Sunday, June 21, 2009

သုလသာ

တစ်ခါတုန်းက သုလသာဆိုတဲ့ ပြည်တန်ဆာမ တစ်ယောက်ရှိခဲ့ဖူးတယ်။ တစ်နေ့တော့ မင်းချင်းတွေက သူခိုးတစ်ယောက်ကို လက်ပြန်ကြိုးတုပ် ကြိမ်လုံးနဲ့ရိုက်ရင်း ခေါင်းဖြတ်သတ်ဖို့ခေါ်ခဲ့ပါ တယ်။ ဒါကို လေသာပြတင်းက ကြည့်နေတဲ့ သုလသာက မြင်သွားပါတယ် ။ သူခိုးကိုမြင်လိုက်ရတယ် တိုရင်ပဲ ချစ်တဲ့စိတ်ဖြစ်သွားရပါသတဲ့  ။ ဒါကြေင့် မြို့စောင့်ကို အသပြာတစ်ထောင်ပေးပြီး လူမသိအောင် လွှတ်စေပါတယ်။ ပြီးတော့ အိမ်ခေါ်ပြီး ခင်ပွန်းအဖြစ် ယူလိုက်ပါတယ် ။ ဒါပေမယ့် သူခိုးက သူ့စရိုက်အရ သုံး လေးရက်နေတော့ မနေတတ်တော့ပါဘူး ။ ဒီအတိုင်း ဆင်းသွားပြန်ရင်လည်းဘာမှရမှာ မဟုတ်ဘူး ။ လက်ချည့်မဆင်းချင်တော့ သူခိုးစိတ်ဓာတ်နဲ့ပဲ “မိန်းမရေ…. တောင်ပေါ်မှာရှိတဲ့ ရုက္ခစိုးနတ်ကို ပူဇော်ရအောင် ရှိသမျှ အဆင်တန်ဆာတွေလည်း အကုန်ထုတ်ဝတ်ခဲ့” ဆိုပြီး ညာခေါ်ခဲ့ပါတယ် ။ သုလသာ လည်း ချစ်တဲ့စိတ် တစ်ခုပဲရှိတာဆိုတော့ ဘာမှစဉ်းစားမနေတော့ဘဲ ယုံယုံကြည်ကြည်နဲ့ လိုက်ခဲ့ပါတယ် ။ သူခိုးကတောင်ပေါ်ရောက်တာနဲ့ သူ့အကြံအတိုင်း သုလသာကို သတ်ဖို့ပြင်ပါတော့တယ် ။ အဲ့ဒီကျမှ သုလသာက ကြောက်ကြောက်လန့်လန့်နဲ့ တောင်းပန်ပါတယ် ။ သူခိုးက “မိန်းမရေ ဝတ်ထားတာတွေသာ ချွတ်လိုက်စမ်းပါ ။ ငိုမနေနဲ့ ၊ ငါ့ရာဇဝင်မှာ လူမသတ်ပဲ ပစ္စည်းပဲယူသွားတယ်ဆိုတာ မရှိခဲ့ဖူးဘူး ” လို့ပြောလိုက်ပါတယ် ။သုလသာလည်း မရမှန်းသိတော့ “ဒါဖြင့်လည်း ကောင်းပါပြီ မောင်ရယ် ။ ကျွန်မဘဝမှာ မောင့်ထက် ပိုချစ်ရတဲ့သူ မရှိခဲ့ပါဘူး ။ ဒါကြောင့် မသေခင်လေး မောင့်လိုလက်ယာရစ်လှည့်ပြီး ဟိုဘက် ဒီဘက် ကနေ အားရ အောင် ကန်တော့ပါရစေဦး” လို့ တောင်းပန်ပါတယ် ။ သူခိုးလည်းနောက်ဆုံးအခွင့်အရေးအ နေ နဲ့ ခွင့်ပြုပေးလိုက်တယ် ။သုလသာ လည်း သုံးကြိမ် လက်ယာရစ် အားရအောင် ကန်တော့ပါတယ်။ အနောက်ဖက်လည်းရောက်ရော ရှိခိုးသလိုလုပ်ပြီး တောင်အောက်ကို တွန်းချပစ်လိုက်ပါတယ် ။ဒါတွေကို တောင်စောင့်နတ်က “လောကကြီး မှာ အခါခပ်သိမ်း ယောင်္ကျားတွေသာ ပညာရှိတာ မဟုတ်ဘူး ။ မိန်းမတွေလည်း ပညာရှိပါတယ် ”ဆိုပြီး ဂါထာတွေနဲ့ ချီးမွမ်းပါတယ် ။

ဒီနေရာမှာ ပညာ နဲ့ သီလ ဘယ်ဟာကို ရွေးမလဲး ….???

ဖြစ်ပြီးတဲ့ အကုသိုလ်ကို ဘယ်လိုပယ်မလဲ
အရှင်ရာဇိန္ဒ ( ရဝေနွယ် - အင်းမ ) မှ ကောက်နှုတ်တင်ပြသည်

0 comments:

Post a Comment