Friday, July 3, 2009

ဝါဆိုသင်္ကန်းကပ် အလှူ


မနက် ၇ နာရီခွဲးမှ အမြန်အိပ်ရာက ထပြီး ရေချိုး ဘုန်ကြီးကျောင်း( Vipassana Meditation Center / Lavender Street )ကိုပြေးရတယ်.. အန်တီက ဝါဆိုသင်္ကန်း ကပ်ဖို့ခေါ်ထားတာမေ့နေတာ..ဟိုလည်းရောက်ရော.. အပျိုကြီးတွေထုံးစံ အရ ပူစရာမရှိရှာကျန်ပူပြီး

နောက်ကျရတဲ့ အကြောင်းအရင်းကိုမေးပြီး ဆူတာပေါ့..မေ့ပြီးအိပ်နေတော့ ဆူခံထိတာပေါ့..သူလည်းကြာကြာတော့ မဆူနိုင်ပါဘူး.. နေ့ဆွမ်းကပ်ဖို့ ချက်ပြုတ်စီမံနေရတော့ မမီးသက်သာရာရသွားတယ်..ဘာမှလည်းသိပ်လုပ်စရာမရှိပါဘူး.. သူ့သူငယ်ချင်း နာစ်မတွေလာကူကြတယ်.. အန်တီကလည်းကြွားလိုက်တာ (ဒါ အကိုကြီးရဲ့သမီးကြီးလေ.. နွယ့်တူမလေး..သူကအားကိုးနေရပြီ..) ဘာ ညာ နဲ့ပေါ့..ဒီတူမချောချောလေးကိုကြွားပုံက အဲ့လိုလေ..သူ့မှာလည်း ဒီတူမလေးကို ကြွားရတာ ဖတ်ဖတ်ကိုမောလို့နေမှာ .. ပြီးတော့ ကြက်သွန်ဖြူနွှာခိုင်းတာ.. ခိုင်းစရာရှားလို့ ကြက်သွန်ဖြူနွှာခိုင်းရလား.. မလုပ်ချင်ဘူးနံတယ်ပြောတော့ အန်တီးသူငယ်ချင်းကပြောတယ်.. (အဲ့လိုဇီဇာကြောင် ဂျီးများနေရင် နွယ်နွယ့်လို အပျိုကြီးဖြစ်မှာတဲ့.. )အပျိုကြီးတော့ အဖြစ်မခံနိုင်ဘူး.. ကြက်သွန်ဖြူတော့မနွှာဘူး ဂေါ်ရခါးသီးအခွံ နွှာပေးမယ်ဆိုပြီး လုပ်လိုက်တာ.. ဂေါ်ရခါးသီးက အစီးတွေက လက်ကိုလောင်ပြီး အရေခွန်တွေလန်နေပြီ..ဒီနေ့ထိတောင်မပျောက်သေးဘူး.. ငိုချင်လိုက်တာပြောမနေနဲ့.. နောက်တော့ အပျိုကြီးဖြစ်လဲးဖြစ်ပါစေတော့ လုပ်တော့ဘူး...

ဘုန်းကြီး သင်္ကန်းကပ်ပြီး ဟောတဲ့ တရားက (အပျိုကြီးတွေကိုဟောတဲ့ တရားလေ.ထပ်ပြီးအပူမရှာတော့ဘဲး.. ကိုယ်အတွက်ကိုလုပ်ဖို့ အဖော်မွန်ကောင်းတရားကိုသာ ရှာဖို့ ) ဟောလိုက်တယ်...အပျိုလေးမမီးပါရောပြီး သံဝေဂရခဲ့တယ်.. အခုချိန်ပြောတာနော်.. နောက်တော့ မသိဘူး..အခု ချစ်သူမရှိသေးတော့ ပြောအားရှိသေးတယ်.. ဟီး.. .

တရားနာ..ရေစက်ချ.. နေ့ဆွမ်းကပ်ပြီးတော့ .. ဧည့်သည်တွေ ဧည့်ခံရ နုတ်ဆက်ရ ပြုံးပြရ နဲ့ မောနေတာဘဲး..အားလုံးလဲးပြီးစီးရော.. နာရီကြည့်တော့ ၃ နာရီတောင်ထိုးနေပြီ.. အိမ်လည်းရောက်ရော..ဘာမှမလုပ်နိုင်တော့ဘူး. ရေချိုးပြီး နားတော့တယ်..

အန်တီ့ ဝါဆိုသင်္ကန်ကပ်တာကလည်း အချိန်က ကပ်နေတယ် ဆွမ်းရက်ကမရတော့ ရတဲ့ကြားရက်ကိုလုပ်လိုက်ရတာ.. ပြီးတော့ သူ့ အလုပ်နားရက် ရွေးလုပ်တော့ ကြားရက်ဖြစ်ပြီး ဘယ်သူ့မှ ဖိတ်ဖို့ အချိန်မရလိုက်ဘူး..အဲ့ဒါကြောင့် မဖိတ်လိုက်တာနော်.. ပြီးတော့ weekday ဆိုတော့ အားလုံးက အလုပ်ကိုစီ ကျောင်းကိုယ်စီ နဲ့ဆိုတော့ အားမှာမဟုတ်ဘူးလေ.. ညမှာဖိတ်လိုက်တဲ့ ကိုယ်တော်ချောတောင် အလုပ်က ခွင့်ကြိုယူမှရတာဆိုပြီး မလာနိုင်ဘူး..နေ့လည် ထမင်းစာချိန် ဖုန်းဆက်ပြီးလာခဲ့ဖို့ခေါ်တာတောင် အလုပ်မပြီးသေးလို့ မလာနိုင်ရှာဘူး..
နောက်ကြုံမှကျွေးတော့မယ်နော်.. အော်.. မေ့လို့ မဖိတ်လို့မလာနိုင်လည်း သာဓု တော့ခေါ်လို့ရတယ်နော်..
မိုးသောက်ကြယ်

4 comments:

မယ့်ကိုး said...

အပျိုကြီးဖြစ်ရမှာ သိပ်ကြောက်တာပဲတဲ့လား ...ချောချောလေးရဲ့ အလှူကို သာဓုခေါ်သွားပါတယ်။ :)

Mogok Thar said...

ဟေဟေ့။ ပြောတော့ ထမင်းဟင်းချက် တယ်တဲ့။ ခုတော့ဟင်းချက်ပျင်းတာ ထိုင် အော်နေတယ်။
လူလာလို့မရအောင် ပြေတော့ အလှူလဲ ၀ိုင်း မသူရဘူးပေါ့ဗျာ။ ဒါပေမဲ့ မမီဒ စာလေး ဖတ်ပီး သာဓု ခေါ်သွားပါတယ်။ အန်တီ့ကိုလေ။ :-P
သာဓု၊ သာဓု၊ သာဓု ပါ ခင်ဗျာ။

Lucifer said...

အိမ်မှာ ဟင်းချက်ရင်ကြက်သွန်ဖြူကမများဘူးလေ..
သူနွှာခိုင်းတာ ၃ ထုပ်တောင်.. အများကြီးပါဆိုနေ..

luminnkhaung said...

မလာ နိုင်တော့ လည်း သာဓု သာဓု သာဓု လို့ ပဲ လေးလေးနက်နက် ခေါ်ဆို သွား ပါတယ် ဗျာ

Post a Comment