Friday, October 16, 2009

မှားတတ်ပါတယ်လေ....

မနက်အိပ်ရာထကတည်းက ခေါင်းကမူးနောက်နောက်နဲ့ ဘာဖြစ်တာမှန်းမသိဘူး… ခဏပဲးဖြစ်တာနေမှာပါ..အိပ်ရာထခါစမို့လို့နေမှာပါဆိုပြီး ရေချိုး မနတ်စာ စားပြီး ရုံးသွားရာတယ်.. စနေနေ့ဆို အလုပ်ကသွားရအုံးမယ်မသွားမဖြစ်ဘူးလေ.. မသွားရင် အလုပ်ပြုတ်မှာပေါ့… ရုံး ရောက်တော့လည်း ခေါင်းနောတ်တာက မပျောက်နိုင်ဘူး… နည်းနည်းလေးခေါင်းကြည်လို့ကြည်ငြား ကော်ဖီသောက်တော့လည်း ကုန်သာသွားတယ်.. မသတ်သာဘူး..
နေ့လည်အိမ်ရောက်တော့ မောင်လေးကရောက်နေတယ်…
“မမကြီး ဘာမုန့်ပါလဲး သားအတွက်” ..
“ ဘာမှမပါဘူး… မမကြီးခေါင်းမူးနေလို့ ဘာမှမဝယ်ခဲ့နိုင်ဘူး..”
“teacherကြီး ဆီသွားမှာလား” ( English ဆရာမက အသက်ကြီးပြီဆိုတော့ teacher ကြီးလို့ခေါ်ဖြစ်နေတော့တာ)..
“အင်း….သွားမှာ သားငယ်လိုက်မလို့လား”
“ဟာ… မလိုက်ပါဘူး” (လိုက်ရင် စာသင်ရမှာလေး ဘယ်လိုက်မလဲး)
(မသွားလို့လဲးမဖြစ်ပြန်ဘူး.. IELTS ကိုတတ်တာမှာ ၁ ပတ်မှာ စနေ တနင်္ဂနွေ နှစ်ရက်တတ်တာ.. ပျက်ရင် အိမ်တိုင်ယာရောက် လာရိုက်လိမ့်မယ်.. )
ဆရာမကြီးဆီရောက်တော့ .. ကောင်လေး နှစ်ယောက်နဲ့ ကောင်မလေး တစ်ယောက်ရောက်နေတယ်..
သူတို့သင်တာ မပြီးသေးတာနေမှာ ဆိုပြီ အိမ်ထဲးဝင်လိုက်မှ..
“ သမီးရောက်လာပြီလား….. sorry ပါသမီးရယ် ..ဒီအချိန်သမီးအချိန်ဖြစ်ပေမယ့်.. ဒီကလေးတွေက O level မြန်မာစာ ကလေးတွေ… သူတို့စာမေးပွဲးက ၁၄ ရက်နေ့ အရမ်းနီးနေပြီ.. ကလေးတွေ စာနည်းနည်းပိုရရ ..လေ့ကျင့်ပြီးဖြစ်အောင် သမီးအချိန်မှာခေါ်တားတာ… သမီးအတွက်တော့နည်းနည်းကသိကထ နိုင်မယ်ထင်တယ်..”
“ရပါတယ်.. သမီးက ကိစ္စ မရှိပါဘူး.. ဖြစ်ပါတယ်.. သူတို့က အရေးကြီးနေတာလေ..”
“အဲ့ဒီတော့ ဒီနေ့ သမီး writing မလုပ်နဲ့တော့ reading ပဲလုပ်ရအောင်.. သူတို့နဲ့ ဆိုသမီးစာရေးလို့ရမှာမဟုတ်ဘူး… teacher လည်း သမီးကို background knowledge ပေးနိုင်မှာမဟုတ်ဘူး.. သူတို့လေးတွေရောရှိနေတော့ ..”
မမီးကိုတော့ စာဖတ်ခိုင်း ..မသိတဲ့ အဓိပ္ပါယ်မေးခိုင်းပြီးတော့ .. ကလေးတွေကိုတော့ ဘာသာပြန်နဲ့ essay ရေးခိုင်းနေတယ်… သူတို့ဘာသာပြန်က အင်္ဂလိပ်လိုရေးထားတာကို မြန်မာလို ဘာသာပြန်ပေးရတယ်.. essay ကလည်းခေါင်းစဉ်ကို အင်္ဂလိပ်လိုပေးထားပြီး မြန်မာလိုရေးရတယ်.. ခေါင်းစဉ် အင်္ဂလိပ်လိုပေးထားတာကို လည်း ပြန်ပြီး မြန်မာလို ခေါင်းစဉ်ပြောင်းတပ်ပေးရတယ်.. ကလေးတွေက ငယ်ငယ်ကတည်းကကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်ကြောင့် သင်ခဲ့ရတဲ့ စာကြောင့် မြန်မာစာမှာတော်တော်လေးခတ်ခဲးကြတယ်.. အိမ်မှာ ပြောနေကျဖြစ်နေလို့ စကားကို ပြောနိုင်ပေမယ့်.. စာကျတော့ အခက်အခဲးရှိကြတယ်.. အင်္ဂလိပ်စာမှာတော့ တော်တော်လေးတော်လိမ့်မယ်ထင်တယ်… သူတို့ရေးနေရင်းနဲ့ သူတို့မရေးတတ်တာကို ဆရာမကြီးကို စာလုံးပေါင်းမေးကြတယ်.. မမီးတို့လည်း မြန်မာလိုပြောပြီး အင်္ဂလိပ်လို အဲ့ဒီစာလုံးကို ဘယ်လိုခေါ်လည်းမေးသလို ပေါ့
(မှင်) ကို မပေါင်းတတ်လို့ (ink) ကဘယ်လိုရေးရလဲးမေးသလို (-ှ) ဟတ်ထိုး ဆိုတာကို ဘယ်လှည့်ပေးရမလား (-ု) တစ်ချေင်းငင်လို ညာလှည့်ပေးရမလား မသိလို့မေးတာလဲးရှိတယ်.. သူတို့စာထဲးမှာပါလာတဲ့ (ဒုန်းပေကပ်သတ် နဲ့ ဗျုတ်စဗျင်းတောင်း) ဆိုတဲ့ စကားကို ဘာအဓိပ္ပါယ်လဲးမေးတော့ မမီးတောင်ဘာမေးလိုက်ပါလိမ့်လို့ဖြစ်မိတယ်… ဗျုတ်စဗျင်းတောင်း ဆိုတဲ့ စကားရဲ့ ဆိုလိုရင်းကို သိပေမယ့် …ဒုန်းပေကပ်သတ် ဆိုတဲ့ အသုံးအနှုံးကို မမီးတစ်ခါမှ မတွေ့ဖူးသလို ကြားလည်းမကြားဖူးဘူး.. ဆရာမကြီးက သိလားမေးတော့ ဗျုတ်စဗျင်းတောင်းကို သိတယ်ဆိုတော့ ..ဘာလဲးပြောပြဆိုတော့ မမီးကပြောလိုက်တယ်.. (တိုလီမုတ်စ) ကိုပြောတာဆိုတော့ (တိုလီမုတ်စ) ကဘာလဲးတဲ့… ပစ္စည်း အမျိုးအစားများပြီး အရေအတွက်နည်းနည်းလေးတွေ စုနေတာကိုပြောတာလို့ပြောလိုက်တယ်..( မမီးနားလည်သလိုဖြေလိုက်တာလေ…) အဲ့ဒီစကားက ဘယ်ကနေ အခြေခံပြီး ဆင်းသတ်လာတာလဲးတဲ့ ထပ်မေးပြန်တယ်… မမီးလည်းသိမှမသိတာ “မသိဘူး”လို့ဖြေလိုက်တယ်.. (ဟုတ်တယ်လေ… မြန်မာစာ အထူးပြုပြီး PHD ရလာတာမှမဟုတ်တာ… ဒီကလေးတွေလုပ်မှ ခေါင်းမူးနေတာ ဘယ်ရောက်သွားမှန်းတောင်မသိတော့ဘူး) နောက်တော့သူတို့ကို ဒုန်းပေကပ်သတ် ဆိုတာ.( တစ်ခြားဟာကို လုပ်ရင် ရရတ်နဲ့ ဒီဟာကို ပဲမရမနေလုပ်နေတယ်…… တစ်ခြားအိင်္ကျီရှိရက်နဲ့ ဒီအင်္ကျီ တစ်ထည် ကိုပဲး ဝတ်နေတယ်.. ) ဆိုပြီး ဥပမာ ပြပြီးရှင်းပြပေးလိုက်တယ်… အဲ့ဒီကျမှ မမီးလည်းနားလည်တာ.. (တော်တယ်နော်.. မမီးတို့များ…)
သူတို့ ဘာသာပြန်တွေပြီးပြီဆိုတော့ ဆရာမကြီးက စစ်ပေးတယ်… အဲ့ဒီထဲးမှာ ကောင်လေးတစ်ယောက်က ဘာသာပြန်ထားတာကို ဆရာမကြီးက သူ့အမှားကိုထောက်ပြရင်းနဲ့ ဖတ်ပြလိုက်တယ်…. (ကျွန်ုပ်၏ ချိုသာသော နုတ်မှ ထွက်သောစကားသည် အမေ့အတွက် အားဖြစ်စေသည် )တဲ့.. (ချိုသာသောကို အထူးပြုမှားလိုက်တာ… သူ့နုတ်က ချိုနေသလိုဖြစ်နေပြီ..) “မင်းနုတ်က ချိုနေတယ်ပေါ့လေ ..ဟုတ်လား” လို့ ဆရာမကြီးက မေးလိုက်မှာ ဝိုင်းရယ်ပြီး သူ့စာကြောင်း ဆိုလိုရင်းမှားနေမှန်းသူသိတော့တယ်..
ရှိသေးတယ်… နောက်တစ်ယောက်က ( ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ) ကို (ကိုင်းပင်နဲ့ ကျွန်းပင်)ကို အပြန်အလှန်မှီခိုင်းနေတာ.. သူသိတဲ့ ကျွန်း က ကျွန်းပင် ဖြစ်နေတယ်… ဆရာမကြီးက ကျွန်းပင်နဲ့ ကျွန်းမြောကို ရှင်းပြတယ် ပြီးတော့ ကိုင်းပင်ရဲ့သဘောသဘာဝကိုရှင်းပြ ပြီးမှ.. “ကျွန်းမြော မရှိရင် ကိုင်းပင်မပေါက်ဘူး… ကိုင်းပင်ကလည်း ကျွန်းမြောရှိုလို့ပေါက်တာ… ကျွန်းမြော ကကိုင်းပင် ကိုအမှီသဟဲပြုသလို ကိုင်းပင်ကလည်း ကျွန်းမြောကို အမှီ သဟဲးပြုတယ်… ကိုင်းပင်ကကျွန်းပင်ကိမှီတာ မှီလို့ရပါတယ်.. ကျွန်းပင်က ကိုင်းပင်ကို မှီရင်တော့ သေပါပြီ” လို့ရှင်းပြရတယ်…မမီးတို့အနေနဲ့တော့ ဒါတွေက မမှားတတ်တော့ပေမယ့် သူတို့အတွက်တော့မှားတတ်တဲ့ အမှားဖြစ်နေတတ်တယ်… အင်္ဂလိပ်စာမှာ သူတို့အတွက် မမှားတတ်တဲ့အရာတွေက မမီးမှာတတ်တဲ့အရာတွေဖြစ်ခြင်ဖြစ်နေမှာ… မြန်မာစာမှာ သူတို့မှားတော့ မမီးအတွက်ရယ်စရာဖြစ်နေသလို အင်္ဂလိပ်စာမှာ မမီးမှားရင်လည်း သူတို့ရယ်နေကြမှာတော့ သေခြာတယ်… အဲ့ဒါကြောင့် (ငါရေးထားတဲ့ essay တွေ ကလေးတွေ ရှေ့မှာ မစစ်ပါစေနဲ့) လို့ စိတ်ထဲးကနေ ကြိုတ်ဆုတောင်းနေတာ..အမှားပါရင် သူတို့ရယ်တော့မှာ..
ပြီးတော့ (၏ နဲ့ ဤ )ကို လည်းမကွဲးကြတာတွေရှိသေးတယ်… (ဤအရာသည်) ဆိုတာကို (၏အရာသည်) လို့ ရေးသေးတယ်.. (၏) ကို (-‘s) နေရာမှာ နဲ့ (end of the sentient) မှာသုံးတယ် လို့ရှင်းပြမှနားလည်တယ်..
“သမီး ဒီမှာကြည့်စမ်းပါဦး… သူရေးထားတာ… စကားပြောသလိုရေးထားတယ်…”
“ဟာ..ဟုတ်ပါ့… (ဘာလုပ်ကမလဲး) (ဟုတ်တယ်မလား).. (မဟုတ်လား) လို့မရေးပဲ (မလား)လို့ရေးလိုက်တာနော်..”
မမီးတို့လည်း တစ်ခါတစ်လေ.. အင်းးးးးး တစ်ခါတစ်လေတောင်မဟုတ်ပါဘူး အမြဲးလိုလိုပါပဲ..အင်္ဂလိပ်စာကို အသံထွက်သိပြီး စာလုံးပေါင်းမသိရင် ..အသံထွက်အတိုင်းလိုက်ရေးလိုက်သလိုပေါ့… အဲ့လိုရေးလိုက်ရင် မှန်တဲ့ခါလဲး မှန်ပေါ့ မှားတဲ့ခါလည်း မှားတာပေါ့… (t) နဲ့ (d) ၊ (e) နဲ့ (a) မှားတာတွေလည်း ရှိတတ်တယ်လေ… အသံထွက်ကိုလိုက်ရေးတာဆိုတော့ သူများရဲ့ pronunciations က ကောင်းရင်ကောင်းမယ်.. မမီး pronunciations ကတော့ သေခြာတယ် မကောင်းဘူး… ငါးပိ သံ တင်မကဘူး.. မုန့်ညှင်းချဉ် သံ ပဲပုတ် သံတွေပါ ရောနေတော့ ပြီးရော…. မှားတာမှ သောက်သောက်လဲးပဲ…
သူတို့လည်းအဲ့လိုပဲနေမှာ အိမ်မှာပြောနေကျစကားကို အသံထွက်အတိုင်းချရေးလိုက်တာ.. စကားက မပီတော့ မှားရောလေ…
နောက်ထပ် သူတို့ပြဿနာက ရှိသေးတယ်…ကောင်းကောင်းကြီးကို သူတို့ချင်းငြင်းခုန်နေကြတာ.. (ဈေး) (ဈ) ဇမျဉ်ဇွဲး ကို (ဈ) စလုံး ယ ပင်း နဲ့ မှားနေတယ်… (“က” ကနေ “အ” အထိ) ဗျည်းတွေမှာ “ဈ” ဆိုတာ ပါမှန်းသိပေမယ့်.. (ဈေး) ကို (စလုံး ယ ပင်း)နဲ့ ရေးထားတယ်လို့ထင်နေကြတယ်..(ဈ) ဆိုတဲ့အသုံးအနှုန်းကလည်း တွေ့ခဲးတာကိုး … သူတို့ နှစ်ခုကလည်းတူနေကြတယ်လေ..မှားမှာပေါ့… ဘယ် (စ) စလုံး ကိုမှ ယ ပင်း ထည့်ပြီးမသုံးဘူး စလုံးကို ယပင်း လုပ်ထားရင် အဲ့ဒါ (ဈ) ပဲး.. စလုံး ယ ပင်းမဟုတ်ဘူး လို့ teacher ပြောမှာ ငြင်းတာရပ်တော့တယ်.. သူတို့လေးတွေနဲ့ စာသင်ရတာကောင်းလည်းကောင်းပါတယ်.. မမီးတစ်ယောက်ထဲးဆို ပျင်းနေတာလေ.. အခုတော့ပျော်တာပေါ့…. မမီးမသိတဲ့ ဗဟုသူတလည်း သူတို့က လျှောက်မေးတဲ့ထဲးကနေသိရတာပေါ့…

Sunday, October 4, 2009

သတင်းစာ ဆ၇ာကြီး ကြေးမှုံဦးသောင်း ၏ စာပေလက်ရာ

သတင်းစာ ဆ၇ာကြီး ကြေးမှုံဦးသောင်း ၏ စာပေလက်ရာ တစ်ခုဖြစ်တဲ့ မြန်မာများ ကျေးဇူးတင်ရမည့် အမေရိကန် တစ်ဦး ကို မမီးအနေနဲ့ ဗဟုသူတ တစ်ခုရလို သော စိတ်နဲ့ ရေးလိုက်ချင်းဖြစ်ပါတယ်…
အင်္ဂလိပ်လို ကောင်းကောင်း ပြောနိုင်တဲ့ နိုင်ငံခြားရောက် ဗမာတော်တော်များများ ဒီမေးခွန်း အမေးခံရလေ့ရှိပါတယ်… အင်္ဂလိပ်လက်အောက် ကိုလိုနီဘဝမှာ အနှစ် ၁၀၀ လောက်နေခဲ့ရတဲ့ ဗမာပြည်မှာ အင်္ဂလိပ် စာဟာ ရုံသုံးဖြစ်ခဲ့ဖူး လို့ပါလို့ရေဘူယ ခပ်လွယ်လွယ် ဖြေချင်ဖြေနိုင်ပါတယ်.. တစ်ခါမှာတော့ ဆရာကြီးက သူအပါအဝင် မြန်မာလူမျိုးတွေ အင်္ဂလိပ်စာ ဗဟုသုတ ရှိခဲ့ကြတာဟာ အမေရိကန် နိုင်ငံ နှင့် အမေရိကန် လူမျိုးတစ်ဦးတို့ရဲ့ ကျေးဇူးလို့ မိတ်ဆွေတစ်ဦးကို ပြောခဲ့ပါတယ်.. ဆရာကြီး ပုံကြီးချဲ့ပြောတယ်ထင်လို့ ဆရာကြီးက သမိုင်းအချက်အလက်နဲ့ ရှင်းပြခဲ့ပါတယ်…
၁) ပုံနှိပ်စက်နဲ့ ဗမာစာလုံးတွေ ဗမာပြည်ကို ယူလာတာ အမေရိကန်လူမျိုး
၂) ပထမ ဆုံး ဗမာစာအုပ်ကို ပုံနှိပ်ထုပ်ဝေခဲ့တာ အမေရိကန်လူမျိုး
၃) ပထမဆုံး ဗမာသတင်းစာကို တည်းဖြတ်ခဲ့တာ အမေရိကန် လူမျိုး
၎) ပထမဆုံး မြန်မာ အင်္ဂလိပ်အဘိဓါန်
၅) ပထမဆုံး အင်္ဂလိပ် မြန်မာ အဘိဓါန် စသည်တို့ကို ပြုစု ပုံနှိပ်ထုပ်ဝေခဲ့တာ အမေရိကန်လူမျိုး
၆) ပထမဆုံးနဲ့ နှစ်ပေါင်းများစွာ အသုံးပြုခဲ့ရတဲ့ ခရစ်ရန် ဓမဟောင်း ဓမသစ် ကျမ်းစာတို့ကို မြန်မာလို ဘာသာပြန် ပုံနှိပ် ထုပ်ဝေခဲ့တာ အမေရိကန် လူမျိုး လို့ရှင်း ပြခဲ့ပါတယ်…
၆ ချက်ထဲးက ၅ ချက်ဟာ အမေရိကန်တစ်ဦး ထည်းရဲ့ ကြိုးစားအားထုပ်မှုလို့ဆိုနိုင်ပါတယ်.. သူ့နာမည်ကတော့ အဒိုနေဒမ် ဂျက်ဆင်.. ဗမာလို ဖလှယ် ထားတာကတော့ ဆရာယုဒသန် လို့ခေါ်ပါတယ်…
ဆရာ ယုဒသန် ဟာ စိတ်ရောကိုယ် ပါ ဘဝတစ်ခုလုံးကို ဗမာပြည်မှာ မြှုပ်နှံခဲ့ပါတယ် .. လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်က ပေးခဲ့တဲ့ သူပေးတဲ့လက်ဆောင်တွေဟာ ယနေ့ထိရှင်သန်အသုံးဝင်နေစဲး ဖြစ်ပါတယ်.. ကျွန်တော်လို စာသမားတစ်ယောက် အတွက်တော့ ဆရာယုဒသန် ပြုစုခဲ့တဲ့ စာအုပ်တွေကို ၃၅ နှစ်လုံးလုံး သုံးခဲ့သလို နေစဉ်အမြဲးသုံးနေတာမို့လို့ တစ်သက်လုံး သုံးရမယ့် လက်ဆောင်လို့ ပြောရမှာပါ..ဟု ဆရာကြီး ကျေးမှုံဦးသောင်းက ပြောဆိုခဲ့ပါတယ်…
ဆရာယုဒသန် ၁၈၂၀ ခုနှစ် ကနေ ၁၈၅၀ ခုနှစ်ထိ ပြုစုခဲ့တဲ့ အဘိဓါန် ဟာ ၁၈၅၂ ခုနှစ်ကျမှ ပုံနှိပ်ဖြစ်လို့ စာအုပ်ဖြစ်တာတောင် သူမမြင်သွားရရှာပါဘူး.. သူယုံကြည်သလို သူ့အဘိဓါန်များဟာ ဗမာတွေ အတွက် တန်ဖိုးရှိလှပါတယ်.. ဆရာ ယုဒသန် ကို မမေရိကန် နိုင်ငံ မာဆက်ချုးစက်ပြည်နယ် မော်လ်ဒန်းမြို့မှာ မွေးဖွားခဲ့ပါတယ်… ဘရောင်းတက္ကသိုလ် အန်ဒိုဗာ ခရစ်ယန်ကျမ်းစာကျောင်းတို့မှာ ပညာသင်ကြားခဲ့ပြီး ၁၈၁၃ ခုနှစ် အသက် ၅၂ နှစ် အရွယ်မှာ သူ့ဇနီးနှင့် အတူ ဗမာပြည် ရန်ကုန်ကို ရောက်ရှိခဲ့ပါတယ်.. ရောက်တာနဲ့မဆိုင်း နှစ်ချင်းခရစ်ယန် ကျမ်းစာသင်ခြင်း နှင့် သာသနာပြုလုပ်ငန်း စတင်ခဲ့ပါတယ်.. ဒါပေမယ့် သူ့အလုပ်မအောင်မြင်ခဲ့ပါဘူး.. ဗမာစကားမှ မပြောတတ်သေးပဲကို… ဒါကြေင့် အချိန်ပေးပြီး ဗမာစကားကို သင်လိုက်တာ ၃ နှစ်ရှိတော့ ဗမာ သဒ္ဒါ ကျမ်းငယ်တစ်စောင်ရေးနိုင်တဲ့ထိ တတ်ကျွမ်းသွားပါတယ်.. ၁၈၁၆ ခုနှစ် ဂျော့အိပ်ခ်ျဟော့ က ဗမာစာလုံးနဲ့ ပုံနှိပ်စက်တွေ မြန်မာပြည်ကို ယူဆောင်လာတဲ့အတွက် အဲ့ဒီနှစ်ထဲးမှာပဲ ပထမဆုံး ဗမာစာအုပ်ကို ထုပ်ဝေခဲ့ပါတယ်.... “ကောင်းကင်ဘုံသို့ သွားရာလမ်း” ဆိုတဲ့ စာအုပ်ဟာ စမျက်နှာ ၇ မျက်နှာပဲရှိပေမယ့် ဒီစာအုပ်ရဲ့ အကုအညီနဲ့ ဆရာယုဒသန် သာသနာပြုခဲ့ တဲ့အခါ အောင်မြင်စပြုလာပါတယ်.. အဲ့ဒီတုန်းက ရန်ကုန်ဟာ မြို့ငယ်သာသာ လေးပဲရှိပါသေးတယ်… ရန်ကုန်မှာ သာသနာပြုတာ အောင်မြင်တာနဲ့ ၁၈၁၉ ခုနှစ်မှာ မြန်မာဘုရင် နန်းစိုက်ရာ အင်းဝနေပြည်တော်ကို ဆန်တတ်သွားပြီး သာသနာပြုခွင့်တောင်းခံတော့ အခွင့်မသာလို့ ရန်ကုန်သို့ ပြန်ဆင်းခဲ့ရပါတယ်… သုံးနှစ်ကြာတဲ့အခါ အင်းဝနေပြည်တော်ကို ပြန်တတ်သွားပြီး ကြိုးစားပြန်တယ် … ဒီတစ်ခါတော့ ဘုရင်က ခွင့်ပြု ရုံတင် မကလို့ မြေတစ်ကွက်ပေးသနားလို့ အဲ့ဒီမှာသာသနာပြုလုပ်ငန်း ချဲ့ထွင်အောင်မြင်လာခဲ့တယ်.. ဘုရင် ၊ မင်းညီမင်းသား ၊ မူးမတ် ၊ နန်းတွင်းသားတွေနဲ့ ရင်းနှီးခင်မင် မိတ်ဆွေဖြစ်လိုက်သေးပေမယ့် စစ်ဖြစ်လာလို့ သိပ်ကြာကြာမခံလိုက်ပါဘူး…. ၁၈၂၆ ခုနှစ်မှာ ပထမ အင်္ဂလိပ် မြန်မာ စစ်ပွဲးဖြစ်ပွားခဲ့ပါတယ်..သူလျှိုထင်ပြီး မယုံရတဲ့ နိုင်ငံခြားသားမှန်သမျှကို ဖမ်းဆီးထောင်ချလိုက်တဲ့ အထဲး ဆရာကြီး ယုဒသန်လည်း ပါသွားပါတယ်.. လက်မရွံ့ထောင်ထဲးမှာ (၁၁)လ နေခဲ့ရတဲ့ အချိန်ဟာ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး အချိန်များလို့ ဆိုနိုင်ပါတယ်… သူ ထောင် ကျနေတုန်း သူ့ဇနီးသည်နာမကျမ်းဖြစ်တော့လည်း နို့စို့ အရွယ်သမီးငယ်လေး အတွက် ဗမာမိခင် ဆီကနေ နို့ရပါစေမယ့် အကြောင်း နေ့စဉ်ကလေးပိုက်ပြီး အလှူခံ ရတဲ့ အဖြစ်ကိုလည်း သူ့တို့ခမျာ ကြုံခဲ့ရရှာတယ်… ဒီလိုနဲ့ ပထမ အင်္ဂလိပ် မြန်မာ စစ်ပွဲးကြီး ပြီးသွားပါတယ်.. စစ်ပြေငြိမ်းတဲ့ အချိန်မှာ ရန်ဒဗိုလ် စာချုပ် ချုပ်ဖို့ ဆရာယုဒသန် ကို ထောင်က ထုတ်ပြီး စကားပြန်အဖြစ်ဆောင်ရွက်စေပါတယ.်.. အင်္ဂလိပ်တွေရဲ့ တစ်ဖတ်စောင်းနင်းရေးထားတဲ့ စာချုပ်ကို ဗမာပြည်အတွက် ကာကွယ်မပေးနိုင်ပေမယ့် ဆရာယုဒသန် ရဲ့ဘာသာပြန်ဟာ ဂန္နဝင်တွင်လောက်အောင် သမိုင်းမှာ ကျန်ခဲ့ပါတယ်… စစ်ကြီးပြီးတဲ့ အခါ အဘိဓါန်ပြုစုရင်း ၁၈၅၀ ခုနှစ် ဆရာယုဒသန် ဟာ မော်လမြိုင်မြို့ မှ တဆင့် ရေကြောင်းခရီးထွက်နေတုန်း ကွယ်လွန်သွားတဲ့ အတွက် သူ့ကို ရေမှာ သင်္ကျိုလ် ခဲရတယ်.. “ကောင်းကင်ဘုံသို့ သွားရာလမ်း” စာအုပ်မှာ ဆရာယူဒသန် ကဒီစာအုပ်ကို ရေးသားပြုစုသူမှာ မူလနိုင်ငံမှ ထွက်ခွာပြီး ဝေးကွာလှတဲ့ ပင်လယ်ခ၇ီးကို ဖြတ်ပြီး အများအကျိုးပြုရန် ရည်ရွယ်ပြီး သင်္ဘောဖြင့် မြန်မာနိုင်ငံသို့ ရောက်လာခဲ့ပါတယ်..ထင်ပေါ်ကြော်ကြားဖို့ ချမ်းသာဖို့တွေကို စာရေးသူအလိုမရှိပါ.. လာဘ်လာဘ ပေါများအောင် ရှာဖွေဖို့လာတာလဲးမဟုတ်ပါ ခရစ်တော်ရဲ့ တပည့်အဖြစ် တစ်ပါးသူတွေ ကိုယ်လိုပဲကောင်းမြတ်ပါစေ ကောင်းကင်ဘုံသို့ ရောက်ပါစေလို့ ဗမာတွေကို ကယ်ယူလိုသော ဂရုနာ စေတနာ နှင့် အပင်ပမ်းခံကာ သာသနာပြုခြင်း ဖြစ်ပါတယ် လို့ ရေးသားခဲ့တဲ့ အတိုင်း သူ့ဘဝကို သာသနာပြုလုပ်ငန်းတွင်သာ နှစ်မြုတ်ခဲ့ပါတယ်… သူ့အလုပ်တွေကို လေးစားသတိရတဲ့ အနေဖြင့် ရန်ကုန် မှာ ကော်လိပ် အဆောက်အဦး ကို အမှတ်တရ ဆောက်လုပ်ခဲ့ပါတယ်.. အဲ့ဒီကောလိပ်ကို ဂျက်ဆင်ကောလိပ်လို့ အမည်ပေးခဲ့တဲ့ အကြောင်းရေးသားလိုက်ပါတယ်…..
ဝန်ခံချက် ။ ။ အင်္ဂလိပ်နာမည်များကို မြန်မာလို အသံထွက်ဖြင့် ရေးသားတားသည်ဖြစ်သောကြောင့် လွဲးချော် မှားယွင်းမှု ရှိပါက စာရေးသူ၏ ပေါ့လျော့ အားနည်းမှုသာဖြစ်ပါသည်။