Sunday, August 16, 2009

ဝဲလည်လည်..

အော်...ငါထွက်သွားရင်နောက်လူအဆင်ပြေပါစေတော့ဆိုတဲ့စိတ်နဲ့..မမီးလုပ်လက်စအလုပ်တွေကို လက်စသတ်ပေးနေခဲ့တယ်.. မနက်ဖန်ဆို 1 August ဒီနေ့လကုန်ဆိုတော့ဒီနေ့နောက်ဆုံးလေဆိုပြီး အားလုံး အကုန် အဆင်ပြေအောင်လုပ်ပေးခဲ့တယ် ..ဘာပဲဖြစ်ဖြစ် အလုပ်က အဆင်ပြေနေတယ်. Boss နဲ့လဲးအဆင်ပြေတယ်.. လုပ်ဖော်ကိုင်ဖတ်တွေနဲ့ လဲးအဆင်ပြေနေတယ်.. အစစ အရာရာ သွန်သင်ပေးခဲ့တယ်..အလုပ်စလုပ်ကတည်းက တကယ်ဘာမှမတတ်သူ အတွေ့အကျုံဆိုတာဘာမှကိုမရှိတဲ့သူကို တတ်လာအောင်သင်ပေးပြီးအလုပ်ခန့်ခဲ့တာ နည်းတဲ့ကျေးဇူးမှမဟုတ်တာ မထွက်မဖြစ်မို့သာ မမီးထွက်ရတယ်.. ရှေ့ဆက်ပြီး ကြိုးစားစရာကရှိသေးတယ်လေ..
ထွက်ခဲ့ရလို့ အားလည်းနာပေမယ့် မတတ်နိုင်... မရည်ရွယ်ခဲ့တော့ ပိုဆိုးတာပေါ့.. ကံကြမ္မာရဲ့ အတတ်ကကျက သိပ်မြန်လွန်းတော တစ်ခါတစ်လေကြောက်ဖို့တောင်ကောင်းပါတယ်.. အားလုံးအနေနဲ့ကလည်း သူတို့နဲ့တွဲးပြီး နောက် ၄ ၊ ၅ နှစ်လောက်တွဲးလုပ်သွားမယ်ထင်ထားခဲ့တယ်.. Boss အနေနဲ့လဲး သူ့ company မှာ ကြာကြာလုပ်နေလိမ့်မယ် မျှောလင့်ခဲ့ပေမယ့် ထင်ထားတဲ့အတိုင်းဖြစ်မလာတော့ စိတ်ဆိုးမှာပေါ့.. နောက်ထပ်လူထပ်ခေါ်ရင် သူ့အတွက် အချိန်တွေအလကားဖြစ်သွားသလို နောက်တစ်ယောက်ကို သင်ပေးရမယ် အဆင်ပြေမယ်မပြေဘူးဆိုတာ သူစိတ်ပူမိမှာပဲ.. ဘာပဲဖြစ်ဖြစ်ပါ မမီးကိုပညာတွေသင်ပေးလိုက်တဲ့ company ကိုတော့ဘယ်တော့မှ ကျေးဇူးမမေ့ပါဘူး..
မထွက်ခင်ထိ အကောင်းဆုံးဖြစ်အောင် လုပ်ပေးနေခဲ့တယ်.. Project file တစ်ခုထဲးက material specification တွေမထုတ်ရသေးတာ သတိရပြီး အဲ့ဒါတွေထုတ်ပြီး ခွဲးတယ်.. သိပ်မကျန်ပါဘူး flange နဲ့ fitting နဲ့ပဲးများတယ် ကျန်တာက stranless steel pipe ပဲရှိတာ ကိုခွဲးပြီး file တွေထဲးထည့်နေရင် file တစ်ခုကို အထုတ်မှာ ခြေထောက်ပေါ်ကို ပစ္စည်းတစ်ခုပြုတ်ကျလာတယ်..(နာလိုက်တာ)...ငုံ့ကြည့်လိုက်တော့ တော်တော်ကြာပျောက်နေတဲ့ staypler ဖြစ်နေတယ်.. ထောင်ရက်ပြုတ်ကျတာဆိုတော့တော်တော်နာတယ်.. ကျတာကလည်းခြေဖမိုးပေါ်.. (ဒီ staypler ကလည်း ငါ့ဟာ.. ဒီ် file ကလည်း ဘယ်သူမှ မကိုင်ဘူး ငါဘဲးကိုင်တာ.. ဒါ file တွေကိုလည်း ဘယ်သူမှမကိုင်ဘူး လိုရင်တောင်ငါ့လာတောင်းတာ ..ငါပဲ ဒီstaypler ကို ဒီ file ထဲးထည့်ထားတာ) လို့ တွေးမိလို့်သာ အော်မငိုတာ..သူများလုပ်တာဆိုအော်ငိုပြီး ပြီး..ကိုယ့်အပြစ်နဲ့ကိုယ်မို့ နာနေတာကို ကြိုတ်ခံနေရတာ..

Company တစ်ခုကိုတော့ CV တစ်ခုပို့ထားတယ်.. ဘယ်လိုလာမယ်မသိဘူး.. ဘာပဲဖြစ်ဖြစ် အေးအေးဆေးဆေးတော့ အိမ်မှာနားမယ်..မေမေတို့ အိမ်သွားကြည့်ရင်လိုက်မယ်.. မေမေ့မိတ်ဆွေတွေ လာလည်စရာလည်းရှိသေးတယ် သူတို့ကို မေမေနဲ့ အတူလိုက်ပို့ရင် လည်လိုက်အုံးမယ်တွေးထားတာ.. မှန်းချက်နဲ့ နှမ်းထွက်နဲ့က မကိုက်ပါဘူး..ခဲးလေသမျှ သဲးရေကျပါပဲ.. ညနေမှာပဲ Ph ဝင်လာတယ်.. မနက်ဖန်မနက် ၉ နာရီ interviewလာနိုင်မလားတဲ့ .. CV ပို့ထားပြီးတော့ သွားမှာကောင်းမှာလေ..
လာနိုင်ပါတယ်ဖြေလိုက်တယ်.. လိပ်စာပေးပြီး မနက် မနက်ဖန်တွေ့မယ်ပြောပြီး Ph ချသွားတယ်..
ညရောက်တော့ ဖေဖေ နဲ့ မေမေ့ကိုပြောပြတော့ သွားပေါ့တဲ့..
နောက်နေမနက် interviewသွားရမယ်ဆိုတော့မနည်းအိပ်ရာက စောစော ထရတယ်.. မောင်လေးကလည်း လိုက်ခဲ့မယ်တဲ့ .. interviewပြီးရင် သူ့ကျောင်းကိုသွားမယ်လိုက်ခဲ့တဲ့ Interview က Outrampark မှာ .. သူ့ကျောင်းက Bugist မှာ ..
မထူးပါဘူး လိုက်ခဲ့မယ်ပြောလိုက်တယ်.. Interview တော့လဲး Boss ကပြောတယ်.. (အခုလက်ရှိလုပ်နေတဲ့ engineer က NTU ကိုဆက်တတ်မှာမို့ ထွက်မှာတဲ့.. Manager ကလဲးကိုယ်ပိုင်လုပ်ငန်းလုပ်မယ်ဆိုပြီး ထွက်သွားပြီတဲ့ အဲ့ဒီတော့ manager ရဲ့အလုပ်ကို မင်းနဲ့ငါနဲ့ လုပ်ရမှာတဲ့.. Manager က (၇ )နှစ်လောက်လုပ်ခဲ့တဲ့ ကာလမှာ ငါပြန်ကြည့်စရာမလိုခဲ့ဘူး..မင်းကြိုးစားနိုင်မယ်ထင်တယ်..ငါလည်းကူပေးမယ်တဲ့.....လစာကတော့ တောင်းထားတာများတယ်.. လျှော့ပေးနိုင်ရင်တော့ကောင်းပါတယ် မိသားစုနဲ့ တိုင်ပင်ချင်တိုင်ပင်ပါ.. လုပ်လိမ့်မယ် လို့မျှော်လင့်ပါတယ်.. မလုပ်ရင် သူ့အတွက် အလုပ်ပိုလာမှာ interview ခေါ်ရမှာ..သူ့မှာ manager မရှိတော့မအားဘူး..) တဲ့ ဟူးးးးး ... အားနာတတ်တဲ့ မမီးတော့.... ဘာပြောရမှန်းမသိဖြစ်နေတယ်.. ငြင်းလိုက်ရင်လဲး မျက်နှာပျက်စရာကရှိ.. လုပ်မယ်ပြောရင်လည်း မဖြစ်မှာကို စိုးရိမ်မိတယ်.. ညနေအကြောင်းပြန်မယ်ပြောပြီး ပြန်လာခဲ့တယ်.. မောင်လေးကျောင်းသွား.. ပြီးတော့ သူ့မွေးနေ့မှာ CD တရားခွေ ဝေချင်တယ်ဆိုလို့ CD အလွတ် အခွေအိတ် တွေဝင်ဝယ်ပြီး ပြန်မယ်လုပ်မှ မေမေက PH ဆက်ပြောတယ် panisula Plaza မှာ မြန်မာပြည်ကနေ ဖေဖေ့ဆေးပို့ချင်လို့ရမရ ဒေါ်သန်းသန်းနု ဆီမှာ မေးခဲ့တဲ့.. သေရော.... မောင်တော်လေးက မမီးကို Bugist ကနေ City Hall ကို လမ်းလျှောက်ခိုင်းတယ်ရှင်.. staypler ပြုတ်ကျလို့နာနေတဲ့ ခြေဖမိုးမှာ ဖိနပ်ပေါက်လို့ အရည်ကြည်ဖုတောင် ထနေတယ်.. အိမ်ရောက်တော့ မေမေ တို့က အလုပ်ကိုလုပ်လိုက်ပါဆိုလို့ တနင်္လာနေ့မှာ အလုပ်စဆင်းရတော့တယ်.. အိုးနင်းခွက်နင်း နဲ့ပေါ့.. ပျာယာကို ခတ်နေတာပဲ..မတတ်နိုင်ဘူး လုပ်ရတော့တာပဲ... အလုပ်အသစ်က တန်းရတာ ကံကောင်းတာလား ကံဆိုးတာလားကို မသိတော့ဘူး..
အလုပ်စဝင်ပြီး တစ်ပတ်မပြည့်ခင်မှာပဲး ကိုင်နေတဲ့ Ph က ဘာထဖောက်မှန်းမသိဘူး.. သူများ Ph လည်းမဝင် ခေါ်လို့လဲးမရဖြစ်နေတယ်.. card ကို မောင်လေး Ph နဲ့စမ်းတော့မရဘူး.. မမီး ph ကို မောင်လေး card ထည့်တော့ရတယ်.. တော်သေးတယ် Ph ဘာမှမဖြစ်ပဲ card ကဖြစ်နေတော့ Service center သွားရပြန်တယ်.. Contract က ပြည့်နေပြီးဖြစ်တော့ သူတို့က contract အသစ်ယူမလားမေးတယ်..မထူးတော့ဘူး..contract အသစ်တော့မယူတော့ဘူး ပျက်လက်စနဲ့ ဖြတ်လိုက်တာအေးတယ်ဆိုပြီး card အသစ်မယူပဲ prepaid card ကိုပဲသုံးတော့မယ် ဆိုပြီးပြန်လာခဲ့တယ်.. သူငယ်ချင်းတွေကို အကုန်လုံးကို ph နံပါတ်အသစ်ပို့ပေးပြီးပြီထင်ပြီး မနက်အလုပ်သွားလိုက် ညနေကျောင်းသွားလိုက် အိမ်ပြန်လိုက်နဲ့နေလာတာ သူငယ်ချင်းတစ်ယောက်ကို Ph ပြောင်းထားတာမပြောမိမှန်းသိတယ်.. အမှုမဲ့ အမှတ်မဲ့နဲ့မေ့နေခဲ့တာလေ သူလာမေးမှ မပေးမိမှန်းသတိထားမိတယ် .. ဒါလည်း သိသိချင်း ချက်ချင်းမပေးမိသေးပါဘူး..ဘာတွေနဲ့ ရှုပ်နေမှန်းကိုမသိဘူး ..

သောကြာနေ့ကနေမှာ online ဝင်ရင် သူငယ်ချင်းတစ်ယောက် နေမကောင်းတာသိခဲ့ရတယ်.. Ph ဆက်ပြီးသတင်းမေးအုံးမှလို့တွေးမိပေမယ့် ညမှာမမေးမိဘူး..
နောက်နေ့မနက် အလုပ်သွားမှ သတိရပြီး ph ကောက်ဆက်လိုက်တယ်.. Ph ကို answer လုပ်တော့ အိပ်ချင်မူးတူး အသံနဲ့ .. ပြောနေရင်းမှ.. (မမီး ဆီမှာတော့ ဘယ်ချိန်မှန်းမသိဘူး ဒီမှာတော့ မနက် ၃ နာရီ)တဲ့ ph ဆက်ပြီးမှ အားနာစရာဖြစ်တော့တယ်.. သူနေတာ ကာတာမှာ သူ့နိုင်ငံဘယ်ချိန်ဆိုတာ မမီးသတိမထားမိဘူး ငါသတိရတုန်း အားတုန်းဆိုခေါ်လိုက်တာ နေမကောင်းတဲ့လူမှာသနားစရာ..လူနာကို သတင်းမေးတဲ့သူ တော်တော် အလိုက်သိတတ်တယ်.. မနည်းတောင်းပန်ရတယ်.. ဒါတင်မကသေးဘူး.. အလုပ်အမြဲးနောက်ကျတတ်တဲ့ သူငယ်ချင်းကို ph noအသစ်မပေးရသေးတာ သတိရပြီး ph ဆက်ပြီး ဘယ်မှာလဲး မေးလိုက်တာ.. သူလည်းအိပ်ချင်မူးတူးနဲ့ဖြေရှာတယ် (မမီး အိပ်နေတယ်.. ပြန်အိပ်တော့မယ်....)တဲ့.. ဒီနေ့စနေနေ့လေ.. သူများတွေအလုပ်နားတော့ အိပ်မှာပေါ့ ..မမီးသာ Half day သွားရတာ.. မမီးအလုပ်သွားတိုင်း သူများအလုပ်သွားမယ်ထင်ပြီး Ph ခေါ်လိုက်တာလေ.. အားတောင်နာတယ်.. မစဉ်းစားပဲ လုပ်လိုက်မိပြန်ပြီလို့ ကိုယ့်ကိုကိုယ် အပြစ်တင်ရုံ အပြင်ဘာမှမတတ်နိုင်ဘူး.. နောက်နေ့မှ တောင်းပန်တော့မယ် လိုပဲတွေးရတော့တယ်.. မမီးတို့လုပ်လိုက်ရင်ဒီလိုပဲ.. လွဲးပြီးရင် လွဲးနေတာ.. ပြီးပြီ မထင်နဲ့ ရုံးရောက်တော့ ရုံးသော့တော့ပါပါတယ်.. security ကဖွင့်ရမယ့် တခါးက မဖွင့်သေးတော့ ရုံးသော့ပါလည်း မမီးမှာ မဝင်နိုင်သေးဘူး. အလုပ်ကဝင်တာမကြာသေးတော့ ဘယ်နားက security ကို သွားပြောရမှန်းမသိဘူးလေ.. အပြင်မှာ မတ်တပ်မတ်တပ်နဲ့စောင့်နေရတယ်.. တော်တော်လေးကြာမှာ လာဖွင့်တယ်.. ပြောသွားတယ် sorryတဲ့..သူကတော့ sorryတဲ့ ဒီမှာတော့ မတ်တပ်ရပ်နေရတာ တော်တော် အီသွားတယ်..

မမီးမှာ အခုလို အပြောင်းအလဲးတွေ ကို့ယို့ကားယားတွေကြောင့်စာလည်းမရေးနိုင်.. အလုပ်ကအသစ်ဆိုတော့ အလုပ်ထဲးမှာ လည်း မသိတာတွေလေ့လာရ.. အိမ်ရောက်တော့ ပင်ပန်ပြီးအိပ်.. ဒီကြားထဲး အခုလို ပြသနာသေးသေးလေးတွေက ထထလာတော့ မမီးမှာ စာလည်းမရေးနိုင်.. စာလည်းမဖတ်နိုင်.. ဘာတွေနဲ့ရှုပ်နေမှန်းမသိ အလုပ်ကတော့ ရှုပ်နေတယ်..ပြန်တွေးမိရင် ငိုရမလား ရယ်ရမလား တောင်မသိတော့ပါဘူး...
အခုတော့ အလုပ်က လုပ်တာ ၂ ပတ်ရှိပြီဆိုတော့ နည်းနည်းတော့ stable ဖြစ်လာပါပြီ.. နောက်ထပ်အလွဲးတွေလဲးမဖြစ်တော့ဘူးထင်ပါတယ်.. မယ်မီး ငပျင်းလို့ အော်ခံရပေါင်းလဲးများနေပြီလေ...ဟီး အဲ့ဒါလဲး အရှက်ကတော့မရှိပါဘူး..:P

10 comments:

လသာည said...

ကြယ်လေးရေ ဖတ်ပြီး စိတ်မကောင်းဖြစ်သွားတယ်။ အစစ အဆင်ပြေပါစေလို့ ဆုတောင်းပေးတယ်နော်။ အလုပ်လည်း နေသားကျသွားရင် အဆင်ပြေမှာပါ။ ကျန်းမာရေးတော့ ဂရုစိုက်ပါ။
ချစ်တဲ့ လသာည

မယ့်ကိုး said...

ညီမလေးပင်ပန်းနေလား။ မောနေလျက် စာရေးနိုင်တဲ့ ညီမလေးကို ချီးကျူးတယ် တကယ်။ ကျန်းမာရေးလည်း ဂရုစိုက်နော် ညီမလေး။ ဟိုတလောကလည်း နေမကောင်းသေးတာ ဆိုတော့...

ချစ်တဲ့...

ဝက်ဝံလေး said...

မပျင်း မယ်မီးရေ အမလေး မရေးတော့လဲ မရေးဘူး ရေးတော့လဲ အရှည်ကြီးပါလား မမီးရေ အစစအရာရာ အဆင်ပြေပါစေကွယ်

မိုးအိမ့်ဖြူ said...

ဟုတ်တယ် လေ ဒီမှာအိပ်ကောင်းတုန်းရှိသေးတယ် ဖုန်းလာတော့ မမီးဖြစ်နေတယ်...။ အိပ်ချင်မူးတူးနဲ့ ဖုန်းကိုင်ပြီးစကားပြော တာ ဖုန်းတောင်ကျသွားသေးတယ် ဟုတ်..။ ဟွန်း မမီးတို့များ တော့လေ... စိတ်မဆိုးပါဘူးဗျာ..။ ကျွန်တော် နားလည်ပါတယ် ဒါပေမယ့် ဖုန်းတော့ ပြောတော့ ပြောလိုက်တယ်တော့ သိတယ် ပြန်စဉ်းစားတော့ ဘာတွေ ပြောသွားမှန်း တော်တော် ကို စဉ်းစားရခက်နေတယ်လေ...။ ဘာတွေပြောလဲဆိုတာ ထည့်ရေးပေးပါဦး......... :P နောက်တာနော် မမီး နေကောင်းသွားပါပြီ..ဒါပေမယ့် နည်းနည်းတော့ အကင်းမသေ သေးဘူး .. ။ မနေ့က ပတ်တီးတောင် ဖြည် ပြီးသွားပြီ .. :)

လင်းကြယ်ဖြူ said...

အားလုံးအဆင်ပြေပါစေခင်ဗျာ...

Mogok Thar said...

အဆင်ပြေပါစေ မမီးရေ...
ငါသာ ငါ့ အရှင်သခင် ဖြစ်အောင် လုပ်နိုင်ပါစေဗျာ။

မေဇင် said...

မမီးလေး ရေ...အားလုံး အဆင်ပြေပါစေနော်..။.... အဆင်ပြေမယ်လို့ လဲယုံကြည်ပါတယ်...။း)

သီဟသစ် said...

မမီးရေ
အားလုံးအဆင်ပြေသွားမှာပါကွယ်
:D

ခင်မင်စွာဖြင့်
သီဟသစ်

Libratun said...

with the best wishes,

Scalpel said...

အစစ အရာရာ အဆင်ပြေပါစေဗျာ။
ခင်မင်လျက်

Post a Comment