Wednesday, June 24, 2009

တွေးမိတွေးရာ...

ဒီနေ့ ရာသီဥတုက နည်းနည်းအေးတယ်.. မနက်ကတည်းက မိုးလေးတဖွဲးဖွဲးရွာနေတယ်.. အလုပ်လေးအားလို့ ကော်ဖီလေးသောက်ရင်း အပြင်လောကကိုလှမ်းကြည့်မိတယ် .. မိုးက သည်းသည်းမဲးမဲးရွာနေတယ်..ကားလမ်းမပေါ်မှာလည်းရေတွေဖွေးနေတာပဲး..မိုးစက်တွေကြားထဲးမှာ မြင်ရတဲ့ ကောင်းကင်ပြင်ကြီးက မှောင်ရိပ်သန်းနေပြီ.. မိုးစက်လေးတွေကလည်း မှန်ကိုလာရိုက်ပြီး ရေလုံးလေးတွေဖြစ်ပြီ လိမ့်ဆင်းသွားကြပါလား.. ငယ်ငယ်တုန်းကမိုးရွာရင်အရမ်းပျော်တာဘဲး.. ကျောင်းကအပြန်မိုးရေထဲးမှာ ခုန်ပေါက်စော့ပြီအိမ်ပြန်ခဲ့တာ.. ကျောင်းပိတ်ရက်မှာမိုးရွာရင် အိမ်ရှေ့မှာစီးနေတဲ့ မိုးရေတွေကို ထိုင်ကြည့်နေတယ်.. ရေတွေပေါ်ကို မိုးစက်တွေကျလာရင် ကျလာတဲ့မိုးစက်တွေဘေးကနေ လွင့်စင်ထွက်လာတဲ့ရေမှုန်လေးတွေ..ရေလုံးလေးတွေ လိမ့်ပြီး ရေစီးနဲ့အတူး မျောသွားတာကို ထိုင်ကြည့်နေတတ်တာ..မိုးရွာပြီးခါစမှာထွက်လာတတ်တဲ့ ပလူကောင်လေးတွေ ကိုလိုက်ဖမ်းရတာလည်းပျော်တယ်..ခြံထဲးမှာ မောင်နှမသုံးယောက် ခုန်ပြီးဖမ်းနေလိုက်ကြတာများ.. ကလေးတို့သဘာဝ အပူပင်မရှိ ကြောင့်ကျမဲ့ဘဝလေးတွေကို ပြန်မြင်ရောင်မိတယ်.. လူတို့ရဲ့သဘာဝအရ ပြန်မရနိုင်တော့တာကို တမ်းတမိပါတယ်.. အခုတော့အဲ့ဒါလေးတွေကို လွမ်းနေသလို ပလူကောင်လေးတွေကိုလဲးသနားမိတယ်..သူတို့ရဲ့အတောင်ပံလေးတွေက နုနုလေးတွေဆိုတော့ ဖမ်းလိုက်တဲ့အခါမှာ လက်နဲ့ထိပြီး ပြုတ်သွားတတ်ကြတယ်..သနားလိုက်တာ တစ်ချို့အကောင်လေးတွေကတော့ အတောင်ပံတစ်ဖတ်ဘဲးကျန်တယ် .. တစ်ချို့အကောင်လေးတွေကတော့ အတောင်ပံတွေမရှိတော့ဘူး ကိုယ်တုံးလုံးလေးတွေနဲ့ .. အဲ့ဒီတုန်းက ငရဲးဆိုတာကြောက်ပေမယ့် သတိမထားမိခဲ့လို့ပါ ပလူကောင်လေးရယ်..အခုတော့နင့်အတောင်ပံလေးကြိုးသွားတာ နင်ဘယ်လောက်နာမယ်ဆိုတာ ငါ ကိုယ်ချင်းစာတတ်ပါပြီဟာ... ဖွားဖွားကိုလည်းသတိရလိုက်တာ.. မေမြို့မိုးကစွေတတ်တယ်လေ.. တစ်ပတ်လုံးမိုးအေးရင်.. မမီးတို့ ကျောင်းဝတ်စုံလေးတွေ မခြောက်မှာစိုးလို့ မီးသွေးမီးဖိုကြီးဖိုပြီး အပေါ်က ဝါးကြမ်းစကာအုပ်စောင်းကြီးကိုအုပ် ပြီးတော့ အဲ့ဒီပေါ်မှာ မမီးတို့ အဖြူနဲ့အစိမ်းလေးတွေကို စိတ်ရှည်လက်ရှည် အခြောက်ခံပေးရှာတယ်.. ဖွားဖွားရယ် မမီးလွမ်းလိုက်တာ.. မမီးတို့နဲ့အတူလာနေပါနော်.. မေမြို့ကခြံထဲးမှာ သစ်ပင်တွေစိုက်ပြီး မမီးတို့မိသားစုနဲ့ အတူနေချင်ပေမယ့် မမီးတို့က အဝေးရောက်နေတော့. ဖွားဖွားမှာ မပျော်တဲ့နေရာမှာသွားနေရရှာတယ်.. ဒီဇင်ဘာ အိမ်ပြန်ရင်ဖွားဖွားနဲ့အတူ မေမြို့အိမ်မှာနေကြမယ်နော်..

တွေးလာလိုက်တာ ဘယ်တွေရောက်ကုန်မှန်းတောင် မသိတော့ဘူး.. ကော်ဖီတွေတောင်အေးကုန်ပြီ..
မိုးကတော့မတိတ်သေးပါဘူး..မိုးဖွဲးလေးကျနေတုန်း..

မိုးသောက်ကြယ်...



4 comments:

NangNyi said...
This comment has been removed by a blog administrator.
မယ့်ကိုး said...

ငယ်ငယ်တုန်းက မိုးရွာရင် ပျော်တယ်ဆိုတော့ အခုမပျော်တော့ဘူးလား။ ရင့်ကျက်လာတဲ့ သဘောလား။
စကားမစပ် အစ်မလည်း ပလူကောင်တွေ အကြောင်းစာဖွဲ့ ချင်ခဲ့ဖူးတယ်။

Mogok Thar said...

မမီးရေ...... အိမ်လွမ်းနေတုန်းပဲလားဗျ။
ဖွားဖွားကိုလဲ လွမ်းနေဆဲပါလား။ :-D
ခုချိန်ဆို မမီးတော့ အိပ်နေတာ အိပ်မက်တေါတောင် မက်လို့ နေရော......

ဝက်ဝံလေး said...

မမလာတယ်နော် သိလား အဟီးးး တောင်ပံတစုံရရင် လာကပ်လိုက်ခဲ့လေ ညီမလဲ ခဏပြန်ချင်လို့ အဟက် လာလည်တာကျေးဇူးးနော် မမရေ

မိုးရွာရင် အိပ်လို့သိပ်ကောင်းတာတော့ သိတယ်အဟက်

ဘိုက်

Post a Comment