Thursday, July 16, 2009

စင်္ကာပူမှ စာကြည့်တိုက်ငယ်..

ပုညသင်္ဂဟမိသားစု ကိုစတင်ဖွဲ့စည်းခဲ့ သည်မှာ ၂၀၀၉ ဇွန်လက ၇ နှစ်ပြည့်ပြီးဖြစ်ပါသည်။ တစ်စက်ချင်း ရွာသွန်းခဲ့သော မိုးရေစက်ငယ်များသည် ရွာသွန်းချိန်ကြာလာသည်နှင့် အမျှ ချောင်းငယ်မြောင်းငယ်များသာမက ပင်လယ်သမုဒ္ဒရာ တို့ပင် ပြည့်လွှမ်းစေနိုင်သကဲ့သို့ နီးစပ်ရာပုညသင်္ဂဟ မိသားစုများ၏ ငါးဒေါ်လာ ဆယ်ဒေါ်လာ စသည်ဖြင့် လှူဒါန်းမှု များအား စုလိုက်သောအခါ ပထမ စတင်တည်ထောင်သည့် တစ်နှစ်အတွင်းတွင် မြန်မာငွေ (၁၃၀)သိန်း နီးပါး လှူဒါန်းနိုင်ခဲ့ပြီးပြီ ဖြစ်ပါသည်။ ယခင်က စင်္ကာပူနိုင်ငံဝိပဿနာရိတ်သာ (Vipassan Meditation Center ) ကျောင်းသို့ ၂၈၀ ဒေါ်လာ သာလှူဒါန်းနိုင်ခဲ့သော်လည်း ယခုအခါ လစဉ် ဒေါ်လာ ၅၀၀ လှူဒါန်းနိုင်သည့် အပြင် မြန်မာနိုင်ငံအရပ်ရပ်ရှိ ဘာသာရေးအသင်းများ ၊ ကျောင်းများ၊ စာကြည့်တိုက်များ၊ သံဃာ့ဆေးကုခန်းတွင်ဆေးပဒေသာပင်စိုက်ထူခဲ့ကြသည်။

ပုညသင်္ဂဟစာကြည့်တိုက်

ပုညသင်္ဂဟမိသားစု၏ ပုညသင်္ဂဟ စာကြည့်တိုက်မှ အပတ်စဉ် စနေနေ့တွင် (TOA POTAH) မြန်မာ ဘုန်းကြီးကျောင်း၌ ညနေ ၆ နာရီမှ ည ၉း၃၀ အထိ လည်းကောင်း၊ ဝိပဿနာရိတ်သာ မြန်မာဘုန်းတော်ကြီးကျောင်း (VMC) တွင် တနင်္ဂနွေနေ့ ညနေ ၆ နာရီမှ ည ၉ နာရီ အထိ လည်းကောင်း ဖွင့်လှစ်ထားပါသည်။ ထို့ပြင် (Bukit Batok Street 23 / Acocia Lodge ) တွင် စာအုပ်ရေ ၁၀၀၀ ကျော်နဲ့ စာကြည့်တိုက်ကို တည်ထောင်နိုင်ခဲ့သည်။ ထေရဝါဒဗုဒ္ဓစာပေ သက်သက်များသာ ငှါးရမ်းခြင်းဖြစ်ပါသည် ကျမ်းကြီး၊ကျမ်းငယ်များသာမက၊ လစဉ်ထုပ် ဘာသာရေးစာစောင်များအား၊ အခမဲ့ ငှါးရမ်းဖတ်ရှုနိုင်ကြသည်။

ပုညသင်္ဂဟနှင် ဒုလ္လဘရဟန်းခံပွဲး

၂၀၀၂ ခုနှစ်မှစ၍ ဝိပဿနာ ဆရာတော် ဘဒ္ဒန္တပညာနန္ဒ၏ ကြီးကြပ်ညွှန်ကြားမှုဖြင့် အချိန်ပြည့် ဝိပဿနာရှုလိုသူများ အတွက် ဒုလ္လဘရဟန်းခံပွဲးကျင်းပပေးခဲ့သည်။ ဝတ်လိုသူ ဦးရေများလျှင် မဟာဒုတ် မဲးဖောက် ၍ ရဟန်းလောင်းအား ရွေးချယ်ခဲ့ကြသည်။
စနေ နေ့ အပတ်စဉ်တိုင်း ဘုန်ကြီးကျောင်းသွားရာကနေ သိရှိခဲ့ရတဲ့အသိကလေး မျှဝေလိုက်ချင်းဖြစ်ပါတယ်...
ပုညသင်္ဂဟမိသားစုမှာလည်း မိသားစုဝင်မိတ်ဆွေများ၏ ပံ့ပိုးမှုဖြင့်သာ ရပ်တည်နေရသဖြင့် စာဖတ်သူမိတ်ဆွေများမှ စွမ်းနိုင်သမျှ ပံ့ပိုးပေးရင်း ကုသိုယ်ယူနိုင်ရန်ရည်ရွယ်ပြီး တင်လိုက်ချင်းဖြစ်ပါသည်။

မိုးသောက်ကြယ်...

8 comments:

ဝက်ဝံလေး said...

သာဓု သာဓု မယ်မီးတို့ ကုသိုလ်လုပ်နေတယ်ထင်ပါ့ ဟိဟိ
ဘိုင်

လင်းကြယ်ဖြူ said...

သာဓု..သာဓု..သာဓု ပါ ခင်ဗျာ..ငှက်ကလေး လို သာဓု ခေါ်ပါတယ်
ပျော်ပါစေ...

လသာည said...

ကြယ်လေးရေ သာဓုနော်။ ဒီလိုအကျိုးတော်ဆောင်စိတ်လေးရှိနေတာ အရမ်းကိုလေးစားပါတယ်။

မယ့်ကိုး said...

ညီမလေးရေ...ဒီလို အကျိုးဆောင်ပေးနိုင်တာ ချီးကျူးပါတယ်။စနေ နေ့ အပတ်စဉ်တိုင်း ဘုန်ကြီးကျောင်းသွားနိုင်တာကိုလည်း လေးစားတယ်။

mmtn (kalay) said...

မမီးရေ bukit batok st 31 မှာနေပေမဲ့ အဲဒီအကြေင်းမသိခဲ့ဘူး။ ကျေးဇူးပဲ မမီးရေ ပြောပြတဲ့အတွက်။ ဒါနဲ့ မမီးလို့သာ ခေါ်နေတာ တစ်လပိုငယ်တယ်ထင်တယ်။ :)

Beauty Studio USA Branded Store said...

စာကြည်တိုက်ကလေးအောင်မြင်တိုးတက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

မေဇင် said...

မမီးရေ....နောင့်တို့ မသိဘူးတော့... ။ သိအောင်ဝေမျှပေးတာ ကျေးဇူးတင်ပါတယ်...ရှင်.... ။

cockroach said...

ကောင်းမွန်တဲ့ မျှဝေခြင်းပါပဲ မရေ

Post a Comment