Sunday, June 28, 2009

ကော်ဖီ နှင့် ကျန်းမာရေး

ကော်ဖီဟာ လူတွေကို ဆိုးကျိုးတွေပေးနိုင်တဲ့ သတင်းတွေ ဖတ်ဖူးကြမှာပါ။ အခုတော့ ကော်ဖီက လူ့စိတ် နဲ့ ခန္ဓာကိုယ်ကို အကျိုးသက်ရောက်စေတယ်ဆိုတဲ့ သတင်းကောင်းတွေ ပေါ်ထွက်လာလို့ ... ဖတ်ရတဲ့ သတင်းလေးတွေကို မျှဝေပေးလိုက်ပါတယ် ...
နှလုံးကို ကျန်းမာစေပါသလားကော်ဖီသောက်ခြင်းဟာ နှလုံးကိုထိခိုက်စေနိုင်တယ်ဆိုတဲ့ အယူအဆဟာ မကြာခဏဆိုသလို ပေါ်ထွက်ခဲ့ပါတယ်။ ဥရောပဘက်မှာ အနှစ်၂၀ လောက် ပြုလုပ်ခဲ့တဲ့ သုတေသနတွေအရ ကော်ဖီ ခပ်ပြင်းပြင်းဟာ ကိုလက်စရော level ကို သိသိသာသာ မြင့်တက်စေပါတယ်တဲ့။ ဒီတော့ သုတေသီတွေဟာ ကိုလက်စရော levelကို မြင့်တက်စေတဲ့ cafestol နဲ့ Kahweol လို ဓာတုပစ္စည်းတွေကို ကော်ဖီထဲကနေ သီးသန့်ခွဲထုတ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဥရောပမှာ သုံးတဲ့ ကော်ဖီဖျော်တဲ့ နှပ်တဲ့နည်းတွေအရ ကော်ဖီနှပ်ဲ့အချိန်မှာ Cafestol နဲ့ Kahweal ဓာတ်တွေကော်ဖီထဲကနေ အများအပြား ထွက်လာပါတယ်။ ဒါပေမယ့် ကော်ဖီကို ပြန်ပြီးစစ်လိုက်တဲ့အခါမှာ ဒီအဆီဓာတ်တွေကို အကုန်နီးနီးလောက် ဖယ်ရှားလိုက်နိုင်ပေမယ့် အနည်းအပါးတော့ ကျန်ပါသေးတယ်။ ဒါ့အပြင် နောက်ပိုင်း သုတေသနတွေ အရ ကော်ဖီကို ပုံမှန် (တစ်နေ့ နှစ်ခွက်)ပဲ သောက်သူတွေမှာ သွေးပေါင်ချိန်တိုးလာနိုင်တာမျိုး မရှိတော့ပါဘူး။ ပြီးတော့ ကျန်းမာတဲ့သူတွေ မှာလည်း နှလုံးခုန်မမှန်ခြင်းကို မဖြစ်ပေါ်စေဘူးလို့ တွေ့ရပါတယ်။ ဒီတော့ ကော်ဖီကို အနေတော်လောက်ပဲ သောက်သုံးရင်တော နှလုံးရောဂါဖြစ်ပေါ်စေမှာ မဟုတ်ပါဘူး။ကိုယ်ဝန်ပျက်ကျခြင်းနှင်း ပတ်သက်၍ကော်ဖီကို တစ်နေ့ နှစ်ခွက်နှုန်းသောက်တဲ့ ကိုယ်ဝန်သည်တွေမှာ ဒီ့ထက်ကော်ဖီသောက်နည်းတဲ့ ကိုယ်ဝန်သည်တွေမှာထက် ကိုယ်ဝန်ပျက်ကျနိုင်တဲ့နှုန်းဟာ ၃၆ ရာခိုင်နှုန်းပိုများ ပါတယ်လို့ တွေ့ရှိပါတယ်။ ဒါပေမယ့် အမေရိကန် ကလေးသူငယ်ကျန်းမာရေးနဲ့ လူသားဖွံ့ဖြိုးမှုဋ္ဌာနမှ Klebanolfm ကတော့ တစ်နေ့ကို ကော်ဖီ၅ခွက်ကနေ ၆ခွက်သောက်တဲ့ ကိုယ်ဝန်သည်တွေမှသာ ကိုယ်ဝန်ပျက်ကျနိုင်နှုန်း များတာပါလို့ ဆိုပါတယ်။
ကင်ဆာရောဂါ ဆက်စပ်မှု၁၉၈၀ ပြည့်နှစ်အစပိုင်းက ကော်ဖီသောက်ခြင်းကြောင့် ပန်ကရိယကင်ဆာ ဖြစ်စေတယ်ဆိုတဲ့ သတင်းပေါ်ထွက်ဖူးပါတယ်။ ဒါပေမယ့် ဒီသတင်းဟာ သတင်းမှားတစ်ခုပါ။ အကယ်၍များ ကော်ဖီသောက်ခြင်းနဲ့ ဆီးအိမ်ကင်ဆာကြား ဆက်စပ်မှုသာရှိမယ်ဆိုရင် ဒါဟာ ကော်ဖီအလွန်အကျွံ သောက်သူတွေမှာသာ တွေ့ရမှာဖြစ်ပါတယ်။ တစ်နေ့ကို ကော်ဖီ ၁၀ ခွက်နဲ့ အထက်သောက်လေ့ရှိတဲ့ ဥရောပသားမျိုးတွေပေါ့။ ဒါအပြင် ကော်ဖီကြောင့် အူမကြီးကင်ဆာဖြစ်ပွားစေတယ်ဆိုတာ မဟုတ်ပါဘူး။
အားပါးတရသောက်သုံးသင့်သလားကိုယ်ဝန်ဆောင်သည်တွေ၊ ကိုယ်ဝန်ဆောင်တော့မယ့် အမျိုးသမီးတွေ၊ နို့တိုက်မိခင်တွေအနေနဲ့ ကော်ဖီကို တစ်နေ့နှစ်ခွက်နှုန်းထက် ပိုမသောက်သင့်ပါဘူး။ အဲဒါမှ မဟုတ်ရင် ကလေးပျက် ကျတာမျိုးတို့၊ နို့စို့ကလေးမှာ စိတ်ဂဏာမငြိမ်တာမျိုးတို့ ဖြစ်တတ်ပါတယ်။ အစာမကြေလေအောင့်တဲ့ ရောဂါရှိသူတွေ၊ စိုးရိမ်စိတ်ကြီးသူတွေ၊ ရင်သားမှာအကျိတ်ရှိသူတွေဟာ ကော်ဖီကိုလျော့သောက်သင့်ပါတယ်။ ဒါပေမယ့် လူအများစုအတွက်ကတော့တစ်နေ့ကို နှစ်ခ်ါပုံမှန်သောက်သုံးခြင်းဟာ အနရာယ် မဖြစ်စေပါဘူး။ ကိုယ့်ကျန်းမာရေး အခြေအနေအပေါ် မူတည်ပြီးတော့ ကော်ဖီကို ချင့်ချိန်သောက်သုံးပါ။

References;
Wikipedia
Recovery Resources Online

5 comments:

Mogok Thar said...

အကိုလဲ ကော်ဖီအကြောင်းလေးတဟ်ခု ဘာသာပြန်နေတာ။
တစ်ရက်ကို ကော်ဖီမစ် အထုပ် ခုနှစ်ထုပ် ဒါမှမဟုတ် ကော်ဖီကြမ်း ငါးခွက်ထက်တော့ ပိုမသောက်သင့်ဘူး လို့ဆိုတယ်။
ပြီးမှ အကို အဲတာလေး ပြန်ရှာပီး ပို့ပေးဦးမယ်။
နေမြန်မြန်ကောင်းပါစေဗျာ။

မယ့်ကိုး said...

အစ်မလည်း ကော်ဖီအရမ်းကြိုက်တယ်။ အခုတော့ ကျန်းမာရေးအရ လျှော့ သောက်နေပါတယ်။

Anonymous said...

ပို့စ်လေး ဝေမျှပေးတဲ့အတွက် ကျေးဇူးပါဘဲ ညဘက်ဆို ကော်ဖီက မဖြစ်မနေသောက်ကို သောက်တက်နေမိလို့ပါ
အဆင်ပြေပျော်ရွှင်ပါစေဗျာ

Lucifer said...

ဒီအကြောင်းလေးကို လာဖတ်သါားသူတိုင်း ကော်ဖီကို လျှော့သောက်ကြတယ်..
မလျှော့တာကတော့ စာရေးသူ မမီးဘဲး ... ထပ်တောင်တိုးနေတယ်ထင်ရဲ့....

ဝက်ဝံလေး said...

အဟေးအဟေးးး များကတော့ ကော်ဖီလုံးဝ မကြိုက်ဟေ့ ခိခိ ရောဂါနဲ့မတည့်လို့ မမရေ ဟားဟား တာ့တာဘိုင် ချယ်ရီးယို အီးယို ခိခိ

Post a Comment