Friday, June 19, 2009

ဇဋိလသူဌေးလောင်း

ဇဋိလသူဌေးလောင်းက ကဿပဘုရားရှင်လက်ထက်မှာ ရွှေပန်းထိမ်သည်ပါ ။ သဒ္ဒါ တရားလည်းကောင်းသူပါ ။ တစ်နေ့တော့ဇနီးလုပ်သူနဲ့ စကားများ ရန်ဖြစ်ကြပါတယ် ။ ရန်ဖြစ်ပြီးစထိုင်နေဆဲမှာပဲ ရဟန္တာရှင်မြတ်တစ်ပါးက ကဿပဘုရားရှင် စံတော်မူပြီး ဓာတုစေတီတည်တဲ့အခါ ရွှေလိုနေတဲ့အတွက် ရွှေလိုနေကြောင်းသိလောလို့မိန့်ပါတယ်။ မိန်းမကို စိတ်ထဲးကစိတ်ဆိုးနေတာဆိုတော့ “အရှင်ဘုရား ရဲ့ ဘုရား ရေထဲးပြစ်ချလိုက် ” လို့ပြောပြစ်လိုက်ပါတယ် ။ဒီစကားသံကြားတော့ ဇနီးလုပ်သူက စိုးရိမ်ထိတ်လန့်သွားပြီး “ရှင်စိတ်ဆိုးချင်ရင် ကျွန်မကို ဆိုးပါ ။ ဘာဖြစ်လို့ဘုရာရှင်ကို ရန်လုပ်နေတာလဲး ” လို့သတိပေးလိုက်ပါတယ် ။ပါရမီပါခဲ့သူ ၊ သတိရှိသူဆိုတော့ ချက်ချင်းပဲ အမှားကိုသိပြီး သံဝေဂဖြစ်သွားပါတယ် ။ ရဟန္တာအရှင်မြတ်ကိုပဲ လက်အုပ်ချီပြီး “အရှင်ဘုရား…တပည့်တော်ကို ခွင့်လွှတ်သည်းခံပါဘုရား” လို့ လျှောက်ပါတယ် ။ အရှင်မြတ်က “ဒကာ သင်က ငါ့ကိုပြစ်မှားတာမဟုတ်ဘူး ၊ ဘုရားရှင်ကိုပြစ်မှားတာ ၊ ဘုရားရှင်ကိုပဲ ကန်တော့ ” လို့မိန့်ပါတယ် ။ ကြောက်ကြောက်လန့်လန့်နဲ့ပဲ “ဘယ်လိုကန်တော့ရမှာလဲ” လို့ ထပ်မေးပါတယ် ။ အရှင်မြတ်ကလည်း ရွှေပန်းအိုး သုံးအိုးလုပ်ပြီး ဓာတ်တော်အတွင်းမှာ ဌာပနာသွင်းပြီးကန်တော့ ဖို့ပြောကြားပါတယ် ။ ဇဋိလသူဌေးလောင်းလည်း အရှင်မြတ်ပြောတဲ့ အတိုင်း ကန်တော့ပါတယ် ။ ဒီလိုအကုသိုလ်မျိုးကို ဘယ်တော့မှ မပြုတော့ဘဲ ကုသိုလ်တွေ ဆက်ကာဆက်ကာ ပြုနေသွားတော့တာပါ ။

ဖြစ်ပြီးတဲ့ အကုသိုလ်ကို ဘယ်လိုပယ်မလဲ
အရှင်ရာဇိန္ဒ ( ရဝေနွယ် - အင်းမ ) မှ ကောက်နှုတ်တင်ပြသည် ။

1 comments:

သားကြီး said...

အရမ်းတန်ဖိုးရှိတဲ့မျှဝေမှုလေးတစ်ခုလို့ပဲဆိုလိုက်ပါရစေ
အောင်မြင်ပါစေဗျာ။

Post a Comment