Saturday, August 22, 2009

ဖြစ်ပျက်နေပုံ

လသာညလေးက Tag ထားတယ်.. မမီးရဲ့ အခုတလောကို သိချင်နေရှာတယ်... မမီးရဲ့ ခုတလောကတော့ ဗျောင်းကိုဆန်နေတာပဲ..ဘာတွေဖြစ်နေမှန်းကိုမသိဘူး..အလွဲးတွေရော..အပြောင်းအလဲးတွေရော...စိတ်ဖိစီးမှုတွေရော..ပင်ပန်းမှုတွေရော..စုံနေတာပါပဲး…တစ်ခါတစ်လေ မသိမသာပြောင်းလဲးသွားတဲ့ ပြောင်းလဲးမှုမှာ ဘာမှမဖြစ်ပေမယ့်.သိသိသာသာ ပြောင်းလဲးသွားတဲ့ပြောင်းလဲးမှုမှာကိုတော့ မမီးသိပ်ကြောက်တယ်..ကြိုတင်တွက်စမထားတဲ့ပြောင်းလဲးမှုမျိုးကို ပိုကြောက်ပါတယ်.. ပြောင်းလဲးလာတာကောင်းသွားတာဖြစ် ဆိုးသွားတာဖြစ်ဖြစ် မမီးတော့ပြောင်းလဲးမှု ကိုကြောက်တယ်..
အခုလက်ရှိက ဆိုးနေသည်ဖြစ်ပါစေ မမီးဒီအခြေအနေမှာ နေသားကျနေတယ်.. ပိုကောင်းလာတဲ့ပြောင်းလဲးမှုပေါ်မှာတော့ မမီးစိတ်ပင်ပန်းရတယ်.. အဲ့ဒီပေါ်မှာ နေသားမကျသရွေ့ မမီး စိတ်ပင်ပန်းရပါတယ်…
မမီးရဲ့ အခုတလော ကတော့ ဖတ်မိတဲ့သူတိုင်း စိတ်ညစ်မိတော့မယ်ထင်ပါတယ်…

တွေးနေမိတာက-- ငါ ဆုံးဖြတ်တာ မှားသွားပြီလား ( ကြောက်တတ်တဲ့ သူတွေ တွေးလေ့ရှိတဲ့ အတွေးမျိုး)


ကိုယ့်ကိုကိုယ်ပြန်ဆင်ခြင်မိတာက- ငါဘာဆက်လုပ်သင့်သလဲး ။

ကျန်းမာရေး- အိပ်ယာပေါ် မလဲးသရွှေ့ ၊ ဆေးရုံပေါ်မရောက် တာကို မမီး ကျန်းမာရေးကောင်းတယ် လို့ပြောလို့ရတယ်.. (ဘာမှမဖြစ်တဲ့နေ့က ထီပေါက်တဲ့နေ့လို့ သတ်မှတ်လို့ရတယ်..)

ဖတ်ဖြစ်တဲ့စာအုပ်တွေက-- ဖတ်နေတာကတော့ ရုံးမှာ ရှိတဲ့ file ထဲးက စာတွေ ၊ လေ့လာနေရတာ company က လုပ်ခဲ့ပြီးတဲ့ project တွေ ၊ အလုပ်က အသစ်ဆိုတော့ လေ့လာရတာ များနေတယ် ။ တစ်စ တစ်စ ပိုပို လေ့လာရတာများလာပြီ ။ အခုတလော စာမကြည့်ပဲ စာဖတ်နေရင် ဆရာမကြီးက ရိုက်မယ်တဲ့..မေမေကတော့ စာအုပ်တွေမီးပုံရှို့မယ်တဲ့..

ရောက်ဖြစ်နေတာက-- အလုပ် ၊ ကျောင်းနဲ့ အိမ်အောက်က ကလေးကစားကွင်း (ကလေးတွေနဲ့ သွားကစားတယ်မထင်နဲ့ ကလေးကစားတာ သွားကြည့်တာ.. သူတို့ဘဝလေးတွေက အပူပင် ကင်းတယ်.. စိတ်ထင်တိုင်းဆော့နေလို့ရတယ်.. မမီးမှာ တခြား အပူအပင်မရှိပေမယ့် အလုပ်ထဲးက စိတ်ပင်ပန်းမှုများတယ်.. စိတ်ထဲးအတိုင်းလုပ်လိုက်ရရင် ကလေးတွေနဲ့ သွားစော့နေမှာ)

ရေးဖြစ်နေတာက-- ဘာမှကိုမရေးဖြစ်တာ။

နားထောင်ဖြစ်နေတာက-- ချစ်တဲ့တောင်ပေါ်သူ..

ရွတ်နေမိတဲ့ကဗျာက-- ဘာကဗျာမှ ခေါင်းထဲးရောက်မလာပါ။

ဖြစ်ချင်နေတာက-- ကိုယ့် ကံကို ကိုယ်တိုင် ဦးဆောင်နိုင်သူ (ဖြစ်ချင်တာပြောတာလေ)

စားဖြစ်နေတတ်တာက--မေမေ ချက်တဲ့ ထမင်းနဲ့ ဟင်း..မကြိုက်ရင် ဂျီကျလို့ရတယ်။

သနားနေမိတာက-- ကိုယ့်ကိုကိုယ် ( ဘယ်သူမှ သနားမယ့်သူမရှိလို့)

လွမ်းနေမိတာက-- မွေးရပ်မြေ .. မေမြို့။

မေ့လျော့ပစ်နေမိတာက--ငယ်ငယ်ကပျော်ရွှင်ခဲ့တာလေးတွေ..(ပြန်တွေးမိတိုင်း ပြန်မရနိုင်တော့တာကို နှမျောမိလို့ပါ..မေ့ထားလိုက်တာပိုကောင်းမှာပါ..)

ခါးသက်နေမိတာ-- ကိုယ့်ကိုကိုယ် သိပ်အထင်ကြီးတဲ့ လူတွေ ။ (အဲ့လို လူကို မမီးသိပ်မုန်းတယ်)

တမ်းတနေမိတာက-- မေမြို့က စတော်ဘယ်ရီ ဖျော်ရည်.. ( မမီးတောင် တမ်းတနေရတာ ကိုဘိုဘို ရေ.. စတော်ဘယ်ရီဖျော်ရည် မသောက်ရသေးလို့ စိတ်ဆိုးမနေနဲ့)

ကြိတ်ပြီးအထင်သေးနေမိတာက-- ကိုယ်ပိုင် အရည်အချင်း မရှိတဲ့သူတွေကိုပေါ့ ။

ကြိတ်ပြီးချီးကျုးမိနေတာက-- ဒီလောက်ဆိုးတဲ့ မမီးကို သည်းခံပြီ ပေါင်းသင်းနေတဲ့ သူငယ်ချင်းတွေကို...

ဆန္ဒမရှိတဲ့နေရာ-- လူတွေ သိပ်များလွန်းတဲ့နေရာ.. လူကြောက်တတ်တာ ငယ်ငယ်ကထည်းက (ပြောရင်တော့ လူတောမတိုးရဲးတာပေါ.. မထူးတော့ဘူး ပွင့်ပွင့် လင်းလင်း ဝန်ခံတာကောင်းပါတယ်နော်..)

ဆန္ဒရှိနေတဲ့ကိစ-- မြန်မာပြည် ပြန်ချင်တယ်။

မုန်းတီးနေမိတာက-- နောင်တ ။

ချစ်နေတာက-- ပထမတော့ ကိုယ့်ကိုကိုယ်ပေါ့ ။ ဒုတိယတော့ မိသားစု ။ ဟဲးးးး တတိယကတော့ မရှိသေးဘူး။


စိတ်ပျက်နေမိတာက-- ကိုယ့်ကိုကိုယ်။ ( စိတ်အလိုမကျဖြစ်နေလို့)

လိုအပ်နေတာက-- အကုန်လုံးပဲ... မလိုချင်တာဘာမှမရှိ။

တောင်းနေမိတဲ့ဆု-- စိတ်ချမ်းသာတဲ့ ဘဝကိုပိုင်ဆိုင်ချင်တယ်။

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက-- ငါဖြစ်ချင်တာ ဖြစ်အောင်လုပ်မယ်။ (မဖြစ်လာရင်တောင် ဖြစ်ချင်ရာဖြစ်လုပ်မှာ)

လသာည ရေ...မမီးရေးပေးပြီနော်..ကျေနပ်နိုင်ပါစေ....

10 comments:

မိုးအိမ့်ဖြူ said...

၁၊ ရွတ်နေမိတဲ့ကဗျာက-- ဘာကဗျာမှ ခေါင်းထဲးရောက်မလာပါ။ (မဟုတ်တာပြော မိုးရွာရင် မိုးရေချိုးမယ် မေမေလာရင် နိုဆိုမယ် ဖေဖေလာရင် ..... ဆိုတဲ့ကဗျာကို အလွတ်ကျက်ထား :P ၂။ သနားနေမိတာက-- ကိုယ့်ကိုကိုယ် ( ဘယ်သူမှ သနားမယ့်သူမရှိလို့) ချစ်သူမရှိသေးကြောင်းကြော်ငြာဝင်ခြင်း..:P

မိုးအိမ့်ဖြူ said...

၃။ ကြိတ်ပြီးချီးကျုးမိနေတာက-- ဒီလောက်ဆိုးတဲ့ မမီးကို သည်းခံပြီ ပေါင်းသင်းနေတဲ့ သူငယ်ချင်းတွေကို... ( သည်းခံနိုင်လို့ မသည်းခံနိုင်ရင် ဘယ်လိုပြောမယ် မသိ :P ) ၄။ ဆန္ဒရှိနေတဲ့ကိစ္စ-- မြန်မာပြည် ပြန်ချင်တယ်။ (မေမေရယ် ရှာပေးကွယ် ယောင်္ကျားလိုချင်တယ် ဒါကြောင့်ပါ :P ) ၅။ ချစ်နေတာက-- ပထမတော့ ကိုယ့်ကိုကိုယ်ပေါ့ ။ ဒုတိယတော့ မိသားစု ။ ဟဲးးးး တတိယကတော့ မရှိသေးဘူး။ (ရည်းစားမရှိသေးကြောင် ထပ်မံကြော်ငြာချက် ) ၆။ လိုအပ်နေတာက-- အကုန်လုံးပဲ... မလိုချင်တာဘာမှမရှိ။ ( တကယ်ယူမှာလား ) :P ၇။ ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက-- ငါဖြစ်ချင်တာ ဖြစ်အောင်လုပ်မယ်။ ( ဒီလို ရည်မှန်းချက်ထား တာပေါ့ ယောင်္ကျားယူမယ် ဟေ့ ) လျှိုဝှက်ချက်တွေ ဖေါ်ပြလိုက်လို့ စိတ်မဆိုးနဲ့နော်

လသာည said...

ကျေနပ်ပါတယ် ကြယ်လေးရယ်..
ကြယ်လေးပြောနေတာ ကလေးတစ်ယောက် ကြိမ်းဝါးနေသလို ချစ်ဖို့ကောင်းပါ့..
ပင်ပန်းသွားပြီ နားလိုက်ဦးနော်...

မေဇင် said...

မမီးရဲ့ ခုတလော လေးကိုသိသွားပြီ.............း))

မယ့်ကိုး said...

ညီမလေးရေ...လေးကြိမ်မြောက်မန့်ခြင်းပေါ့။ မနေ့တည်းက သုံးခါထက် မန့်ပြီးပြီ။ နက်မကောင်းလို့။
မမနဲ့  ညီမလေးတော်တော်များများစိတ်တူတယ်။ အတူဆုံး အဆိုးဆုံးကတော့ ဆန္ဒမရှိတဲ့နေရာ-- လူတွေ သိပ်များလွန်းတဲ့နေရာ.. လူကြောက်တတ်တာ :D

ဝက်ဝံလေး said...

အော် လူကြောက်တယ်လား များ လဲကြောက်တယ် အဟီးးးး ဒါကြောင့် မြောက်ဝင်ရိုးစွန်းမှာပဲ နေတာ အဟက် မမီးရဲ့ အခုတလောလေး သိသွားပီ ဟိဟိ များ နဲ့ တူတူပဲ များလဲ ရည်းစားမရှိသေးဘူး တို့အပျိုကြီးအဖွဲ့ဆိုပြီး ကဲကြရအောင်လား ဟားဟားးးးးးးးးးးးးးးးးးးးး

emayarKhin said...

မမီးရေ....တောင်းတဲ့ဆုတွေပြည့်ပါစေကွယ်

လင်းကြယ်ဖြူ said...

ခုတလောက တော်တော်ခေတ်စားနေပါတယ်..
တစ်ယောက်တစ်မျိုးစီပေါ့..
မတူတာလေးတွေခံစားရပါတယ်..

neking said...

ဟ ဟ...မိုက်တယ်မိုက်တယ်....တယ်မလိမ္မာဘူးကိုး...
ဖတ်သွားတယ်အမရဲ့အခုတလောကို

ကိုရင်နော်ခင်လေးငယ် said...

ရောက်နေဖြစ်တာလေးကို သဘောကျတယ်.. ဟုတ်တယ်.. ကလေးတွေ ဘဝက အပူအပင်ကင်း လွတ်လပ်ငြိမ်းချမ်းလိုက်တာ..

ဆန္ဒတွေအားလုံး ပြည့်စုံပြီး ကိုယ့်ကံကို ကိုယ် ဦးဆောင်နိုင်သူ အမြန်ဆုံး ဖြစ်ပါစေနော်..

Post a Comment