Sunday, July 5, 2009

မိုးသောက် ရဲ့ လက်ဆောင်...

ကြယ်တွေတောက်နေတဲ့ ကောင်းကင်ပေါ်ကို မမီးတစ်ယောက်ထဲးတတ်သွားပြီး တစ်ဖျက်ဖျက်လက်နေတဲ့ ကြယ်လေးတွေခူးယူခဲ့ပါတယ်..မျက်ခင်းစိမ်းပေါ်မှာ ကြယ်လေးတွေနဲ့ အလှချင်းပြိုင်နေတဲ့ ပိုးစုန်းကြူးလေးတွေကို လည်း ဖမ်းလာခဲ့တယ်..ပြီးတော့ မမ မယ်ကိုးဆီသွားပြီး.. အရောက်လက်ကြိုးလေးတစ်စ တောင်းယူလာခဲ့ပြီး.. ကြယ်လေးတွေကို အရောင်လက်ကြိုးလေးနဲ့ ဆွဲးကြိုးလေး သီကုံးခဲ့တယ်.. ဆွဲးကြိုးလေးတစ်ကုံးကိုတော့ မမ မယ်ကိုး ကိုပေးပြီး.. ကျန်တဲ့ တစ်ကုံးကိုတော့ မမ မေလေး ကို ပေးခဲ့မယ်.. အင်း(မ်)..... ပိုနေတဲ့ အရောင်လက် ကြိုးစလေးကိုတော့ အလင်းမဲ့ကောင်းကင်မှာ ကြယ်ကြွေတွေ ကောက်နေတဲ့ အကို မိုးကုတ်သား ကို ပေးခဲ့မယ်.. (ကောက်ပြီးလက်ထဲးထည့်ရင် များလာတော့ အကို့လက် ဘယ်ဆန့်တော့မလဲး.. အကို့ရဲ့ အိပ်မက်ကို ချည်တဲ့ကြိုးလေးနဲ့လည်း လုံလောက်မှာမဟုတ်ဘူးလေ..)
အေးမြတဲ့လရောင်အောက်မှာ မြူးတူးပျော်ပါးနေတဲ့ ပိုးစုန်းကြူးလေးတွေကိုတော့ အဖြူရောင်ပိုးအိပ်လေးထဲး ထည့်ပြီး..
ငှက်မလေး ရဲ့ စားဘူးတောင်းလေး အလင်းရဖို့အရေး လက်ဆောင်ပေးခဲ့တယ်..ကိုရွှေလမင်း နဲ့ လသာည ကတော့ သူတို့ကို လက်ဆောင်မပေးလို့ ရွှေစိတ်တော် ညှိုးနေရှာတယ်..နောက်နေ့မှပေးပါရစေတော့နော်.. အခုတော့ မမီးမှာ တစ်ပွင့်ထည်းသော ဓူဝံကြယ်လေးတစ်လုံးသာ ကျန်တော့လို့ပါနော်.. ဒီတစ်ပွင့်တည်းသော ဓူဝံကြယ်ကိုတော့ မမီး အတွက် ဆွဲးသီးကလေးအဖြစ် ပန်ဆင်ခွင့်ပြုပါနော်...
မမီးတို့များ တော်တော်လေး အ တယ်နော်.....

မိုးသောက်ကြယ်..

7 comments:

လသာည said...

ကြယ်လေးရေ.. လက်ဆောင်မရလည်း အရေးမကြီးပါဘူး။ လသာညမှာ အဖော်လုပ်ပေးရင် ရပါပြီ။ ကြိုးစားပန်းစားရေးထားတာလေး တအားဖတ်လို့ကောင်းပါတယ်။ တော်တော်ရေးတတ်တာပဲလို့ ။

Lucifer said...

လသာညရေ... တိမ်ကွယ်နေလို့ မတွေ့ရရင်တောင် မိုးသောက်ကြယ်က ရှိနေတာပါဘဲး..
နောက်နေ့ မှ ကြယ်အကြီးကြီးလက်ဆောင်ပေးမယ်နော်..

မယ့်ကိုး said...

လက်ဆောင်လေးအတွက် ဝမ်းသာလိုက်တာ ညီမလေးရယ် ...ကျေးဇူးပါပဲ...

ဝက်ဝံလေး said...

အယ် လက်ဆောင်ရလို့ ဝမ်းသာတယ် မမရေ ခိခိ သိမ်းထားမယ် သိမ်းထားမယ် ပြီးရင် လေလံတင်မယ် အဲလေ မှားလို့ အသက်ထက်ဆုံးသိမ်းထားမယ် ခိခိ

Mogok Thar said...

အဲဗျာ...
ရှသမျှ ကြယ်တွေ မမီးက တက်ခူး သွားောတ့ ကြွေစရာ ကြယ် ဘယ်၇ှိတော့မှာလဲ။
မရဘူး။လျော် ပေးရမယ်။

တားမြစ် ထားသော... said...

အတော်အတန် ဖတ်ရှုမှတ်သားသွားပါတယ်။
စီဘောက်စ်မတွေ့လို့ ဒီမှာပဲ ရေးသွားလေရဲ့။

သုခမိန်(E-Journal)

ဇော် said...

စေတန် ( လူစီဖာဆိုတာ စေတန်ရဲ့ နာမည်အရင်းမို့ )
လက်ဆောင်ပေးတဲ့စိတ်ကူးလေး သိပ်ကောင်းတယ်။
ကျနော်တောင် အဲ့ထဲက လက်ဆောင်တစ်ခုလောက် ရချင်လာတယ်ဗျာ။ =)

Post a Comment