Thursday, June 11, 2009

ကော်ဖီအကြောင်း သိကောင်းစရာ..

အဘာဝကော်ဖီ သည် ယခုအခါ အနောက်ဥရောပနိုင်ငံများတွင်သာ မက အရှေ့အာရှနိုင်ငံများတွင်ပါ တွင်တွင်ကျယ်ကျယ် သောက်သုံးလာကြပါပြီ..
သဘာဝကော်ဖီ သည် သွေးပေါင်ကို မြင့်စေတယ် .. ဦးနှောက်ကို နှိုးဆွပေးတယ် .. ကြာရင်တော့သွေးတိုးရောဂါ ဖြစ်စေနိုင်တယ်.. ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာမှာ ဆွပေးတာနဲ့ နှိပ်ပေးတာရှိတယ်..အဲ့ဒီနှိပ်ပေးတာကို ကဖင်းဓာတ်က ဟန့်တားတယ်..

ကော်ဖီကို သင့်တင့်ရုံသောက်ရင် ဦးနှေက်ကို သွက်စေတယ်.. လန်းဆန်းစေတယ်..ဦးနှေက်ရဲ့လုပ်အားကို မြှင့်ပေးတယ်.. သောက်တာများသွားရင်တော့ ကတုန်ကရင်ဖြစ်တတ်ပါတယ်. ဂနာမညိမ်ဖြစ်မယ်..ညကော်ဖီသောက်ပြီး အိပ်မပျော်တာ ကဖင်းကြောင့်ပဲ..တစ်နေ့ကို ကော်ဖီခပ်ကျဲကျဲ နှစ်ခွက် ၊ သုံးခွက် သောက်တာ အကောင်းဆုံးပဲ.. မနက်စောစောနဲ့ နေ့ခင်းပိုင်းပဲ သောက်သင့်တယ်..ညဘက်သောက်တာမကောင်းပါဘူး..

1 comments:

Anonymous said...

ကော်ဖီရဲ့ဆိုးကျိုးတွေကိုသိထားပြီး ကော်ဖီနဲ့လည်း မကင်းနိုင်တဲ့ ဘဝမှာ ပြေရာပြေကြောင်းလေးတွေ တင်ပြထားတော့ ပေါ့ပေါ့ပါးပါး နိုင်းနိုင်းချိန်ချိန် သောက်တက်ဖို့ရာ အထောက်အပံ့ကောင်းပါပဲ။ ကျေးဇူးအထူးတင်ပါတယ်။ ဆက်လက်ပြီး ကော်ဖီရဲ့အလှတရားတွေ ကော်ဖီသောက်ခြင်းအနုပညာတွေကို ရှာဖွေစုဆောင်းတင်ပြသွားပါလို့ တိုက်တွန်းပါရစေ။ ကော်ဖီချစ်သူ ဘလော့ဂါများကလပ်လေးပါ ဦးဆောင်ဖွဲ့စည်းပါလားလို့ ဆန္ဒပြု အဆိုတင်သွင်းပါရစေ။

Post a Comment