Sunday, June 21, 2009

သုနိက္ခိတ္တနတ်သား

တစ်ခါတုန်းက ကသပဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူတဲ့အခါကြွင်းကျန်တဲ့ ဓာတ်တော်တွေကို ဌာပနာပြီး ရွှေစေတီတည်ပါတယ် ။ အရပ်လေးမျက်နှာက ပရိသတ်အပေါင်းကလည်း ပန်းနံသာတွေနဲ့ ရွှေစေတီကို ပူဇော်ကြပါတယ် ။ ပန်းတွေနဲ့ ပူဇော်ပွဲးမှာ မထင်ရှာတဲ့ အမျိုးသားလေးတစ်ယောက်လည်း ပါပါတယ်။ပူဇော်တဲ့သူတွေလည်းပြန်သွားတဲ့အ ခါ အမျိုးသားငယ်က ပန်းတင်လှုတာတွေ အညီမညာဖြစ်နေတာတွေ့ ရတဲ့အတွက် ကြည့်လို့ကောင်းအောင် ပြုပြင်ပြီး ပြန်ပူဇော်ပါတယ် ။ ဒါတင်မကဘူး သူများလှူခဲ့တဲ့ပန်းတွေကို လည်း ပြန်ပြုပြင်ပြီး အဲ့ဒီပူဇော်မှုကိုပဲး အာရုံပြုပြီး မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို ပွားပါတယ် ။ ဂုဏ်တော်ပွားတဲ့အခါ စိတ်ကကြည်ကြည်လင်လင် ဖြစ်ပါတယ်။ ပြုတဲ့ကောင်းမှုကို နှလုံးသားထဲး ထည့်ထားလိုက်ပါတယ်။သက်တမ်းစေ့လို့ ကွယ်လွန်တဲ့အခါ မညီမညာဖြစ်နေတဲ့ ပန်းတွေကို ပြုပြင်ပြီး ပူဇော်ခဲ့တဲ့ကုသိုလ်ကံကြော င့် တာဝတိံသာနတ်ပြည်မှာ သုနိက္ခိတ္တနတ်သားရယ်လို့ဖြစ်ပါတယ်။ မြန်မာလိုပြောရင်တော့ “ကောင်းကောင်းထား” ပါ ။ တန်ခိုးအာနုဘော်ကြီးသလို အခြံအရံတွေလည်း များစွာရပါတယ် ။ဂေါတမမြတ်စွာဘုရားရှင် ပွင့်တော်မူတဲ့အခါ ရှင်မဟာမောဂ္ပလာန်မထေမြတ် တာဝတိံသာနတ်ပြည် ကိုရောက်လာပြီး ဘယ်လိုကုသိုလ်တွေပြုခဲ့လို့  ဒီစည်းစိမ်တွေရတာလဲးလို့ ကောင်းကောင်းထားနတ်သားကို မေးတော်မူတယ် ။ဒီတော့ နတ်သားက “ တပည့်တော်ဟာ ရွှေစေတီမှာ ဖရိုဖရဲး မညီမညာ တင်ထားတဲ့ပန်းတွေကို ကြည့်လို့ကောင်းအောင် ကြည်ညိုဖွယ်ဖြစ်အောင် ပြန်ပြုပြင်ပြီး ပူဇော်ခဲ့ပါတယ်ဘုရား။အဲ့ဒီကုသို လ်ကြောင့် ဒီနတ်စည်းစိမ်တွေကို ခံစားနေရပါတယ်ဘုရား” လို့လျှောက်ပြပါတယ် ။အရှင်မဟာမောဂ္ပလာန်က လူ့ပြည်ပြန်ရောက်တဲ့အခါ ဒီအကြောင်းကို မြတ်စွာဘုရားကို ပြန်လျှောက်ကြပါတယ် ။ မြတ်စွာဘုရားရှင်ကလည်း ဒီအကြောင်းကိုပဲး လူပရိသတ်ကို ပြန်ဟောပြပေးတော်မူပါတယ်။မြတ်စွာဘုရားရဲ့တရားကို နာကြားရတဲ့ ပရိသတ်တွေဟာ သုနိက္ခိတ္တနတ်သားကို အားကျပြီး “ ငါတို့လည်းသုနိက္ခိတ္တနတ်သား လို ပိုက်ဆံကုန်စရာမလိုဘဲး သူများလှူတဲ့ပန်းကို ကြည်ညိုဖွယ်ဖြစ်အောင် ပြန်ပြုပြင်ပူဇော်ရင် နတ်စည်းစိမ်ကိုရလိမ့်မယ်” လို့ နှလုံးသွင်းပြီ စေတီတော်ကို ရောက်တဲ့အခါ သူများတင်လှူပြီးသား ပန်းတွေကို ကြည်ညိုဘွယ်ဖြစ်အောင် ပြုပြင်ပြီး ပြန်ပူဇော်ကြပါတယ် ။ အဲဒီ ကုသိုလ်ကြောင့်ပဲ သူတို့လည်း နတ်ပြည်ရောက်ကြပါတယ်တဲ့ ။

(ဝိမာနဝထ္ထု အဠကထာ ၊ သုနိက္ခိတ္တနတ်သား ဝထ္ထု)

ဖြစ်ပြီးတဲ့ အကုသိုလ်ကို ဘယ်လိုပယ်မလဲး
အရှင်ရာဇိန္ဒ ( ရဝေနွယ် - အင်းမ ) မှ ကောက်နှုတ်တင်ပြသည် ။

0 comments:

Post a Comment