Sunday, June 28, 2009

ကော်ဖီ နှင့် ကျန်းမာရေး

ကော်ဖီဟာ လူတွေကို ဆိုးကျိုးတွေပေးနိုင်တဲ့ သတင်းတွေ ဖတ်ဖူးကြမှာပါ။ အခုတော့ ကော်ဖီက လူ့စိတ် နဲ့ ခန္ဓာကိုယ်ကို အကျိုးသက်ရောက်စေတယ်ဆိုတဲ့ သတင်းကောင်းတွေ ပေါ်ထွက်လာလို့ ... ဖတ်ရတဲ့ သတင်းလေးတွေကို မျှဝေပေးလိုက်ပါတယ် ...
နှလုံးကို ကျန်းမာစေပါသလားကော်ဖီသောက်ခြင်းဟာ နှလုံးကိုထိခိုက်စေနိုင်တယ်ဆိုတဲ့ အယူအဆဟာ မကြာခဏဆိုသလို ပေါ်ထွက်ခဲ့ပါတယ်။ ဥရောပဘက်မှာ အနှစ်၂၀ လောက် ပြုလုပ်ခဲ့တဲ့ သုတေသနတွေအရ ကော်ဖီ ခပ်ပြင်းပြင်းဟာ ကိုလက်စရော level ကို သိသိသာသာ မြင့်တက်စေပါတယ်တဲ့။ ဒီတော့ သုတေသီတွေဟာ ကိုလက်စရော levelကို မြင့်တက်စေတဲ့ cafestol နဲ့ Kahweol လို ဓာတုပစ္စည်းတွေကို ကော်ဖီထဲကနေ သီးသန့်ခွဲထုတ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဥရောပမှာ သုံးတဲ့ ကော်ဖီဖျော်တဲ့ နှပ်တဲ့နည်းတွေအရ ကော်ဖီနှပ်ဲ့အချိန်မှာ Cafestol နဲ့ Kahweal ဓာတ်တွေကော်ဖီထဲကနေ အများအပြား ထွက်လာပါတယ်။ ဒါပေမယ့် ကော်ဖီကို ပြန်ပြီးစစ်လိုက်တဲ့အခါမှာ ဒီအဆီဓာတ်တွေကို အကုန်နီးနီးလောက် ဖယ်ရှားလိုက်နိုင်ပေမယ့် အနည်းအပါးတော့ ကျန်ပါသေးတယ်။ ဒါ့အပြင် နောက်ပိုင်း သုတေသနတွေ အရ ကော်ဖီကို ပုံမှန် (တစ်နေ့ နှစ်ခွက်)ပဲ သောက်သူတွေမှာ သွေးပေါင်ချိန်တိုးလာနိုင်တာမျိုး မရှိတော့ပါဘူး။ ပြီးတော့ ကျန်းမာတဲ့သူတွေ မှာလည်း နှလုံးခုန်မမှန်ခြင်းကို မဖြစ်ပေါ်စေဘူးလို့ တွေ့ရပါတယ်။ ဒီတော့ ကော်ဖီကို အနေတော်လောက်ပဲ သောက်သုံးရင်တော နှလုံးရောဂါဖြစ်ပေါ်စေမှာ မဟုတ်ပါဘူး။ကိုယ်ဝန်ပျက်ကျခြင်းနှင်း ပတ်သက်၍ကော်ဖီကို တစ်နေ့ နှစ်ခွက်နှုန်းသောက်တဲ့ ကိုယ်ဝန်သည်တွေမှာ ဒီ့ထက်ကော်ဖီသောက်နည်းတဲ့ ကိုယ်ဝန်သည်တွေမှာထက် ကိုယ်ဝန်ပျက်ကျနိုင်တဲ့နှုန်းဟာ ၃၆ ရာခိုင်နှုန်းပိုများ ပါတယ်လို့ တွေ့ရှိပါတယ်။ ဒါပေမယ့် အမေရိကန် ကလေးသူငယ်ကျန်းမာရေးနဲ့ လူသားဖွံ့ဖြိုးမှုဋ္ဌာနမှ Klebanolfm ကတော့ တစ်နေ့ကို ကော်ဖီ၅ခွက်ကနေ ၆ခွက်သောက်တဲ့ ကိုယ်ဝန်သည်တွေမှသာ ကိုယ်ဝန်ပျက်ကျနိုင်နှုန်း များတာပါလို့ ဆိုပါတယ်။
ကင်ဆာရောဂါ ဆက်စပ်မှု၁၉၈၀ ပြည့်နှစ်အစပိုင်းက ကော်ဖီသောက်ခြင်းကြောင့် ပန်ကရိယကင်ဆာ ဖြစ်စေတယ်ဆိုတဲ့ သတင်းပေါ်ထွက်ဖူးပါတယ်။ ဒါပေမယ့် ဒီသတင်းဟာ သတင်းမှားတစ်ခုပါ။ အကယ်၍များ ကော်ဖီသောက်ခြင်းနဲ့ ဆီးအိမ်ကင်ဆာကြား ဆက်စပ်မှုသာရှိမယ်ဆိုရင် ဒါဟာ ကော်ဖီအလွန်အကျွံ သောက်သူတွေမှာသာ တွေ့ရမှာဖြစ်ပါတယ်။ တစ်နေ့ကို ကော်ဖီ ၁၀ ခွက်နဲ့ အထက်သောက်လေ့ရှိတဲ့ ဥရောပသားမျိုးတွေပေါ့။ ဒါအပြင် ကော်ဖီကြောင့် အူမကြီးကင်ဆာဖြစ်ပွားစေတယ်ဆိုတာ မဟုတ်ပါဘူး။
အားပါးတရသောက်သုံးသင့်သလားကိုယ်ဝန်ဆောင်သည်တွေ၊ ကိုယ်ဝန်ဆောင်တော့မယ့် အမျိုးသမီးတွေ၊ နို့တိုက်မိခင်တွေအနေနဲ့ ကော်ဖီကို တစ်နေ့နှစ်ခွက်နှုန်းထက် ပိုမသောက်သင့်ပါဘူး။ အဲဒါမှ မဟုတ်ရင် ကလေးပျက် ကျတာမျိုးတို့၊ နို့စို့ကလေးမှာ စိတ်ဂဏာမငြိမ်တာမျိုးတို့ ဖြစ်တတ်ပါတယ်။ အစာမကြေလေအောင့်တဲ့ ရောဂါရှိသူတွေ၊ စိုးရိမ်စိတ်ကြီးသူတွေ၊ ရင်သားမှာအကျိတ်ရှိသူတွေဟာ ကော်ဖီကိုလျော့သောက်သင့်ပါတယ်။ ဒါပေမယ့် လူအများစုအတွက်ကတော့တစ်နေ့ကို နှစ်ခ်ါပုံမှန်သောက်သုံးခြင်းဟာ အနရာယ် မဖြစ်စေပါဘူး။ ကိုယ့်ကျန်းမာရေး အခြေအနေအပေါ် မူတည်ပြီးတော့ ကော်ဖီကို ချင့်ချိန်သောက်သုံးပါ။

References;
Wikipedia
Recovery Resources Online

ကော်ဖီသမိုင်း

သမိုင်းဒဏ္ဍရီ အရပြောရမယ်ဆိုရင် ကော်ဖီကို (Arabian) သိုးကျောင်းသားလေးကစတင်တွေ့ရှိချင်းဖြစ်တယ် ။ သိုးကျောင်းသားလေး ( Kaldi ) ရဲ့သိုးတွေက တောင် (Arabian) ကျွန်းစွယ်ထိပ်က စိမ်းညိုရောင်သစ်ပင်လေးတွေကြားမှာ ပျော်ရွှင်ကခုန်နေတာကိုတွေ့ရတယ်.. (Kaldi) ကချုံငယ်တွေကြားက ချယ်ရီနီရောင် အသီးလေးတွေကို စူးစမ်းချင်လာတယ်..အဲ့ဒီအသီးလေးတွေရဲ့ အစွမ်းသတ္တိကိုလေ့လာတယ် .. အဲဒီမှာရှိတဲ့ သိုးကျောင်းသားလေးက ကော်ဖီစေ့တွေစားစားပြီး ညညအိပ်မ ပျော်ဘဲမြူးတူးလန်းဆန်းနေတဲ့သိုးတစ်အုပ်ကို သတိထားတွေ့ရှိသွားတာက စတယ်လို့ပြောရမှာပါ.. ရိုင်းအနေနဲ့ပေါက်ရောက်တဲ့အပင်ငယ်တွေ စခဲ့တာပါ နောက်တော့
ကော်ဖီဆိုတဲ့နာမည်ကို ပေးပါတယ်။ အာရေဗျလူမျိုးတစ်ဦးကို
သူ့နောက်လိုက်တွေနဲ့ အတူ သဲကန္တာရတစ်ခုကို အစာငတ်သေအောင် ပြည်နှင်ဒဏ်ပေးလိုက်ပါတယ်။ အဲဒီ
မှာ အိုမရ်လို့ခေါ်တဲ့ အာရေဗျတစ်ယောက်နဲ့ သူ့အဖော်တွေဟာ အမျိုးအမည်မသိတဲ့ အပင်ကရတဲ့ အသီးကို
ပြုတ်ပြီးစားကြပါတယ်။ အဲဒီအသီးတွေက အာရေးဗျပြည်ပြေးတွေရဲ့အသက်ကို ကယ်နိုင်ရုံတင်မက အနီးဆုံး
မြို့ဖြစ်တဲ့ Mocha မြို့ကိုပါ ဂုဏ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကို အစွဲပြုပြီး အဲဒီအပင်နဲ့ အဖျော်ရည်
ကို Mocha လို့ အမည်ပေးခဲ့ကြပါတယ်။
ကိုးရာစုလောက်က မွတ်ဆလင်မ်ကမ္ဘာမှာ ကော်ဖီကို ဆေးအနေနဲ့ စတင်အသုံးပြုခဲ့ကြတယ်။ နောက်ပိုင်းမှာ
ကိုးရာစုလောက်က မွတ်ဆလင်မ်ကမ္ဘာမှာ ကော်ဖီကို ဆေးအနေနဲ့ စတင်အသုံးပြုခဲ့ကြတယ်။ နောက်ပိုင်းမှာ
ကော်ဖီကို အရသာခံဖို့နဲ့ သောက်စရာကောင်းတဲ့ အရာအဖြစ် ကြိုက်နှစ်သက်ခဲ့ကြပါတယ်။ ၁၄ရာစုအတွင်း
မှာတော့ အာရေးဗျ မှာ ကော်ဖီပင်အချို့ကိုစိုက်ပျိုးခဲ့ကြပါတယ်။ သူတို့ဟာအုပ်စုလိုက်ဝင်ရောက်စီးနင်းတိုက်
ခိုက်ကြတဲ့အခါ ကော်ဖီစေ့တွေကို အဓိကအာဟာရအရင်းအမြစ်အဖြစ် သားကောင်တွေရဲ့ အဆီထဲမှာ မြှုပ်
နှံထားခဲ့ကြပါတယ်။တူရကီတွေကတော့ သောက်စရာတစ်ခုအဖြစ်မွေးစားခဲ့တဲ့ ပထမဦးဆုံးနိုင်ငံဖြစ်ပါတယ်။
တခါတရံမှာ လေးညှင်းပွင့်၊ သစ်ကြံပိုးခေါက်၊ ဂျင်းမျိုးနွယ်ဝင်အပင်များထည့်ပြီး ခေါင်ရည် ဖြစ်အောင်လုပ်ကြ
လေ့ရှိပါတယ်။
၁၅ဝဝမတိုင်မီလောက်မှာ တူရကီ၊ နောက် အီတလီတို့မှာရောက်ရှိပြီးသွားပြီဖြစ်ပါတယ်။ ၁၇၂၀ မှာ ပြင်သစ်
မရိန်းတပ်အရာရှိ GabrielMathieu deChieu ဟာ မာတီနီကာ ကို ပဲရစ်စ်ကနေ ကော်ဖီပင် သုံးပင်ယူလာ
ခဲ့ပါတယ်။ ခရီးလမ်းမှာ သုံးပင်ထဲက တစ်ပင်ပဲရှင်ခဲ့ပါတယ်။ အဲဒီအပင်ကနေ ကမ္ဘာသစ်ဆီကို ကော်ဖီတွေစ
တင်စိုက်ပျိုးခဲ့ကြတာပါပဲ။ ကော်ဖီဆိုင်တွေကိုတော့ နိုင်ငံကြီးတွေရဲ့ မြို့တော် ၊ နောက်ပိုင်းမှ မြို့ကြီးတော်
တော်များများမှာ စတင်ဖွင့်လှစ်ခဲ့ကြပါတယ်။ ၁၆၀၀ ပြည့်နှစ်နောက်ပိုင်းမှာပေါ့။ အဲဒီကနေမှ တစ်ဆင့် အိမ်
မှာသောက်သုံးတဲ့ အထိ ပျံ့နှံ့ရောက်ရှိခဲ့ပါတယ်။
ဒါကတော့ ကော်ဖီရဲ့ သမိုင်းကြောင်းနဲ့ လူတို့ စတင်အသုံးပြုသောက်သုံးလာတဲ့ ဖြစ်စဉ်တွေဖြစ်ပါတယ်။

မိုးသောက်ကြယ်

Friday, June 26, 2009

စံပယ်..

စံပယ်

" ပွင့်စပယ် အသွင်လှသော်လဲ

တင့်အတယ် မဆင်ကြချင်လို့

ထင်ကရ ကဲ့ရဲ့ဆို ။

တဏှာမွေ့ ရန်ဖို့

ကြာငွေ့ သီသီဆန်သတဲ့

ဝစီသံ ဤဟန်ထောက်ရလျှင်

ရတီမှန် ပြည်တန်ကျောက်ကို

ကောက်မိ ကြက်လို။

ကာလတွင် မြင်အသိတွေမို့

စာပြလျှင် ဘဝင်ထိစေတော့

ဆင်သတိ မပြတ်လိုအောင်

စပ်ဆိုသည့် စာအသွား။

ဥာဏ် လွှာငယ်စီ

ဒဏ္ဍာရီ တစ်စောင်ထိုးသော်လဲး

နောင်ကျိုး တစ်ခါဆင်လိမ့်

ဆရာသွင် စပယ်ပန်းကို

လှမ်းလိုက်ကြလား။ "

ဦးဘသန်း၏ လေးဆစ်ကဗျာတစ်ပုဒ် ဖြစ်ပါတယ်..

စံပယ် အမျိုးအစားများတယ်. စံပယ်ဖြူက ၁၄ မျိုး နဲ့ စံပယ်ဝါက ၄မျိုး ရှိတယ်.. စံပယ်ဝါကိုတော့ တောင်ဥရောပတိုက် ၊ မြေထဲးပင်လယ် ၊ တရုတ် နှင့် နီပေါ(လ်) နိုင်ငံတွေမှာတွေ့ရတယ်.ဦးဘသန်း ရေးစပ်တဲ့ ကဗျာလေးကတော့ စံပယ်ဖြူအကြောင်းပဲး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်.. စံပယ်ဝါက မြန်မာပြည်မှာမရှိဘူးလေ..

ဟာ .ဟ .... မမီးကတော့ စံပယ်ဝါကို မြင်ဖူးဖို့ နေနေသာသာ စံပယ်ဖြူ ၁၄ မျိုးကိုတောင်စုံအောင် မတွေ့ဖူးပါဘူး...

မိုးသောက်ကြယ်


Wednesday, June 24, 2009

တွေးမိတွေးရာ...

ဒီနေ့ ရာသီဥတုက နည်းနည်းအေးတယ်.. မနက်ကတည်းက မိုးလေးတဖွဲးဖွဲးရွာနေတယ်.. အလုပ်လေးအားလို့ ကော်ဖီလေးသောက်ရင်း အပြင်လောကကိုလှမ်းကြည့်မိတယ် .. မိုးက သည်းသည်းမဲးမဲးရွာနေတယ်..ကားလမ်းမပေါ်မှာလည်းရေတွေဖွေးနေတာပဲး..မိုးစက်တွေကြားထဲးမှာ မြင်ရတဲ့ ကောင်းကင်ပြင်ကြီးက မှောင်ရိပ်သန်းနေပြီ.. မိုးစက်လေးတွေကလည်း မှန်ကိုလာရိုက်ပြီး ရေလုံးလေးတွေဖြစ်ပြီ လိမ့်ဆင်းသွားကြပါလား.. ငယ်ငယ်တုန်းကမိုးရွာရင်အရမ်းပျော်တာဘဲး.. ကျောင်းကအပြန်မိုးရေထဲးမှာ ခုန်ပေါက်စော့ပြီအိမ်ပြန်ခဲ့တာ.. ကျောင်းပိတ်ရက်မှာမိုးရွာရင် အိမ်ရှေ့မှာစီးနေတဲ့ မိုးရေတွေကို ထိုင်ကြည့်နေတယ်.. ရေတွေပေါ်ကို မိုးစက်တွေကျလာရင် ကျလာတဲ့မိုးစက်တွေဘေးကနေ လွင့်စင်ထွက်လာတဲ့ရေမှုန်လေးတွေ..ရေလုံးလေးတွေ လိမ့်ပြီး ရေစီးနဲ့အတူး မျောသွားတာကို ထိုင်ကြည့်နေတတ်တာ..မိုးရွာပြီးခါစမှာထွက်လာတတ်တဲ့ ပလူကောင်လေးတွေ ကိုလိုက်ဖမ်းရတာလည်းပျော်တယ်..ခြံထဲးမှာ မောင်နှမသုံးယောက် ခုန်ပြီးဖမ်းနေလိုက်ကြတာများ.. ကလေးတို့သဘာဝ အပူပင်မရှိ ကြောင့်ကျမဲ့ဘဝလေးတွေကို ပြန်မြင်ရောင်မိတယ်.. လူတို့ရဲ့သဘာဝအရ ပြန်မရနိုင်တော့တာကို တမ်းတမိပါတယ်.. အခုတော့အဲ့ဒါလေးတွေကို လွမ်းနေသလို ပလူကောင်လေးတွေကိုလဲးသနားမိတယ်..သူတို့ရဲ့အတောင်ပံလေးတွေက နုနုလေးတွေဆိုတော့ ဖမ်းလိုက်တဲ့အခါမှာ လက်နဲ့ထိပြီး ပြုတ်သွားတတ်ကြတယ်..သနားလိုက်တာ တစ်ချို့အကောင်လေးတွေကတော့ အတောင်ပံတစ်ဖတ်ဘဲးကျန်တယ် .. တစ်ချို့အကောင်လေးတွေကတော့ အတောင်ပံတွေမရှိတော့ဘူး ကိုယ်တုံးလုံးလေးတွေနဲ့ .. အဲ့ဒီတုန်းက ငရဲးဆိုတာကြောက်ပေမယ့် သတိမထားမိခဲ့လို့ပါ ပလူကောင်လေးရယ်..အခုတော့နင့်အတောင်ပံလေးကြိုးသွားတာ နင်ဘယ်လောက်နာမယ်ဆိုတာ ငါ ကိုယ်ချင်းစာတတ်ပါပြီဟာ... ဖွားဖွားကိုလည်းသတိရလိုက်တာ.. မေမြို့မိုးကစွေတတ်တယ်လေ.. တစ်ပတ်လုံးမိုးအေးရင်.. မမီးတို့ ကျောင်းဝတ်စုံလေးတွေ မခြောက်မှာစိုးလို့ မီးသွေးမီးဖိုကြီးဖိုပြီး အပေါ်က ဝါးကြမ်းစကာအုပ်စောင်းကြီးကိုအုပ် ပြီးတော့ အဲ့ဒီပေါ်မှာ မမီးတို့ အဖြူနဲ့အစိမ်းလေးတွေကို စိတ်ရှည်လက်ရှည် အခြောက်ခံပေးရှာတယ်.. ဖွားဖွားရယ် မမီးလွမ်းလိုက်တာ.. မမီးတို့နဲ့အတူလာနေပါနော်.. မေမြို့ကခြံထဲးမှာ သစ်ပင်တွေစိုက်ပြီး မမီးတို့မိသားစုနဲ့ အတူနေချင်ပေမယ့် မမီးတို့က အဝေးရောက်နေတော့. ဖွားဖွားမှာ မပျော်တဲ့နေရာမှာသွားနေရရှာတယ်.. ဒီဇင်ဘာ အိမ်ပြန်ရင်ဖွားဖွားနဲ့အတူ မေမြို့အိမ်မှာနေကြမယ်နော်..

တွေးလာလိုက်တာ ဘယ်တွေရောက်ကုန်မှန်းတောင် မသိတော့ဘူး.. ကော်ဖီတွေတောင်အေးကုန်ပြီ..
မိုးကတော့မတိတ်သေးပါဘူး..မိုးဖွဲးလေးကျနေတုန်း..

မိုးသောက်ကြယ်...



Tuesday, June 23, 2009

နေကြာခင်းလေး အကြောင်း....

သူငယ်ချင်းတစ်ယောက်နဲ့ အိမ်ကအကြောင်းလေး ပြောနေရင်းကနေ ငယ်ငယ်ကစိုက်ခဲ့တဲ့ နေကြာခင်း လေး အကြောင်းစကားစပ်မိလို့တောင် ပြောဖြစ်ခဲ့ကြသေးတယ်...
နေကြာက စက်တင်ဘာလလောက်မှာ စပြီးစိုက်ပျိုးရတာ.. မမီးလည်းသေချာတော့မသိဘူးနော်.. ဒါပေမယ့် မမီးစိုက်လိုက်တဲ့ နေကြာခင်းလေးကတော့ မတ်လ လောက်မှာ စိုက်လိုက်တာ..စိုက်လိုက်တဲ့နေရာကလည်း စတော်ဘယ်ရီ အခင်းကြားထဲးမှာလေ .. နေကြာပင်တွေကဖြစ်လိုက်တာ.. အပင်ကအရမ်းလည်းသန်တယ်.. ဖြစ်မှာပေါ့ စတော်ဘယ်ရီ ခင်းထဲးကို ဖျန်းသမျှဆေး.. သူကရနေတာကိုး.. အဖူးလေးတွေဖူးတော့လည်း ကြိုက်တဲ့အဖူးလေးကိုချန်ပြီး မကြိုက်တဲ့အဖူးတွေကို စိတ်ရှည် လက်ရှည်ချွေတာပေါ့.. အပွင့်လေးတွေပွင့်လာတော့လည်း နေကြာပွင့်တွေက အကြီးကြီးတွေ .. လှလည်းအရမ်းလှတယ်..စိုက်တဲ့နေရာက အိမ်က အုတ်တံတိုင်းနားလေ အပွင့်က အုတ်တံတိုင်းကျော်ပွင့်တော့ ခြံအပြင်ကနေကိုမြင်နေရတယ်.. အိမ်လာသမျှလူတွေတင်ဘယ်ဟုတ်မလဲး လမ်းသွားလမ်းလာပါ နေကြာပင်ကိုမကြည့်ဘဲးမနေနိုင်ကြဘူး.. ကြည့်ကြည့်သွားကြတာ..အဲ့ဒါလေးကိုဘဲးပျော်နေတာ..
အိမ်ကမေမေတို့ကလည်း စိုက်ခါစတော့ အချိန်အခါမဟုတ်စိုက်လို့ အပြစ်ပြောချင်ပေမယ့် အပွင့်မြင်တော့ မပြောရက်ဖြစ်နေကြတာ..
အိမ်ကိုလာတဲ့သူတိုင်းကလည်းနေကြာခင်းကို အားကျနေကြတာ..
ဟဲး.ဟဲး.. မမီးမျက်နှာလည်းနေကြာပွင့်လိုဘဲး စပ်ဖြဲးဖြဲးနဲ့ဖြစ်နေတာပေါ့..
နေကြာပွင့်တွေလည်းရော်ပြီး ရင့်လာတော့ ခုတ်လည်းခုတ်ရော..ဟာ..ခဲးလေသမျှ သဲးရေကြပါ ဘဲး..အရှက်ကိုကွဲးရော..နေကြာစေ့တိုင်းမှာအဆန်ပါမလာဘူး.. အကုန်ပိန်ညှောင်နေတာဘဲး..ပွင့်လိုက်တဲ့အပွင့်ကြီးမှအားမနာ တကယ်တစ်စေ့မှ အဆန်မပါလာဘူး.. အမျိုးကိုပြုတ်ရော.. ထပ်တောင်စိုက်ဖို့မျိုးတောင်မရဘူး..

မိုးသောက်ကြယ်

Sunday, June 21, 2009

သုနိက္ခိတ္တနတ်သား

တစ်ခါတုန်းက ကသပဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူတဲ့အခါကြွင်းကျန်တဲ့ ဓာတ်တော်တွေကို ဌာပနာပြီး ရွှေစေတီတည်ပါတယ် ။ အရပ်လေးမျက်နှာက ပရိသတ်အပေါင်းကလည်း ပန်းနံသာတွေနဲ့ ရွှေစေတီကို ပူဇော်ကြပါတယ် ။ ပန်းတွေနဲ့ ပူဇော်ပွဲးမှာ မထင်ရှာတဲ့ အမျိုးသားလေးတစ်ယောက်လည်း ပါပါတယ်။ပူဇော်တဲ့သူတွေလည်းပြန်သွားတဲ့အ ခါ အမျိုးသားငယ်က ပန်းတင်လှုတာတွေ အညီမညာဖြစ်နေတာတွေ့ ရတဲ့အတွက် ကြည့်လို့ကောင်းအောင် ပြုပြင်ပြီး ပြန်ပူဇော်ပါတယ် ။ ဒါတင်မကဘူး သူများလှူခဲ့တဲ့ပန်းတွေကို လည်း ပြန်ပြုပြင်ပြီး အဲ့ဒီပူဇော်မှုကိုပဲး အာရုံပြုပြီး မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို ပွားပါတယ် ။ ဂုဏ်တော်ပွားတဲ့အခါ စိတ်ကကြည်ကြည်လင်လင် ဖြစ်ပါတယ်။ ပြုတဲ့ကောင်းမှုကို နှလုံးသားထဲး ထည့်ထားလိုက်ပါတယ်။သက်တမ်းစေ့လို့ ကွယ်လွန်တဲ့အခါ မညီမညာဖြစ်နေတဲ့ ပန်းတွေကို ပြုပြင်ပြီး ပူဇော်ခဲ့တဲ့ကုသိုလ်ကံကြော င့် တာဝတိံသာနတ်ပြည်မှာ သုနိက္ခိတ္တနတ်သားရယ်လို့ဖြစ်ပါတယ်။ မြန်မာလိုပြောရင်တော့ “ကောင်းကောင်းထား” ပါ ။ တန်ခိုးအာနုဘော်ကြီးသလို အခြံအရံတွေလည်း များစွာရပါတယ် ။ဂေါတမမြတ်စွာဘုရားရှင် ပွင့်တော်မူတဲ့အခါ ရှင်မဟာမောဂ္ပလာန်မထေမြတ် တာဝတိံသာနတ်ပြည် ကိုရောက်လာပြီး ဘယ်လိုကုသိုလ်တွေပြုခဲ့လို့  ဒီစည်းစိမ်တွေရတာလဲးလို့ ကောင်းကောင်းထားနတ်သားကို မေးတော်မူတယ် ။ဒီတော့ နတ်သားက “ တပည့်တော်ဟာ ရွှေစေတီမှာ ဖရိုဖရဲး မညီမညာ တင်ထားတဲ့ပန်းတွေကို ကြည့်လို့ကောင်းအောင် ကြည်ညိုဖွယ်ဖြစ်အောင် ပြန်ပြုပြင်ပြီး ပူဇော်ခဲ့ပါတယ်ဘုရား။အဲ့ဒီကုသို လ်ကြောင့် ဒီနတ်စည်းစိမ်တွေကို ခံစားနေရပါတယ်ဘုရား” လို့လျှောက်ပြပါတယ် ။အရှင်မဟာမောဂ္ပလာန်က လူ့ပြည်ပြန်ရောက်တဲ့အခါ ဒီအကြောင်းကို မြတ်စွာဘုရားကို ပြန်လျှောက်ကြပါတယ် ။ မြတ်စွာဘုရားရှင်ကလည်း ဒီအကြောင်းကိုပဲး လူပရိသတ်ကို ပြန်ဟောပြပေးတော်မူပါတယ်။မြတ်စွာဘုရားရဲ့တရားကို နာကြားရတဲ့ ပရိသတ်တွေဟာ သုနိက္ခိတ္တနတ်သားကို အားကျပြီး “ ငါတို့လည်းသုနိက္ခိတ္တနတ်သား လို ပိုက်ဆံကုန်စရာမလိုဘဲး သူများလှူတဲ့ပန်းကို ကြည်ညိုဖွယ်ဖြစ်အောင် ပြန်ပြုပြင်ပူဇော်ရင် နတ်စည်းစိမ်ကိုရလိမ့်မယ်” လို့ နှလုံးသွင်းပြီ စေတီတော်ကို ရောက်တဲ့အခါ သူများတင်လှူပြီးသား ပန်းတွေကို ကြည်ညိုဘွယ်ဖြစ်အောင် ပြုပြင်ပြီး ပြန်ပူဇော်ကြပါတယ် ။ အဲဒီ ကုသိုလ်ကြောင့်ပဲ သူတို့လည်း နတ်ပြည်ရောက်ကြပါတယ်တဲ့ ။

(ဝိမာနဝထ္ထု အဠကထာ ၊ သုနိက္ခိတ္တနတ်သား ဝထ္ထု)

ဖြစ်ပြီးတဲ့ အကုသိုလ်ကို ဘယ်လိုပယ်မလဲး
အရှင်ရာဇိန္ဒ ( ရဝေနွယ် - အင်းမ ) မှ ကောက်နှုတ်တင်ပြသည် ။

သုလသာ

တစ်ခါတုန်းက သုလသာဆိုတဲ့ ပြည်တန်ဆာမ တစ်ယောက်ရှိခဲ့ဖူးတယ်။ တစ်နေ့တော့ မင်းချင်းတွေက သူခိုးတစ်ယောက်ကို လက်ပြန်ကြိုးတုပ် ကြိမ်လုံးနဲ့ရိုက်ရင်း ခေါင်းဖြတ်သတ်ဖို့ခေါ်ခဲ့ပါ တယ်။ ဒါကို လေသာပြတင်းက ကြည့်နေတဲ့ သုလသာက မြင်သွားပါတယ် ။ သူခိုးကိုမြင်လိုက်ရတယ် တိုရင်ပဲ ချစ်တဲ့စိတ်ဖြစ်သွားရပါသတဲ့  ။ ဒါကြေင့် မြို့စောင့်ကို အသပြာတစ်ထောင်ပေးပြီး လူမသိအောင် လွှတ်စေပါတယ်။ ပြီးတော့ အိမ်ခေါ်ပြီး ခင်ပွန်းအဖြစ် ယူလိုက်ပါတယ် ။ ဒါပေမယ့် သူခိုးက သူ့စရိုက်အရ သုံး လေးရက်နေတော့ မနေတတ်တော့ပါဘူး ။ ဒီအတိုင်း ဆင်းသွားပြန်ရင်လည်းဘာမှရမှာ မဟုတ်ဘူး ။ လက်ချည့်မဆင်းချင်တော့ သူခိုးစိတ်ဓာတ်နဲ့ပဲ “မိန်းမရေ…. တောင်ပေါ်မှာရှိတဲ့ ရုက္ခစိုးနတ်ကို ပူဇော်ရအောင် ရှိသမျှ အဆင်တန်ဆာတွေလည်း အကုန်ထုတ်ဝတ်ခဲ့” ဆိုပြီး ညာခေါ်ခဲ့ပါတယ် ။ သုလသာ လည်း ချစ်တဲ့စိတ် တစ်ခုပဲရှိတာဆိုတော့ ဘာမှစဉ်းစားမနေတော့ဘဲ ယုံယုံကြည်ကြည်နဲ့ လိုက်ခဲ့ပါတယ် ။ သူခိုးကတောင်ပေါ်ရောက်တာနဲ့ သူ့အကြံအတိုင်း သုလသာကို သတ်ဖို့ပြင်ပါတော့တယ် ။ အဲ့ဒီကျမှ သုလသာက ကြောက်ကြောက်လန့်လန့်နဲ့ တောင်းပန်ပါတယ် ။ သူခိုးက “မိန်းမရေ ဝတ်ထားတာတွေသာ ချွတ်လိုက်စမ်းပါ ။ ငိုမနေနဲ့ ၊ ငါ့ရာဇဝင်မှာ လူမသတ်ပဲ ပစ္စည်းပဲယူသွားတယ်ဆိုတာ မရှိခဲ့ဖူးဘူး ” လို့ပြောလိုက်ပါတယ် ။သုလသာလည်း မရမှန်းသိတော့ “ဒါဖြင့်လည်း ကောင်းပါပြီ မောင်ရယ် ။ ကျွန်မဘဝမှာ မောင့်ထက် ပိုချစ်ရတဲ့သူ မရှိခဲ့ပါဘူး ။ ဒါကြောင့် မသေခင်လေး မောင့်လိုလက်ယာရစ်လှည့်ပြီး ဟိုဘက် ဒီဘက် ကနေ အားရ အောင် ကန်တော့ပါရစေဦး” လို့ တောင်းပန်ပါတယ် ။ သူခိုးလည်းနောက်ဆုံးအခွင့်အရေးအ နေ နဲ့ ခွင့်ပြုပေးလိုက်တယ် ။သုလသာ လည်း သုံးကြိမ် လက်ယာရစ် အားရအောင် ကန်တော့ပါတယ်။ အနောက်ဖက်လည်းရောက်ရော ရှိခိုးသလိုလုပ်ပြီး တောင်အောက်ကို တွန်းချပစ်လိုက်ပါတယ် ။ဒါတွေကို တောင်စောင့်နတ်က “လောကကြီး မှာ အခါခပ်သိမ်း ယောင်္ကျားတွေသာ ပညာရှိတာ မဟုတ်ဘူး ။ မိန်းမတွေလည်း ပညာရှိပါတယ် ”ဆိုပြီး ဂါထာတွေနဲ့ ချီးမွမ်းပါတယ် ။

ဒီနေရာမှာ ပညာ နဲ့ သီလ ဘယ်ဟာကို ရွေးမလဲး ….???

ဖြစ်ပြီးတဲ့ အကုသိုလ်ကို ဘယ်လိုပယ်မလဲ
အရှင်ရာဇိန္ဒ ( ရဝေနွယ် - အင်းမ ) မှ ကောက်နှုတ်တင်ပြသည်

Friday, June 19, 2009

ဇဋိလသူဌေးလောင်း

ဇဋိလသူဌေးလောင်းက ကဿပဘုရားရှင်လက်ထက်မှာ ရွှေပန်းထိမ်သည်ပါ ။ သဒ္ဒါ တရားလည်းကောင်းသူပါ ။ တစ်နေ့တော့ဇနီးလုပ်သူနဲ့ စကားများ ရန်ဖြစ်ကြပါတယ် ။ ရန်ဖြစ်ပြီးစထိုင်နေဆဲမှာပဲ ရဟန္တာရှင်မြတ်တစ်ပါးက ကဿပဘုရားရှင် စံတော်မူပြီး ဓာတုစေတီတည်တဲ့အခါ ရွှေလိုနေတဲ့အတွက် ရွှေလိုနေကြောင်းသိလောလို့မိန့်ပါတယ်။ မိန်းမကို စိတ်ထဲးကစိတ်ဆိုးနေတာဆိုတော့ “အရှင်ဘုရား ရဲ့ ဘုရား ရေထဲးပြစ်ချလိုက် ” လို့ပြောပြစ်လိုက်ပါတယ် ။ဒီစကားသံကြားတော့ ဇနီးလုပ်သူက စိုးရိမ်ထိတ်လန့်သွားပြီး “ရှင်စိတ်ဆိုးချင်ရင် ကျွန်မကို ဆိုးပါ ။ ဘာဖြစ်လို့ဘုရာရှင်ကို ရန်လုပ်နေတာလဲး ” လို့သတိပေးလိုက်ပါတယ် ။ပါရမီပါခဲ့သူ ၊ သတိရှိသူဆိုတော့ ချက်ချင်းပဲ အမှားကိုသိပြီး သံဝေဂဖြစ်သွားပါတယ် ။ ရဟန္တာအရှင်မြတ်ကိုပဲ လက်အုပ်ချီပြီး “အရှင်ဘုရား…တပည့်တော်ကို ခွင့်လွှတ်သည်းခံပါဘုရား” လို့ လျှောက်ပါတယ် ။ အရှင်မြတ်က “ဒကာ သင်က ငါ့ကိုပြစ်မှားတာမဟုတ်ဘူး ၊ ဘုရားရှင်ကိုပြစ်မှားတာ ၊ ဘုရားရှင်ကိုပဲ ကန်တော့ ” လို့မိန့်ပါတယ် ။ ကြောက်ကြောက်လန့်လန့်နဲ့ပဲ “ဘယ်လိုကန်တော့ရမှာလဲ” လို့ ထပ်မေးပါတယ် ။ အရှင်မြတ်ကလည်း ရွှေပန်းအိုး သုံးအိုးလုပ်ပြီး ဓာတ်တော်အတွင်းမှာ ဌာပနာသွင်းပြီးကန်တော့ ဖို့ပြောကြားပါတယ် ။ ဇဋိလသူဌေးလောင်းလည်း အရှင်မြတ်ပြောတဲ့ အတိုင်း ကန်တော့ပါတယ် ။ ဒီလိုအကုသိုလ်မျိုးကို ဘယ်တော့မှ မပြုတော့ဘဲ ကုသိုလ်တွေ ဆက်ကာဆက်ကာ ပြုနေသွားတော့တာပါ ။

ဖြစ်ပြီးတဲ့ အကုသိုလ်ကို ဘယ်လိုပယ်မလဲ
အရှင်ရာဇိန္ဒ ( ရဝေနွယ် - အင်းမ ) မှ ကောက်နှုတ်တင်ပြသည် ။

Thursday, June 18, 2009

ကုသိုလ်ဖြစ်ဖို့ လိုရင်းပါ

တစ်ခါတုန်းက အနာထပိဏ်သူဌေးကြီးမှာ မြေးမကလေးတစ်ယောက် ရှိပါတယ် ။ တစ်နေ့ မှားတော့ အဲ့ဒီ မြေးလေးကို သူ့ အထိန်းတော်အမျိုးသမီးက မုန့် ညက်နဲ့ လုပ်ထားတဲ့ မိန်းမအရုပ်ကလေးကိုပေးပြီး “အဲ့ဒါ သင့်ရဲ့သမီးလေးနော် ၊ ဒါလေးကိုယူသွားပြီးကစား” လို့ ပေးလိုက်ပါတယ် ။ မြေးငယ်လေးလည်း မုန်ညက်ရုပ်ကလေးကို သူ့ ရဲ့သမီးလေးဆိုပြီး စိတ်ထဲး စွဲးသွားပါတယ် ။ တစ်နေ့ တော့ မြေးငယ်မလေးက မုန့် ညက်ရုပ်ကလေးနဲ့  ကစားရင်း လွတ်ကျပြီးကွဲးသွားပါတယ် ။ ဒီတော့ မြေးမလေးက “ငါ့သမီးလေး သေသွားပြီ” ဆိုပြိး ငိုတော့တာပါ ။ ဘယ်သူချော့ချော့ ချော့လို့ မရတော့ပါဘူး ။ သူ့ စိတ်ထဲးမှာ သူ့ သမီးလေးသေသွားပြီလို့ ပဲး ထင်သွားတော့တာပါ ။ ဒီအချိန်မှာ မြတ်စွာဘုရားကျပ်ရှင်က အနာထပိဏ် သူဌေးအိမ်မှာ ရောက်ရှိသီတင်းသုံးနေချိန် ပါ ။ အနာထပိဏ်သူဌေးကလညး မြတ်စွာဘုရားရဲ့အနားမှာ ထိုင်နေချိန်ပါ ။ အထိန်းအမျိုးသမီးက ငိုနေသော မြေးမလေးကို အနာထပိဏ်သူဌေးဆီ ခေါ်ခဲ့လိုက်ပါတယ် ။ ပြီးတော့အကြိုးအကြောင်းလည်း ပြောပြလိုက်ပါတယ် ။ ဒီတော့ သူဌေးကြီးကမြေးမလေးကို ရင်ခွင်ထဲးထည့်ပြီး “သေသွားတဲ့ သင့်ရဲ့သမှးလေးအတွက် ရည်စူးပြီး ကုသိုလ်ကောင်းမှုပြုပေးမယ်နော်… . တိတ် တိတ် ” လို့ ပြောပြီး အနာမှာရှိတော်မူနေတဲ့ ဘုရားရှင်ကို “မြတ်စွာဘုရား…… တပည့်တော်ရဲ့ မြေးမလေးရဲ့ သမီးလေးကို ရည်စူးပြီး အလှူဒါန ပြုပေးလိုပါတယ် ဘုရား.. ။ ဒါကြောင့် တပည့်တော်အိမ်ကို ရဟန်းငါးရာနဲ့ တကွ မနက်ဖြန် ဆွမ်းဘုဉ်းပေကြွတော်မူပါဘုရား.. ” လို့ ဖိတ်လိုက်ပါတယ် ။ မြတ်စွာဘုရားကလည်း ဆိတ်ဆိတ်နေပြီး လက်ခံတော်မူပါတယ် ။ ဒီနေရာမှာ မြတ်စွာဘုရားက “သူဌေးကြီးကလညး သက်မဲ့အရုပ်သေသွားတာ ဆွမ်ကပ်ရတယ်လို့ ၊ မလုပ်သင့်တာတွေ မလုပ်စမ်းပါနဲ့  ” လို့ ဆိုပြီး မတားမြစ်ပါဘူး ။ မုန်ညက်ရုပ်ကလေးအတွက် ဆွမ်းအလှူလက်ခံတော်မူပါတယ် ။ ဒီလိုနဲ့  မနက်ကြတော့ ဘုရားရှင်နဲ့  သံဃာငါးရာကို ဆွမ်းကပ်ဖြစ်ကြတယ် ။ မြတ်စွာဘုရားကလည်း ဆွမ်းအနုမောဒနာတရား ဂါထာလေးပုဒ်ကို ဟောပြပေးပါတယ် ။ ဒီအကြောင်းကို သူဌေးကတော်ကြီးနဲ့  ဆွေမျိုးတွေကြားတော့ သူဌေးကြီးကို အတုလိုက်ပြီး မုန်ညက်ရုပ်ကလေးအတွက် နောက်ရက်မှာ မြတ်စွာဘုရားအမှူးရှိတဲ့ ရဟန်းတော်တွေကို သုံးလပတ်လုံး ဆွမ်းကပ်ပေးပြန်ပါတယ် ။ တစ်ခါ ပသေနဒီကောသလမင်းကြီးကြားပြန်တော့  ဘုရားအမှူးရှိတဲ့ ရဟန်းတော်တွေကို နန်းတော်ပင့်ပြီး မုန်ညက်ရုပ်ကလေးအတွက် ဆွမ်းကပ်ပေးပြန်ပါတယ် ။ ကောသလမင်းကြီး ဆွမ်းကပ်တာကို မြို့သူ မြို့သားတွေ မြင်ရကြားရတော့ မြို့သူ မြို့သားတွေကလည်း ဘုရားအမှူးရှိတဲ့ ရဟန်းတော်တွေကို ပင့်ပြီး မုန်ညက်ရုပ်ကလေးအတွက် တစ်လပတ်လုံး ဆွမ်းကပ်ပေးပြန်ရော။မုန်ညက်ရုပ်လေးကို အကြောင်းပြုပြီး အဆင့်ဆင့် ကုသိုလ်တွေဖြစ်သွားကြတော့တာပါ ။ မြင်ရကြားရသူတွေကလည်း “ဟာ …. သူဌေးကြီးကလညး ပေါက်ကရတွေ လုပ်နေပြန်ပြီ ” လို့  ဘယ်သူမှ မဝေဖန်ကြပါဘူး ။ မဝေဖန်တဲ့အပြင် သူဌေးကြီးကို အတုလိုက်ပြီးတောင် ကုသိုလ်တွေဝိုင်းပြီးပြုေးလိုက် ကြတာပါ ။ ဘယ်လိုပုံစံနဲ့ ပြုပြု ပြုတဲ့သူတွေအတွက် ကုသိုလ်တွေဖြစ်သွားတာပါ။

(ပေတဝထ္ဘုအဠကထာ ၊ ပိဠဓီတကပေတဝထ္ဘု)
ဖြစ်ပြီးတဲ့ အကုသိုလ်ကို ဘယ်လိုပယ်မလဲ အရှင်ရာဇိန္ဒ ( ရဝေနွယ် - အင်းမ ) မှ ကောက်နှုတ်တင်ပြသည် ။

မိဘတိုင်းသိစေချင်ပါတယ်..

မိုးသောက် မနေ့ ကကြုံတွေခဲ့ရတဲ့ အဖြစ်လေးပါ။
မိုးသောက်တို့  ငယ်ငယ်တုန်းကသင်ခဲ့ရတဲ့ ပြည်သူ့ နီတိက ဘယ်လောက်အရေးကြီးတယ်ဆိုတာရ ယ်၊ ပြီးတော့ရယ်စရာလေးလည်းဖြစ်တာပေါ့ ။မိုးသောက်မှာ ညီမဝမ်းကွဲးလေးတစ်ယောက်ရှိတယ်။အ သက်က ၅ နှစ်ပြည့်တော့မှာ မိုးသောက်တို့ နဲ့ အတူနေတယ် ၊ ဖူးဖူး တဲ့ ၊ စင်ကာပူ မှာမွေးပြီး ကျောင်းတတ်နေတော့ မြန်မာစကားနဲ့ မြန်မာစာကို မိုးသောက်တို့  အရမ်းသင်ရတယ် ။အရေးကြီးတာပြည်သူ့ နီတိပေါ့ ။ ဥပမာ (လူ ဆိုရင် ၂ ယောက် ၊ ခွေး ဆိုရင် ၂ ကောင် ၊ သံဃာ ဆိုရင် ၂ ပါး ) စသည်ဖြင့် ပေါ့ ။ပြီးခဲ့တဲ့ အင်္ဂါနေ့ က မိုးသောက်သူငယ်ချင်းမွေးနေ့ ပွဲးက နှင်းဆီပန်း တစ်ပွင့် မိုးသောက်ကြိုက်လို့  တောင်းယူလာခဲ့တယ် ။ ဝါးပိုးနှင်းဆီ လို့  ခေါ်ကြတယ် ၊ ပန်းကအဖြူရောင်ညစ်ညစ်လေး ၊ ပွင့်တော့မယ် စဲးစဲး အငုံလေ ကိုယူလာခဲ့တာ ။မိုးသောက်လည်း အိမ်ရောက်တော့ စာပွဲးပေါ်ကပန်းအိုးထဲး ထိုးထားလိုက်တယ် ။ ဖူးဖူးက သူသတိရတိုင်းအဲ့ဒီ ပန်အိုးကိုသွားသွားကြည့်တယ် ။ မိုးသောက်ထင်တာက ပန်းအိုးထဲးကရေစိမ်ထားတဲ့ ဓါတ်မြေသြဇာ အတုံးလေးတွေကို သူဆော့ချင်နေတာလို့ ထင်နေတာ။မနေ့ နံနက် က မိုးသောက် အလုပ်သွားဖို့ ပြင်နေတုန်း ဖူးဖူးက “ပေါက်ပြီ .. ပေါက်ပြီ..” လို့ ထအော် တော့ မိုးသောက်လည်း ဖူးဖူး ဘာမျာဖြစ်လဲးဆိုပြီးလန့် ပြီး အိပ်ခန်းထဲးကပြေးထွက်လာတယ် ၊ အန်တီလည်း သူ့ သမီး ဘာမျာဖြစ်လဲးဆိုပြီး မီးဖိုခန်းထဲးကနေ ပျာပျာသလဲး ပြေးထွက်လာတယ် ။ ဖူးဖူးကတော့ ဧည့်ခန်းထဲးမှာ ခုန်ပေါက်လို့  “ပေါက်ပြီ … ပေါက်ပြီ ..” လို့ အော်နေတယ် ။ဖူးဖူး ဘာဖြစ်လဲးမေးတော့မှ “ flower ပေါက်ပြီလေ မာမား ရဲ့ ” တဲ့ ။အဲ့ဒီကျမှဘဲး သူ့ ရဲ “့ပေါက်ပြီ” ဆိုတာကိုနားလည်တော့တယ်။ မိုးသောက်က စာအုပ်လေးထဲးမှာ ငှက်ဥကလေးက ကွဲးပြီးပွင့်လာတဲ့ ပုံလေးကို “ငှက်ကလေး အကောင် ပေါက် လာပြီ" လို့ သင်ပေးခဲ့တယ်။ နှင်းဆီပန်းလေး ပွင့်အာလာတာကိုတော့ “ပန်းကလေး ပွင့် လာပြီ”လို့  မိုးသောက် မသင်ပေးခဲ့မိဘူးလေ။
အခုတော့ ဖူးဖူးကို မိုးသောက်ရော.. အန်တီရော..ဖွားဖွားရော ဝိုင်းပြီး မြန်မာစာ မြန်မာစကားကို သင်ပေးနေပါတယ်.. ကြိုးစားသင်နေတဲ့ အကြောင်းကတော့ ကလေးမှာ ဘာသာပျောက်သွားမှာကို အဓိက ဆိုးရိမ်လို့ပါ..ကလေးတစ်ယောက်လိမ္မာရေးခြားရှိအောင် ဘာသာရေးနဲ့ယှဉ်ပြီး ဆုံးမရပါတယ်..
ပြီးတော့ မြန်မာလူမျိုးတစ်ယောက်က မြန်မာစကားမတတ်ခဲ့ရင် တွေးကြည့်ပါ အလွန်ရှက်ဖို့ကောင်းပါတယ်..
လူကြားထဲးရောက်လို့ ကိုယ့်မိသားစုအတွင်းရေးဆွေးနွေးချင်ရင်တောင် သူများနားမလည်နိုင်ပြောစရာစကား ကိုယ့်ဘာသာစကားကိုသုံးရတော့မယ့် အချိန်မှာ သူအတွက်အခက်အခဲးတွေအများကြီးရှိပါတယ်..
တစ်ချို့မိဘတွေက ကလေး မြန်မာစကားမပြောတတ်တာကို ဂုဏ်ယူနေတတ်တာ.. အမှားဆုံးဘဲး.. ကလေးအတွက် ကြီးလာချိန်မှာတော်တော်နောင်ရစရာပါ..စာကိုမသင်နိုင်တောင် စကားကိုတတ်ထားသင့်တယ်..နားလည်သင့်တယ်လို့ ထင်ပါတယ်..


မိုးသောက်ကြယ်

Wednesday, June 17, 2009

သတိရလျှက်ပါ GTC

အခုလိုအလုပ်ထဲးရောက်တော့ ငယ်ငယ် ကလွတ်လွတ်လပ်လပ် နဲ့ အပူပင်ကင်းခဲ့တဲ့ဘဝလေးကို ပြန်တမ်းတမိတယ်…တွေးမိတိုင်း ပြန်လိုချင်မိတယ် သူငယ်ချင်းတို့ရယ်..
Engineer ဖြစ်လာမယ့်သူလောင်းလျှာတွေကို Drawing သင်ပေးခဲ့တဲ့ လက်ဦးဆရာ ဆရာဦးမြတ်သူ ရဲ့ကျေးဇူးကိုလဲး အောက်မေ့မိပါတယ်.. ISO ပုံတွေဆွဲးတိုင်းမှာ Dimension မလိုတာကိုမေးမိတိုင်း “ လိုလို့လား” လို့ ပြန်မေးတတ်တဲ့ ဆရာအသံကို မှတ်မိနေသေးတယ်..Drawing Paper မှာ ခဲးရာတွေနဲ့ ညစ်ပတ်နေရင်လဲး သတင်းစာ စက္ကူနဲ့တူနေပြီလို့အပြောခံရတယ်..ခဲးသားကိုတစ်မျိုးထည်းသုံးရင်၊ ခဲးတံချွန်တာမှားနေရင် အမြဲးလက်ခေါက်ရိုက်တတ်တဲ့ ဆရာ့ကျေးဇူးတွေမမေ့နိုင်ပါဘူးဆရာ... အတိုင်းအတာလေးလွဲးသွားလို့ သီချင်းလေး ဆိုမိပါတယ်.ခဲးဖျက်နဲ့ထုခံရတယ်.. “ နည်းနည်းလေးတော့လွဲးနေတယ်..လွဲးလွဲးလေးဘဲးကောင်းပါတယ်..” ဟီး… တော်သေးတယ် ခဲးဖျက်က သေးသေးလေးမို့လို့…
1st year ကျောင်းစတတ်တော့လည်း roll-call လာကောက်သလိုနဲ့ နာမည်တွေအကုန်လိုက်မေးသွားတဲ့ ကိုမျိုးမြင့်ဇော်.. အအေးဗူးလုသောက်သွားတာ ပြန်ပေးရမှာမမေ့နဲ့.. Chemistry သင်တဲ့ ဆရာမ ဒေါ်ယဉ်မေသန့် အချိန်မှာ ငြိမ်နေလို့ စာကြည့်နေလားဆိုပြီး အနောက်တန်းကနေလာချောင်းတဲ့ ရန်နောင်ဗိုလ်ရေ..ပုံဆွဲးနေတာတွေ့တော့ နင် ငါ့အစ်မ (ဆရာမ)ကိုပြန်မတိုင်တာ ငါကံကောင်းတယ်..ငါ့ပုံဆွဲးနေတာသူမသိဘူးဟ ..စာကလည်းစိတ်မဝင်စားလို့ပါ.. အစ်မသင်နေတာဆိုတော့ အတန်းကလည်းမလစ်ရဲးဘူးလေဟယ်.. လစ်ရင် မေမေနဲ့တိုင်မှာဟ..
မင်းကိုကိုမောင်ရေ.. စာသင်ခုံရှေ့က state ပေါ်မှာ နင် model လျှောက်တာ အမှတ်ပေးတဲ့ ဒိုင်က ငါရယ်၊ အိမြတ်ဖြိုးဇော် ရယ် သက်ဆွေဇင်ရယ်လေ.. ခေါက်ထီးအမဲးရောင်နဲ့ ပြိုင်ဘက်ကင်းတဲ့ ကြက်ဆင်မယ် နင့်ကို ငါတို့ဒိုင်တွေရွေးခဲ့တာလေ မှတ်မိသေးလား…
သက်ဆွေဇင်ကောင်မစုတ်ရေ.. ဆရာကန်တော့ပွဲး နေ့က နင်နဲ့ငါနဲ့ ရိုက်ထားတဲ့ ဓါတ်ပုံတွေ နင်ငါ့မပေးဘဲးအကုန်သိမ်းသွားတာ.. ကောင်မစုတ်လေး..အဲ့ဒီပုံတွေအခုဘယ်မှာလဲး..
အိပုန့်အစုတ်ပလုပ်မရေ.. နင်နဲ့ ခိုင်မော်သွေး ချိန်းတွေ့ပြီးလျှောက်လည်တာလေ.. နင့်ထမင်းချိုင့် နဲ့ ငသွေးလွယ်အိတ်ကို ငါ့ဆီပေးထားခဲ့ကြတာ.. အတန်းဆင်းလို့အိမ်ပြန်ချိန်တောင်ရောက်မလာဘူး
အိမ်ပြန်ရမှာတောင့်မေ့နေကြတယ်.. နင်တို့ထမင်းချိုင့်နဲ့ လွယ်အိတ်ကို အလေးခံပြီး မန္တလေးထိ သယ်သွားရတယ်..နင့်ချိုင့်ကနံမှာစိုးလို့ငါ့မှာဆေးပေးရသေးတယ် .. နောက်နေ့မနက်တော့ Canteen ကို ငသွေးရောက်လာတယ်.. ရုပ်က စပ်ဖြဲးဖြဲးနဲ့ “ လွယ်အိတ်ထဲးမှာအခန်းသော့ပါသွားတာ ငါညကအခန်းထဲးဝင်လို့မရလို့ သူများအခန်းမှာ အိပ်ရတယ်” တဲ့ မျက်နှာတောင်မသစ်ခဲ့ဘူးထင်တယ်..ညစ်ပတ်လိုက်တာ ငသွေးရာ…
မနက်ဆိုလဲး စောကြီး ၅ နာရီလောက်ထ ရေချိုးအဝတ်စားလဲးပြီးတာနဲ့ ရွှေမန်းမေလာမယ့် ၈၂ လမ်း ၃၄ လမ်းထောင့်ကိုသွားစောင့်ရတယ်.. ငါမလာသေးရင် မျှော်နေတတ်တဲ့ အမ်မီအောင်ဆန်းရေ..ငါနင့်ကိုလည်းသတိရပါတယ်.. မှတ်မိသေးလား..နင်စားချင်တဲ့canteenကို တစ်ခါလောက်လိုက်စားပေးပါဆိုလို့ လိုက်စားတာ ကြာစံကြော်က သာရေပင်ကိုကြော်ထားအလိုဘဲး
ဝါးမရလို့ ငါ့မနက်စာက ကော်ဖီတစ်ခွက်နဲ့ပြီးခဲ့ရတာ .. နင်တော်တော်ဆိုးတယ်ဟာ..
မနက် New Country ကိုရောက်တာနဲ့ ကျောင်းကားတွေပေါ်ဆင်းလာကြတဲ့ ကျောင်းသားတွေရဲ့ သာယာနာပျော်ဖွယ် မိတ်ဆက်သံတွေကြားရတော့တာပါဘဲး.. မပြောတော့ပါဘူး.. မကြားသာတဲ့အသံတွေမိုလေ..
ငါတော်တော်ဆိုးခဲ့တာနော်.. အတန်းထဲးမှာ ထိုင်တော့ရှေ့ဆုံးကခုံမှာ ..ဆရာမတွေရောက်ပြီးမှ ငါအမြဲးရောက်တယ်.. အတန်းကလည်းလစ်လိုက်တာမပြောပါနဲ့ အတန်းမှတ်မိတာတောင် ကျေးဇူးတင်ကြရမယ်.. ငါမတတ်ချင်လို့မဟုတ်ပါဘူးဟာ ငါ့သူငယ်ချင်းတွေ နေရာကျယ်ကျယ်ထိုင်ရအောင်လို့ပါ.. နော် အိပုန့် ၊ အိမွန်မွန်မျိုး တို့ ဖြုဖြုသင်းတို့ရေ..
ပြန်ရင် ကျောင်းကားနေရာ အမြဲးပေးတဲ့ ပိုင်ဖြိုးသူရေ..ငါလဲးနင့်ကိုမမေ့ပါဘူး.. နင့်ရည်းစားပေါင်းများစွာရဲ့ အကြောင်းကို ငါမငြီးအငြူ နားထောင်ပေးရတယ်..ပျက်သွားတဲ့ရည်းစားအရေအတွက်ကိုလည်း လက်ချိုးရေတာ နင့်လက်မလောက်လို့ ငါ့လက်ပါ ငှားခဲ့ရတယ် ကောင်စုတ်..
ကျောက်ဆည်ကနေ မန္တလေး အပြန် မြစ်ငယ်တံတားထိပ်မှာကျောင်းကားရပ်တိုင်း ငါဝယ်တဲ့ ငုံးဥက ငါကိုမစားရဘူး . “ ငုံဥက ငုံးမဖင်ကထွက်တာ .. ငုံးမကညစ်ပတ်တယ်.. ဥပြီးတာတောင်ငုံးဥကို ဖင်နဲ့ဖိခဲ့သေးတာ” .. ဘာညာ ဆိုပြီး ငါရွန်အောင်ပြောပြီး ငါ့ငုံးဥတွေ လုစားသွားတဲ့ အမ်မီအောင်ဆန်း. စိုးပိုင်. စိုင်းလိန်တစ်. ပိုင်မင်းဟန်.. နင်တို့တော်တော်တရာကြတယ်နော်…..
ငါကတော့သတိရပါတယ်.. ဒီလိုနေရာမျိုးရောက်နေလို ပြည့်စုံပေမယ့်.. အရင်ကလိုပျောရွှင်မှုမျိုး မရတော့ဘူးဟ.. နင်တို့ကတောသိမှာမဟုတ်ဘူး.. အစုတ်ပလုပ်တွေရေ.. ငါ December မှာတော့ပြန်လာမယ်.. ငါ့ကိုလာကြိုကြနော်…

မိုးသောက်ကြယ်...

Tuesday, June 16, 2009

နန်းမြိုင်ဟိုတယ် (ပြင်ဦးလွင်)


နန်းမြိုင်ဟိုတယ် (ပြင်ဦးလွင်)

နန်းမြိုင်ဟိုတယ် (ပြင်ဦးလွင်)


နန်းမြိုင်ဟိုတယ် (ပြင်ဦးလွင်)


Thursday, June 11, 2009

Beach of Changi Village


Beach of Changi Village


Sun Sat from Changi Village


Sun Sat from Changi Village


Border of Singapore and Malasia


Island of Pulau Ubin (Singapore)




မြန်မာ့ ကော်ဖီ

၁၉၀၀ ခုနှစ်ကတည်းက ဗြိတိန်နိုင်ငံကနေ မြန်မာပြည် ကို ကော်ဖီစတင်ဝင်ရောက်လာခြင်းဖြစ်တယ် ။အနှစ် ၅၀ ၊ ၆၀ အတွင်းမှာ ဖွံဖြိုးတိုးတတ်မှုအခြေအနေသို့ ရောက်ရှိလာခဲ့သော်လည်း မြန်မာ ကော်ဖီစိုက်ခင်းများဟာ စီးပွားရေးလှုပ်ဆော်မှုတွေနဲ့ ပြည်တွင်းနိုင်ငံရေး တွေကြားမှာ အေးဆေးနေခဲ့ပါတယ်.။ထုပ်လုပ်မှုအဆင့် နည်းပြီး အချိန်တိုအတွင်းမှာ အရသာကောင်း ကော်ဖီရဖို့အတွက် ခိုင်ခိုင်လုံလုံပြောကြားနိုင်ပါတယ်.။ဇီဝအပို ပစ္စည်း ၊ နေရောင်ဒဏ်ခံနိုင်မှု ၊ ရောဂါခံနိုင်စွမ်း နှင့် မျိုးစပ်ခြင်းတွေမလိုတဲ့ အပြင် နည်းပညာများများနဲ့ စက် ပစ္စည်း တွေလည်း မလိုပါဘူး..။ ကော်ဖီကောင်းကောင်း ထုပ်နိုင်ဖို့အတွက် အဓိက လိုအပ်ချက်ကတော့ များသောအားဖြင့် စက်မှုနည်းပညာနည်နည်း နဲ့ အလုပ်သမားတွေရဲ့စေ့စပ်သေခြာမှု ၊ ပထဝီအနေအထားနဲ့ ဒေသရဲ့ ရာသီဥတုပေါ်မှာ မူတည်နေပါတယ် ။

မြန်မာ့ကော်ဖီစိုက်ခင်းတွေဟာ များသောအားဖြင့် ကိုယ်ပိုင်မြေကွက် ၁.၅ ဧက ဝန်းကျင်ကျယ်ပြန့်ပါတယ် ။ ကော်ဖီပင်ပေါက်ရောက်ရာဒေသကတော့ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၃၅၀၀ ကနေ ၆၀၀၀ အတွင်းရှိ ပြင်ဦးလွင် ၊ တောင်ကြီး နှင့် ဖလမ်း ပတ်ဝန်းကျင်ဒေသတွေဖြစ်ပါတယ်။

ကော်ဖီပင်ကို မေလမှ ဇွန်လအထိစိုက်နိုင်ပြီး ဒီဇင်ဘာလတွင် အသီးစတင်ခူးဆွတ် ပါသည်။ ကော်ဖီပင်သည် နှစ်ရှည်သီးနှံပင်မျိုးဖြစ်ပါသည်။ အပင်၏သက်တမ်းမှာ နှစ်ပေါင်း ၁၀၀ ကျော်ထိ အသီးခူးဆွတ်နိုင်သော အပင်မျိုးဖြစ်သည်။
တစ်ဧကလျှင် အပင်ပေါင်း ၁၃၆၀ ခန့်စိုက်ပျိုးနိုင်ပြီး တစ်ဧကအထွက်နှုန်းပိဿာ ၁၃၃ ပိဿာခန့် ထွက်ရှိပါသည်။ ပျိုးပင်တစ်ပင်ဈေးနှုန်းမှာ ၃၀ ကျပ်ဖြစ်ပြီး စတင်စိုက်ပျိုးချိန် မှစ၍ ၃ နှစ်ကြာပြီးလျှင် အကျိုးအမြတ်ရရှိပါသည်။
ကော်ဖီပင်သည် အစိုဓါတ်အများအပြားလိုအပ်ပြီး ပူအိုက်စွတ်စို၍ အပူချိန်မြင့်သည့် ဒေသတွင် အောင်မြင်ဖြစ်ထွန်းပါသည်။ အရိပ်ကြိုက်သော အပင်အမျိုးအစားဖြစ်၍ အရိပ်ရ အပင်ကြီးမျိုးစိုက်ပျိုးပြီးမှ စိုက်ပါက ပိုမိုဖြစ်ထွန်းနိုင်ပါသည်။
မြန်မာနိုင်ငံတွင် ကော်ဖီကို နိုင်ငံခြားသို့ တင်ပို့ရောင်းချနိုင်ရန် အဓိကထားစိုက်ပျိုး သည့် သီးနှံတစ်မျိုး ဖြစ်ပါသည်။ စိုက်ပျိုးထားရှိသည့်ကော်ဖီအမျိုးအစားများမှာ (၁) လိုက် ဘယ်ရီက (Liberica)၊ (၂) ဂရော့အင်ဒင်နီ (Gross Indenie) ၊ (၃) အိတ်စဲလ်စာ (Excelsa) ၊ (၄)အာရာဘီကာ (Arabica) ၊ (၅) ရိုဘက်စတာ (Robustar) တို့ဖြစ်ပါသည်။ အရည်အသွေး နှင့်အမျိုးအစား အကောင်းမွန်ဆုံးမျိုးမှာ အာရာတီကာမျိုးဖြစ်ပါသည်။ ၄င်းမျိုးကို မြန်မာနိုင်ငံ တွင် အစိုက်အများဆုံးဖြစ်ပါသည်။

Golden Triangle မှဘာသာပြန်တင်ဆက်သည်...



မိုးသောက်ကြယ်..

ကော်ဖီအကြောင်း သိကောင်းစရာ..

အဘာဝကော်ဖီ သည် ယခုအခါ အနောက်ဥရောပနိုင်ငံများတွင်သာ မက အရှေ့အာရှနိုင်ငံများတွင်ပါ တွင်တွင်ကျယ်ကျယ် သောက်သုံးလာကြပါပြီ..
သဘာဝကော်ဖီ သည် သွေးပေါင်ကို မြင့်စေတယ် .. ဦးနှောက်ကို နှိုးဆွပေးတယ် .. ကြာရင်တော့သွေးတိုးရောဂါ ဖြစ်စေနိုင်တယ်.. ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာမှာ ဆွပေးတာနဲ့ နှိပ်ပေးတာရှိတယ်..အဲ့ဒီနှိပ်ပေးတာကို ကဖင်းဓာတ်က ဟန့်တားတယ်..

ကော်ဖီကို သင့်တင့်ရုံသောက်ရင် ဦးနှေက်ကို သွက်စေတယ်.. လန်းဆန်းစေတယ်..ဦးနှေက်ရဲ့လုပ်အားကို မြှင့်ပေးတယ်.. သောက်တာများသွားရင်တော့ ကတုန်ကရင်ဖြစ်တတ်ပါတယ်. ဂနာမညိမ်ဖြစ်မယ်..ညကော်ဖီသောက်ပြီး အိပ်မပျော်တာ ကဖင်းကြောင့်ပဲ..တစ်နေ့ကို ကော်ဖီခပ်ကျဲကျဲ နှစ်ခွက် ၊ သုံးခွက် သောက်တာ အကောင်းဆုံးပဲ.. မနက်စောစောနဲ့ နေ့ခင်းပိုင်းပဲ သောက်သင့်တယ်..ညဘက်သောက်တာမကောင်းပါဘူး..