Friday, June 26, 2009

စံပယ်..

စံပယ်

" ပွင့်စပယ် အသွင်လှသော်လဲ

တင့်အတယ် မဆင်ကြချင်လို့

ထင်ကရ ကဲ့ရဲ့ဆို ။

တဏှာမွေ့ ရန်ဖို့

ကြာငွေ့ သီသီဆန်သတဲ့

ဝစီသံ ဤဟန်ထောက်ရလျှင်

ရတီမှန် ပြည်တန်ကျောက်ကို

ကောက်မိ ကြက်လို။

ကာလတွင် မြင်အသိတွေမို့

စာပြလျှင် ဘဝင်ထိစေတော့

ဆင်သတိ မပြတ်လိုအောင်

စပ်ဆိုသည့် စာအသွား။

ဥာဏ် လွှာငယ်စီ

ဒဏ္ဍာရီ တစ်စောင်ထိုးသော်လဲး

နောင်ကျိုး တစ်ခါဆင်လိမ့်

ဆရာသွင် စပယ်ပန်းကို

လှမ်းလိုက်ကြလား။ "

ဦးဘသန်း၏ လေးဆစ်ကဗျာတစ်ပုဒ် ဖြစ်ပါတယ်..

စံပယ် အမျိုးအစားများတယ်. စံပယ်ဖြူက ၁၄ မျိုး နဲ့ စံပယ်ဝါက ၄မျိုး ရှိတယ်.. စံပယ်ဝါကိုတော့ တောင်ဥရောပတိုက် ၊ မြေထဲးပင်လယ် ၊ တရုတ် နှင့် နီပေါ(လ်) နိုင်ငံတွေမှာတွေ့ရတယ်.ဦးဘသန်း ရေးစပ်တဲ့ ကဗျာလေးကတော့ စံပယ်ဖြူအကြောင်းပဲး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်.. စံပယ်ဝါက မြန်မာပြည်မှာမရှိဘူးလေ..

ဟာ .ဟ .... မမီးကတော့ စံပယ်ဝါကို မြင်ဖူးဖို့ နေနေသာသာ စံပယ်ဖြူ ၁၄ မျိုးကိုတောင်စုံအောင် မတွေ့ဖူးပါဘူး...

မိုးသောက်ကြယ်


6 comments:

မယ့်ကိုး said...

အစ်မလည်း ရှေးကဗျာလေးတွေ ကြိုက်တယ်။

ခြေလှမ်းသစ် said...

ကဗျာလေးနဲ့ ပတ်သက်ပြီး စံပယ်တွေ ဒီလောက်ရှိမှန်း မသိခဲ့ပါ သိသွားတဲ့ အတွက် ကျေးဇူးပါနော် ကောင်းတဲ့ ကဗျာလေးပါ
ကိုဇော်

Mogok Thar said...

နေမကောင်းဘူး ဆိုပီး စာထိုင်ရေးနေတယ်။ နာတော့မယ်။
စံပယ်ဝါ က အကိုတို့ မြို့မှာ ရှိတယ်။ အကိုတို့ အိမ်မှာလဲ စိုက်ထားတယ်။ မြင်ဖူးချင် အိမ်လာလည်ပေါ့။
စပယ်ဝါတွေက လှပေမဲ့ အနံ့ မမွှေးဘူးရယ်။

Lucifer said...

အကိုရေ.. အဲ့ဒါဆို မမီးလိုက်လည်မယ်..အနံ့မမွှေးလည်းမြင်ဖူးတာပေါ့..

ဝက်ဝံလေး said...

မရေ လာတယ်နော် ဖတ်သွားတယ် သိလား

အတောင်ပံ များတောင် တောင်းထားတာ ဘုရားရှင် ဆီမှာ ရရင် ပေးမယ်လေ ဟုတ်ပြီလား နော် တာ့တာ ဘိုင်

လင့်ခ် ယူသွားပါကြောင်းနော် အသိပေးပါတယ် နော် တာ့တာ

မီးတောက် said...

ကဗျာလေးကိုတော့ လုံးဝကြိုက်သွားပြီခင်ဗျာ
စံပယ်အဲဒီလောက်များမှန်း အခုမှသိတော့တယ် ..
ဆက်လက်ရေးသားနိုင်ပါစေ

Post a Comment