Saturday, December 12, 2009

မွေနေ့ဆိုတာ အိုပွဲပါ

တစ်နှစ်တစ်ခါ၊ မွေးနေ့ပါ၊ လူမှာခေါ်ရိုးရှိ၊၊

တကယ်ပြောင်းတာ၊ ရုပ်နာမ်ပါ၊ ခန္ခာမမြဲသိ၊၊

ရုပ်နာမ်ဓမ္မ၊မမြဲကြ၊ ခဏခဏပြောင်းနေ၏၊၊

သေမင်းမှတ်တိုင်၊ နောက်တစ်တိုင်၊

ရင်ဆိုင်ရောက်လာ၏၊၊

မွေးနေ့ဆိုတာ၊ အိုပွဲပါ၊ သေချာညဏ်ဖြင့်ကြည့်၊၊

အသက် သိက္ခာ၊ ကြီးစရာ၊ လူမှာနှစ်မျိုးရှိ၊၊

အသက်ကြီးရုံ၊ အားမစုံ၊ အကုန်ကြောက်ရ၏၊၊

အသိမကြွယ်၊ အကျင့်ကွယ်၊ အိုပယ်ဖြစ်သွား၏၊၊

အကျင့်သိက္ခာ၊ ကြီးမှာသာ၊ မှန်စွာစိတ်အေး၏၊၊

ကြီးလေ လှလေ၊ အေးမြပေ၊ လူတွေချစ်ကြ၏၊၊

အသိမှန်ကန်၊ ကိုယ့်ဖို့ကျန်၊ ဧကန်စိတ်အေ၏၊၊

တိပိဋက ယောဆရာတော်




5 comments:

Anonymous said...

ကြယ်လေးရဲ့ မွေးနေ့လားဟင်...
သံဝေဂတရားလေးတော့ရသွားတယ်။
ဒါပေမဲ့ ကိတ်မုန့်စားချင်သေးတာ :P
Happy Birthday to.....

Anonymous said...

ဒါဆို Happy birthday to you!!!
ကြယ်လေး... စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျမ်းမာခြင်းနဲ့ ပြည့်စုံပါစေ..။ မိဘနဲ့လည်း အခုလိုပဲ မခွဲမခွာ ချွဲပြီးနေနိုင်ပါစေ :P
ချစ်တဲ့သူနဲ့လည်း ညားပါစေစစစစစစစစစစ)
အသက်တစ်နှစ်ကြီးသွားပြီ မြန်မြန်ရှာတော့လေ....
ဆုတောင်းကား ဤတွင်ပြီး၏...

ကဲ ကိတ်မုန်စားလို့ရပြီလား :D

neking said...

ကဲကဲ...တရားသဘောအရ...ပိုက်ဆံတွေပိုနေပါဦးမယ်..အကျွေးအမွေးသီတင်းစောင့်နေတယ်...ဟဲဟဲ.... စာမိန့်လေးကောင်းတယ်..မွေးနေ့ရောက်ရင်ခိုးချမယ်နော်..အမ

လင်းကြယ်ဖြူ said...

မှတ်သားသတိထားစရာ ကောင်းတဲ့ အတွေးစာစုလေးပါပဲ
တန်ဖိုးရှိပါတယ်ခင်ဗျာ...
ပျော်ပါစေ

မယ့်ကိုး said...

ကွန်မန့်လေးတွေ ဖတ်ကြည့်တော့မှ မွေးနေ့မှန်းသိရလို့ စိတ်မကောင်းဘူး။
နောက်ကျနေပေမယ့် စုပေါင်း ဆုတောင်းသွားမယ်နော် ညီမလေး။
မွေးနေမှ စ၊ ပျော်ရွှင်ဖွယ် နှစ်သစ်ကစ၊ အစစ အရာရာ အဆင်ပြေ အောင်မြင်ပါစေ...

ချစ်တဲ့

Post a Comment