေ့လည် ၁၂ နာရီကျော်နေပြီ.. Chaw Cho Kong ကို ၁ နာရီလောက်ရောက်မှ အဆူမခံရမှာဖြစ်လို့ မြန်မြန်ပြေးရတယ်.. တော်ပါသေးတယ်.. ၁ နာရီရောက်သွားလို့..ရောက်ရောက်ချင်းပဲး Tuas က check point ကို ချီတတ်ကြတယ်.. (အန်တီတို့လင်မယားရယ်.. ကလေးနှစ်ယောက်ရယ်.. အန်တီအပျိုကြီးရယ်.. အန်တီ နီနီရယ်.. မမီးရယ်. မန္တလေး လေးကနေလာလည်တဲ့ အစ်မဝမ်းကွဲးနှစ်ယောက်ရယ်..ကလေးထိမ်းဖို့ခေါ်ထားတဲ့ မမမော်ရယ်.. အားလုံး ၁၀ ယောက်.. camera ကိုယ်စီနဲ့.. ပျော်ပျော်ပါးပါး မော်တော်ကားနဲ့ ချီတတ် ကမျင်းကြောထ ကြတာ.. ) Boat ပေါ်ရောက်တော့ နေ့လည် ၂ နာရီ.. နေ ကောင်းကောင်းပူနေချိန်.. boat စထွက်ကတည်းက ရိုက်လိုက်တဲ့ ဓါတ်ပုံ ဘယ်သူတားတား တားလို့ကိုမရဘူး.. အန်တီအပျိုကြီးက ခေါင်းဆောင်လို့.. အပျိုပေါက်စ မမီးက ပိုဆိုးတယ်ထင်တယ်.. ထစ်ကနည်းရှိ မူးတတ်တဲ့သူက လှိုင်းလောက်ကတော့ အေးအေးဆေးဆေး မှုတောင်မ မှုတော့ဘူး.. ပိုစ့် အမျိုးမျိုးနဲ့ တစ်ယောက်တစ်လှည့်ရိုက်လိုက်..အဝတ်အစား တစ်ခါဝင်လဲးလိုက်.. နေပူလွန်းတော့ အသားမဲးမှာ စိုးပြီး လိမ်းလိုက်ရတဲ့ နေလောင်ခံဆေးကလည်း မခံနိုင်.. ကပ်ပတိန် ကုလားတောင် တော်တော်မျက်စိ နောက်ရှာမှာ.. နည်းနည်းလေးမောလာတော့..အတွင်းထဲးဝင်လိုက် အအေးလေးသောက်လိုက်.. အာလူးကြော်လေးစားလိုက်.. ဦးဦးကတော့ Beer လေးနဲ့ ညိမ့်နေလေရဲ့..ပြီးတော့ပြောသေးတယ်.. (ဒီနေ့ အိမ်မှာ Internet လိုင်းကျပ်တော့မယ်တဲ့ .. face book မှာ ဒီကောင်မတွေ အပြိုင်တင်ကြတော့မယ်တဲ့..) သူ့တူမတွေအကြောင်းသိလို့လိုက်ပို့တာနေမှာ. .ညနေဆောင်း တဲ့ထိနေဝင်ချိန်မှာ ဓါတ်ပုံက ရိုက်လို့ ကိုမပြီးနိုင်သေးတာ.. ကမ်းကိုပြန်ရောက်တော့ ည ၈း၃၀ ရှိနေပြီ.. အိမ်ပြန်တော့ ကားပေါ်ရောက်တော့ အားလုံးက ပင်ပန်းနေပြီ.. ဖွင့်ထားတဲ့သီချင်းသံ အေးအေးလေးပဲ ကြားနေရတော့တယ်.. ( မနက် အလုပ်သွားရမယ်) ဆိုတဲ့ အတွေးဝင်လာတော့မှ တစ်နေကုန်ပျော်ခဲ့တဲ့ အပျော်တွေဘယ် ပျောက်သွားမှန်း မသိတော့ပါဘူး..အိမ်ရောက်တော့ ၉း၃၀ ရှိနေပြီ.. ခဏနား ရေးချိုးပြီးအိပ်လိုက်တာ..တနင်္ဂနွေတစ်ရက်တော့ ကုန်သွားရှာတယ်..

မိုးသောက်ကြယ်

Saturday, July 25, 2009

ပညာရှိရှိစား ကျန်းမာအောင်နေ

အာရောဂျံ ပရမ္မံ လာဘံ ကျန်းမာချင်းသည် လဘ်တစ်ပါး..
လူတစ်ယောက်ရဲ့ဘဝမှာ ကျန်းမားရေးသည် အရေးကြီးဆုံး အပိုင်းမှာပါဝင်နေသည်။ စိတ်ချမ်းသာမှ ကိုယ်ကျန်မာမည် ကိုယ်ကျန်းမှ လူမှုရေး ဘာသာရေးတို့တွင် လုပ်ဆောင်နိုင်မည် ဖြစ်သည်။ ကိုယ်ကျန်းမာ မှသာလျှင် စိတ်သွားတိုင်း ကိုယ်ပါနိုင်မည် ဖြစ်သည်။
ကျန်မာရေးတွင် တစ်ကိုယ်ရေသန့်ရှင်းရေးဖြင့် ကျန်းမာအောင်နေသလို အစာကိုသင့်တင်မျှတစွား စားသုံးခြင်းဖြင့်လည်း ကျန်းမာရေးကို ထိမ်းနိုင်သည် ။

ယခုအခါ H1N1 ရောဂါဖြစ်ပွားမှု အန္တရာယ် သည်တစ်နေ့တစ်ချားတိုးပွားလာသည်နှင့်အမျှ တစ်ကိုရေသန့်ရှင်းမှု သည်လည်း ပိုမိုအရေးကြီးလာသည်။
လက်သည် အရာရာတိုင်းနှင့် ထိတွေ့နေရသဖြင့် အစား စားခါနီးတိုင်းတွင် လက်ကို စင်ကြယ်အောင် ဆေးကြောသင့်သည်။ အပြင်ကပြန်ရောက်တိုင်း လက်ကို ဆပ်ပြာနှင့် စင်ကြယ်အောင် သေသေချာချာ ဆေးကြောသင့်သည်။
အစားအစာကိုလည်း သင့်တင့်မျှတအောင် စားသုံးသင့်သည်။ တစ်နေ့မှာ မျှတအောင် စားသုံးသင့်သော အစားအစာတွေနဲ့ ဗီတာမင်တွေကိုတွဲးဖတ်ဖော်ပြထားပါသည်...


၁။ ကာဗွန်ဟိုက်ဒရိတ် (ကစီဓါတ် များသော) နှံစား သီးနှံများ

ထမင်း၊ ပေါင်မုန့်၊ cereals, Pasta, ခေါက်ဆွဲ စသည် ဆန်၊ ဂျုံ၊ ပြောင်း တို့ဖြင့် ပြုလုပ် ထားသော အစားအစာ အကုန်လုံးပါဝင်ပြီး စားသုံး သင့်သည့် ပမာဏကို အောက်ပါအတိုင်း သတ်မှတ်ပြီး ငါးကြိမ် အထိ စားသုံး သင့်သည် ဟု စံ သတ်မှတ် ထားပါသည်။- ပေါင်မုန့် အချပ်ဖြစ်ပါက နှစ်ချပ်- ပေါင်မုန့်အလုံးဖြစ်ပါက အနေတော်အရွယ် တလုံး- ခေါက်ခွဲ၊ Pasta, cereal နှင့် ထမင်း ဖြစ်ပါက ပန်းကန်လုံးတလုံးစာ ( ယောင်းမ (သို) ထမင်းခူးဇွန်း အနေ တော်အရွယ်နှင့် တခပ်စာ) သတ်မှတ်ထားပါသည်။ သို့သော်လည်း ထမင်းကို အဓိကစားသော မြန်မာ လူမျိုးများအတွက်မူ ထမင်းကို ယောင်းမနှင့် တခပ်စာကို တခါစားအဖြစ် တင်းတိမ် နိုင်မည် မဟုတ် သဖြင့် ငါးခွက်စာကို မိမိ တနေ့စာ သတ်မှတ်ပြီး အကြိမ်ကို မိမိ ကြိုက်နှစ်သက် သလို သတ်မှတ် စားသုံး နိုင်ပါသည်။ အလုပ်ကြမ်း လုပ်သူမဟုတ်ပဲ ထိုထက် ပိုစားပါက အ၀လွန် ရောဂါရပြီး နောက်ဆက်တွဲ ရောဂါများစွာ ရနိုင် ပါသည်။

၂။ ဟင်းသီး ဟင်းရွက်များ

ဟင်းသီး ဟင်းရွက်များ ကိုလည်း စားသုံး သင့်သည့် ပမာဏကို အောက်ပါအတိုင်း သတ်မှတ် ထားပါသည်။- ဟင်းသီးဟင်းရွက် အစိမ်း (သို့) အကျက် ၇၅ ဂရမ် (သို့) တခွက်စာ- ရောနှောထားစသည့် အသီးအရွက် ဖြစ်ပါက တခွက်စာ- အာလူး (သို့) ခရမ်းချဉ်သီးကဲ့သို့ အစားအစာ ဖြစ်ပါက တလုံးခန့် စသည်ဖြင့် တခါစားကို သတ်မှတ်ထားပြီး တနေ့စာအတွက် ငါးကြိမ် စာခန့် စားသင့်ပါသည်။ သို့သော်လည်း ဟင်းသီးဟင်းရွက်သည် ခန္ဓာကိုယ်အတွက် အများဆုံး စားသင့် သောကြောင့် အစာအိမ်မှ လက်ခံ ပါက သတ်မှတ် ထားသည် ထက် ပိုစား၍ ပြဿနာ မရှိပါ။

၃။ အသီး နှံများ (Vitamin)

အသီးနှံများကို အနည်းဆုံး တနေ့ နှစ်ကြိမ်ခန့်နှင့် တခါစားကို အောက်ပါ စံ သတ်မှတ် ထားသည့် ဥပမာ အတိုင်း စားသုံးသင့်ပါသည်။- အနေတော်အရွယ် ပန်းသီး၊ ငှက်ပျောသီးနှင့် ကီဝီသီး စသည့် တလုံး- အရည် ဖြစ်ပါက ခွက်တ၀က်- စပျစ်သီး၊ စထရော် ဘယ်ရီကဲ့သို့ အသီးများနှင့် အသီးမျိုးမျိုးကို စိတ်ပြီး ရောနှောထားပါက တခွက်စာ- အသီးခြောက်များ ဖြစ်ပါက ခွက်တ၀က်စာ နှင့် စည်သွပ် ထားသည့် အသီးဖြစ်ပါက တခွက်စာ ကို တခါစားအဖြစ် သတ်မှတ် စားသုံး သင့်ပါသည်။အရည် ဆိုသည်မှာ ဆော်ဒါနှင့် သကြားပါဝင်သည့် Soft Drink ကို ဆိုလြိုခင်း မဟုတ်ပဲ ပန်းသီး (သို့) တခြားအသီးနှံများကို ရေအပါအ၀င် မည်သည့် အကူပစ္စည်းမှ မရောပဲ ၁၀၀% အရည် ညှစ်ထားသော သစ်သီးရည် ကိုသာ ဆိုလို ပါသည်။ အချိုဓါတ် နည်းသည့် အသီး ဖြစ်ပါက တနေ့ နှစ်ကြိမ် ထက် ပိုစား နိုင်ပါသည်။

၎။ နို့ထွက် ပစ္စည်းများ(Mineral)

နို့နှင့် နို့ထွက် အစားအစာ များကို တနေ့ နှစ်ကြိမ် မှ ငါးကြိမ် ခန့်အထိ စားသုံး သင့်ပြီး တခါစားကို အောက်ပါ ဥပမာအတိုင်း စံ သတ်မှတ် ထားပါသည်။- ပဲနို့ (သို့) မလိုင်ဆယ်ပြီးသောနို့ (Skim milk) တခွက်စာ (၂၅၀ မီလီဂရမ်)- Cheese နှစ်လွှာ (သို့) ၄၀ မီလီဂရမ်- ဒိန်ချည် ၂၀၀ မီလီဂရမ်

၅။ အသား၊ ငါး၊ ဥ၊ ပဲအမျိုးမျိုးနှင့် အစေ့များ (Protein)

အသားဓါတ်ကို အဓိက ပေးသော အစားအစာများ ဖြစ်ပြီး အသားဓါတ်သည် ခန္ဓာကိုယ်ထဲတွင် ၇၀% ထုတ်လုပ်သောကြောင့် တနေ့ကို ၁-၂ ကြိမ်ခန့်သာ စားသုံးသင့်ပါသည်။ တခါစားရန် ပမာဏကို အောက်ပါအတိုင်း ဥပမာပေးပါသည်။- ချက်ပြုတ်ထားသော အဆီနှင့် အရေပြားမပါသည့် ကြိုက်နှစ်သက်ရာ အသား သေးသေးနှစ်တုံး (သို့) ၆၅-၁၀၀ ဂရရမ်ခန့် (စဉ်းထားသည့် အသား ဖြစ်ပါက ခွက်တ၀က်စာ)- ကင်ထားသော အသားနှစ်လွှာ- ငါးအသား ၈၀ - ၁၂၀ ဂရမ်- ကြက်ဥ သေးသေး နှစ်လုံး- မြေပဲ၊ နှမ်း၊ နေကြာစေ့နှင့် တခြား အခံမာစေ့များ ခွက်တ၀က်ခန့်- အပြုတ် (သို့) ကျက်ပြီးသော ပဲအမျိုးမျိုး တခွက်စာ စားသုံး သင့်ပါသည်။

၆။ အဆီ (Fat)


အဆီကို ဟင်းသီးဟင်းရွက်မှရတဲ့ အဆီ နှင့် ငါးမှရတသော အဆီတို့ဟာကျန်းမာရေးအတွက် ပိုမိုသင့်တော်ပါသည်။

၇။ ရေ

ရေ ကလဲး လိုအပ်ဆုံးအရာတစ်ခုပါ။ ရေ ကိုတစ်နေ့ ဖန်ခွက် (၈) ခွက် (သို့ ) ၂ Liter သောက်သုံးသင့်သည်။


အသက်ရှင်စဉ် ကာလ တွင် ကျန်းမာရေး သည် လူတယောက် အတွက် ပထမ အရေးကြီးဆုံး လိုအပ်ချက် ဖြစ်ပါ သည်။ လူတယောက် ကျန်းမာစွာ အသက်ရှင်ရပ် တည်ရန် အတွက် အဟာရသည် အရေးကြီးဆုံး ဖြစ်ပြီး ကာကွယ်ခြင်း သည် ကုသခြင်း ထက် ပိုမို ထိရောက်သည် ဟူသည့် စကားနှင့် အညီ အာဟာရကို လုံလောက် မျှတစွာ စားသုံးခြင်း ဖြင့် အာဟာရ ချို့တဲ့ခြင်းနှင့် လွန်ကဲခြင်း တို့ကို ရှောင်ကျဉ် နိုင်ပြီး ၎င်းတို့ကြောင့် ဖြစ်လာ နိုင်သည့် ရောဂါ ပေါင်း များစွာ ကိုလည်း ကာကွယ်သင့်ပါသည်။

ဘာရယ်တော့ မဟုတ်ပါဘူး.. လသာည က ကျန်းမာရေး ဂရုစိုက်ဆိုလို့..ကိုယ်ကိုယ်တိုင်ဂရုစိုက် ရုံနဲ့မလုံလောက်ဘူး ထင်လို့ တင်ပေးလိုက်တာ..

မှတ်ချက်။ ။ http://www.theaustralian.news.com/ for http://www.whattherapy.com/ မှရယူသည် ။

မိုးသောက်ကြယ်

Wednesday, July 22, 2009

ငါ မဖြေတတ်သေးပါ...

အချစ်ဆိုတာ ဘာလဲး ??? ”
အချစ် ကဘာလဲး ဆိုတဲ့အဖြေကို ဖြေနိုင်တဲ့သူက ကမ္ဘာပေါ်မှာ တစ်ယောက်ပဲးရှိတယ်.. အဲ့ဒါ ကိုယ်ကိုတိုင်ပါဘဲး..”
ချစ်ရတာ ခက်လား ??? ”
ချစ်ရတာ မခက်ပါဘူး လွယ်ပါတယ်.. ချစ်မြဲးချစ်နေဖို့သာခက်တာပါ..”
“မင်းအချစ်က ဘယ်လိုမျိုးလဲး???? ”
ငါ့ ချစ်တဲ့အချစ်ကဘယ်လိုမျိုးလဲး ????
(သဝန်တိုတတ်မယ်.. ချစ်သူကကိုယ်ကိုပဲ ဂရုစိုက်စေချင်တယ်.. ကိုယ်ချစ်တဲ့သူကို ကိုယ့်ဘေးမှာဘဲးခေါ်ထားချင်တယ် မျက်စိအောက်ကအပျောက်မခံချင်ကြဘူး.. အဲ့ဒါကတော့ အတ္ကကြီးလွန်းတယ်ထင်တယ်..)
ငါကရော.. ရယူပိုင်ဆိုင်ဖို့ချစ်ခဲ့တာလား??
(အရာရာပေးဆပ်ချင်တယ်.. သူချစ်ချစ်မချစ်ချစ် ကိုယ်ကပဲချစ်နေချင်တယ်..ချစ်သူအတွက်ဆိုအကောင်းဆုံးလုပ်ပေးချင်တယ်.. တစ်ဖတ်လူက ကြိုက်မှန်းမသိ မကြိုက်မှန်း မသိ .. ကိုယ်လုပ်ပေးချင်ရာကိုမစဉ်းစားဘဲးလုပ်ပေးနေတတ်တယ်..)
ငါကရော.. ကိုယ်ကပဲ ချစ်နေချင်တာလား ??
(အချစ်မှာမျက်စိမရှိဘူးတဲ့.. သူ့အတွက်ဆို အရာရာကို စွန့်လွှတ်ရဲးတယ်.. ရင်ဆိုင်ရဲတယ်.. ဖြစ်သင့် မဖြစ်သင့် လုပ်သင့် မလုပ်သင့် ကို မစဉ်းစားမိကြတော့ဘူး..)
ငါကရော.. စိတ်ကစားပြီးချစ်တာလား??”
(အေးချမ်းတဲ့အချစ်.. ပေးဆပ်နေခြင်းလည်းမဟုတ်သလို ရယူပိုင်ဆိုင်ခြင်းလည်း မဟုတ်ဘူး.. အသဲးကွဲးတယ်ဆိုတာမရှိဘူး.. တစ်သက်လုံးရင်ထဲးမှာထားပြီး ချစ်သွားနိုင်ကြတယ်.. တစ်ချို့ဆို ၅၂၈ နဲ့တောင် မှားတတ်ကြတယ်တဲ့.. )
“ငါကရော.. မေတ္တာလို အချစ်မျိုးနဲ့ ချစ်နိုင်လား??”
ဒါကိုဖြေဖို့က ကိုယ့်ကိုကိုယ် သုံးသပ်ကြည့်ရမယ်.. ပြီးတော့ အချိန်အတိုင်းအတာ အနည်းငယ်တော့ လိုလိမ့်မယ်ထင်တယ်.. ...

မိုးသောက်ကြယ်..