Wednesday, July 22, 2009

ငါ မဖြေတတ်သေးပါ...

အချစ်ဆိုတာ ဘာလဲး ??? ”
အချစ် ကဘာလဲး ဆိုတဲ့အဖြေကို ဖြေနိုင်တဲ့သူက ကမ္ဘာပေါ်မှာ တစ်ယောက်ပဲးရှိတယ်.. အဲ့ဒါ ကိုယ်ကိုတိုင်ပါဘဲး..”
ချစ်ရတာ ခက်လား ??? ”
ချစ်ရတာ မခက်ပါဘူး လွယ်ပါတယ်.. ချစ်မြဲးချစ်နေဖို့သာခက်တာပါ..”
“မင်းအချစ်က ဘယ်လိုမျိုးလဲး???? ”
ငါ့ ချစ်တဲ့အချစ်ကဘယ်လိုမျိုးလဲး ????
(သဝန်တိုတတ်မယ်.. ချစ်သူကကိုယ်ကိုပဲ ဂရုစိုက်စေချင်တယ်.. ကိုယ်ချစ်တဲ့သူကို ကိုယ့်ဘေးမှာဘဲးခေါ်ထားချင်တယ် မျက်စိအောက်ကအပျောက်မခံချင်ကြဘူး.. အဲ့ဒါကတော့ အတ္ကကြီးလွန်းတယ်ထင်တယ်..)
ငါကရော.. ရယူပိုင်ဆိုင်ဖို့ချစ်ခဲ့တာလား??
(အရာရာပေးဆပ်ချင်တယ်.. သူချစ်ချစ်မချစ်ချစ် ကိုယ်ကပဲချစ်နေချင်တယ်..ချစ်သူအတွက်ဆိုအကောင်းဆုံးလုပ်ပေးချင်တယ်.. တစ်ဖတ်လူက ကြိုက်မှန်းမသိ မကြိုက်မှန်း မသိ .. ကိုယ်လုပ်ပေးချင်ရာကိုမစဉ်းစားဘဲးလုပ်ပေးနေတတ်တယ်..)
ငါကရော.. ကိုယ်ကပဲ ချစ်နေချင်တာလား ??
(အချစ်မှာမျက်စိမရှိဘူးတဲ့.. သူ့အတွက်ဆို အရာရာကို စွန့်လွှတ်ရဲးတယ်.. ရင်ဆိုင်ရဲတယ်.. ဖြစ်သင့် မဖြစ်သင့် လုပ်သင့် မလုပ်သင့် ကို မစဉ်းစားမိကြတော့ဘူး..)
ငါကရော.. စိတ်ကစားပြီးချစ်တာလား??”
(အေးချမ်းတဲ့အချစ်.. ပေးဆပ်နေခြင်းလည်းမဟုတ်သလို ရယူပိုင်ဆိုင်ခြင်းလည်း မဟုတ်ဘူး.. အသဲးကွဲးတယ်ဆိုတာမရှိဘူး.. တစ်သက်လုံးရင်ထဲးမှာထားပြီး ချစ်သွားနိုင်ကြတယ်.. တစ်ချို့ဆို ၅၂၈ နဲ့တောင် မှားတတ်ကြတယ်တဲ့.. )
“ငါကရော.. မေတ္တာလို အချစ်မျိုးနဲ့ ချစ်နိုင်လား??”
ဒါကိုဖြေဖို့က ကိုယ့်ကိုကိုယ် သုံးသပ်ကြည့်ရမယ်.. ပြီးတော့ အချိန်အတိုင်းအတာ အနည်းငယ်တော့ လိုလိမ့်မယ်ထင်တယ်.. ...

မိုးသောက်ကြယ်..

14 comments:

လင်းကြယ်ဖြူ said...

အင်း..စဉ်းစားစရာတ္ဂေအပြည့်ပါပဲ
အတ္ဂေးလေးတ္ဂေကတော့ လန်းနေတာပဲနော်..နေကြာပန်းကျနေတာပဲ
ဟဲ..ဟဲ..

yaewoori said...

ခုထိမေတ္တာလို အချစ်မျိုးနဲ့ ချစ်နိုင်တယ်
ဒါပေမဲ့ ငြိမ်းငြိမ်းချမ်းလေးတော့ဟုတ်ဘူး

ငယ်ငယ် ထဲကခုထိပဲ

လမ်းခွဲသွားတာတော်တော်ကြာပေမဲ့
မျက်လုံးအိမ် နဲ့ နှလုံးသားကသူ့ကိုသစ္စာ ရှိတုံး

နဒီမိုးညို said...

နားလည်မူလေးနဲ့ တစ်ယောက်ကို..တစ်ယောက်
ချစ်ကြရင်ပိုကောင်းတာပေါ့..နော်.
ပျော်ရွှင်ပါစေ.ရှင်

မယ့်ကိုး said...

နာမည်ကြီးတဲ့ အချစ်အကြောင်းကို ကြားသာကြားဖူးပြီး ဘယ်သူမှ သိပ်မသိကြပါဘူး။ ယုံမလားတော့မသိ အစ်မလည်း ခုထိမသိဘူးညီမလေးရေ...ဖတ်ဖူးသမျှနဲ့  ရုပ်တည်လုပ်နေတာ :P
ညီမလေးငယ်ငယ်လေးမို့  အချိန်အတိုင်းအတာက နည်းနည်းလေးမက များများယူသင့်တယ်လို့  အစ်မတစ်ယောက်စိတ်နဲ့  ပြောချင်ပါတယ်ကွယ်။

လသာည said...

အင်း ..ဒါပေမဲ့ ချစ်တယ်ဆိုတာကြီးက ကိုယ်သတိမထားခင် သူဘာသာ ၀င်လာတာမဟုတ်လား။ အစစအဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်

ခြေလှမ်းသစ် said...

အချစ်က အရမ်းထူးဆန်းတော့ အချစ်အကြောင်းကို မကြေညက်ပါဘူး.. တခါတခါလဲ အရမ်းရှုတ်တယ်နော်..

စည်သူ said...

ဟေ....
ဟုတ်လား မသိလိုက်ဘူး..။
လင့်ပေးပါအုံး သွားတောင်းပန်မလို့ ပေါ့ဗျာ..။
ရက်ပိုင်းပဲရှိသေးတယ်ဆိုတော့ အိမ်တွေလည်ရင်း
ဘယ်လိုဖြစ်သွားမှန်းမသိလို့နေမှာ..။

အဟိ...
အချစ်အေကြောင်းဆိုရင်တော့
လုံးဝလာမယှဉ်နဲ့

ဟီးဟီး...ဘာမှအတိလို့ပါ..။
ခင်မင်စွာဖြင့်..။

mmtn (kalay) said...

မမီးရေ ........ အချစ်အကြောင်းတွေ ဘာတွေ ရေးနေပါလား။
မိုက်တယ် အရေးအသားက။

အရူးလေး said...

အချစ်ဆိုတာကို သိအောင်
အများကြီး ကြိုးစားရအုန်းမယ်ဗျာ .....

Mogok Thar said...

အချစ်အကြောင်း ပြောနေကြပါလား။
အကိုကတော့ အလွမ်း အကြောင်းပဲ ပြောတတ်တော့ ခက်တယ်။

ဝက်ဝံလေး said...

အဟမ်းအဟမ်းး မယ်မီးရေ ဘာမှလာမပြောနဲ့ နော် ဟွန်းးး တို့လဲ မမမယ်ကိုးလိုပဲ (သူများကို ဆွဲထည့်လိုက်ဦးမယ် ဟိဟိ ) မချစ်တတ်သေးဘူး ချစ်တတ်တော့မှ လာပြောမယ် ဟုတ်ပလား အခုတော့ ဘိုင်

မေလေး said...

အင်း ခက်တယ် မမီးရယ်
အချစ်ဆိုတာ ခက်တာ ပြောတာပါ။

သီဟသစ် said...

အချစ်ဆိုသည်မှာ
အံ့သြမှုများနဲ့ ဆန်းကြယ်သောအရာ

ခင်မင်စွာဖြင့်
သီဟသစ်

မေဇင် said...

အင်း... မေတ္တာသည်သာ အေးမြရာ.... ဒါပေမယ့်... အချစ်ဆိုတာကိုလဲ မလွန်ဆန်နိုင်သေးဘူးလေ....း)

Post a Comment