Saturday, August 1, 2009

ကျားနှုတ်ခမ်းမွေး နုတ်တဲ့ မယ်မယ်

တခါတုန်းက မယ်မယ် လို.ခေါ်တဲ. အမျိုးသမီးငယ်တစ်ယောက်ရှိတယ် ။ တနေ.မှာ သူဟာ ဟိုးတောင်ပေါ်မှာ တစ်ကိုယ်တည်း တရားအားထုတ်ပြီးနေထိုင်တဲ. ပညာရှိအဘိုးအိုတစ်ဦးဆီကို အကူအညီတောင်းဖို.တက်သွားတယ် ။ အဘိုးအိုဟာ ဥာဏ်ပညာကြီးပြီး အဆောင်လက်ဖွဲ.နဲ.အစွမ်းထက်တဲ.ဆေးဝါးတွေကိုစီရင်ပေးနိုင်သူဖြစ်တယ် ။ အဘိုးအိုဆီရောက်သွားတော. ကောင်မလေးက "ပညာရှိဘိုးဘိုးရယ် ၊ ကျွန်မအတွက် ဆေးတခွက်လောက် စီရင်ပေးဖို. လာပြီးတောင်းပန်တာပါ""လာပြန်ပြီလား ဆေးတစ်ခွက် ၊ဟိုလူလာလည်း ဆေးတခွက်၊ ဒီလူလာလည်း ဒါပဲ၊ တလောကလုံးရဲ.ရောဂါတွေကိုကုဖို. ငါဘယ်လိုလုပ်တတ်နိုင်မှာလဲ" လို.အဘိုးအိုက ပြန်ပြောလိုက်တယ် ။ အဲဒီခါမှာ မယ်မယ်က ထိတ်လန်.သွားပြီး "ကျွန်မရဲ.ခင်ပွန်း အတွက်ပါ ဘိုးဘိုးရယ်၊ ကျွန်မအလွန်ချစ်ရတဲ.ယောက်က်ျားတယောက်ပါ ၊ သူသုံးနှစ်လုံးလုံး စစ်ထဲလိုက်သွားပြီးပြန်လာချိန်မှာ စကားကိုချိုချိုသာသာမပြောတော.ဘူး ၊ ထမင်းကျွေးလို. သူမကြိုက်တဲ.ဟင်းပါရင်ထမင်းပွဲကိုတွန်းပစ်ခဲ.ပြီး ဒေါသတကြီးနဲ.ထွက်သွားလေ.ရှိတယ် ၊ ပြီးတော.လယ်ထဲမှာအလုပ်လုပ်ရမယ်.အချိန်မှာလည်း မလုပ်ပဲ ဟိုးတောင်ထိပ်ပေါ်ကိုတက်ပြီး ပင်လယ်ဖက်ကို သွားငေးနေတတ်တယ် " လို.သနားစဖွယ်ပြောပြတယ် ။ ' ဟုတ်တယ် ၊ စစ်ပွဲက ပြန်လာတဲ.လူငယ်တွေတခါတလေ ဒီလိုဖြစ်တတ်တာပဲ" လို. အဘိုးအိုက ဆိုတယ် ။ ပြီးတော. အဘိုးအိုကဆက်ပြောတယ်.." အင်း ၊ လွယ်ပါတယ်ကွာ၊ ဆေးတခွက်တိုက်ရင် ရပါတယ် ၊ ဒါပေမဲ. ဆေးဖော်ဖို.အတွက် အရေးကြီးဆုံး ဆေးတစ်မည် လိုနေတယ် ၊ အဲဒါက တော.အသက်ရှင်နေတဲ. ကျားတစ်ကောင်ရဲ. နှုတ်ခမ်းမွေး တစ်ချောင်းပဲ ၊ အဲဒါသာမင်းရလာရင် မင်းယောက်က်ျားအတွက် ဆေးဖော်ပေးလို.ရပြီ "လို.ပြောတယ်" ဟင်.....ကျားအရှင်ဆီက နှုတ်ခမ်းမွေး ဟုတ်လား ၊ အဲဒါကျွန်မ ဘယ်လိုလုပ် ရနိုင်မှာလဲ " လို.စိတ်ပျက်လက်ပျက်နဲ. ပြောတာပေါ. ။ အဘိုးအိုကလည်း" ဆေးက သိပ်အရေးကြီးနေရင်တော. ရအောင်ရှာခဲ.ပေါ.ကွာ " လို.ပြောပြီး သူ.အလုပ်သူ ဆက်လုပ်နေတော.တယ် ။ မယ်မယ်ကလည်း ကျားနှုတ်ခမ်းမွေး ရနိုင်မဲ.နည်းလမ်းတွေကို အပြင်းအထန် စဉ်းစားရတာပေါ. ၊ စဉ်းစားနေရင်း အကြံတခုရလာတယ်.............သူ.အကြံကို အကောင်အထည်ဖော်ဖို.အတွက် သူ.ယောက်က်ျားအိပ်နေတုန်းမှာ ထမင်းတွေ ဟင်းတွေယူပြီး ကျားရှိရာ ဂူကိုသွားတယ် ။ကျား ရဲ.ဂူကိုရောက်တော. ခပ်ဝေးဝေးကနေပြီး စားစရာထမင်းဟင်းတွေကို သူမြင်အောင်ချထားခဲ.ပြီး ပြန်လာတယ် ၊ ဒီလိုပဲ ညတိုင်းဆက်သွားတယ်ကျားကလည်း သူ.ကိုညတိုင်းမြင်နေရလို. တစတစပိုပြီး ရင်းနှီးလာပြီ ၊ ကျားကြီးက အစာစားနေတဲ.အချိန်မှာ မယ်မယ်က သူ.ကိုရပ်ကြည်.နေတယ်ဒီလိုနဲ. တဖြည်းဖြည်း ကျားကြီးနဲ.အနီးဆုံးနေရာကို ရောက်လာပြီးကျားကြီးကို နူးနူးညံ.ညံ. ကြင်ကြင်နာနာ စကားတွေ ပြောတယ် ။နောက်နေ.တွေမှာ အချိန်မှန် သွားနေတာများလာတော. သူသွားလိုက်တိုင်း ကျားကြီးဟာ သူ.ဂူဝကနေ ထွက်ပြီးမျှော်နေတတ်တာကို တွေ.လာရတယ် ၊ ဒီလိုနဲ. ခြောက်လလောက် ကြာသွားပြီး တညမှာတော. ကျားကြီးရဲ.ဦးခေါင်းကိုပွတ်သပ်နေရင်း မယ်မယ်က ၊"သဘောကောင်းတဲ. ကျားကြီးရေ ၊ ငါ.မှာမင်းရဲ. နှုတ်ခမ်းမွေး တစ်ချောင်းရမှဖြစ်မှာမို. နုတ်ပါရစေ ၊ ငါ.ကိုစိတ်မဆိုးပါနဲ.ကွယ် ၊" လို.ပြောပြီး ကျားကြီးရဲ. နှုတ်ခမ်းမွေးတစ်ချောင်းကို ဆတ်ခနဲဆွဲနုတ်လိုက်တယ် ။ ဒါပေမဲ. သူစိတ်ပူသလို ကျားကြီးက စိတ်ဆိုးမသွားဘူးတဲ.လေ ၊ ဒါကြောင်. ၀မ်းသာအားရနဲ. အိမ်ပြန်ပြီး နောက်နေ.မနက်မှာပညာရှိ အဘိုးအိုဆီ အမြန်သွားတော.တာပဲ ။ " ဘိုးဘိုးရေ ၊ ကျွန်မ ကျားနှုတ်ခမ်းမွေးကို ရလာပြီ ၊ ကျွန်မယောက်က်ျား နဲ.ချစ်ချစ်ခင်ခင်နေလို.ရအောင် ဆေးဖော်ပေးပါတော." လို.ပြောတယ် ။ဒါနဲ. အဘိုးအိုက ကျားနှုတ်ခမ်းမွေးကို သေသေချာချာ ယူကြည်.ပြီး ၊ " မှန်တယ် ၊ ဒါ ကျားနှုတ်ခမ်းမွေး အစစ်ပဲ " လို.ပြောလိုက်တယ် ။ ပြီးတော.အဲဒီကျားနှုတ်ခမ်းမွေးကို သူ.ရှေ.ကမီးလင်းဖိုထဲ ပစ်ထည်.လိုက်တယ် ။ "ဟင်......ဘယ်လိုလုပ်လိုက်တာလဲ ဘိုးဘိုးရယ် ၊ လို.မယ်မယ် က အလန်.တကြားမေးတော. " ဒီ ကျားနှုတ်ခမ်းမွေး ကို မင်းဘယ်လိုရလာသလဲ ဆိုတာ ငါ.ကိုပြောပါ " အဘိုးအိုက ဆိုတယ် ။ " ဘယ်မှာ အလွယ်တကူ ရနိုင်ပါ.မလဲ အဘိုးရယ် ၊ကျွန်မ ညတိုင်းတောထဲကို ပန်းကန်တလုံးနဲ. အစာတွေထည်.ပြီးသွားတယ် ၊ ပထမတော.ကျားနဲ.ခပ်ဝေးဝေးမှာနေပြီး သူမြင်အောင် အစာခွက်ကိုချပြရတယ် ၊ နောက်ပိုင်း တဖြည်းဖြည်းနဲ.သူ.အနားကိုရောက်အောင်တိုးပြီး စကားကိုလည်းကြင်ကြင်နာနာ နဲ.ပြောပေးရတယ် ၊ ရက်ပေါင်းများစွာကြာလာတော. သူက ကျွန်မကိုထွက်ကြိုတယ် ပြီးတောာ. ကျွန်မလက်ထဲက အစာကိုစားတယ် ၊သူခေါင်းလေးပွတ်ပေးတော. ကြောင်ကလေးလို ညီ်းပြီး ငြိမ်ခံနေတယ် ၊ အဲဒီလို ရင်းနှီးမှုရအောင်လုပ်ပြီးမှ သူ.ဆီက နှုတ်ခမ်းမွေးကို နူတ်လို.ရတာပါ" အဘိုးအိုက " ကောင်းတယ် ၊ သိပ်ကောင်းတယ် ကျားဆိုးကြီးကို ယဉ်ပါးအောင်လုပ်ပြီးတော. သူ.ဆီက အကြင်နာ နဲ. သူ.ရဲ.ယုံကြည်မှုကိုမင်းရယူခဲ.တာပဲ " လို. အဘိုးအိုက မှတ်ချက်ချတယ် ။ "ဒါပေမဲ. ခုတော.အဘိုးက အဲဒီကျားနှုတ်ခမ်းမွေးကို မီးထဲပစ်ထည်.လိုက်ပြီလေ ၊ ကျွန်မကြိုးစားခဲ.သမျှ အလဟသ ဖြစ်ရပြီပေါ.လို. "မယ်မယ်က ဆိုတော. အဘိုးအိုက ပြုံးပြီး အခုလိုပြန်ပြောတယ် ။ "ဟာ....ဘယ်ဟုတ်မလဲ ၊ အလဟသလို.ငါမဆိုပါဘူး ၊ ဒီကျားနှုတ်ခမ်းမွေးက မလိုတော.လို. ပစ်လိုက်တာ ၊ ဒီမှာ မိန်းကလေး မင်းပြောစမ်းပါယောက်က်ျားတယောက်ဟာ ကျားတစ်ကောင်လောက် ကြောက်စရာ ကောင်းမလား ၊ သူ.အပေါ်ထားရှိတဲ.မင်းရဲ.အကြင်နာတရားတွေကိုကျားတစ်ကောင်လောက်မှ မခံယူတတ်ပဲနေမလား ၊ အင်မတန် ကြမ်းကြုတ်တဲ. သားရဲတကောင်ရဲ. ချစ်ခင်ယုံကြည်မှုကိုတောင် ကြင်နာမှုတွေ ၊စိတ်ရှည်ဇွဲရှိမှု စွမ်းအားတွေနဲ. မင်းရအောင်ယူနိုင်ခဲ.ရင် မင်းခင်ပွန်းရဲ. ချစ်ခြင်းတရားကို မင်းပြန်မရနိုင်စရာ အကြောင်းဘာရှိသလဲ " လို.အဘိုးအိုက စိတ်ရှည်လက်ရှည်နဲ. ရှင်းပြတယ် ။ အဘိုးအို ရဲ.စကားတွေကို ကြားပြီးတော. အဲဒီနေရာမှာ မယ်မယ်တစ်ယောက် မလှုပ်မယှက် ငြိမ်သက်ပြီး စဉ်းစားနေတော.တယ် ။နောက်တော.မှ တဖြည်းဖြည်းပြုံးလာပြီး ၀မ်းသာအားရစွာနဲ. တောင်အောက်ကို ပြေးဆင်းသွားတော.တာပေါ.................။

Alpine အစုတ်ပလုပ်လေး ပြောပြတဲ့ ပုံပြင်...

သတိထားကြနော်.. ကိုက်တတ်တဲ့ကျားတောင် နုတ်ခမ်းမွှေးနုတ်ခံရတယ်......

14 comments:

neking said...

ဘာရမလဲငါကလေ....ဟဲဟဲပထမကွ။
ကြိုက်တယ်ယုံတမ်းစကားလေးတွေကို။မိန်းခလေးတွေများကျားတောင်နှုတ်ခမ်းမွှေးနှုတ်နေနိုင်မှတော့လူကျားတွေလဲသေပြီပေါ့ဗျာ။ဒါပေသိအကြင်နာလေးတွေနဲ့နှုတ်ရင်တော့ခံရမှာပါပဲ။သဘာဝကိုမမီးရဲ့..အဟဲ

လသာည said...

ဒါလေးလည်း ဖတ်လို့ ကောင်းတယ်။ အင်း.. မယ်မီးတစ်ယောက် အဲ..ဆောရီးနော် မယ်မယ်တစ်ယောက် ကြင်နာသူကို ကြင်နာတတ်သွားပြီပေါ့။ :D ။ ကောင်းလေစွ။ ဘာကိုပဲဖြစ်ဖြစ် စိတ်ရှည်ရှည်ထားနိုင်ရင် ကောင်းတယ်။ ထင်တာပြောတာပါ။ လသာညတော့ ၆လအထိ စိတ်မရှည်လောက်ဘူး။ ၆ ရက်လောက်တော့ ဖြစ်လောက်မယ်ထင်တယ်။ ဟားဟား။

မယ့်ကိုး said...

ညီမလေးရေ...ပုံပြောကောင်းတယ်။ ဒီပုံပြင်လေးကို ဟိုးအရင်ထဲက ကြိုက်ခဲ့တယ်။ ညီမလေးရေ အမျိုးသမီးနာမည်က မယ်မယ် တဲ့လား ။ အစ်မကို မယ်မယ်လို့ ခေါ်ခဲ့တဲ့ မခေါ်အောင် တောင်းပန်ထားရတဲ့ blogger တစ်ဦးတောင် သတိရမိသွားတယ်။

မေဇင် said...

မီးမီးရေ.... ကောင်းလိုက်တဲ့ ပုံပြင်လေးကွယ်....တန်ဖိုးရှိလိုက်တာ... ဟုတ်တယ်......ဘယ်သူ့ကိုမဆို စိတ်ရှည်ရှည်နဲ့ ကိုယ့်ရဲ့ကြင်နာမှုကို ပေါ်လွင်အောင်ပြတတ်ရင်.... ကျားနှုတ်ခမ်းမွှေးတောင်နှုတ်လို့ရတာပဲနော့်....း)

အရူးလေး said...

ကျနော့်ကိုလဲ စိတ်ရှည်ရှည်နဲ့ လာပေါင်းတဲ့သူတွေကို သတိထားရအုန်းမယ် ...
တော်ကြာ .. ပါသွားအုန်းမယ် ... ဟီး
ချမ်းမြေ့ကြပါစေဗျာ ....

နဒီမိုးညို said...

ပုံပြင်လေး.ဖတ်လို့ ကောင်းလိုက်တာ.
မှတ်သားစရာလေး..တွေ..မှတ်သားသွားပါတယ်..ရှင်

ဝက်ဝံလေး said...

ပုံပြောကောင်းတဲ့ မမယ်မီးရေ ငှက် မလေး စာလာဖတ်ပါတယ်နော် ရှင့် အဟီးးး ကောင်းတယ် ပုံပြင်လေးက ဖတ်သွားတယ် အဆုံးထိ ဟဟဟ
ဘိုင်

သီဟသစ် said...

အင်း မမီးရေ..
ပုံပြင်လေးက မှတ်သားစရာ
:)

ခင်မင်စွာဖြင့်
သီဟသစ်

စည်သူ said...

အဲဒီနေရာမှာ မယ်မယ်တစ်ယောက် မလှုပ်မယှက် ငြိမ်သက်ပြီး စဉ်းစားနေတော.တယ် ။နောက်တော.မှ တဖြည်းဖြည်းပြုံးလာပြီး ၀မ်းသာအားရစွာနဲ. တောင်အောက်ကို ပြေးဆင်းသွားတော.တာပေါ.................။

အဲဒါကိုပြောတာလေ
ဘာလို့လဲ..?

Lucifer said...

မောင်စည်သူ... မယ်မယ်က သူကိုယ်တိုင် သူ့ယောင်္ကျားသူ့ ကိုချစ်ခင်လာအောင် ကြိုးစာနိုင်ပြီ.. ဆေးဖော်စရာမလိုတော့ဘူးဆိုတာကိုသိသွားလို့ပေါ့.. စဉ်းစားကြည့်လေ... ကိုက်တတ်တဲ့ကျားတောင်နုတ်ခမ်းမွှေးကို သူနုတ်နိုင်တာပဲ... သူ့ယောက်ျားကို ဘယ်လို စည်းရုံးရမယ်ဆိုတာ သူသိသွားလို့ပေါ့...

လင်းကြယ်ဖြူ said...

များရည်တစ်စက်ဟာ မုတ်ခါး တစ်ဂါလံထက် လူတွေကို ပိုပြီးဆွဲဆောင်နိုင်တယ်တဲ့...ချိုသာမှု ၊ယုယမှု၊ကြင်နာမှုကိုတော့ လူတိုင်းက
လိုချင်ကြတာပဲ..မလိုချင်ဘူးဆိုတာ အလကားညာပြောတာ...သို့..ဟန်ဆောင်နေတာပဲဖြစ်မှာပဲ..
နှစ်ဦးနှစ်ဖက်နားလည်မှုဆိုတာ ရင်တွင်းဆွဲ အတ္တတွေကို မေ့ထားနိုင်ရင် ချစ်
ခရီးလမ်းတွေ သာယာမှာပါလေ...ကျွန်တော့ ဆီမှာရေးထားတယ်
It is better to lose your ego to the one you love than to lose the one you love because of your ego.... ပေါ့.....

မင်းအိမ်ဖြူ Minn Eain Phyu said...

သတိထားမယ် မမတွေကို ကျားနှုတ်ခမ်းမွေးတောင် နှုတ်တယ်

အင်းသူတို့ မရှိ့လို့လည်း မဖြစ်ပြန်ဘူး P:

yaewoori said...

ကြောက်ကြောက်စရာပဲ

စမ်းကြည့်ပါလားကိုယ်တိုင်

ရှေ့တန်းပြန်စစ်သားတော့မသိဘူး

ရုရှားပြန်စစ်သားတော့
ရွာရောက်ရင်
အင်တာနက်မရ ချတ်မရ
အွန်လိုင်းပူ မိတာတော့တွေ. ဖူးသဗျာ

emayarKhin said...

ပုံပြင်ကလေးက
သိတ်ချစ်ဖို့ကောင်းတာပဲ.......

Post a Comment