Sunday, July 5, 2009

ယုံတမ်းစကားတွေကို နှစ်သက်သူ..

ငယ်ငယ်က ပုံပြင်နားတောင်ရတာကို အရမ်းပျော်တယ်.. ပုံပြင်ဆိုတာမျိုးက အပြင်မှာ တကယ်မရှိတာ များတယ်လေ.. ဒါပေမယ့် လူကြီးတွေက ကလေးတွေ လိမ္မာရေးခြားရှိလာအောင် သွန်သင်တဲ့နေရာမှာ လွယ်ကူအောင်ပုံပြင်လေးတွေနဲ့ ဆုံးမကြတာဖြစ်တယ်.. တရိစ္တာန်လေးတွေ စကားပြောကြတာ အပြင်မှာမှမရှိတာ.. ယုန်ကလေးက လူစကားပြောနေတာ.. လိပ်ကလေးက လူစကားပြောနေတာ တကယ်မကြားဖူးပါဘူး.. ဒါပေမယ့် မမီးကတော့ ဒီအရွယ်ထိ ပုံပြင်လေးတွေကို ကြိုက်တုန်းပါ.. ယုံတမ်းစကားလေးတွေကို နှစ်သက်နေသူပါ..

မယုံရင် စမ်းကြည့်ပါလား.. ပြောသမျှအကုန် ယုံတယ်.. လိမ်ပြောလည်းယုံတယ်.. ညာပြောလည်းယုံတယ်.. ယုံအောင်သာပြော အကုန်ယုံတတ်တယ်..

မိုးသောက်ကြယ်..

0 comments:

Post a Comment