Thursday, June 18, 2009

မိဘတိုင်းသိစေချင်ပါတယ်..

မိုးသောက် မနေ့ ကကြုံတွေခဲ့ရတဲ့ အဖြစ်လေးပါ။
မိုးသောက်တို့  ငယ်ငယ်တုန်းကသင်ခဲ့ရတဲ့ ပြည်သူ့ နီတိက ဘယ်လောက်အရေးကြီးတယ်ဆိုတာရ ယ်၊ ပြီးတော့ရယ်စရာလေးလည်းဖြစ်တာပေါ့ ။မိုးသောက်မှာ ညီမဝမ်းကွဲးလေးတစ်ယောက်ရှိတယ်။အ သက်က ၅ နှစ်ပြည့်တော့မှာ မိုးသောက်တို့ နဲ့ အတူနေတယ် ၊ ဖူးဖူး တဲ့ ၊ စင်ကာပူ မှာမွေးပြီး ကျောင်းတတ်နေတော့ မြန်မာစကားနဲ့ မြန်မာစာကို မိုးသောက်တို့  အရမ်းသင်ရတယ် ။အရေးကြီးတာပြည်သူ့ နီတိပေါ့ ။ ဥပမာ (လူ ဆိုရင် ၂ ယောက် ၊ ခွေး ဆိုရင် ၂ ကောင် ၊ သံဃာ ဆိုရင် ၂ ပါး ) စသည်ဖြင့် ပေါ့ ။ပြီးခဲ့တဲ့ အင်္ဂါနေ့ က မိုးသောက်သူငယ်ချင်းမွေးနေ့ ပွဲးက နှင်းဆီပန်း တစ်ပွင့် မိုးသောက်ကြိုက်လို့  တောင်းယူလာခဲ့တယ် ။ ဝါးပိုးနှင်းဆီ လို့  ခေါ်ကြတယ် ၊ ပန်းကအဖြူရောင်ညစ်ညစ်လေး ၊ ပွင့်တော့မယ် စဲးစဲး အငုံလေ ကိုယူလာခဲ့တာ ။မိုးသောက်လည်း အိမ်ရောက်တော့ စာပွဲးပေါ်ကပန်းအိုးထဲး ထိုးထားလိုက်တယ် ။ ဖူးဖူးက သူသတိရတိုင်းအဲ့ဒီ ပန်အိုးကိုသွားသွားကြည့်တယ် ။ မိုးသောက်ထင်တာက ပန်းအိုးထဲးကရေစိမ်ထားတဲ့ ဓါတ်မြေသြဇာ အတုံးလေးတွေကို သူဆော့ချင်နေတာလို့ ထင်နေတာ။မနေ့ နံနက် က မိုးသောက် အလုပ်သွားဖို့ ပြင်နေတုန်း ဖူးဖူးက “ပေါက်ပြီ .. ပေါက်ပြီ..” လို့ ထအော် တော့ မိုးသောက်လည်း ဖူးဖူး ဘာမျာဖြစ်လဲးဆိုပြီးလန့် ပြီး အိပ်ခန်းထဲးကပြေးထွက်လာတယ် ၊ အန်တီလည်း သူ့ သမီး ဘာမျာဖြစ်လဲးဆိုပြီး မီးဖိုခန်းထဲးကနေ ပျာပျာသလဲး ပြေးထွက်လာတယ် ။ ဖူးဖူးကတော့ ဧည့်ခန်းထဲးမှာ ခုန်ပေါက်လို့  “ပေါက်ပြီ … ပေါက်ပြီ ..” လို့ အော်နေတယ် ။ဖူးဖူး ဘာဖြစ်လဲးမေးတော့မှ “ flower ပေါက်ပြီလေ မာမား ရဲ့ ” တဲ့ ။အဲ့ဒီကျမှဘဲး သူ့ ရဲ “့ပေါက်ပြီ” ဆိုတာကိုနားလည်တော့တယ်။ မိုးသောက်က စာအုပ်လေးထဲးမှာ ငှက်ဥကလေးက ကွဲးပြီးပွင့်လာတဲ့ ပုံလေးကို “ငှက်ကလေး အကောင် ပေါက် လာပြီ" လို့ သင်ပေးခဲ့တယ်။ နှင်းဆီပန်းလေး ပွင့်အာလာတာကိုတော့ “ပန်းကလေး ပွင့် လာပြီ”လို့  မိုးသောက် မသင်ပေးခဲ့မိဘူးလေ။
အခုတော့ ဖူးဖူးကို မိုးသောက်ရော.. အန်တီရော..ဖွားဖွားရော ဝိုင်းပြီး မြန်မာစာ မြန်မာစကားကို သင်ပေးနေပါတယ်.. ကြိုးစားသင်နေတဲ့ အကြောင်းကတော့ ကလေးမှာ ဘာသာပျောက်သွားမှာကို အဓိက ဆိုးရိမ်လို့ပါ..ကလေးတစ်ယောက်လိမ္မာရေးခြားရှိအောင် ဘာသာရေးနဲ့ယှဉ်ပြီး ဆုံးမရပါတယ်..
ပြီးတော့ မြန်မာလူမျိုးတစ်ယောက်က မြန်မာစကားမတတ်ခဲ့ရင် တွေးကြည့်ပါ အလွန်ရှက်ဖို့ကောင်းပါတယ်..
လူကြားထဲးရောက်လို့ ကိုယ့်မိသားစုအတွင်းရေးဆွေးနွေးချင်ရင်တောင် သူများနားမလည်နိုင်ပြောစရာစကား ကိုယ့်ဘာသာစကားကိုသုံးရတော့မယ့် အချိန်မှာ သူအတွက်အခက်အခဲးတွေအများကြီးရှိပါတယ်..
တစ်ချို့မိဘတွေက ကလေး မြန်မာစကားမပြောတတ်တာကို ဂုဏ်ယူနေတတ်တာ.. အမှားဆုံးဘဲး.. ကလေးအတွက် ကြီးလာချိန်မှာတော်တော်နောင်ရစရာပါ..စာကိုမသင်နိုင်တောင် စကားကိုတတ်ထားသင့်တယ်..နားလည်သင့်တယ်လို့ ထင်ပါတယ်..


မိုးသောက်ကြယ်

0 comments:

Post a Comment