Sunday, July 5, 2009

ပုန်းညက်ပွင့် နှင့် လဝါဆို

နွေတာလ ၊ မလွယ်တာလ ၊ မြွတ်တာလ ၊ နွယ်တာလ ၊ နတ်လျှောင်လ ဟူ၍လည်း ရှေးကခေါ်ဝေါ်ကြသော ဤဝါဆိုလတွင် ပုန်းညက်မဉ္စူ သင်းကြူအနန်း လန်းလန်းစွင့်စွင့် လှိုင်လှိုင်ပွင့်ကြသည် ။
ပုန်းညက်ပန်းသည် ဝါဆိုလ၏ ရာသီပန်းဖြစ်သည်။ ဝါဆိုလ၏ သဘာဝကို “ ဝါဆို၊ ဝါခေါင်နှစ်လသည် ဝဿာနဥတုမည်၏။ ဤ ဝဿာနဥတု၌ စိုစွတ်၏။ ပူတုံ အေးတုံ ရှိ၏။ အိုက်၏။ ကောင်းကင်၌ မိုးတမ်မပြက်ရှိ၏။ အနောက်လေကျတတ်၏။ နတ်သမီးကွမ်းဆေးစသော ပိုး၊ မှတ် ၊ ခြင်၊ ဖား အစရှိသည်တို့ ပေါများကုန်၏။ ထိမ်၊ မအူ ၊လက်ထုတ် ၊ ဆပ်သွား၊ မုလေး ၊ ပုန်းညက် စသော ပန်းတို့သည် ပွင့်ကုန်၏။ မြစ်ရေတို့သည် ပြည့်လျှံကုန်၏။ ရေအိုင် ၊ ရေကန် စသည်တို့၌ ကြာဖြူကြာညိုတို့သည် ပွင့်ကြကုန်၏။ မြေပြင်၌ မိုးရေဖြင့် မထင်ရှားကုန်သော ကုန်းကြည့်ရှိကုန်၏။ စပါးပင်တို့ဖြင့် တင့်တယ်ကုန်၏။” ဟူ၍ ဥတုဘောဇနသင်္ဂဟကျမ်းတွင် ဖွဲ့ဆိုထားသည်။

ထို့ကြောင့် ပုန်းညက်ပန်းသည် ဝါဆိုလ၏ အဆင်တန်ဆာတစ်ပွင့်ဖြစ်သည်ကို အထူးသတိပေးသည်။ ဒိပင်္ကရာမြတ်စွာဘုရားသခင်သည် သုမေဓာရှင်ရသေ့တို့ ခရီးလမ်းညှိဖို့ရာ အရပ်သို့ ကြွလာတော်မူသောအခါ လူတို့က ပန်းအမျိုးမျိုးဖြင့် ကြဲမြှေက်ပူဇော်ကြလေသည် ။ ဤပန်းတို့တွင် ပုန်းညက်ပန်းလည်း ပါလေသည်။ ပန်းအမည်တို့ကို ထောက်ရှုသော် ဝါဆိုလဆီတွင် ကြွလာသည်ဟု မှတ်ယူဖွယ်ရှိပေမည်။

စာပေပညာရှင်တို့ မှတ်တမ်းရှိခဲ့သည်မှာ “ ပန်းများလှုင်ကြူု ၊ မဉ္စူရွှေခက် ၊ ပုန်းညက်ကြိုင်သင်း ၊ ပဉ္စင်းတော်ပွဲး၊ သဲးသဲးအုတ်အော် ၊ ရွှင်ပျော်လှည့်ပတ် ၊ ကရကဋ်နှင့်” ဟူ၍ တစ်နည်း ၊ “ ပုန်းညက်အနန်း ၊ နှင်းဆီပန်းနှင့် ၊ စခန်းကြိုင်သင်း ၊ ရဂုံတွင်းမှာ” ဟူ၍ တစ်ဖုံ ၊ “ဝါဆိုခေါ်မှတ် ၊ ကရကဋ်ဝယ် ၊ နက္ခတ်မိုးယံ ၊ ပြုဗ္ဗာသာဠ်တို့၊ လတံနီလျက် ၊ ရောင်ခြည်ယှက်က ၊ ပုန်းညက်ထိန်ထိန် ၊ ပွင့်ချင်းလိမ်ခဲ့ ၊” ဟူ၍ တစ်ဖြာ ရှေးပညာရှင်တို့ စာပေမှတ်တမ်းပြုခဲ့ကြသည် ။

(ဝါဆိုလတွင် ယုဂန်တောင် အထွတ်အဖျာ၌ ပြုပ္ပာသန်နက္ခတ်နှင့် လပြည့်ဝန်းတို့ နှစ်ပါးသည် ထွန်းတောက်ကြပါသည် ။ ထိုအခါ ပုန်းညက်ပင်တို့မှ အဖူးအငုံတို့သည် ညှာတံကလေးများနှင့် ထွက်ပေါ်လာကြ၍ ပွင့်ကြသောကြောင့် သင်းပျံ့သော ရနံ့သည် ဖြာထွက်လျက်ရှိပါတော့သည်။ ) ငယ်ငယ် ကကျက်ခဲ့ရတဲ့ ၁၂ ရာသီပန်း ကဗျာက စကားပြေလေးလေ.. မှတ်မိတာလေး ချရေးထားတာ စာရေးသူကတော့ ကင်းဝန်မင်းကြီး. ထင်တယ်..မေ့သွားပြီ.. ကောင်းကောင်းမမှတ်မိတော့ဘူး..
ဒီစာလေးကို ရေးနေရင်းငယ်ငယ်က ကျောင်းမှာကျင်းပတဲ့ ဝါဆိုပန်းကပ်ပွဲးကို သတိရမိတယ်.. ကိုယ်စီကိုယ်စီ ဝါဆိုပန်းတွေကိုင်ပြီးသက်ဆိုင်ရာ ဘုန်းကြီးကျောင်းကို အတန်းသားအားလုံးနဲ့ အတူ ဝါဆိုပန်းသွားကပ်ကြတဲ့ ပုံရိပ်က မျက်လုံးထဲးမှာလာပေါ်နေတုန်းပဲး...

မိုးသောက်ကြယ်..

3 comments:

မယ့်ကိုး said...

စာတစ်ကြောင်းစီကို select လုပ်ပြီး သေသေချာချာ ဖတ်သွားတယ် ညီမလေး... အစ်မက ရှေးဟောင်းကဗျာလေးတွေ ကြိုက်တယ်။ နောက်မှတ်စရာလေးတွေကော...

Mogok Thar said...

ညီမလေး မမီးရေ၊ ရှေးစာချိုးလေးတွေနဲ့၊ ဗဟုသုတ ဖြစ်စရာလေးတွေ ခုလို ရေးပေးတဲ့ အတွက် ကျေးဇူးတင်တယ်။

Lucifer said...

ပါရမီ နည်းသူမို့ ဒါလေးရေးပြီးတင်ဖို့ကို မနဲးရှာထားရတာ သူတို့ သိရှာဘူး..ဟီးးးးးးးးးးးးးးး..............

Post a Comment