Friday, February 12, 2010

လွတ်လပ်ရေး ဖခင်


(ဖေဖေါ်ဝါရီဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
တထောင့်ကိုးရာတဆယ့်ငါး၊
ရှေ့နေဦးဖာ သား။
ဇာတိနတ်မောက် မကွေးခရိုင်၊
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဖွား၊
မိခင်ဒေါ်စု သား ...)

ငယ်ငယ်က ဆိုခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ပါ.. ငယ်စဉ်သိတတ်စအရွယ်ကတဲးကစလို မြန်မာတစ်မျိုးသားလုံးရဲ့ ရင်ထဲး နှလုံးသားထဲးမှာ စွဲးထင်နေခဲ့တဲ့ ကဗျာလေး တစ်ပုဒ်ပါ..

အောင်ဆန်းဇာနည်

ဖေဖော်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါ။
၁၉၁၅ ရှေ့နေ ဦးဖာသား။
ဇာတိနတ်မောက် မကွေးခရိုင်သိကြများခုတိုင်၊
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား၊မိခင်ဒေါ်စု သား..။
၁၉၄၇ ပြောင်းကြွ တမလွန်၊
မျက်ရည်သွန်လို့ ဘဝင်ညှိုး
ဇူလိုင်နှစ်ဆယ့်ကိုး..။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် ဒို့ဖခင်၊
ကောင်းစေချင်တဲ့ မှာစကား၊
ငါတို့ မမေ့အား..။
ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင
ပြည်ချစ် ဒို့ခေါင်းဆောင်၊
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ် ချမှတ်သွား..။

4 comments:

လသာည said...

ဒီကဗျာလေး..ငယ်ငယ်က အားရပါးရ အော်ပြီး အလွှတ်ကျက်ခဲ့ရတယ်နော်.. အခုတော့ လွမ်းစရာလေးတွေ ဖြစ်ကုန်ပြီ :D

မယ့်ကိုး said...

ညီမလေး ပျောက်နေလို့ ခုစာပြန်ရေးတာ တွေ့တော့ဝမ်းသာတယ်။

လင်းကြယ်ဖြူ said...

ဖေဖေါ်ဝါရီဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
တထောင့်ကိုးရာတဆယ့်ငါး၊
ရှေ့နေဦးဖာ သား။
ဇာတိနတ်မောက် မကွေးခရိုင်၊
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဖွား
ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဖွား
ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဖွား....
ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဖွား.........

လေးစားလျှက်ပါ...
ပျော်ပါစေ
*.*.*

Unknown said...

ဇူလိုင်တစ်ဆယ့်ကိုး နော် ...

Post a Comment