Saturday, July 25, 2009

ပညာရှိရှိစား ကျန်းမာအောင်နေ

အာရောဂျံ ပရမ္မံ လာဘံ ကျန်းမာချင်းသည် လဘ်တစ်ပါး..
လူတစ်ယောက်ရဲ့ဘဝမှာ ကျန်းမားရေးသည် အရေးကြီးဆုံး အပိုင်းမှာပါဝင်နေသည်။ စိတ်ချမ်းသာမှ ကိုယ်ကျန်မာမည် ကိုယ်ကျန်းမှ လူမှုရေး ဘာသာရေးတို့တွင် လုပ်ဆောင်နိုင်မည် ဖြစ်သည်။ ကိုယ်ကျန်းမာ မှသာလျှင် စိတ်သွားတိုင်း ကိုယ်ပါနိုင်မည် ဖြစ်သည်။
ကျန်မာရေးတွင် တစ်ကိုယ်ရေသန့်ရှင်းရေးဖြင့် ကျန်းမာအောင်နေသလို အစာကိုသင့်တင်မျှတစွား စားသုံးခြင်းဖြင့်လည်း ကျန်းမာရေးကို ထိမ်းနိုင်သည် ။

ယခုအခါ H1N1 ရောဂါဖြစ်ပွားမှု အန္တရာယ် သည်တစ်နေ့တစ်ချားတိုးပွားလာသည်နှင့်အမျှ တစ်ကိုရေသန့်ရှင်းမှု သည်လည်း ပိုမိုအရေးကြီးလာသည်။
လက်သည် အရာရာတိုင်းနှင့် ထိတွေ့နေရသဖြင့် အစား စားခါနီးတိုင်းတွင် လက်ကို စင်ကြယ်အောင် ဆေးကြောသင့်သည်။ အပြင်ကပြန်ရောက်တိုင်း လက်ကို ဆပ်ပြာနှင့် စင်ကြယ်အောင် သေသေချာချာ ဆေးကြောသင့်သည်။
အစားအစာကိုလည်း သင့်တင့်မျှတအောင် စားသုံးသင့်သည်။ တစ်နေ့မှာ မျှတအောင် စားသုံးသင့်သော အစားအစာတွေနဲ့ ဗီတာမင်တွေကိုတွဲးဖတ်ဖော်ပြထားပါသည်...


၁။ ကာဗွန်ဟိုက်ဒရိတ် (ကစီဓါတ် များသော) နှံစား သီးနှံများ

ထမင်း၊ ပေါင်မုန့်၊ cereals, Pasta, ခေါက်ဆွဲ စသည် ဆန်၊ ဂျုံ၊ ပြောင်း တို့ဖြင့် ပြုလုပ် ထားသော အစားအစာ အကုန်လုံးပါဝင်ပြီး စားသုံး သင့်သည့် ပမာဏကို အောက်ပါအတိုင်း သတ်မှတ်ပြီး ငါးကြိမ် အထိ စားသုံး သင့်သည် ဟု စံ သတ်မှတ် ထားပါသည်။- ပေါင်မုန့် အချပ်ဖြစ်ပါက နှစ်ချပ်- ပေါင်မုန့်အလုံးဖြစ်ပါက အနေတော်အရွယ် တလုံး- ခေါက်ခွဲ၊ Pasta, cereal နှင့် ထမင်း ဖြစ်ပါက ပန်းကန်လုံးတလုံးစာ ( ယောင်းမ (သို) ထမင်းခူးဇွန်း အနေ တော်အရွယ်နှင့် တခပ်စာ) သတ်မှတ်ထားပါသည်။ သို့သော်လည်း ထမင်းကို အဓိကစားသော မြန်မာ လူမျိုးများအတွက်မူ ထမင်းကို ယောင်းမနှင့် တခပ်စာကို တခါစားအဖြစ် တင်းတိမ် နိုင်မည် မဟုတ် သဖြင့် ငါးခွက်စာကို မိမိ တနေ့စာ သတ်မှတ်ပြီး အကြိမ်ကို မိမိ ကြိုက်နှစ်သက် သလို သတ်မှတ် စားသုံး နိုင်ပါသည်။ အလုပ်ကြမ်း လုပ်သူမဟုတ်ပဲ ထိုထက် ပိုစားပါက အ၀လွန် ရောဂါရပြီး နောက်ဆက်တွဲ ရောဂါများစွာ ရနိုင် ပါသည်။

၂။ ဟင်းသီး ဟင်းရွက်များ

ဟင်းသီး ဟင်းရွက်များ ကိုလည်း စားသုံး သင့်သည့် ပမာဏကို အောက်ပါအတိုင်း သတ်မှတ် ထားပါသည်။- ဟင်းသီးဟင်းရွက် အစိမ်း (သို့) အကျက် ၇၅ ဂရမ် (သို့) တခွက်စာ- ရောနှောထားစသည့် အသီးအရွက် ဖြစ်ပါက တခွက်စာ- အာလူး (သို့) ခရမ်းချဉ်သီးကဲ့သို့ အစားအစာ ဖြစ်ပါက တလုံးခန့် စသည်ဖြင့် တခါစားကို သတ်မှတ်ထားပြီး တနေ့စာအတွက် ငါးကြိမ် စာခန့် စားသင့်ပါသည်။ သို့သော်လည်း ဟင်းသီးဟင်းရွက်သည် ခန္ဓာကိုယ်အတွက် အများဆုံး စားသင့် သောကြောင့် အစာအိမ်မှ လက်ခံ ပါက သတ်မှတ် ထားသည် ထက် ပိုစား၍ ပြဿနာ မရှိပါ။

၃။ အသီး နှံများ (Vitamin)

အသီးနှံများကို အနည်းဆုံး တနေ့ နှစ်ကြိမ်ခန့်နှင့် တခါစားကို အောက်ပါ စံ သတ်မှတ် ထားသည့် ဥပမာ အတိုင်း စားသုံးသင့်ပါသည်။- အနေတော်အရွယ် ပန်းသီး၊ ငှက်ပျောသီးနှင့် ကီဝီသီး စသည့် တလုံး- အရည် ဖြစ်ပါက ခွက်တ၀က်- စပျစ်သီး၊ စထရော် ဘယ်ရီကဲ့သို့ အသီးများနှင့် အသီးမျိုးမျိုးကို စိတ်ပြီး ရောနှောထားပါက တခွက်စာ- အသီးခြောက်များ ဖြစ်ပါက ခွက်တ၀က်စာ နှင့် စည်သွပ် ထားသည့် အသီးဖြစ်ပါက တခွက်စာ ကို တခါစားအဖြစ် သတ်မှတ် စားသုံး သင့်ပါသည်။အရည် ဆိုသည်မှာ ဆော်ဒါနှင့် သကြားပါဝင်သည့် Soft Drink ကို ဆိုလြိုခင်း မဟုတ်ပဲ ပန်းသီး (သို့) တခြားအသီးနှံများကို ရေအပါအ၀င် မည်သည့် အကူပစ္စည်းမှ မရောပဲ ၁၀၀% အရည် ညှစ်ထားသော သစ်သီးရည် ကိုသာ ဆိုလို ပါသည်။ အချိုဓါတ် နည်းသည့် အသီး ဖြစ်ပါက တနေ့ နှစ်ကြိမ် ထက် ပိုစား နိုင်ပါသည်။

၎။ နို့ထွက် ပစ္စည်းများ(Mineral)

နို့နှင့် နို့ထွက် အစားအစာ များကို တနေ့ နှစ်ကြိမ် မှ ငါးကြိမ် ခန့်အထိ စားသုံး သင့်ပြီး တခါစားကို အောက်ပါ ဥပမာအတိုင်း စံ သတ်မှတ် ထားပါသည်။- ပဲနို့ (သို့) မလိုင်ဆယ်ပြီးသောနို့ (Skim milk) တခွက်စာ (၂၅၀ မီလီဂရမ်)- Cheese နှစ်လွှာ (သို့) ၄၀ မီလီဂရမ်- ဒိန်ချည် ၂၀၀ မီလီဂရမ်

၅။ အသား၊ ငါး၊ ဥ၊ ပဲအမျိုးမျိုးနှင့် အစေ့များ (Protein)

အသားဓါတ်ကို အဓိက ပေးသော အစားအစာများ ဖြစ်ပြီး အသားဓါတ်သည် ခန္ဓာကိုယ်ထဲတွင် ၇၀% ထုတ်လုပ်သောကြောင့် တနေ့ကို ၁-၂ ကြိမ်ခန့်သာ စားသုံးသင့်ပါသည်။ တခါစားရန် ပမာဏကို အောက်ပါအတိုင်း ဥပမာပေးပါသည်။- ချက်ပြုတ်ထားသော အဆီနှင့် အရေပြားမပါသည့် ကြိုက်နှစ်သက်ရာ အသား သေးသေးနှစ်တုံး (သို့) ၆၅-၁၀၀ ဂရရမ်ခန့် (စဉ်းထားသည့် အသား ဖြစ်ပါက ခွက်တ၀က်စာ)- ကင်ထားသော အသားနှစ်လွှာ- ငါးအသား ၈၀ - ၁၂၀ ဂရမ်- ကြက်ဥ သေးသေး နှစ်လုံး- မြေပဲ၊ နှမ်း၊ နေကြာစေ့နှင့် တခြား အခံမာစေ့များ ခွက်တ၀က်ခန့်- အပြုတ် (သို့) ကျက်ပြီးသော ပဲအမျိုးမျိုး တခွက်စာ စားသုံး သင့်ပါသည်။

၆။ အဆီ (Fat)


အဆီကို ဟင်းသီးဟင်းရွက်မှရတဲ့ အဆီ နှင့် ငါးမှရတသော အဆီတို့ဟာကျန်းမာရေးအတွက် ပိုမိုသင့်တော်ပါသည်။

၇။ ရေ

ရေ ကလဲး လိုအပ်ဆုံးအရာတစ်ခုပါ။ ရေ ကိုတစ်နေ့ ဖန်ခွက် (၈) ခွက် (သို့ ) ၂ Liter သောက်သုံးသင့်သည်။


အသက်ရှင်စဉ် ကာလ တွင် ကျန်းမာရေး သည် လူတယောက် အတွက် ပထမ အရေးကြီးဆုံး လိုအပ်ချက် ဖြစ်ပါ သည်။ လူတယောက် ကျန်းမာစွာ အသက်ရှင်ရပ် တည်ရန် အတွက် အဟာရသည် အရေးကြီးဆုံး ဖြစ်ပြီး ကာကွယ်ခြင်း သည် ကုသခြင်း ထက် ပိုမို ထိရောက်သည် ဟူသည့် စကားနှင့် အညီ အာဟာရကို လုံလောက် မျှတစွာ စားသုံးခြင်း ဖြင့် အာဟာရ ချို့တဲ့ခြင်းနှင့် လွန်ကဲခြင်း တို့ကို ရှောင်ကျဉ် နိုင်ပြီး ၎င်းတို့ကြောင့် ဖြစ်လာ နိုင်သည့် ရောဂါ ပေါင်း များစွာ ကိုလည်း ကာကွယ်သင့်ပါသည်။

ဘာရယ်တော့ မဟုတ်ပါဘူး.. လသာည က ကျန်းမာရေး ဂရုစိုက်ဆိုလို့..ကိုယ်ကိုယ်တိုင်ဂရုစိုက် ရုံနဲ့မလုံလောက်ဘူး ထင်လို့ တင်ပေးလိုက်တာ..

မှတ်ချက်။ ။ http://www.theaustralian.news.com/ for http://www.whattherapy.com/ မှရယူသည် ။

မိုးသောက်ကြယ်

10 comments:

မယ့်ကိုး said...

ညီမလေးရေ... ဖတ်မှတ်သွားတယ်။

yaewoori said...

thank ma mee

မေဇင် said...

မီးမီးရေ..... မှတ်သားသွားပါတယ်ရှင်.... ဒီသီချင်းလေးကို အရမ်းကြိုက်တယ် သိလား...

သီဟသစ် said...

ဗဟုသုတတွေ ရသွားပြီ
ဟင်းသီးဟင်းရွက်ကြီုက်ဘူး
:)

ခင်မင်စွာဖြင့်
သီဟသစ်

လင်းကြယ်ဖြူ said...

လူလည်းကျန်းမာ စိတ်လည်းချမ်းသာ..
ပျော်စရာတ္ဂေနဲ့ နေနိုင်အောင် အစားအသောက်ကို သတိထားပြီးစားသင့်တယ်
ဆိုပါတော့ နော......ဗဟုသုတရလို့ကျေးဇူးပါ...

neking said...

ကျေးဇူးပါပဲ။ကျွန်တော်သိချင်တဲ့ဗဟုသုတတွေအများကြီးဒီပို့စ်မှာပါတယ်

လသာည said...

ကြယ်လေးရေ ဖတ်မှတ်သွားတယ်။ အသားနည်းနည်း အရွက်များများ စားရမယ်ပေါ့။ အဲဒါဖြစ်တယ်။ လိုက်နာမယ်လိုက်နာမယ်။ ဟူးးးး တော်သေးတာပေါ့။ ကော်ဖီလျော့ဖို့ မပြောလို့။ :P

Mogok Thar said...

ကျန်းမာရေး ဂရုစိုက်ပါ့မယ် အန်တီမီးရေ

လသာည said...

အခုမှတွေ့တယ်ဒီစာကို“ လသာည က ကျန်းမာရေး ဂရုစိုက်ဆိုလို့..ကိုယ်ကိုယ်တိုင်ဂရုစိုက် ရုံနဲ့မလုံလောက်ဘူး ထင်လို့ တင်ပေးလိုက်တာ..”

ဒါဆို ကိုယ်ကိုယ်တိုင်ဂရုစိုက်ရုံနဲ့ မလုံလောက်ရင် ဘယ်သူ့ကိုပါဂရုစိုက်ရရင်ကောင်းမလဲဟင်??? :P

မဟာဆန် said...

နေ့တိုင်းပဲ ရုံးမှာ ငုတ်တုတ်ထိုင်ရင်းနဲ့ တနေကုန်ပြီး အိမ်ပြန်ရောက်တာနဲ့ တန်းအိပ်ချင်တော့တာမို့ အစားအသောက်ကိုတော့ ကျန်းမာရေးနဲ့ ညီညွတ်အောင် လုပ်မှဆိုတာ သတိထားမိတာကြာပါပြီ။ လေ့ကျင့်ခန်းလည်း မှန်မှန် မလုပ်ချင်ဘူးလေ။ ကျန်းမာအောင် အစားအသောက်စားနည်းတွေ ရှာဖတ်မယ် စဉ်းစားတိုင်း English လိုတွေချည့်ဆိုတော့ နောက်မှဆိုတာတွေ များနေခဲ့တာ။ ခုလို မြန်မာလို သေသေချာချာလေး လမ်းညွှန်ပေးတာတွေ့တော့ ၀မ်းသာလိုက်တာ။ တကယ်ကို ကျေးဇူးတင်တယ်။

Post a Comment