Sunday, June 28, 2009
ကော်ဖီ နှင့် ကျန်းမာရေး
နှလုံးကို ကျန်းမာစေပါသလားကော်ဖီသောက်ခြင်းဟာ နှလုံးကိုထိခိုက်စေနိုင်တယ်ဆိုတဲ့ အယူအဆဟာ မကြာခဏဆိုသလို ပေါ်ထွက်ခဲ့ပါတယ်။ ဥရောပဘက်မှာ အနှစ်၂၀ လောက် ပြုလုပ်ခဲ့တဲ့ သုတေသနတွေအရ ကော်ဖီ ခပ်ပြင်းပြင်းဟာ ကိုလက်စရော level ကို သိသိသာသာ မြင့်တက်စေပါတယ်တဲ့။ ဒီတော့ သုတေသီတွေဟာ ကိုလက်စရော levelကို မြင့်တက်စေတဲ့ cafestol နဲ့ Kahweol လို ဓာတုပစ္စည်းတွေကို ကော်ဖီထဲကနေ သီးသန့်ခွဲထုတ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဥရောပမှာ သုံးတဲ့ ကော်ဖီဖျော်တဲ့ နှပ်တဲ့နည်းတွေအရ ကော်ဖီနှပ်ဲ့အချိန်မှာ Cafestol နဲ့ Kahweal ဓာတ်တွေကော်ဖီထဲကနေ အများအပြား ထွက်လာပါတယ်။ ဒါပေမယ့် ကော်ဖီကို ပြန်ပြီးစစ်လိုက်တဲ့အခါမှာ ဒီအဆီဓာတ်တွေကို အကုန်နီးနီးလောက် ဖယ်ရှားလိုက်နိုင်ပေမယ့် အနည်းအပါးတော့ ကျန်ပါသေးတယ်။ ဒါ့အပြင် နောက်ပိုင်း သုတေသနတွေ အရ ကော်ဖီကို ပုံမှန် (တစ်နေ့ နှစ်ခွက်)ပဲ သောက်သူတွေမှာ သွေးပေါင်ချိန်တိုးလာနိုင်တာမျိုး မရှိတော့ပါဘူး။ ပြီးတော့ ကျန်းမာတဲ့သူတွေ မှာလည်း နှလုံးခုန်မမှန်ခြင်းကို မဖြစ်ပေါ်စေဘူးလို့ တွေ့ရပါတယ်။ ဒီတော့ ကော်ဖီကို အနေတော်လောက်ပဲ သောက်သုံးရင်တော နှလုံးရောဂါဖြစ်ပေါ်စေမှာ မဟုတ်ပါဘူး။ကိုယ်ဝန်ပျက်ကျခြင်းနှင်း ပတ်သက်၍ကော်ဖီကို တစ်နေ့ နှစ်ခွက်နှုန်းသောက်တဲ့ ကိုယ်ဝန်သည်တွေမှာ ဒီ့ထက်ကော်ဖီသောက်နည်းတဲ့ ကိုယ်ဝန်သည်တွေမှာထက် ကိုယ်ဝန်ပျက်ကျနိုင်တဲ့နှုန်းဟာ ၃၆ ရာခိုင်နှုန်းပိုများ ပါတယ်လို့ တွေ့ရှိပါတယ်။ ဒါပေမယ့် အမေရိကန် ကလေးသူငယ်ကျန်းမာရေးနဲ့ လူသားဖွံ့ဖြိုးမှုဋ္ဌာနမှ Klebanolfm ကတော့ တစ်နေ့ကို ကော်ဖီ၅ခွက်ကနေ ၆ခွက်သောက်တဲ့ ကိုယ်ဝန်သည်တွေမှသာ ကိုယ်ဝန်ပျက်ကျနိုင်နှုန်း များတာပါလို့ ဆိုပါတယ်။
ကင်ဆာရောဂါ ဆက်စပ်မှု၁၉၈၀ ပြည့်နှစ်အစပိုင်းက ကော်ဖီသောက်ခြင်းကြောင့် ပန်ကရိယကင်ဆာ ဖြစ်စေတယ်ဆိုတဲ့ သတင်းပေါ်ထွက်ဖူးပါတယ်။ ဒါပေမယ့် ဒီသတင်းဟာ သတင်းမှားတစ်ခုပါ။ အကယ်၍များ ကော်ဖီသောက်ခြင်းနဲ့ ဆီးအိမ်ကင်ဆာကြား ဆက်စပ်မှုသာရှိမယ်ဆိုရင် ဒါဟာ ကော်ဖီအလွန်အကျွံ သောက်သူတွေမှာသာ တွေ့ရမှာဖြစ်ပါတယ်။ တစ်နေ့ကို ကော်ဖီ ၁၀ ခွက်နဲ့ အထက်သောက်လေ့ရှိတဲ့ ဥရောပသားမျိုးတွေပေါ့။ ဒါအပြင် ကော်ဖီကြောင့် အူမကြီးကင်ဆာဖြစ်ပွားစေတယ်ဆိုတာ မဟုတ်ပါဘူး။
အားပါးတရသောက်သုံးသင့်သလားကိုယ်ဝန်ဆောင်သည်တွေ၊ ကိုယ်ဝန်ဆောင်တော့မယ့် အမျိုးသမီးတွေ၊ နို့တိုက်မိခင်တွေအနေနဲ့ ကော်ဖီကို တစ်နေ့နှစ်ခွက်နှုန်းထက် ပိုမသောက်သင့်ပါဘူး။ အဲဒါမှ မဟုတ်ရင် ကလေးပျက် ကျတာမျိုးတို့၊ နို့စို့ကလေးမှာ စိတ်ဂဏာမငြိမ်တာမျိုးတို့ ဖြစ်တတ်ပါတယ်။ အစာမကြေလေအောင့်တဲ့ ရောဂါရှိသူတွေ၊ စိုးရိမ်စိတ်ကြီးသူတွေ၊ ရင်သားမှာအကျိတ်ရှိသူတွေဟာ ကော်ဖီကိုလျော့သောက်သင့်ပါတယ်။ ဒါပေမယ့် လူအများစုအတွက်ကတော့တစ်နေ့ကို နှစ်ခ်ါပုံမှန်သောက်သုံးခြင်းဟာ အနရာယ် မဖြစ်စေပါဘူး။ ကိုယ့်ကျန်းမာရေး အခြေအနေအပေါ် မူတည်ပြီးတော့ ကော်ဖီကို ချင့်ချိန်သောက်သုံးပါ။
References;
Wikipedia
Recovery Resources Online
ကော်ဖီသမိုင်း
ကော်ဖီဆိုတဲ့နာမည်ကို ပေးပါတယ်။ အာရေဗျလူမျိုးတစ်ဦးကို
သူ့နောက်လိုက်တွေနဲ့ အတူ သဲကန္တာရတစ်ခုကို အစာငတ်သေအောင် ပြည်နှင်ဒဏ်ပေးလိုက်ပါတယ်။ အဲဒီ
မှာ အိုမရ်လို့ခေါ်တဲ့ အာရေဗျတစ်ယောက်နဲ့ သူ့အဖော်တွေဟာ အမျိုးအမည်မသိတဲ့ အပင်ကရတဲ့ အသီးကို
ပြုတ်ပြီးစားကြပါတယ်။ အဲဒီအသီးတွေက အာရေးဗျပြည်ပြေးတွေရဲ့အသက်ကို ကယ်နိုင်ရုံတင်မက အနီးဆုံး
မြို့ဖြစ်တဲ့ Mocha မြို့ကိုပါ ဂုဏ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကို အစွဲပြုပြီး အဲဒီအပင်နဲ့ အဖျော်ရည်
ကို Mocha လို့ အမည်ပေးခဲ့ကြပါတယ်။
ကိုးရာစုလောက်က မွတ်ဆလင်မ်ကမ္ဘာမှာ ကော်ဖီကို ဆေးအနေနဲ့ စတင်အသုံးပြုခဲ့ကြတယ်။ နောက်ပိုင်းမှာ
ကိုးရာစုလောက်က မွတ်ဆလင်မ်ကမ္ဘာမှာ ကော်ဖီကို ဆေးအနေနဲ့ စတင်အသုံးပြုခဲ့ကြတယ်။ နောက်ပိုင်းမှာ
ကော်ဖီကို အရသာခံဖို့နဲ့ သောက်စရာကောင်းတဲ့ အရာအဖြစ် ကြိုက်နှစ်သက်ခဲ့ကြပါတယ်။ ၁၄ရာစုအတွင်း
မှာတော့ အာရေးဗျ မှာ ကော်ဖီပင်အချို့ကိုစိုက်ပျိုးခဲ့ကြပါတယ်။ သူတို့ဟာအုပ်စုလိုက်ဝင်ရောက်စီးနင်းတိုက်
ခိုက်ကြတဲ့အခါ ကော်ဖီစေ့တွေကို အဓိကအာဟာရအရင်းအမြစ်အဖြစ် သားကောင်တွေရဲ့ အဆီထဲမှာ မြှုပ်
နှံထားခဲ့ကြပါတယ်။တူရကီတွေကတော့ သောက်စရာတစ်ခုအဖြစ်မွေးစားခဲ့တဲ့ ပထမဦးဆုံးနိုင်ငံဖြစ်ပါတယ်။
တခါတရံမှာ လေးညှင်းပွင့်၊ သစ်ကြံပိုးခေါက်၊ ဂျင်းမျိုးနွယ်ဝင်အပင်များထည့်ပြီး ခေါင်ရည် ဖြစ်အောင်လုပ်ကြ
လေ့ရှိပါတယ်။
၁၅ဝဝမတိုင်မီလောက်မှာ တူရကီ၊ နောက် အီတလီတို့မှာရောက်ရှိပြီးသွားပြီဖြစ်ပါတယ်။ ၁၇၂၀ မှာ ပြင်သစ်
မရိန်းတပ်အရာရှိ GabrielMathieu deChieu ဟာ မာတီနီကာ ကို ပဲရစ်စ်ကနေ ကော်ဖီပင် သုံးပင်ယူလာ
ခဲ့ပါတယ်။ ခရီးလမ်းမှာ သုံးပင်ထဲက တစ်ပင်ပဲရှင်ခဲ့ပါတယ်။ အဲဒီအပင်ကနေ ကမ္ဘာသစ်ဆီကို ကော်ဖီတွေစ
တင်စိုက်ပျိုးခဲ့ကြတာပါပဲ။ ကော်ဖီဆိုင်တွေကိုတော့ နိုင်ငံကြီးတွေရဲ့ မြို့တော် ၊ နောက်ပိုင်းမှ မြို့ကြီးတော်
တော်များများမှာ စတင်ဖွင့်လှစ်ခဲ့ကြပါတယ်။ ၁၆၀၀ ပြည့်နှစ်နောက်ပိုင်းမှာပေါ့။ အဲဒီကနေမှ တစ်ဆင့် အိမ်
မှာသောက်သုံးတဲ့ အထိ ပျံ့နှံ့ရောက်ရှိခဲ့ပါတယ်။
ဒါကတော့ ကော်ဖီရဲ့ သမိုင်းကြောင်းနဲ့ လူတို့ စတင်အသုံးပြုသောက်သုံးလာတဲ့ ဖြစ်စဉ်တွေဖြစ်ပါတယ်။
မိုးသောက်ကြယ်
Friday, June 26, 2009
စံပယ်..
" ပွင့်စပယ် အသွင်လှသော်လဲ
တင့်အတယ် မဆင်ကြချင်လို့
ထင်ကရ ကဲ့ရဲ့ဆို ။
တဏှာမွေ့ ရန်ဖို့
ကြာငွေ့ သီသီဆန်သတဲ့
ဝစီသံ ဤဟန်ထောက်ရလျှင်
ရတီမှန် ပြည်တန်ကျောက်ကို
ကောက်မိ ကြက်လို။
ကာလတွင် မြင်အသိတွေမို့
စာပြလျှင် ဘဝင်ထိစေတော့
ဆင်သတိ မပြတ်လိုအောင်
စပ်ဆိုသည့် စာအသွား။
ဥာဏ် လွှာငယ်စီ
ဒဏ္ဍာရီ တစ်စောင်ထိုးသော်လဲး
နောင်ကျိုး တစ်ခါဆင်လိမ့်
ဆရာသွင် စပယ်ပန်းကို
လှမ်းလိုက်ကြလား။ "
ဦးဘသန်း၏ လေးဆစ်ကဗျာတစ်ပုဒ် ဖြစ်ပါတယ်..
စံပယ် အမျိုးအစားများတယ်. စံပယ်ဖြူက ၁၄ မျိုး နဲ့ စံပယ်ဝါက ၄မျိုး ရှိတယ်.. စံပယ်ဝါကိုတော့ တောင်ဥရောပတိုက် ၊ မြေထဲးပင်လယ် ၊ တရုတ် နှင့် နီပေါ(လ်) နိုင်ငံတွေမှာတွေ့ရတယ်.ဦးဘသန်း ရေးစပ်တဲ့ ကဗျာလေးကတော့ စံပယ်ဖြူအကြောင်းပဲး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်.. စံပယ်ဝါက မြန်မာပြည်မှာမရှိဘူးလေ..
ဟာ .ဟ .... မမီးကတော့ စံပယ်ဝါကို မြင်ဖူးဖို့ နေနေသာသာ စံပယ်ဖြူ ၁၄ မျိုးကိုတောင်စုံအောင် မတွေ့ဖူးပါဘူး...
မိုးသောက်ကြယ်
Wednesday, June 24, 2009
တွေးမိတွေးရာ...
တွေးလာလိုက်တာ ဘယ်တွေရောက်ကုန်မှန်းတောင် မသိတော့ဘူး.. ကော်ဖီတွေတောင်အေးကုန်ပြီ..
မိုးကတော့မတိတ်သေးပါဘူး..မိုးဖွဲးလေးကျနေတုန်း..
မိုးသောက်ကြယ်...
Tuesday, June 23, 2009
နေကြာခင်းလေး အကြောင်း....
မိုးသောက်ကြယ်
Sunday, June 21, 2009
သုနိက္ခိတ္တနတ်သား
(ဝိမာနဝထ္ထု အဠကထာ ၊ သုနိက္ခိတ္တနတ်သား ဝထ္ထု)
ဖြစ်ပြီးတဲ့ အကုသိုလ်ကို ဘယ်လိုပယ်မလဲး
အရှင်ရာဇိန္ဒ ( ရဝေနွယ် - အင်းမ ) မှ ကောက်နှုတ်တင်ပြသည် ။
သုလသာ
ဒီနေရာမှာ ပညာ နဲ့ သီလ ဘယ်ဟာကို ရွေးမလဲး ….???
ဖြစ်ပြီးတဲ့ အကုသိုလ်ကို ဘယ်လိုပယ်မလဲ
အရှင်ရာဇိန္ဒ ( ရဝေနွယ် - အင်းမ ) မှ ကောက်နှုတ်တင်ပြသည်
Friday, June 19, 2009
ဇဋိလသူဌေးလောင်း
ဖြစ်ပြီးတဲ့ အကုသိုလ်ကို ဘယ်လိုပယ်မလဲ
အရှင်ရာဇိန္ဒ ( ရဝေနွယ် - အင်းမ ) မှ ကောက်နှုတ်တင်ပြသည် ။
Thursday, June 18, 2009
ကုသိုလ်ဖြစ်ဖို့ လိုရင်းပါ
(ပေတဝထ္ဘုအဠကထာ ၊ ပိဠဓီတကပေတဝထ္ဘု)
ဖြစ်ပြီးတဲ့ အကုသိုလ်ကို ဘယ်လိုပယ်မလဲ အရှင်ရာဇိန္ဒ ( ရဝေနွယ် - အင်းမ ) မှ ကောက်နှုတ်တင်ပြသည် ။
မိဘတိုင်းသိစေချင်ပါတယ်..
မိုးသောက်တို့  ငယ်ငယ်တုန်းကသင်ခဲ့ရတဲ့ ပြည်သူ့ နီတိက ဘယ်လောက်အရေးကြီးတယ်ဆိုတာရ ယ်၊ ပြီးတော့ရယ်စရာလေးလည်းဖြစ်တာပေါ့ ။မိုးသောက်မှာ ညီမဝမ်းကွဲးလေးတစ်ယောက်ရှိတယ်။အ သက်က ၅ နှစ်ပြည့်တော့မှာ မိုးသောက်တို့ နဲ့ အတူနေတယ် ၊ ဖူးဖူး တဲ့ ၊ စင်ကာပူ မှာမွေးပြီး ကျောင်းတတ်နေတော့ မြန်မာစကားနဲ့ မြန်မာစာကို မိုးသောက်တို့  အရမ်းသင်ရတယ် ။အရေးကြီးတာပြည်သူ့ နီတိပေါ့ ။ ဥပမာ (လူ ဆိုရင် ၂ ယောက် ၊ ခွေး ဆိုရင် ၂ ကောင် ၊ သံဃာ ဆိုရင် ၂ ပါး ) စသည်ဖြင့် ပေါ့ ။ပြီးခဲ့တဲ့ အင်္ဂါနေ့ က မိုးသောက်သူငယ်ချင်းမွေးနေ့ ပွဲးက နှင်းဆီပန်း တစ်ပွင့် မိုးသောက်ကြိုက်လို့  တောင်းယူလာခဲ့တယ် ။ ဝါးပိုးနှင်းဆီ လို့  ခေါ်ကြတယ် ၊ ပန်းကအဖြူရောင်ညစ်ညစ်လေး ၊ ပွင့်တော့မယ် စဲးစဲး အငုံလေ ကိုယူလာခဲ့တာ ။မိုးသောက်လည်း အိမ်ရောက်တော့ စာပွဲးပေါ်ကပန်းအိုးထဲး ထိုးထားလိုက်တယ် ။ ဖူးဖူးက သူသတိရတိုင်းအဲ့ဒီ ပန်အိုးကိုသွားသွားကြည့်တယ် ။ မိုးသောက်ထင်တာက ပန်းအိုးထဲးကရေစိမ်ထားတဲ့ ဓါတ်မြေသြဇာ အတုံးလေးတွေကို သူဆော့ချင်နေတာလို့ ထင်နေတာ။မနေ့ နံနက် က မိုးသောက် အလုပ်သွားဖို့ ပြင်နေတုန်း ဖူးဖူးက “ပေါက်ပြီ .. ပေါက်ပြီ..” လို့ ထအော် တော့ မိုးသောက်လည်း ဖူးဖူး ဘာမျာဖြစ်လဲးဆိုပြီးလန့် ပြီး အိပ်ခန်းထဲးကပြေးထွက်လာတယ် ၊ အန်တီလည်း သူ့ သမီး ဘာမျာဖြစ်လဲးဆိုပြီး မီးဖိုခန်းထဲးကနေ ပျာပျာသလဲး ပြေးထွက်လာတယ် ။ ဖူးဖူးကတော့ ဧည့်ခန်းထဲးမှာ ခုန်ပေါက်လို့  “ပေါက်ပြီ … ပေါက်ပြီ ..” လို့ အော်နေတယ် ။ဖူးဖူး ဘာဖြစ်လဲးမေးတော့မှ “ flower ပေါက်ပြီလေ မာမား ရဲ့ ” တဲ့ ။အဲ့ဒီကျမှဘဲး သူ့ ရဲ “့ပေါက်ပြီ” ဆိုတာကိုနားလည်တော့တယ်။ မိုးသောက်က စာအုပ်လေးထဲးမှာ ငှက်ဥကလေးက ကွဲးပြီးပွင့်လာတဲ့ ပုံလေးကို “ငှက်ကလေး အကောင် ပေါက် လာပြီ" လို့ သင်ပေးခဲ့တယ်။ နှင်းဆီပန်းလေး ပွင့်အာလာတာကိုတော့ “ပန်းကလေး ပွင့် လာပြီ”လို့  မိုးသောက် မသင်ပေးခဲ့မိဘူးလေ။
အခုတော့ ဖူးဖူးကို မိုးသောက်ရော.. အန်တီရော..ဖွားဖွားရော ဝိုင်းပြီး မြန်မာစာ မြန်မာစကားကို သင်ပေးနေပါတယ်.. ကြိုးစားသင်နေတဲ့ အကြောင်းကတော့ ကလေးမှာ ဘာသာပျောက်သွားမှာကို အဓိက ဆိုးရိမ်လို့ပါ..ကလေးတစ်ယောက်လိမ္မာရေးခြားရှိအောင် ဘာသာရေးနဲ့ယှဉ်ပြီး ဆုံးမရပါတယ်..
ပြီးတော့ မြန်မာလူမျိုးတစ်ယောက်က မြန်မာစကားမတတ်ခဲ့ရင် တွေးကြည့်ပါ အလွန်ရှက်ဖို့ကောင်းပါတယ်..
လူကြားထဲးရောက်လို့ ကိုယ့်မိသားစုအတွင်းရေးဆွေးနွေးချင်ရင်တောင် သူများနားမလည်နိုင်ပြောစရာစကား ကိုယ့်ဘာသာစကားကိုသုံးရတော့မယ့် အချိန်မှာ သူအတွက်အခက်အခဲးတွေအများကြီးရှိပါတယ်..
တစ်ချို့မိဘတွေက ကလေး မြန်မာစကားမပြောတတ်တာကို ဂုဏ်ယူနေတတ်တာ.. အမှားဆုံးဘဲး.. ကလေးအတွက် ကြီးလာချိန်မှာတော်တော်နောင်ရစရာပါ..စာကိုမသင်နိုင်တောင် စကားကိုတတ်ထားသင့်တယ်..နားလည်သင့်တယ်လို့ ထင်ပါတယ်..
မိုးသောက်ကြယ်
Wednesday, June 17, 2009
သတိရလျှက်ပါ GTC
Engineer ဖြစ်လာမယ့်သူလောင်းလျှာတွေကို Drawing သင်ပေးခဲ့တဲ့ လက်ဦးဆရာ ဆရာဦးမြတ်သူ ရဲ့ကျေးဇူးကိုလဲး အောက်မေ့မိပါတယ်.. ISO ပုံတွေဆွဲးတိုင်းမှာ Dimension မလိုတာကိုမေးမိတိုင်း “ လိုလို့လား” လို့ ပြန်မေးတတ်တဲ့ ဆရာအသံကို မှတ်မိနေသေးတယ်..Drawing Paper မှာ ခဲးရာတွေနဲ့ ညစ်ပတ်နေရင်လဲး သတင်းစာ စက္ကူနဲ့တူနေပြီလို့အပြောခံရတယ်..ခဲးသားကိုတစ်မျိုးထည်းသုံးရင်၊ ခဲးတံချွန်တာမှားနေရင် အမြဲးလက်ခေါက်ရိုက်တတ်တဲ့ ဆရာ့ကျေးဇူးတွေမမေ့နိုင်ပါဘူးဆရာ... အတိုင်းအတာလေးလွဲးသွားလို့ သီချင်းလေး ဆိုမိပါတယ်.ခဲးဖျက်နဲ့ထုခံရတယ်.. “ နည်းနည်းလေးတော့လွဲးနေတယ်..လွဲးလွဲးလေးဘဲးကောင်းပါတယ်..” ဟီး… တော်သေးတယ် ခဲးဖျက်က သေးသေးလေးမို့လို့…
1st year ကျောင်းစတတ်တော့လည်း roll-call လာကောက်သလိုနဲ့ နာမည်တွေအကုန်လိုက်မေးသွားတဲ့ ကိုမျိုးမြင့်ဇော်.. အအေးဗူးလုသောက်သွားတာ ပြန်ပေးရမှာမမေ့နဲ့.. Chemistry သင်တဲ့ ဆရာမ ဒေါ်ယဉ်မေသန့် အချိန်မှာ ငြိမ်နေလို့ စာကြည့်နေလားဆိုပြီး အနောက်တန်းကနေလာချောင်းတဲ့ ရန်နောင်ဗိုလ်ရေ..ပုံဆွဲးနေတာတွေ့တော့ နင် ငါ့အစ်မ (ဆရာမ)ကိုပြန်မတိုင်တာ ငါကံကောင်းတယ်..ငါ့ပုံဆွဲးနေတာသူမသိဘူးဟ ..စာကလည်းစိတ်မဝင်စားလို့ပါ.. အစ်မသင်နေတာဆိုတော့ အတန်းကလည်းမလစ်ရဲးဘူးလေဟယ်.. လစ်ရင် မေမေနဲ့တိုင်မှာဟ..
မင်းကိုကိုမောင်ရေ.. စာသင်ခုံရှေ့က state ပေါ်မှာ နင် model လျှောက်တာ အမှတ်ပေးတဲ့ ဒိုင်က ငါရယ်၊ အိမြတ်ဖြိုးဇော် ရယ် သက်ဆွေဇင်ရယ်လေ.. ခေါက်ထီးအမဲးရောင်နဲ့ ပြိုင်ဘက်ကင်းတဲ့ ကြက်ဆင်မယ် နင့်ကို ငါတို့ဒိုင်တွေရွေးခဲ့တာလေ မှတ်မိသေးလား…
သက်ဆွေဇင်ကောင်မစုတ်ရေ.. ဆရာကန်တော့ပွဲး နေ့က နင်နဲ့ငါနဲ့ ရိုက်ထားတဲ့ ဓါတ်ပုံတွေ နင်ငါ့မပေးဘဲးအကုန်သိမ်းသွားတာ.. ကောင်မစုတ်လေး..အဲ့ဒီပုံတွေအခုဘယ်မှာလဲး..
အိပုန့်အစုတ်ပလုပ်မရေ.. နင်နဲ့ ခိုင်မော်သွေး ချိန်းတွေ့ပြီးလျှောက်လည်တာလေ.. နင့်ထမင်းချိုင့် နဲ့ ငသွေးလွယ်အိတ်ကို ငါ့ဆီပေးထားခဲ့ကြတာ.. အတန်းဆင်းလို့အိမ်ပြန်ချိန်တောင်ရောက်မလာဘူး
အိမ်ပြန်ရမှာတောင့်မေ့နေကြတယ်.. နင်တို့ထမင်းချိုင့်နဲ့ လွယ်အိတ်ကို အလေးခံပြီး မန္တလေးထိ သယ်သွားရတယ်..နင့်ချိုင့်ကနံမှာစိုးလို့ငါ့မှာဆေးပေးရသေးတယ် .. နောက်နေ့မနက်တော့ Canteen ကို ငသွေးရောက်လာတယ်.. ရုပ်က စပ်ဖြဲးဖြဲးနဲ့ “ လွယ်အိတ်ထဲးမှာအခန်းသော့ပါသွားတာ ငါညကအခန်းထဲးဝင်လို့မရလို့ သူများအခန်းမှာ အိပ်ရတယ်” တဲ့ မျက်နှာတောင်မသစ်ခဲ့ဘူးထင်တယ်..ညစ်ပတ်လိုက်တာ ငသွေးရာ…
မနက်ဆိုလဲး စောကြီး ၅ နာရီလောက်ထ ရေချိုးအဝတ်စားလဲးပြီးတာနဲ့ ရွှေမန်းမေလာမယ့် ၈၂ လမ်း ၃၄ လမ်းထောင့်ကိုသွားစောင့်ရတယ်.. ငါမလာသေးရင် မျှော်နေတတ်တဲ့ အမ်မီအောင်ဆန်းရေ..ငါနင့်ကိုလည်းသတိရပါတယ်.. မှတ်မိသေးလား..နင်စားချင်တဲ့canteenကို တစ်ခါလောက်လိုက်စားပေးပါဆိုလို့ လိုက်စားတာ ကြာစံကြော်က သာရေပင်ကိုကြော်ထားအလိုဘဲး
ဝါးမရလို့ ငါ့မနက်စာက ကော်ဖီတစ်ခွက်နဲ့ပြီးခဲ့ရတာ .. နင်တော်တော်ဆိုးတယ်ဟာ..
မနက် New Country ကိုရောက်တာနဲ့ ကျောင်းကားတွေပေါ်ဆင်းလာကြတဲ့ ကျောင်းသားတွေရဲ့ သာယာနာပျော်ဖွယ် မိတ်ဆက်သံတွေကြားရတော့တာပါဘဲး.. မပြောတော့ပါဘူး.. မကြားသာတဲ့အသံတွေမိုလေ..
ငါတော်တော်ဆိုးခဲ့တာနော်.. အတန်းထဲးမှာ ထိုင်တော့ရှေ့ဆုံးကခုံမှာ ..ဆရာမတွေရောက်ပြီးမှ ငါအမြဲးရောက်တယ်.. အတန်းကလည်းလစ်လိုက်တာမပြောပါနဲ့ အတန်းမှတ်မိတာတောင် ကျေးဇူးတင်ကြရမယ်.. ငါမတတ်ချင်လို့မဟုတ်ပါဘူးဟာ ငါ့သူငယ်ချင်းတွေ နေရာကျယ်ကျယ်ထိုင်ရအောင်လို့ပါ.. နော် အိပုန့် ၊ အိမွန်မွန်မျိုး တို့ ဖြုဖြုသင်းတို့ရေ..
ပြန်ရင် ကျောင်းကားနေရာ အမြဲးပေးတဲ့ ပိုင်ဖြိုးသူရေ..ငါလဲးနင့်ကိုမမေ့ပါဘူး.. နင့်ရည်းစားပေါင်းများစွာရဲ့ အကြောင်းကို ငါမငြီးအငြူ နားထောင်ပေးရတယ်..ပျက်သွားတဲ့ရည်းစားအရေအတွက်ကိုလည်း လက်ချိုးရေတာ နင့်လက်မလောက်လို့ ငါ့လက်ပါ ငှားခဲ့ရတယ် ကောင်စုတ်..
ကျောက်ဆည်ကနေ မန္တလေး အပြန် မြစ်ငယ်တံတားထိပ်မှာကျောင်းကားရပ်တိုင်း ငါဝယ်တဲ့ ငုံးဥက ငါကိုမစားရဘူး . “ ငုံဥက ငုံးမဖင်ကထွက်တာ .. ငုံးမကညစ်ပတ်တယ်.. ဥပြီးတာတောင်ငုံးဥကို ဖင်နဲ့ဖိခဲ့သေးတာ” .. ဘာညာ ဆိုပြီး ငါရွန်အောင်ပြောပြီး ငါ့ငုံးဥတွေ လုစားသွားတဲ့ အမ်မီအောင်ဆန်း. စိုးပိုင်. စိုင်းလိန်တစ်. ပိုင်မင်းဟန်.. နင်တို့တော်တော်တရာကြတယ်နော်…..
ငါကတော့သတိရပါတယ်.. ဒီလိုနေရာမျိုးရောက်နေလို ပြည့်စုံပေမယ့်.. အရင်ကလိုပျောရွှင်မှုမျိုး မရတော့ဘူးဟ.. နင်တို့ကတောသိမှာမဟုတ်ဘူး.. အစုတ်ပလုပ်တွေရေ.. ငါ December မှာတော့ပြန်လာမယ်.. ငါ့ကိုလာကြိုကြနော်…
မိုးသောက်ကြယ်...
Tuesday, June 16, 2009
Thursday, June 11, 2009
မြန်မာ့ ကော်ဖီ
မြန်မာ့ကော်ဖီစိုက်ခင်းတွေဟာ များသောအားဖြင့် ကိုယ်ပိုင်မြေကွက် ၁.၅ ဧက ဝန်းကျင်ကျယ်ပြန့်ပါတယ် ။ ကော်ဖီပင်ပေါက်ရောက်ရာဒေသကတော့ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၃၅၀၀ ကနေ ၆၀၀၀ အတွင်းရှိ ပြင်ဦးလွင် ၊ တောင်ကြီး နှင့် ဖလမ်း ပတ်ဝန်းကျင်ဒေသတွေဖြစ်ပါတယ်။
ကော်ဖီပင်ကို မေလမှ ဇွန်လအထိစိုက်နိုင်ပြီး ဒီဇင်ဘာလတွင် အသီးစတင်ခူးဆွတ် ပါသည်။ ကော်ဖီပင်သည် နှစ်ရှည်သီးနှံပင်မျိုးဖြစ်ပါသည်။ အပင်၏သက်တမ်းမှာ နှစ်ပေါင်း ၁၀၀ ကျော်ထိ အသီးခူးဆွတ်နိုင်သော အပင်မျိုးဖြစ်သည်။
တစ်ဧကလျှင် အပင်ပေါင်း ၁၃၆၀ ခန့်စိုက်ပျိုးနိုင်ပြီး တစ်ဧကအထွက်နှုန်းပိဿာ ၁၃၃ ပိဿာခန့် ထွက်ရှိပါသည်။ ပျိုးပင်တစ်ပင်ဈေးနှုန်းမှာ ၃၀ ကျပ်ဖြစ်ပြီး စတင်စိုက်ပျိုးချိန် မှစ၍ ၃ နှစ်ကြာပြီးလျှင် အကျိုးအမြတ်ရရှိပါသည်။
ကော်ဖီပင်သည် အစိုဓါတ်အများအပြားလိုအပ်ပြီး ပူအိုက်စွတ်စို၍ အပူချိန်မြင့်သည့် ဒေသတွင် အောင်မြင်ဖြစ်ထွန်းပါသည်။ အရိပ်ကြိုက်သော အပင်အမျိုးအစားဖြစ်၍ အရိပ်ရ အပင်ကြီးမျိုးစိုက်ပျိုးပြီးမှ စိုက်ပါက ပိုမိုဖြစ်ထွန်းနိုင်ပါသည်။
မြန်မာနိုင်ငံတွင် ကော်ဖီကို နိုင်ငံခြားသို့ တင်ပို့ရောင်းချနိုင်ရန် အဓိကထားစိုက်ပျိုး သည့် သီးနှံတစ်မျိုး ဖြစ်ပါသည်။ စိုက်ပျိုးထားရှိသည့်ကော်ဖီအမျိုးအစားများမှာ (၁) လိုက် ဘယ်ရီက (Liberica)၊ (၂) ဂရော့အင်ဒင်နီ (Gross Indenie) ၊ (၃) အိတ်စဲလ်စာ (Excelsa) ၊ (၄)အာရာဘီကာ (Arabica) ၊ (၅) ရိုဘက်စတာ (Robustar) တို့ဖြစ်ပါသည်။ အရည်အသွေး နှင့်အမျိုးအစား အကောင်းမွန်ဆုံးမျိုးမှာ အာရာတီကာမျိုးဖြစ်ပါသည်။ ၄င်းမျိုးကို မြန်မာနိုင်ငံ တွင် အစိုက်အများဆုံးဖြစ်ပါသည်။
Golden Triangle မှဘာသာပြန်တင်ဆက်သည်...
မိုးသောက်ကြယ်..
ကော်ဖီအကြောင်း သိကောင်းစရာ..
သဘာဝကော်ဖီ သည် သွေးပေါင်ကို မြင့်စေတယ် .. ဦးနှောက်ကို နှိုးဆွပေးတယ် .. ကြာရင်တော့သွေးတိုးရောဂါ ဖြစ်စေနိုင်တယ်.. ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာမှာ ဆွပေးတာနဲ့ နှိပ်ပေးတာရှိတယ်..အဲ့ဒီနှိပ်ပေးတာကို ကဖင်းဓာတ်က ဟန့်တားတယ်..