Sunday, July 12, 2009

ဝါဆိုသင်္ကန်း နှင့် အကျိုးကျေးဇူး...

မြန်မာလူမျိုးတို့ သည် အခါကြီး ရက်တွင် အဓိကထား လှူတန်းသော သင်္ကန်း နှစ် မျိုးရှိသည်။ တစ်မျိုးမှာ ဝါဆိုသင်္ကန်းဖြစ်ပြီး နောက်တစ်မျိုးမှာ ကထိန်သင်္ကန်း ဖြစ်ကြသည်။
ဝါဆိုသင်္ကန်း ကပ်လှူရတဲ့ ရည်ရွယ်ချက်မှာ ဝါတွင်းကာလသည် မိုးရာသီတွင် ကျရောက်သည်။ မိုးများသည့် ကာလဖြစ်သောကြောင့် သင်္ကန်းများ အရောင်ပျက်လွယ်၊ ဆွေးလွယ်၊ ပျက်စီးလွယ်၏။ ထို့ကြောင့် ဘုရားရှင်က ဆင်းရဲးသော ရဟန်းများ အတွက် မိုးတွင်းကာလ သင်္ကန်းဖူလုံရေးအတွက် ဝါဆိုသင်္ကန်းကို စီမံပေးချင်းဖြစ်၏။ ဝါဆိုသင်္ကန်းသည် ဘူရားရှင် ခွင့်ပြုထားသော သင်္ကန်း ၉ မျိုးအနက် တစ်မျိုးအပါအဝင် ဖြစ်သည်။ ဝါဆိုသင်္ကန်းကို တနည်းဆိုသော်( မိုးရေခံ ) သင်္ကန်းဟုဆိုနိုင်ပေသည်။ ဝါဆိုသင်္ကန်းကို ဝါတွင်းသုံးလသာ မက ဝါမဝင်ခင်ကတည်း ဝါဆိုသင်္ကန်းကို ရည်ရွယ်ပြီး သင်္ကန်းကပ်လှူနိုင်ပါသည်။ (သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့ မှ တန်ဆောင်မုန်းလပြည့် နေ့ ထိသည် သီတင်းကျွတ် ကထိန်ကာလဖြစ်သောကြေင့် ကထိန်သင်္ကန်းကိုသာ ကပ်ခွင့်ရှိသည်။) တန်ဆောင်မုန်းလပြည့်ကျော် ကနေ သီတင်းမကျွတ်ခင်ထိ နောက်ဝါဆိုကို ရည်မှန်းပြီး ဝါဆိုသင်္ကန်းကို ကပ်လှူခွင့်ရှိ၏ .(
နောက်ဝါဆိုအတွက် ရည်စူးကြောင်း ပြောကြားရန်လို).
ဝါဆိုသင်္ကန်းလှူတန်းရသော အကြိုးကျေးဇူးကို..
(
ဝါဆိုသင်္ကန်း ကပ်လှူတန်းက
ကတိမြဲးလှ ဆူလသောတာ
တူလှစွာကြေင့် ပယ်မှာမထိ
မရောက်ရှိဘူး သုကတိမြဲး
လူထူးကဲးသည့် မှတ်စွဲးဝါဆိုသင်္ကန်း လှူကျိုးတည်း.
....)
ဟု စာချိုးလေးရှိခဲ့သည်။ ဝါဆိုသင်္ကန်း ကပ်လှူရသော အကျိုးကြောင့် ဆူလသောတာပန် တည်ပါသည်။ ဆူလသောတာပန်သည် သောတာပန် အငယ်ဖြစ်သည်။ သေသော် အပယ်၎ပါး တံခါးပိတ်သည်ဟုဆိုပါသည်။ ဝါဆိုသင်္ကန်းကပ်လှူရသော အကျိုးကိုသာ စိတ်မှာ တည်ပါစေ.. အပယ်မရောက်နိုင်ဟု သိရပါသည်။


မမီးကပ်လှူသော ဝါဆိုသင်္ကန်းကပ်လှူရသော အကျိုးကျေးဇူး ကို မမီးနှင့်ထပ်တူ. ၇ ရက်သားသမီးများ အားလုံးမျှဝေခံစားနိုင်ကြပါစေ.. မမီးနှင့် ထပ်တူ သာဓု ခေါ်ဆိုနိုင်ကြပါစေ..


တပည့်တော် သိလိုသော ဝါဆိုသင်္ကန်း နှင့် အကျိုးကျေးဇူးကို မအားလပ်သည့်ကြားက စိတ်ရှည်စွာဖြေကြားပေးခဲ့သော ဆရာသခင် ပဏိတာရာမ ရွှေတောင်ကုန်းသာသနရိတ်သာ မှ ဆရာတော် ဦးခေမိက (America) ၏ ကျေးဇူးကို အောက်မေ့ သတိရလျှက် တပည့်တော် သိသော အသိပညာများအား မျှဝေရင်း ရတနာသုံးပါကို မမေ့လျှော့သော ဆရာတော်၏ကျေးဇူး နှင့် မိဘကျေးဇူးကို ဆပ်နိုင်သော သမီးကောင်းရတနာဖြစ်ပါစေလို့ တပည့်တော် ဆုတောင်းပါတယ်ဘုရား ။

မိုးသောက်ကြယ်..

9 comments:

ဝက်ဝံလေး said...

သာဓု သာဓု သာဓုပါ မမီးရေ နော် လာဖတ်တယ်နော် ဘိုင် ပျော်ရွှင်ပါစေကွယ်

မယ့်ကိုး said...

သာဓု ... သာဓု... သာဓုပါ ညီမလေးရေ...အမျှပေးတာ ကျေးဇူးနော်...

မေဇင် said...

သာဓု ပါ မမရေ....။ နောင့်တို့လဲ သိရအောင် မျှဝေပေးတာ ကျေးဇူးပါ...။

လသာည said...

သာဓုပါ ကြယ်လေးရေ။ ဆုတောင်းလေး ပြည့်ပါစေလို့ ထပ်တူဆုတောင်းပေးလိုက်ပါတယ်။

နဒီမိုးညို said...

သာဓု..သာဓု...သာဓု..သုံးခါခေါ်ပါတယ်..ရှင်
တောင်းဆုလေး.ပြည့်ပါစေ..နော်

mmtn (kalay) said...

အစ်မရေ ကောင်းတဲ့ပို့စ်လေးပါ။လင့်ကို ယူသွားပေးတဲ့ အတွက်လည်း ကျေးဇူးပါ။

Irfan Nugroho said...

Hi, nice greeting from Indonesia. Visit my blog as well :)

Best regards,

Irfan Melodic Nugroho
Melodramatic Mind

Facts on the Recent News

သုခုမလေဒီ said...

သာဓုခေါ်ပါတယ် ညီမလေး။ အခုလိုသိထိုက်တာလေးတင်ပြလို့ လည်းကျေးဇူးပါ။ အဆင်ပြေပျော်ရွှင်ပါစေ။

သီဟသစ် said...

မမီးရေ
သာဓုပါဗျာ
ဆုတောင်းလေးလည်း ပြည့်စေကြောင်း ကူပြီးဆုတောင်းပေးပါတယ်

ခင်မင်စွာဖြင့်
သီဟသစ်

Post a Comment