Wednesday, June 17, 2009

သတိရလျှက်ပါ GTC

အခုလိုအလုပ်ထဲးရောက်တော့ ငယ်ငယ် ကလွတ်လွတ်လပ်လပ် နဲ့ အပူပင်ကင်းခဲ့တဲ့ဘဝလေးကို ပြန်တမ်းတမိတယ်…တွေးမိတိုင်း ပြန်လိုချင်မိတယ် သူငယ်ချင်းတို့ရယ်..
Engineer ဖြစ်လာမယ့်သူလောင်းလျှာတွေကို Drawing သင်ပေးခဲ့တဲ့ လက်ဦးဆရာ ဆရာဦးမြတ်သူ ရဲ့ကျေးဇူးကိုလဲး အောက်မေ့မိပါတယ်.. ISO ပုံတွေဆွဲးတိုင်းမှာ Dimension မလိုတာကိုမေးမိတိုင်း “ လိုလို့လား” လို့ ပြန်မေးတတ်တဲ့ ဆရာအသံကို မှတ်မိနေသေးတယ်..Drawing Paper မှာ ခဲးရာတွေနဲ့ ညစ်ပတ်နေရင်လဲး သတင်းစာ စက္ကူနဲ့တူနေပြီလို့အပြောခံရတယ်..ခဲးသားကိုတစ်မျိုးထည်းသုံးရင်၊ ခဲးတံချွန်တာမှားနေရင် အမြဲးလက်ခေါက်ရိုက်တတ်တဲ့ ဆရာ့ကျေးဇူးတွေမမေ့နိုင်ပါဘူးဆရာ... အတိုင်းအတာလေးလွဲးသွားလို့ သီချင်းလေး ဆိုမိပါတယ်.ခဲးဖျက်နဲ့ထုခံရတယ်.. “ နည်းနည်းလေးတော့လွဲးနေတယ်..လွဲးလွဲးလေးဘဲးကောင်းပါတယ်..” ဟီး… တော်သေးတယ် ခဲးဖျက်က သေးသေးလေးမို့လို့…
1st year ကျောင်းစတတ်တော့လည်း roll-call လာကောက်သလိုနဲ့ နာမည်တွေအကုန်လိုက်မေးသွားတဲ့ ကိုမျိုးမြင့်ဇော်.. အအေးဗူးလုသောက်သွားတာ ပြန်ပေးရမှာမမေ့နဲ့.. Chemistry သင်တဲ့ ဆရာမ ဒေါ်ယဉ်မေသန့် အချိန်မှာ ငြိမ်နေလို့ စာကြည့်နေလားဆိုပြီး အနောက်တန်းကနေလာချောင်းတဲ့ ရန်နောင်ဗိုလ်ရေ..ပုံဆွဲးနေတာတွေ့တော့ နင် ငါ့အစ်မ (ဆရာမ)ကိုပြန်မတိုင်တာ ငါကံကောင်းတယ်..ငါ့ပုံဆွဲးနေတာသူမသိဘူးဟ ..စာကလည်းစိတ်မဝင်စားလို့ပါ.. အစ်မသင်နေတာဆိုတော့ အတန်းကလည်းမလစ်ရဲးဘူးလေဟယ်.. လစ်ရင် မေမေနဲ့တိုင်မှာဟ..
မင်းကိုကိုမောင်ရေ.. စာသင်ခုံရှေ့က state ပေါ်မှာ နင် model လျှောက်တာ အမှတ်ပေးတဲ့ ဒိုင်က ငါရယ်၊ အိမြတ်ဖြိုးဇော် ရယ် သက်ဆွေဇင်ရယ်လေ.. ခေါက်ထီးအမဲးရောင်နဲ့ ပြိုင်ဘက်ကင်းတဲ့ ကြက်ဆင်မယ် နင့်ကို ငါတို့ဒိုင်တွေရွေးခဲ့တာလေ မှတ်မိသေးလား…
သက်ဆွေဇင်ကောင်မစုတ်ရေ.. ဆရာကန်တော့ပွဲး နေ့က နင်နဲ့ငါနဲ့ ရိုက်ထားတဲ့ ဓါတ်ပုံတွေ နင်ငါ့မပေးဘဲးအကုန်သိမ်းသွားတာ.. ကောင်မစုတ်လေး..အဲ့ဒီပုံတွေအခုဘယ်မှာလဲး..
အိပုန့်အစုတ်ပလုပ်မရေ.. နင်နဲ့ ခိုင်မော်သွေး ချိန်းတွေ့ပြီးလျှောက်လည်တာလေ.. နင့်ထမင်းချိုင့် နဲ့ ငသွေးလွယ်အိတ်ကို ငါ့ဆီပေးထားခဲ့ကြတာ.. အတန်းဆင်းလို့အိမ်ပြန်ချိန်တောင်ရောက်မလာဘူး
အိမ်ပြန်ရမှာတောင့်မေ့နေကြတယ်.. နင်တို့ထမင်းချိုင့်နဲ့ လွယ်အိတ်ကို အလေးခံပြီး မန္တလေးထိ သယ်သွားရတယ်..နင့်ချိုင့်ကနံမှာစိုးလို့ငါ့မှာဆေးပေးရသေးတယ် .. နောက်နေ့မနက်တော့ Canteen ကို ငသွေးရောက်လာတယ်.. ရုပ်က စပ်ဖြဲးဖြဲးနဲ့ “ လွယ်အိတ်ထဲးမှာအခန်းသော့ပါသွားတာ ငါညကအခန်းထဲးဝင်လို့မရလို့ သူများအခန်းမှာ အိပ်ရတယ်” တဲ့ မျက်နှာတောင်မသစ်ခဲ့ဘူးထင်တယ်..ညစ်ပတ်လိုက်တာ ငသွေးရာ…
မနက်ဆိုလဲး စောကြီး ၅ နာရီလောက်ထ ရေချိုးအဝတ်စားလဲးပြီးတာနဲ့ ရွှေမန်းမေလာမယ့် ၈၂ လမ်း ၃၄ လမ်းထောင့်ကိုသွားစောင့်ရတယ်.. ငါမလာသေးရင် မျှော်နေတတ်တဲ့ အမ်မီအောင်ဆန်းရေ..ငါနင့်ကိုလည်းသတိရပါတယ်.. မှတ်မိသေးလား..နင်စားချင်တဲ့canteenကို တစ်ခါလောက်လိုက်စားပေးပါဆိုလို့ လိုက်စားတာ ကြာစံကြော်က သာရေပင်ကိုကြော်ထားအလိုဘဲး
ဝါးမရလို့ ငါ့မနက်စာက ကော်ဖီတစ်ခွက်နဲ့ပြီးခဲ့ရတာ .. နင်တော်တော်ဆိုးတယ်ဟာ..
မနက် New Country ကိုရောက်တာနဲ့ ကျောင်းကားတွေပေါ်ဆင်းလာကြတဲ့ ကျောင်းသားတွေရဲ့ သာယာနာပျော်ဖွယ် မိတ်ဆက်သံတွေကြားရတော့တာပါဘဲး.. မပြောတော့ပါဘူး.. မကြားသာတဲ့အသံတွေမိုလေ..
ငါတော်တော်ဆိုးခဲ့တာနော်.. အတန်းထဲးမှာ ထိုင်တော့ရှေ့ဆုံးကခုံမှာ ..ဆရာမတွေရောက်ပြီးမှ ငါအမြဲးရောက်တယ်.. အတန်းကလည်းလစ်လိုက်တာမပြောပါနဲ့ အတန်းမှတ်မိတာတောင် ကျေးဇူးတင်ကြရမယ်.. ငါမတတ်ချင်လို့မဟုတ်ပါဘူးဟာ ငါ့သူငယ်ချင်းတွေ နေရာကျယ်ကျယ်ထိုင်ရအောင်လို့ပါ.. နော် အိပုန့် ၊ အိမွန်မွန်မျိုး တို့ ဖြုဖြုသင်းတို့ရေ..
ပြန်ရင် ကျောင်းကားနေရာ အမြဲးပေးတဲ့ ပိုင်ဖြိုးသူရေ..ငါလဲးနင့်ကိုမမေ့ပါဘူး.. နင့်ရည်းစားပေါင်းများစွာရဲ့ အကြောင်းကို ငါမငြီးအငြူ နားထောင်ပေးရတယ်..ပျက်သွားတဲ့ရည်းစားအရေအတွက်ကိုလည်း လက်ချိုးရေတာ နင့်လက်မလောက်လို့ ငါ့လက်ပါ ငှားခဲ့ရတယ် ကောင်စုတ်..
ကျောက်ဆည်ကနေ မန္တလေး အပြန် မြစ်ငယ်တံတားထိပ်မှာကျောင်းကားရပ်တိုင်း ငါဝယ်တဲ့ ငုံးဥက ငါကိုမစားရဘူး . “ ငုံဥက ငုံးမဖင်ကထွက်တာ .. ငုံးမကညစ်ပတ်တယ်.. ဥပြီးတာတောင်ငုံးဥကို ဖင်နဲ့ဖိခဲ့သေးတာ” .. ဘာညာ ဆိုပြီး ငါရွန်အောင်ပြောပြီး ငါ့ငုံးဥတွေ လုစားသွားတဲ့ အမ်မီအောင်ဆန်း. စိုးပိုင်. စိုင်းလိန်တစ်. ပိုင်မင်းဟန်.. နင်တို့တော်တော်တရာကြတယ်နော်…..
ငါကတော့သတိရပါတယ်.. ဒီလိုနေရာမျိုးရောက်နေလို ပြည့်စုံပေမယ့်.. အရင်ကလိုပျောရွှင်မှုမျိုး မရတော့ဘူးဟ.. နင်တို့ကတောသိမှာမဟုတ်ဘူး.. အစုတ်ပလုပ်တွေရေ.. ငါ December မှာတော့ပြန်လာမယ်.. ငါ့ကိုလာကြိုကြနော်…

မိုးသောက်ကြယ်...

2 comments:

မင်းအိမ်ဖြူ Minn Eain Phyu said...

နင့်ရည်းစားပေါင်းများစွာရဲ့ အကြောင်းကို ငါမငြီးအငြူ နားထောင်ပေးရတယ်..ပျက်သွားတဲ့ရည်းစားအရေအတွက်ကိုလည်း လက်ချိုးရေတာ နင့်လက်မလောက်လို့ ငါ့လက်ပါ ငှားခဲ့ရတယ် ကောင်စုတ်..

တယ်ကောင်းတဲ့ သူငယ်ချင်းပဲဗျ .........အဟတ်

Lucifer said...

ဟုတ်ပါ့ မင်းအိမ်ဖြူရေ.. ဒါတင်ဘယ်ကမလဲး.. သူ့ရည်းစားရှိတဲ့ ရန်ကုန်ကို သူ့အမေကိုမပြောပဲးတစ်ပတ်သွားတာ.. သူက အစောင်မှာနေတော့ သူ့အမေက မသိဘူးပေါ့.. သူ့မမေကတော့သူ့သားအတွက် ကျောင်းဝတ်ဖို့ချုပ်ထားတဲ့ လုံခြည်နက်ပြာလေး မမီးနဲ့ ထည့်ပေးတာ သူမရှိလို့ အဲ့ဒီဟာက တစ်ပတ်လောက် မမီးဆီမှာ သောင်တင်ခဲ့သေး..
သူမရှိဘူးပြောရင်လည်း မမီးပါအဆူခံရမှာ..

Post a Comment