Thursday, June 18, 2009

ကုသိုလ်ဖြစ်ဖို့ လိုရင်းပါ

တစ်ခါတုန်းက အနာထပိဏ်သူဌေးကြီးမှာ မြေးမကလေးတစ်ယောက် ရှိပါတယ် ။ တစ်နေ့ မှားတော့ အဲ့ဒီ မြေးလေးကို သူ့ အထိန်းတော်အမျိုးသမီးက မုန့် ညက်နဲ့ လုပ်ထားတဲ့ မိန်းမအရုပ်ကလေးကိုပေးပြီး “အဲ့ဒါ သင့်ရဲ့သမီးလေးနော် ၊ ဒါလေးကိုယူသွားပြီးကစား” လို့ ပေးလိုက်ပါတယ် ။ မြေးငယ်လေးလည်း မုန်ညက်ရုပ်ကလေးကို သူ့ ရဲ့သမီးလေးဆိုပြီး စိတ်ထဲး စွဲးသွားပါတယ် ။ တစ်နေ့ တော့ မြေးငယ်မလေးက မုန့် ညက်ရုပ်ကလေးနဲ့  ကစားရင်း လွတ်ကျပြီးကွဲးသွားပါတယ် ။ ဒီတော့ မြေးမလေးက “ငါ့သမီးလေး သေသွားပြီ” ဆိုပြိး ငိုတော့တာပါ ။ ဘယ်သူချော့ချော့ ချော့လို့ မရတော့ပါဘူး ။ သူ့ စိတ်ထဲးမှာ သူ့ သမီးလေးသေသွားပြီလို့ ပဲး ထင်သွားတော့တာပါ ။ ဒီအချိန်မှာ မြတ်စွာဘုရားကျပ်ရှင်က အနာထပိဏ် သူဌေးအိမ်မှာ ရောက်ရှိသီတင်းသုံးနေချိန် ပါ ။ အနာထပိဏ်သူဌေးကလညး မြတ်စွာဘုရားရဲ့အနားမှာ ထိုင်နေချိန်ပါ ။ အထိန်းအမျိုးသမီးက ငိုနေသော မြေးမလေးကို အနာထပိဏ်သူဌေးဆီ ခေါ်ခဲ့လိုက်ပါတယ် ။ ပြီးတော့အကြိုးအကြောင်းလည်း ပြောပြလိုက်ပါတယ် ။ ဒီတော့ သူဌေးကြီးကမြေးမလေးကို ရင်ခွင်ထဲးထည့်ပြီး “သေသွားတဲ့ သင့်ရဲ့သမှးလေးအတွက် ရည်စူးပြီး ကုသိုလ်ကောင်းမှုပြုပေးမယ်နော်… . တိတ် တိတ် ” လို့ ပြောပြီး အနာမှာရှိတော်မူနေတဲ့ ဘုရားရှင်ကို “မြတ်စွာဘုရား…… တပည့်တော်ရဲ့ မြေးမလေးရဲ့ သမီးလေးကို ရည်စူးပြီး အလှူဒါန ပြုပေးလိုပါတယ် ဘုရား.. ။ ဒါကြောင့် တပည့်တော်အိမ်ကို ရဟန်းငါးရာနဲ့ တကွ မနက်ဖြန် ဆွမ်းဘုဉ်းပေကြွတော်မူပါဘုရား.. ” လို့ ဖိတ်လိုက်ပါတယ် ။ မြတ်စွာဘုရားကလည်း ဆိတ်ဆိတ်နေပြီး လက်ခံတော်မူပါတယ် ။ ဒီနေရာမှာ မြတ်စွာဘုရားက “သူဌေးကြီးကလညး သက်မဲ့အရုပ်သေသွားတာ ဆွမ်ကပ်ရတယ်လို့ ၊ မလုပ်သင့်တာတွေ မလုပ်စမ်းပါနဲ့  ” လို့ ဆိုပြီး မတားမြစ်ပါဘူး ။ မုန်ညက်ရုပ်ကလေးအတွက် ဆွမ်းအလှူလက်ခံတော်မူပါတယ် ။ ဒီလိုနဲ့  မနက်ကြတော့ ဘုရားရှင်နဲ့  သံဃာငါးရာကို ဆွမ်းကပ်ဖြစ်ကြတယ် ။ မြတ်စွာဘုရားကလည်း ဆွမ်းအနုမောဒနာတရား ဂါထာလေးပုဒ်ကို ဟောပြပေးပါတယ် ။ ဒီအကြောင်းကို သူဌေးကတော်ကြီးနဲ့  ဆွေမျိုးတွေကြားတော့ သူဌေးကြီးကို အတုလိုက်ပြီး မုန်ညက်ရုပ်ကလေးအတွက် နောက်ရက်မှာ မြတ်စွာဘုရားအမှူးရှိတဲ့ ရဟန်းတော်တွေကို သုံးလပတ်လုံး ဆွမ်းကပ်ပေးပြန်ပါတယ် ။ တစ်ခါ ပသေနဒီကောသလမင်းကြီးကြားပြန်တော့  ဘုရားအမှူးရှိတဲ့ ရဟန်းတော်တွေကို နန်းတော်ပင့်ပြီး မုန်ညက်ရုပ်ကလေးအတွက် ဆွမ်းကပ်ပေးပြန်ပါတယ် ။ ကောသလမင်းကြီး ဆွမ်းကပ်တာကို မြို့သူ မြို့သားတွေ မြင်ရကြားရတော့ မြို့သူ မြို့သားတွေကလည်း ဘုရားအမှူးရှိတဲ့ ရဟန်းတော်တွေကို ပင့်ပြီး မုန်ညက်ရုပ်ကလေးအတွက် တစ်လပတ်လုံး ဆွမ်းကပ်ပေးပြန်ရော။မုန်ညက်ရုပ်လေးကို အကြောင်းပြုပြီး အဆင့်ဆင့် ကုသိုလ်တွေဖြစ်သွားကြတော့တာပါ ။ မြင်ရကြားရသူတွေကလည်း “ဟာ …. သူဌေးကြီးကလညး ပေါက်ကရတွေ လုပ်နေပြန်ပြီ ” လို့  ဘယ်သူမှ မဝေဖန်ကြပါဘူး ။ မဝေဖန်တဲ့အပြင် သူဌေးကြီးကို အတုလိုက်ပြီးတောင် ကုသိုလ်တွေဝိုင်းပြီးပြုေးလိုက် ကြတာပါ ။ ဘယ်လိုပုံစံနဲ့ ပြုပြု ပြုတဲ့သူတွေအတွက် ကုသိုလ်တွေဖြစ်သွားတာပါ။

(ပေတဝထ္ဘုအဠကထာ ၊ ပိဠဓီတကပေတဝထ္ဘု)
ဖြစ်ပြီးတဲ့ အကုသိုလ်ကို ဘယ်လိုပယ်မလဲ အရှင်ရာဇိန္ဒ ( ရဝေနွယ် - အင်းမ ) မှ ကောက်နှုတ်တင်ပြသည် ။

2 comments:

Mogok Thar said...

ခုမှ နာကြးရတဲာ ဖြစ်ပေမဲ့ တန်ဖိုးရှိတာလေး အသိရသွားတယ်။ ကျေးဇူးပါ မမီးရေ

desertraindrops said...

သိပ်ကောင်းတဲ့ ပိုစ့်လေး။ ကုသိုလ်ဖြစ်ဖို့ ကြိုးစားနေသူတယောက်ကို ဝေဖန်ရင် ကိုယ့်အတွက်လဲ မကောင်းသလို ကုသိုလ်ပြုမဲ့ သူအတွက်ပါ စိတ်အနှောက်အယှက် ဖြစ်စေတယ်နော်။

Post a Comment