Tuesday, July 28, 2009
တနင်္ဂနွေ တစ်ရက်
“မီးမီး.. နင်ခုထိအိပ်တုန်းလား.. ထတော့ရေချိုးတော့လေ.. ပြီးရင်နောက်ကျမယ်.. အန်တီတို့ဆီသာလာခဲ့တော့ ဟန်နီနဲ့ သူ့အဖေက ဓါတ်ပုံသွားရိုက်တယ် log one ကို.. ဟန်နီ P1 အပ်ဖို့လိုနေလို့.. အဲ့ဒီကနေပြန်လာမှ မီးမီးကို ဝင်ခေါ်ရင် နောက်ကျနေမယ်.. boatက ၂ နာရီတဲ့.. ကားကတော့ ၂ စီးနဲ့သွားမှာ.. အေး... နေအုံး passport မမေ့နဲ့နော်.. လိုလိုပိုပိုပေါ့..” ဟူး.... ဘာတွေမှာသွားမှန်းကို မသိတော့ဘူး.. စုံစိနေတာပဲး.. နာရီထကြည့်တော့ ၁၁း၃၅ ရှိပြီ..မဖြစ်ဘူးထမှ.. ငါရေချိုးတာကလည်းကြာတယ်ဆိုပြီး မနည်းထရတယ်.. ဆက်အိပ်ချင်နေသေးတာ.. တော်ပါသေးတယ်.. အဝတ်အစားတွေ ကိုတော့ မနေ့ည ကတည်းကထည့်ထားလို့.. passport ကဖေဖေ့ ဆီမှာ..ဖေဖေ့ဆီ တစ်ခါ ဖုန်းဆက်ရသေးတယ်. ဘယ်နားထားမှန်းမသိလို့.. (အော်... ပြောဖို့မေ့နေတယ်..ဒီလိုပြင်ဆင်နေလို့ ခရီးဝေးသွားမယ်မထင်နဲ့.. ပင်လယ်ထဲးအပျော် Boat သွားစီးမှာ.. သွားမယ့်နေရာက ဂျိုဟိုးနားဆိုတော့.. မလေးရှာရေပိုင်နက်ရောက်လို့ ရဲးကလာစစ်ရင် passport ပြရအောင်လို့ .. အင်္ကျီတွေထည့်သွားတာတော့ မင်းသမီးဆိုတော့ အဝတ်အစားအမျိုးမျိုးနဲ့ ဓါတ်ပုံရိုက်ရအောင်လို့ထည့်ထားတာ.. ထည့်တာမှ.. တစ်လခရီးသွားမယ့်သူတောင် မမီးလောက်ပါမှာမဟုတ်ဘူး.. ဟဟ) ရေချိုးပြီး ဟိုဟာ ဒီဟာလျှောက်လုပ်ပြင်ဆင်နေတာနဲ့ကို နေ့လည် ၁၂ နာရီကျော်နေပြီ.. Chaw Cho Kong ကို ၁ နာရီလောက်ရောက်မှ အဆူမခံရမှာဖြစ်လို့ မြန်မြန်ပြေးရတယ်.. တော်ပါသေးတယ်.. ၁ နာရီရောက်သွားလို့..ရောက်ရောက်ချင်းပဲး Tuas က check point ကို ချီတတ်ကြတယ်.. (အန်တီတို့လင်မယားရယ်.. ကလေးနှစ်ယောက်ရယ်.. အန်တီအပျိုကြီးရယ်.. အန်တီ နီနီရယ်.. မမီးရယ်. မန္တလေး လေးကနေလာလည်တဲ့ အစ်မဝမ်းကွဲးနှစ်ယောက်ရယ်..ကလေးထိမ်းဖို့ခေါ်ထားတဲ့ မမမော်ရယ်.. အားလုံး ၁၀ ယောက်.. camera ကိုယ်စီနဲ့.. ပျော်ပျော်ပါးပါး မော်တော်ကားနဲ့ ချီတတ် ကမျင်းကြောထ ကြတာ.. ) Boat ပေါ်ရောက်တော့ နေ့လည် ၂ နာရီ.. နေ ကောင်းကောင်းပူနေချိန်.. boat စထွက်ကတည်းက ရိုက်လိုက်တဲ့ ဓါတ်ပုံ ဘယ်သူတားတား တားလို့ကိုမရဘူး.. အန်တီအပျိုကြီးက ခေါင်းဆောင်လို့.. အပျိုပေါက်စ မမီးက ပိုဆိုးတယ်ထင်တယ်.. ထစ်ကနည်းရှိ မူးတတ်တဲ့သူက လှိုင်းလောက်ကတော့ အေးအေးဆေးဆေး မှုတောင်မ မှုတော့ဘူး.. ပိုစ့် အမျိုးမျိုးနဲ့ တစ်ယောက်တစ်လှည့်ရိုက်လိုက်..အဝတ်အစား တစ်ခါဝင်လဲးလိုက်.. နေပူလွန်းတော့ အသားမဲးမှာ စိုးပြီး လိမ်းလိုက်ရတဲ့ နေလောင်ခံဆေးကလည်း မခံနိုင်.. ကပ်ပတိန် ကုလားတောင် တော်တော်မျက်စိ နောက်ရှာမှာ.. နည်းနည်းလေးမောလာတော့..အတွင်းထဲးဝင်လိုက် အအေးလေးသောက်လိုက်.. အာလူးကြော်လေးစားလိုက်.. ဦးဦးကတော့ Beer လေးနဲ့ ညိမ့်နေလေရဲ့..ပြီးတော့ပြောသေးတယ်.. (ဒီနေ့ အိမ်မှာ Internet လိုင်းကျပ်တော့မယ်တဲ့ .. face book မှာ ဒီကောင်မတွေ အပြိုင်တင်ကြတော့မယ်တဲ့..) သူ့တူမတွေအကြောင်းသိလို့လိုက်ပို့တာနေမှာ. .ညနေဆောင်း တဲ့ထိနေဝင်ချိန်မှာ ဓါတ်ပုံက ရိုက်လို့ ကိုမပြီးနိုင်သေးတာ.. ကမ်းကိုပြန်ရောက်တော့ ည ၈း၃၀ ရှိနေပြီ.. အိမ်ပြန်တော့ ကားပေါ်ရောက်တော့ အားလုံးက ပင်ပန်းနေပြီ.. ဖွင့်ထားတဲ့သီချင်းသံ အေးအေးလေးပဲ ကြားနေရတော့တယ်.. ( မနက် အလုပ်သွားရမယ်) ဆိုတဲ့ အတွေးဝင်လာတော့မှ တစ်နေကုန်ပျော်ခဲ့တဲ့ အပျော်တွေဘယ် ပျောက်သွားမှန်း မသိတော့ပါဘူး..အိမ်ရောက်တော့ ၉း၃၀ ရှိနေပြီ.. ခဏနား ရေးချိုးပြီးအိပ်လိုက်တာ..တနင်္ဂနွေတစ်ရက်တော့ ကုန်သွားရှာတယ်..
မိုးသောက်ကြယ်
မိုးသောက်ကြယ်
Labels:
ရသစာပေ
Subscribe to:
Post Comments (Atom)





12 comments:
အချိန်တွေက အကုန်မြန်နေသလိုပဲ...
တစ်ရက်တစ်ရက် နဲ့ တစ်လတစ်လနဲ့..
ပြီးတော့ တစ်နှစ်ပြီးတစ်နှစ်..........
အချိန်တွေ တန်ဖိုးရှိ လှပနေပါစေ
စာလေးနဲ့ ..ဓါတ်ပုံနဲ့ တွဲတင်လိုက်တာမဟုတ်ဖူး.
ပျော်ရွှင်ပါစေ..မမီး...ရေ
ညီမလေးရေ ...နေ့ လေးတစ်နေ့ အကြောင်း လာဖတ်သွားတယ်။ နဒီမိုးညိုပြောသလို ဓာတ်ပုံလေးပါ တွဲတင်လေ.... :)
ရမလား... face book မှာပဲ တင်လို့ရမလား လို့... ဘလော့ ပေါ်မှာလဲ တင်ဦးလေ.... မီးမီး လှလှလေးကို မြင်ချင်တာပေါ့ ....။ ပျော်စရာကြီးနော်... အဲ့လိုသွားချင်တယ်...။
ညစ်ပတ်တဲ့သူတွေ ရေချိုးတာကြာတယ်
အပြိုပေါက်စတဲ့ ဆံပင်ဖြူလား?
အဟိဓာတ်ပုံ?
လှမှတော့တင်ပြီပေါ့
ကိုယ့်ကိုယ်ကိုယုံကြည်မှူမရှိလို့မတင်တာ :P
အယ် ဓာတ်ပုံတွေရောမင်းသမီးရ ဘယ်နားဖွက်ထားတုံး ဟဟဟဟ တင်ဦးလေ ကြည့်ချင် ဓာတ်ပုံပြောပါတယ် ဟဟ ဘိုင်
ပျော်စရာ တနင်္ဂနွေနေ့လေး ရခဲ့တာပါလား မမီးရေ။
ဘ၀မှာ ဆက်လက်ပြီး ပျော်ရွှင်စွာ လျှောက်လှမ်း နိုင်ပါစေဗျာ။
္ဒဓါတ်ပုံတွေ တင်သင့်တာပေါ့ဗျာ... မရောက်ဘူးတော့ ဗဟုသုတ ရတာပေါ့ဗျာ.. မျှော်နေမယ်ဗျား..
သြော်......
သူများတွေများပျော်လိုက်ကြတာ
အချိန်တောင် ဘယ်လိုကုန်သွားမှန်းကို မသိလိုက်ဘူး..။
ပြောတော့ပါဘူးလေ .....
အကြွေးလာဆပ်တာနော် ဟဲဟဲ..။
ခင်မင်စွာဖြင့်
စည်သူ။
မမီးရေ
ပုံတွေ တင်ပါဗျို့။ချွေးမတော်သင့် မတော်သင့် စဉ်းစားရအောင်။
:)
ခင်မင်စွာဖြင့်
သီဟသစ်
ကြယ်လေးရေ..ပျော်စရာကြီးနော်။ တော်တော်ပျော်ခဲ့တယ်ပေါ့ ဟုတ်လား
hello have a nice day,
very nice post
from
Medical Books Free
Post a Comment