Sunday, October 4, 2009

သတင်းစာ ဆ၇ာကြီး ကြေးမှုံဦးသောင်း ၏ စာပေလက်ရာ

သတင်းစာ ဆ၇ာကြီး ကြေးမှုံဦးသောင်း ၏ စာပေလက်ရာ တစ်ခုဖြစ်တဲ့ မြန်မာများ ကျေးဇူးတင်ရမည့် အမေရိကန် တစ်ဦး ကို မမီးအနေနဲ့ ဗဟုသူတ တစ်ခုရလို သော စိတ်နဲ့ ရေးလိုက်ချင်းဖြစ်ပါတယ်…
အင်္ဂလိပ်လို ကောင်းကောင်း ပြောနိုင်တဲ့ နိုင်ငံခြားရောက် ဗမာတော်တော်များများ ဒီမေးခွန်း အမေးခံရလေ့ရှိပါတယ်… အင်္ဂလိပ်လက်အောက် ကိုလိုနီဘဝမှာ အနှစ် ၁၀၀ လောက်နေခဲ့ရတဲ့ ဗမာပြည်မှာ အင်္ဂလိပ် စာဟာ ရုံသုံးဖြစ်ခဲ့ဖူး လို့ပါလို့ရေဘူယ ခပ်လွယ်လွယ် ဖြေချင်ဖြေနိုင်ပါတယ်.. တစ်ခါမှာတော့ ဆရာကြီးက သူအပါအဝင် မြန်မာလူမျိုးတွေ အင်္ဂလိပ်စာ ဗဟုသုတ ရှိခဲ့ကြတာဟာ အမေရိကန် နိုင်ငံ နှင့် အမေရိကန် လူမျိုးတစ်ဦးတို့ရဲ့ ကျေးဇူးလို့ မိတ်ဆွေတစ်ဦးကို ပြောခဲ့ပါတယ်.. ဆရာကြီး ပုံကြီးချဲ့ပြောတယ်ထင်လို့ ဆရာကြီးက သမိုင်းအချက်အလက်နဲ့ ရှင်းပြခဲ့ပါတယ်…
၁) ပုံနှိပ်စက်နဲ့ ဗမာစာလုံးတွေ ဗမာပြည်ကို ယူလာတာ အမေရိကန်လူမျိုး
၂) ပထမ ဆုံး ဗမာစာအုပ်ကို ပုံနှိပ်ထုပ်ဝေခဲ့တာ အမေရိကန်လူမျိုး
၃) ပထမဆုံး ဗမာသတင်းစာကို တည်းဖြတ်ခဲ့တာ အမေရိကန် လူမျိုး
၎) ပထမဆုံး မြန်မာ အင်္ဂလိပ်အဘိဓါန်
၅) ပထမဆုံး အင်္ဂလိပ် မြန်မာ အဘိဓါန် စသည်တို့ကို ပြုစု ပုံနှိပ်ထုပ်ဝေခဲ့တာ အမေရိကန်လူမျိုး
၆) ပထမဆုံးနဲ့ နှစ်ပေါင်းများစွာ အသုံးပြုခဲ့ရတဲ့ ခရစ်ရန် ဓမဟောင်း ဓမသစ် ကျမ်းစာတို့ကို မြန်မာလို ဘာသာပြန် ပုံနှိပ် ထုပ်ဝေခဲ့တာ အမေရိကန် လူမျိုး လို့ရှင်း ပြခဲ့ပါတယ်…
၆ ချက်ထဲးက ၅ ချက်ဟာ အမေရိကန်တစ်ဦး ထည်းရဲ့ ကြိုးစားအားထုပ်မှုလို့ဆိုနိုင်ပါတယ်.. သူ့နာမည်ကတော့ အဒိုနေဒမ် ဂျက်ဆင်.. ဗမာလို ဖလှယ် ထားတာကတော့ ဆရာယုဒသန် လို့ခေါ်ပါတယ်…
ဆရာ ယုဒသန် ဟာ စိတ်ရောကိုယ် ပါ ဘဝတစ်ခုလုံးကို ဗမာပြည်မှာ မြှုပ်နှံခဲ့ပါတယ် .. လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်က ပေးခဲ့တဲ့ သူပေးတဲ့လက်ဆောင်တွေဟာ ယနေ့ထိရှင်သန်အသုံးဝင်နေစဲး ဖြစ်ပါတယ်.. ကျွန်တော်လို စာသမားတစ်ယောက် အတွက်တော့ ဆရာယုဒသန် ပြုစုခဲ့တဲ့ စာအုပ်တွေကို ၃၅ နှစ်လုံးလုံး သုံးခဲ့သလို နေစဉ်အမြဲးသုံးနေတာမို့လို့ တစ်သက်လုံး သုံးရမယ့် လက်ဆောင်လို့ ပြောရမှာပါ..ဟု ဆရာကြီး ကျေးမှုံဦးသောင်းက ပြောဆိုခဲ့ပါတယ်…
ဆရာယုဒသန် ၁၈၂၀ ခုနှစ် ကနေ ၁၈၅၀ ခုနှစ်ထိ ပြုစုခဲ့တဲ့ အဘိဓါန် ဟာ ၁၈၅၂ ခုနှစ်ကျမှ ပုံနှိပ်ဖြစ်လို့ စာအုပ်ဖြစ်တာတောင် သူမမြင်သွားရရှာပါဘူး.. သူယုံကြည်သလို သူ့အဘိဓါန်များဟာ ဗမာတွေ အတွက် တန်ဖိုးရှိလှပါတယ်.. ဆရာ ယုဒသန် ကို မမေရိကန် နိုင်ငံ မာဆက်ချုးစက်ပြည်နယ် မော်လ်ဒန်းမြို့မှာ မွေးဖွားခဲ့ပါတယ်… ဘရောင်းတက္ကသိုလ် အန်ဒိုဗာ ခရစ်ယန်ကျမ်းစာကျောင်းတို့မှာ ပညာသင်ကြားခဲ့ပြီး ၁၈၁၃ ခုနှစ် အသက် ၅၂ နှစ် အရွယ်မှာ သူ့ဇနီးနှင့် အတူ ဗမာပြည် ရန်ကုန်ကို ရောက်ရှိခဲ့ပါတယ်.. ရောက်တာနဲ့မဆိုင်း နှစ်ချင်းခရစ်ယန် ကျမ်းစာသင်ခြင်း နှင့် သာသနာပြုလုပ်ငန်း စတင်ခဲ့ပါတယ်.. ဒါပေမယ့် သူ့အလုပ်မအောင်မြင်ခဲ့ပါဘူး.. ဗမာစကားမှ မပြောတတ်သေးပဲကို… ဒါကြေင့် အချိန်ပေးပြီး ဗမာစကားကို သင်လိုက်တာ ၃ နှစ်ရှိတော့ ဗမာ သဒ္ဒါ ကျမ်းငယ်တစ်စောင်ရေးနိုင်တဲ့ထိ တတ်ကျွမ်းသွားပါတယ်.. ၁၈၁၆ ခုနှစ် ဂျော့အိပ်ခ်ျဟော့ က ဗမာစာလုံးနဲ့ ပုံနှိပ်စက်တွေ မြန်မာပြည်ကို ယူဆောင်လာတဲ့အတွက် အဲ့ဒီနှစ်ထဲးမှာပဲ ပထမဆုံး ဗမာစာအုပ်ကို ထုပ်ဝေခဲ့ပါတယ်.... “ကောင်းကင်ဘုံသို့ သွားရာလမ်း” ဆိုတဲ့ စာအုပ်ဟာ စမျက်နှာ ၇ မျက်နှာပဲရှိပေမယ့် ဒီစာအုပ်ရဲ့ အကုအညီနဲ့ ဆရာယုဒသန် သာသနာပြုခဲ့ တဲ့အခါ အောင်မြင်စပြုလာပါတယ်.. အဲ့ဒီတုန်းက ရန်ကုန်ဟာ မြို့ငယ်သာသာ လေးပဲရှိပါသေးတယ်… ရန်ကုန်မှာ သာသနာပြုတာ အောင်မြင်တာနဲ့ ၁၈၁၉ ခုနှစ်မှာ မြန်မာဘုရင် နန်းစိုက်ရာ အင်းဝနေပြည်တော်ကို ဆန်တတ်သွားပြီး သာသနာပြုခွင့်တောင်းခံတော့ အခွင့်မသာလို့ ရန်ကုန်သို့ ပြန်ဆင်းခဲ့ရပါတယ်… သုံးနှစ်ကြာတဲ့အခါ အင်းဝနေပြည်တော်ကို ပြန်တတ်သွားပြီး ကြိုးစားပြန်တယ် … ဒီတစ်ခါတော့ ဘုရင်က ခွင့်ပြု ရုံတင် မကလို့ မြေတစ်ကွက်ပေးသနားလို့ အဲ့ဒီမှာသာသနာပြုလုပ်ငန်း ချဲ့ထွင်အောင်မြင်လာခဲ့တယ်.. ဘုရင် ၊ မင်းညီမင်းသား ၊ မူးမတ် ၊ နန်းတွင်းသားတွေနဲ့ ရင်းနှီးခင်မင် မိတ်ဆွေဖြစ်လိုက်သေးပေမယ့် စစ်ဖြစ်လာလို့ သိပ်ကြာကြာမခံလိုက်ပါဘူး…. ၁၈၂၆ ခုနှစ်မှာ ပထမ အင်္ဂလိပ် မြန်မာ စစ်ပွဲးဖြစ်ပွားခဲ့ပါတယ်..သူလျှိုထင်ပြီး မယုံရတဲ့ နိုင်ငံခြားသားမှန်သမျှကို ဖမ်းဆီးထောင်ချလိုက်တဲ့ အထဲး ဆရာကြီး ယုဒသန်လည်း ပါသွားပါတယ်.. လက်မရွံ့ထောင်ထဲးမှာ (၁၁)လ နေခဲ့ရတဲ့ အချိန်ဟာ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး အချိန်များလို့ ဆိုနိုင်ပါတယ်… သူ ထောင် ကျနေတုန်း သူ့ဇနီးသည်နာမကျမ်းဖြစ်တော့လည်း နို့စို့ အရွယ်သမီးငယ်လေး အတွက် ဗမာမိခင် ဆီကနေ နို့ရပါစေမယ့် အကြောင်း နေ့စဉ်ကလေးပိုက်ပြီး အလှူခံ ရတဲ့ အဖြစ်ကိုလည်း သူ့တို့ခမျာ ကြုံခဲ့ရရှာတယ်… ဒီလိုနဲ့ ပထမ အင်္ဂလိပ် မြန်မာ စစ်ပွဲးကြီး ပြီးသွားပါတယ်.. စစ်ပြေငြိမ်းတဲ့ အချိန်မှာ ရန်ဒဗိုလ် စာချုပ် ချုပ်ဖို့ ဆရာယုဒသန် ကို ထောင်က ထုတ်ပြီး စကားပြန်အဖြစ်ဆောင်ရွက်စေပါတယ.်.. အင်္ဂလိပ်တွေရဲ့ တစ်ဖတ်စောင်းနင်းရေးထားတဲ့ စာချုပ်ကို ဗမာပြည်အတွက် ကာကွယ်မပေးနိုင်ပေမယ့် ဆရာယုဒသန် ရဲ့ဘာသာပြန်ဟာ ဂန္နဝင်တွင်လောက်အောင် သမိုင်းမှာ ကျန်ခဲ့ပါတယ်… စစ်ကြီးပြီးတဲ့ အခါ အဘိဓါန်ပြုစုရင်း ၁၈၅၀ ခုနှစ် ဆရာယုဒသန် ဟာ မော်လမြိုင်မြို့ မှ တဆင့် ရေကြောင်းခရီးထွက်နေတုန်း ကွယ်လွန်သွားတဲ့ အတွက် သူ့ကို ရေမှာ သင်္ကျိုလ် ခဲရတယ်.. “ကောင်းကင်ဘုံသို့ သွားရာလမ်း” စာအုပ်မှာ ဆရာယူဒသန် ကဒီစာအုပ်ကို ရေးသားပြုစုသူမှာ မူလနိုင်ငံမှ ထွက်ခွာပြီး ဝေးကွာလှတဲ့ ပင်လယ်ခ၇ီးကို ဖြတ်ပြီး အများအကျိုးပြုရန် ရည်ရွယ်ပြီး သင်္ဘောဖြင့် မြန်မာနိုင်ငံသို့ ရောက်လာခဲ့ပါတယ်..ထင်ပေါ်ကြော်ကြားဖို့ ချမ်းသာဖို့တွေကို စာရေးသူအလိုမရှိပါ.. လာဘ်လာဘ ပေါများအောင် ရှာဖွေဖို့လာတာလဲးမဟုတ်ပါ ခရစ်တော်ရဲ့ တပည့်အဖြစ် တစ်ပါးသူတွေ ကိုယ်လိုပဲကောင်းမြတ်ပါစေ ကောင်းကင်ဘုံသို့ ရောက်ပါစေလို့ ဗမာတွေကို ကယ်ယူလိုသော ဂရုနာ စေတနာ နှင့် အပင်ပမ်းခံကာ သာသနာပြုခြင်း ဖြစ်ပါတယ် လို့ ရေးသားခဲ့တဲ့ အတိုင်း သူ့ဘဝကို သာသနာပြုလုပ်ငန်းတွင်သာ နှစ်မြုတ်ခဲ့ပါတယ်… သူ့အလုပ်တွေကို လေးစားသတိရတဲ့ အနေဖြင့် ရန်ကုန် မှာ ကော်လိပ် အဆောက်အဦး ကို အမှတ်တရ ဆောက်လုပ်ခဲ့ပါတယ်.. အဲ့ဒီကောလိပ်ကို ဂျက်ဆင်ကောလိပ်လို့ အမည်ပေးခဲ့တဲ့ အကြောင်းရေးသားလိုက်ပါတယ်…..
ဝန်ခံချက် ။ ။ အင်္ဂလိပ်နာမည်များကို မြန်မာလို အသံထွက်ဖြင့် ရေးသားတားသည်ဖြစ်သောကြောင့် လွဲးချော် မှားယွင်းမှု ရှိပါက စာရေးသူ၏ ပေါ့လျော့ အားနည်းမှုသာဖြစ်ပါသည်။

6 comments:

မယ့်ကိုး said...

တိုက်တိုက်ဆိုင်ဆိုင် ညီမလေး စာမရေးတာ ကြာပြီလို့တောင် တွေးနေတာ။ ဒီလိုဆောင်းပါလေး ရှာဖွေရိုက်ပေးတာ သိပ်ကောင်းပါတယ် တကယ်။

လသာည said...

ဆရာယုဒသန် အကြောင်းကို သေသေချာချာ မဖတ်ဖူးဘူး။ ဖတ်လို့ကောင်းလိုက်တာ။ ကြယ်လေးရေ ကျေးဇူးနော်။

ဝက်ဝံလေး said...

ဗဟုသုတလေး ဖော်ပြပေးတဲ့ မမီးကိုလဲကျေးဇူးတင်ပါတယ် ဆရာကြီးယုဒသန် ဆိုတာ ကြားဖူးတယ် ဘာမှန်းသေချာမသိဘူးရယ် ကျေးဇူးနော် မမီးးးး ဒီတခါ မမီးမပျင်းတော့ပါ ဟိဟိ

emayarKhin said...

မမီးရဲ့ကျေးဇူးနဲ့..ဗဟုသုတတွေအများကြီးတိုးပွါးသွားပြီ...
ကျေးဇူးပါနော်...

Angel Shaper said...

မမီးရေ.. ပထမဆုံးအကြိမ်ဖတ်ဖူးတာပါ။ ကျေးဇူးနော်။ အဆင်ပြေတယ်ဟုတ်။

Unknown said...

ကျေးဇူးတင်ရပါတယယ် မမီးရေ...

အခုလို ဗဟုသုတစာပေလေးအတွက်ပေါ့....

ဟုတ်တယ်ဗျ... မမေ့အပ်တဲ့ လေးစားသင့်တဲ့ သူတွေကို အခုလို ပြန်လည်မျှဝေပေးတာ ကျေးဇူးပါ....

ဆရာယုဒသန်က အရမ်းကိုလေးစားချီးကျူးထိုက်ပါတယ်...
အရမ်းကို ကျေးဇူးအထူးတင်ထိုက်သူပါ....


ခင်မင်စွာဖြင့်
ပြည့်စုံ

Post a Comment