Saturday, July 11, 2009

ဝန်ခံပါတယ်...

Blog လေး တစ်လပြည့်သွားတာတော့ နည်းနည်းကြာပါပြီ.. ဒါလေးတင်ချင်နေတာလည်းကြာပြီ.. မအားတာရော.. ပျင်းနေတာရောပေါင်းသွားလို့ မတင်ဖြစ်နေတာ... အခုတော့တင်ဖြစ်ပါပြီ..Blog လေးတင်တာလည်း သိပ်မကြာသေးသလို စာရေးတဲ့ သက်တမ်းကလည်း Blog လေးတင်မှစရေးတာဆိုတော့ ဝါ နုသေးတယ်လို့တောင် မဆိုနိုင် .. ဝါ မရှိသေးဘူးလို့တောင်ပြောနိုင်ပါတယ်..ဖတ်ခဲ့တဲ့ စာအုပ်ပေါင်းကလည်း များတယ်လို့မဆိုသာပေမယ့် နည်းတော့မနည်းဘူးထင်တယ်.. ဒီ Blog လေးမှာလည်း အဆင်မပြေချင်းပေါင်းများစွာနဲ့ပေါက်ဖွားလာခဲ့ရတာပါ.. ပြီးခဲ့တဲ့နှစ်လောက်ကတည်းက ညီမလေး နဲ့ မောင်လေးတို့ က blog မှာ သူတို့ကြိုက်တဲ့ စာလေးတွေ ကဗျာလေးတွေ တင်နေကြပေမယ့် စိတ်မဝင်စားခဲ့ဘူး.. အားတဲ့ချိန်မှာ စာဖတ်ပြီး အလုပ်နဲ့ အိမ်ကို ကူးရင်းသန်းရင်းနဲ့ အချိန်တွေကုန်စေခဲ့တယ်..အခုတော့ Blog မှာ စာလေးတွေရေးဖို့ စိတ်ပါလာတာနဲ့ ကြိုးစားကြည့်ခဲ့တာပါ.. စိတ်သာကူးလိုက်တာ ဘယ်ကစလုပ်ရမှန်းမသိလို့ မောင်လေးကို မေးရတယ်.. တော်တော်လေးလေ့လာထားတော့လည်း ဒီလိုဖြစ်ရတယ်လေ.. စာကရေးချင်စိတ်ရှိတယ် ကျန်တာကိုမလုပ်ချင်တော့ .. ညီမလေးမြန်မာပြည်မပြန်ခင်က မောင်နှစ်မသုံးယောက် တင်ဖို့ဆိုပြီး triple aung ဆိုတဲ့ Blog လေးရှိတယ်.. စာတွေးသွားရေးမရေးတော့ မသိဘူး.. မမီး password တောင်မသိဘူး..ညီမလေးကကျောင်းဖွင့်လို့ကျောင်းစာနဲ့ နပန်းလုံးနေရတော့ အဲ့ဒီ Blog လေးကိုမောင်လေးက စာတွေတင်နေတယ်လေ.. အဆင်သင့်လိုချင်တဲ့ မမီးက အဲ့ဒီ blog ကို မောင်လေးဆီကသွားတောင်းတယ်.. ပြီးတော့ Blog title တွေပြောင်း template တွေပြောင်း.. မမီးစိတ်ကြိုက်လုပ်နေရာကနေ.. သီချင်းတင်တာ အဆင်မပြေပြန်ဘူး.. မောင်လေးကို လုပ်ခိုင်းတော့လည်း မရဘူး..လိုချင်တာမရရင် ပြသနာရှာတတ်တဲ့ အကျင့်နဲ့ အဲ့ဒီ triple aung ဆိုတဲ့ blog ကိုဖျက်လိုက်တော့မယ်ပြောလို့ မောင်လေးမှာ တောင်းတောင်းပန်ပန်နဲ့ တားနေရတယ်.. (blog အသစ်သာလုပ်ပါ.. သား သီချင်းရအောင်တင်ပေးပါ့မယ်) ဆိုပြီး.. သူ့ blog လေးချမ်းသာပေးဖို့ပြောရှာတယ်.. (တော်တော်ဆိုးတဲ့ မမီးနော်..)Template လှလှလေးနဲ့ blog လေးလည်းရလာပါပြီ.. သီချင်းလေးလည်း အဆင်ပြေသွားပါပြီ.. စာရွက်သားကောင်းကောင်းနဲ့ အဖုံးလှလှလေးရလာပေမယ့် .. ဘာစာမှမရေးရသေးပါဘူး... ရေးချင်တာတော့သိတယ်.. ဘယ်ကစရေးရမှန်းမသိဘူးလေ..ဘာအကြောင်းအရာရေးရမှန်းလည်းမသိဘူးလေ.. စိတ်ကူးထဲးက ဖြစ်ချင်တဲ့ အရာလေးကို Blog ပေါ်မှာ အကောင်အထည်ဖော်ကြည့်ပါတယ်.. ရေးခဲ့တာက coffee အကြောင်းလေးပါ.. တကယ်လဲးရေးလိုက်ရော.. တင်ထားတဲ့ post နဲ့ template က ဘယ်လိုမှ သဟဇာတမဖြစ်ပါဘူး.. template က စိတ်ကူးယဉ် ဆန်ဆန် တယော ပုံလေး.. တင်ထားတဲ့ Post က coffee အကြောင်း.. တွေးသာကြည့်ကြပေတော့..နှစ်ခုစလုံးကိုလည်းလိုချင် တစ်ခုမှလည်းမပြင်ချင်သူ ဆိုတော့.. “ ငါ့မြင်း ငါစိုင်း ၊ စစ်ကိုင်းရောက်ရောက်” ပေါ့ ဆက်ရေးတယ်..နည်းနည်းပါးပါး တင်ပြီးတော့ blog လေးကိုလာလည်သူတွေရှိတော့ ပျော်တာပေါ့.. (ဘာဘဲးဖြစ်ဖြစ် အသိအမှတ်တော့ပြုခံရတယ်လေ.. ) သူတို့မှာလည်း အဆင်မပြေချင်းပေါင်းများစွာနဲ့ မမီး blog ကို သည်းခံပြီးလာလည်ကျရှာတယ်.. စာကလည်းရိုက်နေတော်တော်ကျတယ်ဆိုတော့ အမှားကပါသေး.. (ကိုယ်တိုင်ပြင်ဖတ်သွားကြရရှာတယ်) မတတ်သာတော့တဲ့ချိန်ကျမှ "နောက်က တယော လေးကရှုပ်နေတော့ စာတွေကို သူနဲ့လွတ်ရာ ရွှေ့ဖတ်နေရတယ်"တဲ့.. နည်းနည်းကိုယ်ချင်စာပြီး ပြောင်းပေးလိုက်ပါတယ်..background အဖြူပေါ်မှာ အနီရောင်ရဲးရဲး စတော်ဘယ်ရီးသီးလေး.. 3D ပုံလေးတင်လိုက်တယ်.. အဖြူရောင် background နဲ့ အနီရောင် စတော်ဘယ်သီးကြားမှာ အဆင်ပြေမယ့် စာလုံးအရောင်က တော်တော်ရှားတယ်.. အဆင်ပြေလှတယ်မဟုတ်ပေမယ့် ဖတ်လို့ရမယ့် အပြာရောင်လေးတင်လိုက်တယ်...ဖတ်လို့ဖြစ်ရုံတော့ ရတာပေါ့... (ခဏ ခဏ ကြည့်ရင်တော့မျက်စိမွဲးမှာ) အဲ့ဒီ template လည်းဘယ်လောက်မှမကြာပါဘူး.. တစ်လုံးထဲးရှုပ်နေတဲ့ ဒီ စတော်ဘယ်သီးလေးကို လာလာ ခလုပ်တိုက်တော့လည်း နောက်ဆုံး template လို့ ဆိုနိုင်မယ် ထင်ရလောက်တဲ့ ဒီ နေကြာပန်းပုံလေးဖြစ်ခဲ့ရတယ်..အလှကြိုက်တဲ့ မမီးကျမှဘဲး.. ပြင်လွန်းတော့ ဘာဖြစ်သွားတယ်မသိဘူး.. အော်.. အဆင်တော့ပြေပြီထင်တယ်.. စာရေးမယ်ကြံတော့ cbox က နတ်သမီးလေးကရှုပ်နေတော့ စာတွေမမြင်ရဘူးဆိုတော့ နတ်သမီးလေးလည်းဖယ်ရပြန်တယ်.. ဒါတင်ပြီးပြီမထင်နဲ့ cbox မှာစာရိုက်တော့ နောက်ခံအဝါရောင်မှာ စာလုံးအရာင်က အစိမ်းရောင်ဆိုတော့ ရိုက်နေတုန်းစာတွေမမြင်ရတော့ အမှားပါကြလို့ စာလုံးအရောင်ပြန်ပြောင်းရတယ်..အဲ့ဒါလည်းသူများပြောလို့သိတာ.. မပြောရင်မသိဘူး.. အဲ့လောက်လေ့လာတာနော်.. တစ်ယောက်ထဲးလုပ်ချင်ရာလုပ်ပြီး ရှုပ်နေတာ မမီးဘဲး.. အဆင်မပြေတာတွေပြီးသွားလောက်ပြီ ထင်တော့ စာရေးမယ်လုပ်ရော..ပါရမီက ပါရှာတော့ ဘာရေးရမှန်းကို မသိတာပါ.. ရေးသမျှက အဆင်မပြေ.. ဝထ္ထုတိုလေးရေးမယ်ဆိုတော့လည်း အကြေင်းအရာက မစီလျှော် ၊ ဇာတ်ကောင် စရိုက်က မပေါ်လွင် နဲ့ မျောနေတာ.. အဲ့ဒါနဲ့ အတင်ဖြစ်ပြန်ဘူး... ဒါနဲ့ဘဲး သူများ blog တွေသွား.. စာတွေလျှောက်ဖတ်.. မမီး blog ကိုတော့ ပစ်ထားခဲ့တယ်.. အင်း... ပြောနေရင်း ခုမှ စဉ်းစားမိတယ်.. ဒီအကြောင်းတွေ သူများသိအောင် ပြောပြနေတာ.. “ ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော် ခုနှစ်ပါး” ကတစ်ပါးတိုးပြီး.. မမီးပါ ပါနေပြီလားမသိဘူး..ဂုဏ်ဖော်ပြီးပြောနေတာ မဟုတ်ပါဘူးနော်.. အဆင်မပြေတာလေးတွေကို နားလည်ပေးဖို့.. နောင် ထပ်တွေ့လာတဲ့ အဆင်မပြေမှုလေးတွေနဲ့ အမှားအယွင်းလေးတွေကို အားမနာတမ်းပြောပြပေးဖို့ ရည်ရွယ်ခဲ့တာပါ...အခုတော့ blog လေးက အဆင်ပြေနေပေမယ့်. အနှစ်သာရရှိတဲ့ Blog တစ်ခုရဲ့ အင်္ဂါရပ် တစ်ခုမှမပါသေးတာကိုတော့ ဝန်ခံပါတယ်.. c box မှာပြောကြတယ်.. “ blog လေးကလှလိုက်တာ” လို့ချီးမွန်းခံရတိုင်း ကိုယ့်ကိုကိုယ် ရှက်မိသလို ရင်နင့်အောင်လည်း ခံစားရပါတယ်.. “ စာရွက်သားတော့ ကောင်းသားဘဲး " လို့ အချီးမွန်းခံရတဲ့ ဝထ္ထုစာအုပ်လို ဖြစ်နေလို့..လာလည်သူတွေကိုတောင် အားနာမိပါတယ်.. စာဖတ်မယ်ကြံတိုင်း ဖတ်စရာ စာက မယ်မယ်ရရ မရှိလေတော့ ချီးမွန်းကြရရှာတယ်.. စာတွေတော့ရေးထားပါတယ်..ရေးပြီးလို့တင်မယ်လုပ်တိုင်း မမီးရေးထားတဲ့စာက စာဖတ်သူအတွက် သုတ မရ ရသ မရ ဖြစ်နေမလား ဆိုတဲ့ သိမ်ငယ်စိတ်နဲ့ မတင်ဖြစ်တာရှိသလို.. ငါ့စာက ဘာမှမဟုတ်ပါဘူးလေဆိုတဲ့ အတွေးတွေကြောင့် အကြမ်းတွေ အဖြစ်နဲ့ ပုံနေခဲ့ပါတယ်.. ကြိုးစားပြီးတော့ တော့ရေးနေမယ်.. ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့နေ့တင်မယ်......
မိုးသောက်ကြယ်...

6 comments:

ဝက်ဝံလေး said...

အင်းပါလေ တင်တဲ့နေ့ ထိစောင့်ဖတ်မယ် ဟုတ်ပီလား ကဲဘိုင်

ဝက်ဝံလေး said...

အသစ် တင်တယ် ဆိုလို့ အပြေးလာတယ် ခလုတ်တောင် တိုက်တယ် ဒီရောက်တော့ ငှက်စုတ်က ဦး နှင့်တယ် ကဲမကျေနပ်ဘူး ပြန်ပီ ဘိုင် ဟွန်းးးး

မယ့်ကိုး said...

ညီမလေးရေ...ဘာမှ စိတ်မှမပျက်ပါနဲ့ ကွယ်။ အခုမှ တစ်လရှိသေးတာလေ။ ရှေ့ ဆက်ခရီးအရှည်ကြီးမှာ စာကြမ်းတွေက အချောအကောင်းဖြစ်လာမယ့် နေ့ ကို စောင့်နေမယ်။
အစ်မလည်း ဘလော့ဘ်လုပ်ပြီး တစ်နှစ်ခွဲထိ ဘာမှ ရေရေရာရာမရေးဖြစ်ပါဘူး။
ဒီလိုပေါ့...အားပေးနေမယ်နော် ညီမလေး...

နဒီမိုးညို said...

အားငယ်နဲ့ နော်..နဒီ..ဆို.တစ်လတောင်မပြည့်သေးဖူး.
ကြိုးစားတုန်း..
ရမ်းဒလူး..မန်းသလူး.လေ....တိရားးးးး..

Mogok Thar said...

အောင်မလေးဗျာ။ သူ့ ဘလော့ တစ်လကျော်လေးနဲ့ အဲ့စကား အော့တယ်။ ဒီကောင် ဘလော့လေး လုပ်ထားတာ 2နှစ်တောင် မကတော့ဘူးလား မသိ။ လာဖတ်ကြတာက နှစ်လတောင် မပြည့်ကြသေးဘူး။ ကိုယ် ပြောဖို့လဲ ချန်ပါအုံးးးးးး

Anonymous said...

တို့ကတော့ ဘလော့လေးကို စတွေ့တဲ့နေ့ကတဲက ချစ်သွားတာ။ ဘလော့ဂ်ကို ပြောတာ။ :P ။ ရေးတာကတော့ ဘာပဲဖြစ်ဖြစ်ရေးပါ။ သုတ မရတောင် ရသတစ်ခုတော့ ရမှာပါ။ စိတ်မပျက်ပါနဲ့။ အမြဲအားပေးနေမယ်နော်။

Post a Comment